Shamayim Ministries

Shamayim Ministries Shamayim Ministries Inc is founded in 2022 to share the life of God wherever God opens the way.

စင်္ကြာဝဠာကို ဖန်ဆင်းနေ၊ကြယ်၊လကို ဖန်ဆင်းကမ္ဘာကို ဖန်ဆင်းလူကို ဖန်ဆင်းပြီးကိုယ့်ဘဝ အစကနေ အဆုံးထိသိတဲ့ ဘုရားကကိုယ့်အတွက် ...
05/17/2026

စင်္ကြာဝဠာကို ဖန်ဆင်း
နေ၊ကြယ်၊လကို ဖန်ဆင်း
ကမ္ဘာကို ဖန်ဆင်း
လူကို ဖန်ဆင်းပြီး
ကိုယ့်ဘဝ အစကနေ အဆုံးထိ
သိတဲ့ ဘုရားက
ကိုယ့်အတွက် ထာဝရအကျိုးနဲ့ယှဉ်တဲ့
ရူပါရုံရှိထားမှန်းမသိ
ကိုယ့်အတွက်ထားတဲ့ ရူပါရုံကို
သိချင်စိတ်မရှိပဲ
အခုထိ ကိုယ်ထားချင်တဲ့ ရူပါရုံကို
အရမ်းကြီးမားတယ်လို့
ဘုရားကောင်းကြီးပေးမယ်လို့
မိုက်မိုက်မဲမဲ ယုံကြည်နေကြဆဲ ..။
ကြားရတွေ့ရတာ ဝမ်းနည်းမိတယ်..။

ထာဝရဘုရား ကိုယ့်အတွက်
ထာဝရအကျိုးအဖို့ ရှေးမဆွကတည်းက
ထားရှိပြီးတဲ့ ရူပါရုံကို
သိမြင် ရှင်သန် နိုင်ကြပါစေ ..။

ကိုထွေး
၁၆ မေ ၂၀၂၂

အာဗြံမှာ သား ရနိုင်ခြေ မရှိခဲ့ဘူး...ယောသပ်မှာ မျှော်လင့်စရာ အခြေအနေ မရှိခဲ့ဘူး...မောရှေမှာ အဲဂုတ္တုကို ပြန်သွားဖို့ သတ္တ...
05/14/2026

အာဗြံမှာ သား ရနိုင်ခြေ မရှိခဲ့ဘူး...
ယောသပ်မှာ မျှော်လင့်စရာ အခြေအနေ မရှိခဲ့ဘူး...
မောရှေမှာ အဲဂုတ္တုကို ပြန်သွားဖို့ သတ္တိ မရှိခဲ့ဘူး...
ယောရှုမှာ ဣသရေလလူမျိုးကို ဦးဆောင်ဖို့
သတ္တိ မရှိခဲ့ဘူး...
ဒါဝိဒ်မှာ မိသားစုရဲ လက်ခံ ပံ့ပိုးမှု မရှိခဲ့ဘူး ...
ဂိဒေါင်မှာ မိဒျန်တပ် အလုံးအရင်းကို တိုက်ဖို့ တပ်သား အများကြီး မရှိခဲ့ဘူး ...
ယောရှဖတ် မှာ ရန်သူကို ပြန်တိုက်နိုင်တဲ့ စစ်အင်အား မရှိခဲ့ဘူး...

အဲဒီမရှိခြင်းတွေအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့
မရှိခြင်းတစ်ခု သူတို့မှာရှိပါသေးတယ်
အဲဒါကတော့ ဂတိထားတော်မူသော ဘုရားက
ဂတိတော်အတိုင်း တတ်နိုင်တဲ့
ဘုရားဖြစ်တယ်ဆိုတာကို
သံသယ မရှိခြင်း ပါပဲ...

သူတို့ဟာ မရှိခြင်းတွေ ထဲကနေ လိုသမျှရှိစေတဲ့
ဘုရားရှိခြင်းအပေါ်မှာပဲ ရပ်တည်တဲ့အခါ
သူတို့ရဲ့ မရှိခြင်းတွေအားလုံးက
ဘုရားရဲ့ ကျေးဇူးပြု ခြင်း
နိမိတ်လက္ခဏာ အခွင့်ရဘို့ ပြင်ဆင်ပေးတဲ့ အခြေအနေတွေဖြစ်လာခဲ့ကြတယ်...

မရှိခြင်းတွေထဲမှာ အဆိုးဆုံးကတော့
ဘုရားကို စိတ်ချယုံကြည်မှု မရှိခြင်း ဖြစ်ပြီး
မရှိခြင်းတွေထဲမှာ အကောင်းဆုံး မရှိခြင်း ကတော့ ဘုရားကို သံသယမရှိခြင်းပါပဲ ...

