LAANG Ministry

LAANG Ministry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LAANG Ministry, Religious organisation, 428 , Jackson Street, Philadelphia, PA.

01/04/2025
လူ့ဘဝ သက်တမ်း
01/04/2025

လူ့ဘဝ သက်တမ်း

12/20/2024
12/01/2024

ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရပြီးကြောင်းကို ဘယ်ကဲ့သို့ အကျွန်ုပ် သိနိုင်မည်နည်း။

လူသည် ဒုတိယမွေးခြင်းကို အမှန် ခံခြင်း (သို့) မခံခြင်းအပေါ် စိတ်ချမှုအတွက် ကျွန်ုပ်တို့အယောက်စီတိုင်း သိထား သင့်ပြီး၊ ဘုရားသခင်က လည်း ကျွန်ုပ်တို့ သိနိုင်ရန် တိကျသေခြာသော နည်းလမ်းများကို ပေးထားပါသည်။

ဤနေရာ၌ အချက် သုံး ချက်တို့ဖြစ်သည်။

၁။ဝိညာဉ်တော်၏သက်သေ။

ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်ရန် ကြွ လာတော်မူပြီ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏သား ဖြစ်ကြောင်းကို ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်
နှင့်အတူ သက်သေခံ တော်မူသည်။
ဤအကြောင်းအရာကို အခြားသောသူများကို ရှင်းပြရန်သော်၄င်း သက်သေပြရန်သော်၄င်း ဖေါ်ပြ၍ မရနိုင်ပါ၊ သို့သော် ထိုအရာသည် အမှန်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိသည်။

ကျမ်းစာက ''ငါတို့သည် ဘုရားသခင်
၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏''ဟုဆိုသည်။(ရော၊ ၈း၁၆)

၂။ ဘုရားသခင်၏နှုတ်ကပတ်တော်။

ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရစဉ် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် နှုတ်ကပတ်တော်အားဖြင့် အမှန်ဖြစ်ကြောင်း စိတ်ချမှုကိုပေးပြီ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်
ကြောင်း ကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ သိရပါသည်။

ကျမ်းစာက ''ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရ အသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့ အား ငါရေး၍ ပေးလိုက်၏'' ဟု ဆိုသည်။ (၁ယော၊၅း၁၃)

၃။ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းများ။

ကျွန်ုပ်တို့ အမှန်တကယ် မွေးခြင်းကိုခံရစဉ်၊ ကျွန်ုပ်တို့၏အပြုအမူများသည်လည်း
ပြောင်းလဲ ပေလိမ့်မည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့်သူ၏သားတော် ယေရှုခရစ်ကို နာခံရန် အလိုရှိလာပေလိမ့်မည်။
ကျွန်ုပ်တို့သည် မှန်သောအရာများကို စတင် ချစ်တတ် လာပြီး မှား သောအရာများကို မုန်းတတ်လာပေလိမ့်မည်။ ကျွန်ုပ်တို့
သည် ကယ်တင်ခြင်း မခံရသေးသော သူများကို ချစ်ခြင်းရှိလာပြီ၊ ထိုသူများ ကယ်တင်ခြင်း သို့ရောက်ရန် ကျွန်ုပ်တို့
အလိုရှိပေလိမ့်မည်။ အခြားသော ယုံကြည်သူ ခရစ်ယာန်များကို ချစ်ခြင်း ရှိလာလိမ့်မည်။

ကျမ်းစာက ''ငါတို့သည် ညီအစ်ကိုချင်း တို့ကို ချစ်သောကြောင့်၊ သေခြင်း မှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည် ၏''ဟု ဆိုသည်။(၁ယော၊ ၃း၁၄)

ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၌ စတင်ဖြစ်လာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရပြီးဖြစ် သောကြောင့် ဖြစ်သည်။

ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

သင်သည် ဒုတိယမွေးခြင်းကို ဧကန်အမှန်ခံရ ပြီးပြီလား။
သခင်ယေရှု ပြုတော်မူခဲ့သော ကျေးဇူးတော်များကြောင့် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံရန် အခွင့်ကိုရနိုင်ခဲ့ကြပြီ။ ဒုတိယမွေးခြင်းကို ခံခဲ့ရသော် ၄င်းမွေးခြင်းက ကျွန်ုပ်တို့၏ အသက် တာများ၌ ပြောင်းလဲမှုများကို ပြုလုပ်ပေး ပေလိမ့်မည်။

