Myanmar Students Association in Sri Lanka - MSAS

Website

Myanmar Students Association in Sri Lanka - MSAS To unite and empower Myanmar students in Sri Lanka through representation, collaboration, and community.

📣 Lecture, Research workshop နှင့် 2026-27 MSAS အလုပ်အမှုဆောင်ရွေးကောက်ပွဲအစည်းအဝေး ဖိတ်ကြားခြင်းသီရိလင်္ကာရောက် မြန်မာက...
22/10/2026

📣 Lecture, Research workshop နှင့် 2026-27 MSAS အလုပ်အမှုဆောင်
ရွေးကောက်ပွဲအစည်းအဝေး ဖိတ်ကြားခြင်း

သီရိလင်္ကာရောက် မြန်မာကျောင်းသားများနှင့် သုတေသီများအားလုံးတို့ဘုရား

မြန်မာကျောင်းသားများအဖွဲ့အစည်း-သီရိလင်္ကာ (MSAS) မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မကုဋာရာမ သုတေသနနည်းပညာသင်တန်း (7th Annual Makutarama Research Seminar) ၏ နောက်ဆုံးပိတ်သိမ်းပွဲနေ့သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

ယခုပိတ်သိမ်းပွဲနေ့တွင် သုတေသနနှင့်ပတ်သက်၍ အလွန်အသုံးဝင်မည့် ဟောပြောပို့ချချက်များ၊ လက်တွေ့ အလုပ်ရုံဆွေးနွေးပွဲများနှင့်အတူ MSAS ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အလုပ်အမှုဆောင် ရွေးချယ်ပွဲကိုပါ အနေဖြင့် တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သီရိလင်္ကာရောက် မြန်မာကျောင်းသားများ (အထူးသဖြင့် M.A ကျောင်းသားများ) အားလုံး တက်ရောက်လေ့လာနိုင်ကြရန် ရိုသေစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ် အသေးစိတ်များကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည် -

📅 နေ့ရက်။ ။ 01-11-2026 / ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် (တနင်္ဂနွေနေ့)

📍 နေရာ။ ။ မကုဋာရာမ မြန်မာကျောင်းတိုက်၊ ကိုလံဘို

#အစီအစဉ်များ

⏰ နေ့လည် ၁:၀၀ နာရီ မှ ၂:၃၀ နာရီအထိ

ခေါင်းစဉ်: Understanding the Foundations of Quantitative and Qualitative Research

#ဟောပြောပို့ချမည့်သူ:
Nethmi Nanayakkara (Lecturer in Psychology, MSc. In Clinical and Health Psychology)

(Moderator: အရှင်ရဋ္ဌသာရ |
Facilitators: အရှင်ကုသလ၊ အရှင်စန္ဒဒီပ)

⏰ နေ့လည် ၂:၄၅ နာရီ မှ ၃:၄၅ နာရီအထိ

ခေါင်းစဉ်: Academic Writing and Research Practice through Research Questions: A Practical Workshop

#ဦးဆောင်ဆွေးနွေးမည့်သူများ:
အရှင်ကုသလ (Ph.D Candidate)၊ ဒေါက်တာ အရှင်ရဋ္ဌသာရ၊ အရှင်စန္ဒဒီပ(Ph.D)

Moderator: အရှင်မုနိန္ဒဃောသာလင်္ကာရ

⏰ ညနေ ၄:၀၀ နာရီ မှ ၅:၀၀ နာရီအထိ
အစီအစဉ်:

(MSAS) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အလုပ်အမှုဆောင် ရွေးကောက်ပွဲ အစည်းအဝေး

စာတမ်းပြုစုနေသူများနှင့် သုတေသနကို စိတ်ပါဝင်စားသူတိုင်းအတွက် လက်တွေ့အကျိုးရှိစေမည့် အစီအစဉ်များဖြစ်သည့်အပြင် အဖွဲ့အစည်းနှင့်အတူ ပညာရေးကဏ္ဍများကို တက်ကြွစွာ ပါဝင်လုပ်ကိုင်ခွင့် ရမည့် အစီအစည်ဖြစ်ပါသဖြင့် အားလုံးပဲ မပျက်မကွက် တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။

