Indianapolis Buddhist Community

Directions Contact the place of worship

Indianapolis Buddhist Community Indianapolis Buddhists Community, Inc.

သာသနာ့မြေကွက် အလှူရှင်သရဏမဉ္ဇူကျောင်းတိုက် သာသနာ့ဝတ္တကမြေ အလှူရှင် ၁၃၈၈ခုနှစ် ဝါတွင်းဥပုသ်သည်များ မိသားစုမှ သာသနာ့ဝတ္တကမ...
10/29/2026

သာသနာ့မြေကွက် အလှူရှင်
သရဏမဉ္ဇူကျောင်းတိုက် သာသနာ့ဝတ္တကမြေ အလှူရှင် ၁၃၈၈ခုနှစ် ဝါတွင်းဥပုသ်သည်များ မိသားစုမှ သာသနာ့ဝတ္တကမြေ ယခင်နှစ်က ၂ကွက် ယခု ၂ကွက် A- 188/189 စုစုပေါင်း ၄ကွက်ကို မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပါစေခြင်းအကျိုးငှာ ရည်မှန်း၍ လှူဒါန်းပါသည်။
အလှူရှင်ဥပုသ်သည်မိသားစု သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝပါစေ။ ကျန်းမာ ချမ်းသာစွာဖြင့် ဥပုသ်သီလ ခံယူဆောက်တည်နိုင်ကြပါစေ။

Indianapolis Buddhist Community သရဏမဉ္ဇူကျောင်းတိုက်(၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ-...
10/27/2026

Indianapolis Buddhist Community သရဏမဉ္ဇူကျောင်းတိုက်
(၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ
-------------------------------------------------------------------------
အမေရိကန် ပြည်ထောင်စု ၊ အင်ဒီယားနာပလစ်မြို့ သရဏမဉ္ဇူ ကျောင်းတိုက်၌ ပုရိမဝါမှ ထတော်မူကုန်ကြသော သံဃာတော် အရှင်မြတ်တို့အား Indianapolis Buddhist Community ဗုဒ္ဓဘာသာ မိသားစုဝင်များမှ
( ၁၃ ) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲအား အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် အင်ဒီယားနာပလစ်မြို့ နှင့် အနီးတ၀ိုက်မှ ဗုဒ္ဓဘာသာဝင် မိသားစုများအား အတူတကွ ရေစက်ချ တရားနာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

🗓️ နေ့ရက် — ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့)

📍အစီအစဉ်

⏱️ နံနက် ၁၁:၀၀ နာရီ — ဆွမ်းကပ်လှူဒါန်းခြင်း

⏱️ မွန်းတည့် ၁၂:၀၀ နာရီ — ဧည့်ပရိသတ်အပေါင်းအား ဧည့်ခံကျွေးမွေးခြင်း

⏱️ မွန်းလွဲ ၁:၀၀ နာရီ — ကထိန်သင်္ကန်းကပ်လှူပွဲ စတင်ကျင်းပခြင်း

📍နေရာ — 6519 W Southport Rd, Indianapolis, IN 46221

🙏ကထိန်သင်္ကန်းအလှူတော်အတွက် ပါဝင်လှူဒါန်းနိုင်မှု🙏

☸️ ကထိန်ဉတ်သင်္ကန်းမကြီးအတွက် တစ်ဦးလျှင် $100 နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။

☸️ အရန်ကထိန်သင်္ကန်းတစ်စုံလျှင် $50 နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။

ကထိန်ကုသိုလ်တော်တွင် ပါဝင်လှူဒါန်းကြမည့် အလှူရှင်အပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကုသိုလ်အကျိုးတရားများ ထပ်တူထပ်မျှ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Indianapolis Buddhist Community မိသားစုသည် သီတင်းကျွတ်အခါသမယတွင် သရဏမဉ္ဇူကျောင်းတိုက်၌ ဘုရားမီးပူဇော်ခြင်းများ၊ ဓမ္မစကြာ...
10/27/2026