ဆုတောင်းချက်။
အဖ ဘုရားသခင်၊ ကိုယ်တော်၏သားဖြစ်ရသောအခွင့်နှင့် ကိုယ်တော်ကို ''အဘ'' ခေါ်ရသော အခွင့်ကို ကျွန်ုပ်၌ ပြုနိုင်ရသော အခွင့်ကို ပြုလုပ်ပေးတော်မူသောကြောင့် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏အသက်တာသည် သခင်ယေရှုနှင့် သာ၍ တူလာရန် အကျွန်ုပ်၌ ပြုတော်မူပါ။ သခင်ယေရှု၏ နာမတော်၌ အကျွန်ုပ် ဆုတောင်းပါသည်။
အာမင်။

December 1st,2024On Sunday
12/01/2024

December 1st,2024
On Sunday

10/15/2024

MORNING DEVOTION
ဘုရားသခင် ပစ်မထားဘူး

ဘဝအသက်တာမှာ ခက်ခဲရတဲ့အချိန်၊ နာကြင်ရတဲ့အချိန်တွေ ရှိတတ်ကြတယ်။
အဲ့တာတွေကိုကြည့်ပြီး လဲပြို၊ လက်မြောက် အရှုံးပေးမိတတ်ကြတယ်။
တကယ်တော့ အဲ့လိုအချိန်တွေဆိုတာ ဘုရားသခင်နဲ့ ပိုပြီး နီးကပ်စေခြင်းဆိုတဲ့ ကောင်းကြီးမင်္ဂလာကို ခံယူရမယ့်အချိန်ပါ။

နာကြင်ခက်ခဲမှုတွေရဲ့အလွန်မှာ ဘုရားသခင်ပြင်ဆင်ထားတဲ့ ထူးမြတ်တဲ့ ကောင်းကြီးမင်္ဂလာတွေ ရှိနေတယ်။

ယောသပ်လေးဟာ အစ်ကိုတွေရဲ့အမုန်းနဲ့ ရောင်းစားခြင်းကို ခံခဲ့ရတယ်။
ဘယ်လောက်များ နာကြင်ခါးသီးတဲ့ အခြေအနေကို ဖြတ်သန်းနေရမလဲဆိုတာ တွေးကြည့်၊ ခံစားကြည့်လို့ရပါတယ်။

ရှင်ပေါလုရဲ့အသက်တာမှာလည်း အမျိုးမျိုး‌သော နာကြင်မှုတွေ၊ ခက်ခဲမှုတွေ ခံစားခဲ့ရတာပါပဲ။
သူမငြီးခဲ့ဘူး၊ ဒါပေမယ့် သူ့ကိုယ်မှာ စူးနေတဲ့ဆူးကတော့ အတော့်ကို နာကြင်ခံစားရပုံရပါတယ်။
အဲ့တာကို ဆင်းရဲခြင်းလို့ သူက သမုတ်ပြီး ကင်းလွှတ်ဖို့ဆုတောင်းခဲ့တယ်။
ဘယ်လောက်တောင်နာကြင်ခါသီးလိုက်မလဲ။

ထို ဆင်း ရဲ ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း သုံး ကြိမ် မြောက် အောင် သ ခင် ဘု ရား ကို ငါ ဆု တောင်း ၍ အ သ နား တော် ခံ ပြီး လျှင်၊ (၂ ကော 12:8 ယုဒသန်)။

ဒါပေမယ့် ဘုရားသခင်ပေးတဲ့အဖြေက ငါ့ကျေးဇူး သင့်အတွက်လောက်‌ပေ၏ တဲ့။
ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်၏ တဲ့ (၂ကော ၁၂:၉)။

ဒါတွေက ကျွန်ုပ်တို့အတွက် ဆင်ခြင်ခွန့်အားယူဖို့ပါပဲ။
နာကြင်မှုတွေ၊ ခက်ခဲမှုတွေဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို ခံစားရဖို့၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဖော်ပြနိုင်ဖို့ အကောင်းဆုံးအချိန်တွေပါပဲ။

ခက်ခဲလေ ဘုရားသခင်ကို ဖက်ယမ်းလေ၊ နာကြင်ခံစားရလေ ဘုရားသခင်ကို ဖက်ယမ်းလေ၊
မျက်ရည်ကျစရာများ တိုးပွားလေး ထံတော်တိုးဝင်ဆုတောင်းလေ ဖြစ်ရမယ်။
ဘုရားသခင်ရဲ့ အံဩဘွယ်ရာ အတူရှိခြင်းနဲ့ သက်သေကို ရရှိခံစားကြရမှာ အသေအခြာဖြစ်ပါတယ်။
သင်၊ ကျွန်ုပ် ဘာ့ကြောင့် နာကြင်ခက်ခဲနေရသလဲဆိုတာ ကိုယ်တော်ဘုရား သိတော်မူတယ်။

God bless you all.
❤️❤️❤️❤️❤️❤️

Address

428 , Jackson Street
Philadelphia, PA
19148

Website

Alerts

Be the first to know and let us send you an email when LAANG Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share