မြန်မာကျောင်းသားများအဖွဲ့အစည်း သီရိလင်္ကာ (MSAS)

ယနေ့ည ဆွေးနွေးပို့ချပေးမည့် ခေါင်းစဉ်နှင့် ဆရာတော်Join Zoom Meetinghttps://us04web.zoom.us/j/5345524241?pwd=4lVFrTNgLAOE...
19/10/2026

ယနေ့ည ဆွေးနွေးပို့ချပေးမည့် ခေါင်းစဉ်နှင့် ဆရာတော်

Join Zoom Meeting
https://us04web.zoom.us/j/5345524241?pwd=4lVFrTNgLAOEY1BcuJv69WbSFOCgWU.1

Meeting chat link
https://us04web.zoom.us/launch/jc/5345524241

Meeting ID: 534 552 4241
Passcode: Makuta

Telegram link Join ထားရန်
https://t.me/MakutaResearchM**hodology

YouTube Channel link
https://youtube.com/?si=0_nxpyvfsu94UUqa

သင်တန်းကော်မတီ
မြန်မာကျောင်းသားများအဖွဲ့အစည်း- သီရိလင်္ကာ (MSAS)
[email protected]

Ph.D ပြီးမြောက်ခြင်းအတွက် ဦးပညာနန္ဒ(အမ္မနဒီ)အားဂုဏ်ယူဝမ်းမြောက်ခြင်း=======================ယနေ့ ၂၀၂၆ ခုနှစ် October 14ရက...
14/10/2026

Ph.D ပြီးမြောက်ခြင်းအတွက် ဦးပညာနန္ဒ(အမ္မနဒီ)အား
ဂုဏ်ယူဝမ်းမြောက်ခြင်း
=======================

ယနေ့ ၂၀၂၆ ခုနှစ် October 14ရက် ဗုဒ္ဓဟူးနေ့တွင် သီရိလင်္ကာနိုင်ငံ PGIPBS ၌

“The Cultural Impact of Jātaka Stories on Myanmar Buddhist Society: A Critical Study"“ ကျမ်းစာဖြင့် ဆရာတော် ဦးပညာနန္ဒ (အမ္မနဒီ) သည်

Ph.D Defense Viva Voce ကို အောင်မြင်၍ Ph.D ခရီးကို ပြီးမြောက် အောင်မြင်ခဲ့ပြီ ဖြစ်သည်။

ယခုလို ကာလရှည်ကြာ ကျမ်းစာလေ့လာပြုစုရင်း အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် Ph.D ပြီးမြောက်အောင်ခဲ့သည်အတွက် MSAS မြန်မာကျောင်းသားများ အဖွဲ့အစည်း - သီရိလင်္ကာမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်
ဤ Ph.D ပြီးမြောက်ခြင်းကို အကြောင်းပြု၍ မိမိအကျိုး၊ သူတစ်ပါးအကျိုးများကို ဆတ်လက်ဖြည့်ဆည်းမျှဝေပေးနိုင်သူများဖြစ်နိုင်ပါစေ…..ဟု ဆန္ဒပြုပါသည်။

ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့်
MSAS
14.10.2026

၂၀၂၆ ခုနှစ် ဝါတွင်းကာလ ၇ ကြိမ်မြောက် “မကုဋာရာမ သုတေသန နည်းပညာသင်တန်း” ၏  #ဒွါရဒသမအပတ်၁၉/၁၀/၂၀၂၆ (တနင်္လာနေ့) သီရိလင်္ကာ ...
13/10/2026

၂၀၂၆ ခုနှစ် ဝါတွင်းကာလ ၇ ကြိမ်မြောက် “မကုဋာရာမ သုတေသန နည်းပညာသင်တန်း” ၏

#ဒွါရဒသမအပတ်

၁၉/၁၀/၂၀၂၆ (တနင်္လာနေ့)