Indianapolis Buddhist Community မိသားစုသည် သီတင်းကျွတ်အခါသမယတွင် သရဏမဉ္ဇူကျောင်းတိုက်၌ ဘုရားမီးပူဇော်ခြင်းများ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊မေတ္တာပို့၊ အမျှဝေခြင်း ကုသိုလ်များပြုလုပ်ခဲ့ကြပါသည်။
ဤသို့ ပြုရသော ကုသိုလ်အဖို့ဘာဂကို ၃၁ဘုံသား သတ္တဝါများ အမျှပေးဝေပါ၏ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

10/27/2026

၁၃၈၈ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ရက်နေ့ သရဏမဉ္ဇူကျောင်းတိုက်တွင် Indianapolis Buddhist Community မိသားစုသည် ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ် အစရှိသော ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်
ကုသိုလ်ယူကြသည်။
အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ အန္တရာယ်ကင်း ဘေးရှင်းပါစေ။

၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ Indianapolis Buddhist Community မိသားစုသည် သရဏမဉ္ဇူကျောင်းတိုက်တွင် ဆွမ်းအစရှိသည်များ ...
10/26/2026

၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ Indianapolis Buddhist Community မိသားစုသည် သရဏမဉ္ဇူကျောင်းတိုက်တွင် ဆွမ်းအစရှိသည်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့သခြင်း၊ အမျှပေးဝေခြင်းကုသိုလ်များ ပြုလုပ်ကြပါသည်။
ဤသို့ပြုရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂကို ၃၁ဘုံသား သတ္တဝါများအား အမျှပေးဝေပါ၏ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

10/26/2026

၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ တရားတော်

10/26/2026

၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ဥပုသ်သီလဆောက်တည်ခြင်း

ယနေ့ မြတ်ဗုဒ္ဓဒေသနာနှင့်အညီ သီတင်းကျွတ်အခါသမယတွင် မြန်မာတို့၏ အမြတ်တနိုး ရိုးရာဖြစ်သော မိဘ ဆရာသမားများအား Indianapolis B...
10/25/2026

ယနေ့ မြတ်ဗုဒ္ဓဒေသနာနှင့်အညီ သီတင်းကျွတ်အခါသမယတွင် မြန်မာတို့၏ အမြတ်တနိုး ရိုးရာဖြစ်သော မိဘ ဆရာသမားများအား Indianapolis Buddhist Community မိသားစုမှ ဂါရဝပြု ကန်တော့၍ ကုသိုလ်ယူသော မင်္ဂလလာအစီစဉ် အောင်မြင်စွာ ကျင်းပပါသည်။
အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒပြည့်ဝပါစေ။

ယနေ့ သမီး ဟန်းနီရွှန်းလဲ့စံ မွေးနေ့ကို အကြောင်းပြု၍ကိုစိုင်းထွန်း+မနန်းရှင်ဝါ သမီး၊ ဟန်နီရွှန်းလဲ့စံ၊ ခေတ်လင်းထွန်း မိသာ...
10/24/2026

ယနေ့ သမီး ဟန်းနီရွှန်းလဲ့စံ မွေးနေ့ကို အကြောင်းပြု၍
ကိုစိုင်းထွန်း+မနန်းရှင်ဝါ သမီး၊ ဟန်နီရွှန်းလဲ့စံ၊ ခေတ်လင်းထွန်း မိသားစုမှ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပါသည်။

ဤသို့ပြုရသော ကောင်းမှုကံစေတနာကြောင့် အလှူရှင် မိသားစုနှင့်တကွ တရားနာပရိတ်သတ် အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝပါစေ။

ယနေ့ ကိုဇော်မှ ဝါဆိုသင်္ကန်း လာရောက် လှူဒါန်းပါသည်။ အလှူရှင် မိသားစု သက်ရှည်ကျန်းမာ စိတ်ချမ်းသာ အန္တရာယ်ကင်း ဘေးရှင်းပါစ...
10/23/2026

ယနေ့ ကိုဇော်မှ ဝါဆိုသင်္ကန်း လာရောက် လှူဒါန်းပါသည်။
အလှူရှင် မိသားစု သက်ရှည်ကျန်းမာ စိတ်ချမ်းသာ အန္တရာယ်ကင်း ဘေးရှင်းပါစေ။

Address

6519 West Southport Road
Indianapolis, IN
46221

Website

Alerts

Be the first to know and let us send you an email when Indianapolis Buddhist Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Indianapolis Buddhist Community:

Shortcuts

Share

Nearby places of worship