Karen Buddhist Association of North Carolina

Karen Buddhist Association of North Carolina The purpose of Karen Buddhist Association of North Carolina is to operate exclusively for religious, educational, cultural, and charitable.

🙏🙏🙏
08/23/2025

🙏🙏🙏

။ နှစ် ၄၀ ပြည့် အမှတ်တရ ။
~~~~~~~~~~~~~~~~~~~
။ အေဒီ ၁၉၈၂ ခုနှစ်ကစပြီး တပည့်များစွာအတွက် လောကီပညာနဲ့လောကုတ္တရာပညာများ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ ယနေ့ သက်တော်(၆၅) နှစ်ရောက်ခဲ့ပေမယ့် တပည့်တွေအတွက် အခြေခံပညာရေး ကြိုးစားဆောင်ရွက်အားထုတ်လမ်းညွှန်ပေးနေဆဲပါပဲ။

။ သက်တော်ကြီးရင့်လာလို့ ပယ်ထားရတဲ့အချက်အလက်တွေလည်း များစွာရှိလာနေလို့ ( ဒေါ်မာမာအေး ပြောခဲ့သလို မောင်အရင်လိုမဟုတ်တော့ဘူး, ဆိုသလိုပါပဲ) အိုခြင်းရှိတဲ့ရုပ်နဲ့ အိုလာရတဲ့ရုပ်တွေအကြောင်း ကိုယ်တိုင်အသိပါပဲ။

။ ငယ်ရွယ်သောကာလနဲ့ခုကာလနဲ့က တစ်ခြားဆီပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ မတူညီကြပါ။ ရုပ်တရားရဲ့ဖြစ်တည်နေမှုဟာ အိုသောခါမှပိုနားလည်မိတယ်။ နေ့စဉ်
အသုံးပြုရတဲ့ပစ္စည်းတစ်ခုဟာ အသုံးပြုဖန်များရင် ပျက်စီးလာနေသလို ခန္ဓာရုပ်မှာလည်း အိုနာနေမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတယ်။

။ တရားရစရာတွေတော့ အများကြီးပါပဲ။ စွန့်လွှတ်ရတာတွေ၊စွန့်ခွာရမှာတွေ၊စွန့်ပစ်ရတာတွေ၊စွန့်ပယ်ရမှာတွေ တဖြေးဖြေးပဲသိမြင်လာတော့ အမှားနဲ့အမှန်တွေရဲ့အဖြေဟာ သိလာတော့တာပါပဲ။

။ လိုရင်းပြောလိုတာက နှစ်(၄၀) ကျော်တိုင်တိုင် တပည့်တွေကို ပညာတွေပေးပြီး ခုချိန်ထိတိုင် အနားမယူသေးဘဲ မြတ်သောပညာရေး ပေးအပ်ဝေငှနေဆဲပါပဲ။ တပည့်တွေသာ ပညာမယူကြဘဲ ရှိနေကြတာပါ။ ပေးသူဆရာက နှလုံးသားမှာ စေတနာအပြည့်အဝရှိနေဆဲပါပဲ။

။ ကိုင်း တပည့်တွေအားလုံး ပညာကိုဘယ်သူမှခိုးယူလို့မရဘူးဆိုတာကို တပည့်တွေကို ဆုံးမခဲ့ဘူးပြီးပါပြီ။ " ပညာလိုချင်၊ပျင်းစိတ်ပြင်၊တန်းဝင်ဖြစ်အောင်လုပ်' လို့တိုက်တွန်းပါရစေ။

တောင်ကလေးဆရာတော်
(၂၃.၈.၂၀၂၅) ရက်နေ့။

https://www.facebook.com/share/p/16tkxXHM1s/?mibextid=wwXIfr
07/23/2025

https://www.facebook.com/share/p/16tkxXHM1s/?mibextid=wwXIfr

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~
။ စိတ်ကပေးသော စိုးရိမ်စိတ်ကို သတိပြုပါ။
။ စိတ်၌ဖြစ်ပေါ်စေသော အကြောင်းတွေကို ဆင်ခြင်ပါ။
။ စိတ်၌မတည်နေသောအရာကို အချိန်တိုင်းသိပါ။
။ ခံစားမှုစိတ်ရဲ့အဆက်ဆက်ကို အနီးကပ်လေ့လာပါ။
။ မတည်မြဲသည့်စိတ်သဘောကိုလည်း သုံးသပ်ချက်ပြုပါ။
။ မခံစားနိုင်တဲ့ စိတ်ပရိယာယ်ကို သတိထားပါ။
။ စိတ်ရဲ့အညစ်အကြေးကို စွန့်ပစ်တတ်ပါစေ။
။ စိတ်ရဲ့အစွမ်းသတ္တိကိုလည်း ဂရုစိုက်တတ်ပါစေ။
။ မိမိစိတ်ပြောင်းလဲပုံအခြင်းအရာကိုလည်း အမြဲတမ်းမြင်တတ်ပါစေ။
။ အချိန်တိုင်းမှာ သင့်ရဲ့စိတ်ထားမှုကိုလည်း ပြင်ဆင်တတ်ပါစေ။

တောင်ကလေးဆရာတော်
(၂၃.၇.၂၀၂၀) ရက်နေ့နံနက်။

( ပြန်လည်ပူဇော်ပါသည်🙏🙏🙏)

Address

4627 Highway 17 S
New Bern, NC
28562

Telephone

+12522887910

Website

Alerts

Be the first to know and let us send you an email when Karen Buddhist Association of North Carolina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Karen Buddhist Association of North Carolina:

Share