သီရိလင်္ကာ စံတော်ချိန် ည ၇:၀၀ နာရီ၊
မြန်မာစံတော်ချိန် ည ၈:၀၀ နာရီတွင်

Ven. Dr. Revata က
"From Research Problem to New Contributions in Buddhist Studies: Proctical Lessons From My PhD Experience" ခေါင်းစဉ်အောက်တွင် Burmese Mediumဖြင့် ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍
စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာမှတ်သားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

🇱🇰 သီရိလင်္ကာစံတော်ချိန် ည ၇းဝဝ နာရီ
🇲🇲 မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ

Zoom Meeting ID: 534 552 4241
Passcode: Makuta

Telegram link Join ထားရန်
https://t.me/MakutaResearchM**hodology

YouTube Channel link
https://youtube.com/?si=0_nxpyvfsu94UUqa

သင်တန်းကော်မတီ
မြန်မာကျောင်းသားများအဖွဲ့အစည်း- သီရိလင်္ကာ (MSAS)
[email protected]

🍀🍀ဂုဏ်ယူဝမ်းမြောက်ခြင်း🍀🍀=============================ယနေ့ ၂၀၂၆ ခုနှစ် October 13 ရက် အင်္ဂါနေ့တွင် သီရိလင်္ကာနိုင်ငံ PG...
13/10/2026

🍀🍀ဂုဏ်ယူဝမ်းမြောက်ခြင်း🍀🍀
=============================

ယနေ့ ၂၀၂၆ ခုနှစ် October 13 ရက် အင်္ဂါနေ့တွင် သီရိလင်္ကာနိုင်ငံ PGIPBS ၌

(၁) “Mental Problems Associated with Aging: Surmounting through Cittānupassanā” ခေါင်းစဉ်ဖြင့် Ph.D Final Presentation ပြီးမြောက် အောင်မြင်ခဲ့သော အရှင် သောမဏ၊

(၂) “The Social and Religious Contributions of Contemporary Buddhist Nuns (Thila-Shin) in Myanmar: A Critical Study” ခေါင်းစဉ်ဖြင့် Ph.D Final Presentation ပြီးမြောက်အောင်မြင်ခဲ့သော ဆရာလေး ဒေါ်စန္ဒမာလာ တို့အတွက်

မြန်မာကျောင်းသားများအဖွဲ့အစည်း-သီရိလင်္ကာ (MSAS) မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

MSAS
13/10/2026

ယနေ့ည ဆွေးနွေးပို့ချပေးမည့် ခေါင်းစဉ်နှင့် ဆရာJoin Zoom Meetinghttps://us04web.zoom.us/j/5345524241?pwd=4lVFrTNgLAOEY1Bc...
12/10/2026

ယနေ့ည ဆွေးနွေးပို့ချပေးမည့် ခေါင်းစဉ်နှင့် ဆရာ

Join Zoom Meeting
https://us04web.zoom.us/j/5345524241?pwd=4lVFrTNgLAOEY1BcuJv69WbSFOCgWU.1

Meeting chat link
https://us04web.zoom.us/launch/jc/5345524241

Meeting ID: 534 552 4241
Passcode: Makuta

Telegram link Join ထားရန်
https://t.me/MakutaResearchM**hodology

YouTube Channel link
https://youtube.com/?si=0_nxpyvfsu94UUqa

သင်တန်းကော်မတီ
မြန်မာကျောင်းသားများအဖွဲ့အစည်း- သီရိလင်္ကာ (MSAS)
[email protected]

📜 ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် ဆုတောင်းမေတ္တာပို့သခြင်း ✨သီရိလင်္ကာနိုင်ငံ၊ Eurasian Campus မှ ကြီးမှူးကျင်းပသေ...
11/10/2026

📜 ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် ဆုတောင်းမေတ္တာပို့သခြင်း ✨

သီရိလင်္ကာနိုင်ငံ၊ Eurasian Campus မှ ကြီးမှူးကျင်းပသော "International Conference on Buddhism, Spirituality, and Science" (ICBSS 2026) နိုင်ငံတကာ စာတမ်းဖတ်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲကြီးတွင် အဖိုးတန်သုတေသနစာတမ်းများ ပါဝင်ဖတ်ကြားတော်မူကြပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ခဲ့ကြသည့် မြန်မာရဟန်းတော်များ၊ နီပေါနိုင်ငံမှ ဘိက္ခုနီများနှင့်တကွ ပညာရှင်များအားလုံးကို သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းသားများအဖွဲ့အစည်း (MSAS) မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း လှိုက်လှဲစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဆရာတော်၊ သံဃာတော်များ၊ ဘိက္ခုနီများနှင့် ပညာရှင်များအားလုံး သက်ရှည်ကျန်းမာစွာဖြင့် လူသားအကျိုးပြုလုပ်ငန်းများနှင့် သာသနာပြုလုပ်ငန်းများကို ဆက်လက်၍ ပိုမိုစွမ်းဆောင် သယ်ပိုးနိုင်ကြပါစေကြောင်း ရိုသေလေးမြတ်စွာ ဂုဏ်ပြုဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ဘုရား။

မြန်မာကျောင်းသားများအဖွဲ့အစည်း (MSAS)၊ သီရိလင်္ကာနိုင်ငံ။
------------------------------

📜 Congratulations and Best Wishes ✨

The "International Conference on Buddhism, Spirituality, and Science" (ICBSS 2026), organized by the Eurasian Campus in Sri Lanka, was successfully held.

The Myanmar Students' Association in Sri Lanka (MSAS) wishes to extend our heartiest congratulations and deepest respect to the Myanmar venerable monks, Nepalese bhikkhunis, and all distinguished scholars who presented their insightful research papers and contributed greatly to this academic conference.

May all the venerable monks, bhikkhunis, and scholars be blessed with good health and strength to continue their noble services and humanitarian works for the betterment of society and global peace.
Myanmar Students' Association in Sri Lanka (MSAS)

📢 သတင်းထုတ်ပြန်ချက် 📢 ========================University of Kelaniya ရဲ့ Postgraduate Institute of Pali and Buddhist Stu...
11/10/2026

📢 သတင်းထုတ်ပြန်ချက် 📢
========================

University of Kelaniya ရဲ့ Postgraduate Institute of Pali and Buddhist Studies မှ ကြီးမှူးကျင်းပတဲ့
Ph.D နှင့် M.Phil သင်တန်းသားများရဲ့ သုတေသနစာတမ်းဖတ်ပွဲ (Research Seminar Paper Presentation) ကို ကျင်းပသွားမည် ဖြစ်ပါသည်။

📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
⏰ အချိန် - နံနက် ၉:၃၀ နာရီမှ စတင်၍

စာတမ်းဖတ်ကြားမည့်
ရဟန်းတော်များနှင့် ကျောင်းသားများအားလုံး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

MSAS
11.10.2026



မြန်မာကျောင်းသားအဖွဲ့အစည်း သီရိလင်္ကာ (MSAS)၂၀၂၆-၂၀၂၇ အလုပ်အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းရေး  #ဖိတ်ခေါ်လွှာ #သီရိလင်္ကာနိုင်...
10/10/2026

မြန်မာကျောင်းသားအဖွဲ့အစည်း သီရိလင်္ကာ (MSAS)
၂၀၂၆-၂၀၂၇ အလုပ်အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းရေး #ဖိတ်ခေါ်လွှာ

#သီရိလင်္ကာနိုင်ငံအတွင်း ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသားရဟန်းတော်များ နှင့် သီလရှင်ဆရာလေးများ၏ ပညာရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်လျက်ရှိသည့် မြန်မာကျောင်းသားအဖွဲ့အစည်း သီရိလင်္ကာ (Myanmar Students' Association in Sri Lanka - MSAS) ၂၀၂၅-၂၀၂၆ အလုပ်အမှုဆောင် အဖွဲ့၏ သက်တမ်းကုန်ဆုံးပြီဖြစ်သောကြောင့် #၂၀၂၆-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့အသစ်ကို အများသဘောတူညီချက်ဖြင့် စနစ်တကျ ရွေးချယ်၍ ထပ်မံဖွဲ့စည်းသွားမည် ဖြစ်ပါသည်။

ပညာရေး၊ ကျောင်းသားရေးရာ ကိစ္စရပ်များနှင့် အကူအညီများကို ဦးဆောင်ကူညီပေးနိုင်ရန်အတွက် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြသော စိတ်အားထက်သန်သည့်သူများကို အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ်သို့ ဖိတ်ခေါ်အပ်ပါသည်။

သီရိလင်္ကာနိုင်ငံအတွင်း တက္ကသိုလ်/တက္ကသိုလ်ခွဲများတွင် ပညာသင်ကြားဆဲဖြစ်သော မြန်မာကျောင်းသားတိုင်း ပါဝင်၍ တာဝန်ယူဆောင်ရွက်ရန် ဖိတ်ခေါ်ပါသည်။

#ရွေးချယ်မည့်ရာထူးများ:
ဥက္ကဋ္ဌ
အတွင်းရေးမှူး
ဘဏ္ဍာရေးမှူး
ပြန်ကြားရေးနှင့် ဆက်ဆံရေး တာဝန်ခံများ
အလုပ်အမှုဆောင် ကော်မတီဝင်များ

တက်ကြွစွာ ဦးဆောင်ပါဝင်လိုကြသော သူများအနေဖြင့် အောက်ပါ မှ တစ်ဆင့် (၃၀-၁၀-၂၀၂၆၊ သောကြာ) ရက်တွင် နောက်ဆုံးထား၍ စာရင်းပေးသွင်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Google Form Link - https://forms.gle/He6aLC7DD72wjHgE8

မြန်မာကျောင်းသားအဖွဲ့အစည်း သီရိလင်္ကာ (MSAS)

🍀🍀ဂုဏ်ယူဝမ်းမြောက်ခြင်း🍀🍀=============================ယနေ့ ၂၀၂၆ ခုနှစ် October 06ရက် အင်္ဂါနေ့တွင် သီရိလင်္ကာနိုင်ငံ PGI...
07/10/2026

🍀🍀ဂုဏ်ယူဝမ်းမြောက်ခြင်း🍀🍀
=============================

ယနေ့ ၂၀၂၆ ခုနှစ် October 06ရက် အင်္ဂါနေ့တွင် သီရိလင်္ကာနိုင်ငံ PGIPBS ၌

(၁) “The Development of Concept of Karuna in the Abhidhamma and Commentaries.” ခေါင်းစဉ်ဖြင့် MPhil first Presentation ပြီးမြောက် အောင်မြင်ခဲ့သော အရှင် သုဇေယျ၊

(၂) “𝑷𝒐𝒗𝒆𝒓𝒕𝒚 𝑨𝒍𝒍𝒆𝒗𝒊𝒂𝒕𝒊𝒐𝒏 𝑴𝒐𝒅𝒆𝒍𝒔 𝒊𝒏 𝑺𝒖𝒔𝒕𝒂𝒊𝒏𝒂𝒃𝒍𝒆 𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕: 𝑨 𝑩𝒖𝒅𝒅𝒉𝒊𝒔𝒕 𝑪𝒓𝒊𝒕𝒊𝒒𝒖𝒆” ခေါင်းစဉ်ဖြင့် Ph.D first Presentation ပြီးမြောက်အောင်မြင်ခဲ့သော အရှင် ဝိစိတ္တသာရ၊

(၃) “A Critical Study of Relevance of Buddhist Teaching For Resolving Youth Unrest ” ခေါင်းစဉ်ဖြင့် M.Phil first Presentation ပြီးမြောက်အောင်မြင်ခဲ့သော အရှင် ပဏ္ဍိစ္စ တို့အတွက်

မြန်မာကျောင်းသားများအဖွဲ့အစည်း-သီရိလင်္ကာ (MSAS) မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

MSAS
06/10/2026

Address

Makutarama Myanmrar Temple, Dematagoda Road
Colombo
00900

Alerts

Be the first to know and let us send you an email when Myanmar Students Association in Sri Lanka - MSAS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby places of worship