ရှိစေတဲ့ဘုရားကို စိတ်ချတတ်မယ်ဆိုရင်
သင်နဲ့ကျွန်ုပ်ရဲ့ မရှိခြင်းတွေဟာ
ဘုရားဘုန်းထင်ရှားမဲ့ နိမိတ်လက္ခဏာ အဖြစ်ပြောင်းလဲသွားပါလိမ့်မယ် ...

ဖြစ်နိုင်ချေ မရှိခြင်းထဲမှာ
ဘုရားကို သံသယမရှိခြင်းနဲ့ ရပ်တည်ရင်
မဖြစ်နိုင်တာမရှိခြင်းရဲ့ ဘုရားကို
ပိုသိကျွမ်းရင်းနှီးခွင့်ရပါလိမ့်မယ်...။

ကိုထွေး
13 မေ 2016

"အရှုံးသမား"မာနခြင်းပြိုင်ရင်မာနပိုကြီးသူ ရှုံးတယ်အတ္တခြင်းပြိုင်ရင် အတ္တပိုကြီးသူရှုံးတယ်မစ္ဆရိယခြင်းပြိုင်ရင်မစ္ဆရိယပိ...
05/13/2026

"အရှုံးသမား"

မာနခြင်းပြိုင်ရင်
မာနပိုကြီးသူ ရှုံးတယ်

အတ္တခြင်းပြိုင်ရင်
အတ္တပိုကြီးသူရှုံးတယ်

မစ္ဆရိယခြင်းပြိုင်ရင်
မစ္ဆရိယပိုကြီးသူ ရှုံးတယ်

လောဘခြင်းပြိုင်ရင်
လောဘပိုကြီးသူ ရှုံးတယ်

ဟန်ဆောင်တာခြင်းပြိုင်ရင်
ဟန်ဆောင်ပိုကောင်းသူ ရှုံးတယ်

ဘုရားဟာ ဇာတိသဘောကို
မုန်းရုံမက စက်ဆုပ်ရွံရှာတယ်
အသေသတ်ရမဲ့ ရန်သူလို့ပဲ
သတ်မှတ်ထားတယ်

ဘုရားနဲ့ရန်ဘက်ဖြစ်တဲ့အရာကို
မိတ်ဖွဲ့ ပေါင်းဖော်နေသူဟာ
ဘုရားရဲ့ ရန်ဘက်ဖြစ်ခြင်းကို
ရွေးချယ်နေခြင်းဖြစ်တယ်

ဘုရားတဘက်မှာရှိသော အရာ
ဘာတခုမှ ထာဝရမှာ
မထမြောက် မအောင်မြင်နိုင်

ဇာတိအားကောင်းလာလေလေ
အဆုံးအရှုံး ပိုကြီးလေလေပဲ

လောကနည်းလမ်းနဲ့ လူလည်ကျတတ်လေလေ
ဝိညာဉ်အရာမှာ နုံအ မိုက်မဲလေလေပဲ

ကိုထွေး
၁၁ မေ ၂၀၂၀

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါသာသနာဟာ ဈေးကွက်ဖြစ်လို့ဘုရားဟာ ရောင်းကုန်ဖြစ်လာတယ်ဘာသာရေးဟာယုတ်ညံ့လာတဲ့အခါသမ္မာတရားဟာ ဟာသဖြစ်လိ...
05/12/2026

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါ
သာသနာဟာ ဈေးကွက်ဖြစ်လို့
ဘုရားဟာ ရောင်းကုန်ဖြစ်လာတယ်

ဘာသာရေးဟာယုတ်ညံ့လာတဲ့အခါ
သမ္မာတရားဟာ ဟာသဖြစ်လို့
မုသာစကားဟာ ဒေသနာဖြစ်လာတယ်

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါ
ဘုရားဟာ အလှူခံစရာကြော်ငြာဖြစ်ပြီး
နတ်ဆိုးဟာ အစေခံစရာ သခင်ဆရာဖြစ်လာတယ်

ဘာသာရေးဟာယုတ်ညံ့လာတဲ့အခါ
ဘဝပျက်သူတွေရဲ့ငိုသံဟာ ဆူညံသံဖြစ်ပြီး
နံရံလေးဘက်ထဲက ဥပေက္ခာတေးဂီတတွေက
ဝတ်ပြုသံဖြစ်လာတယ်

ဘာသာရေးဟာ ယုတ်ညံံ့လာတဲ့အခါ
လူယုတ်မာပေးတဲ့ ချီးမြှောက်ခြင်းက ဂုဏ်ဒြပ်ဖြစ်လာပြီး
ပေးဆပ်သူတွေရဲ့ မြင့်မြတ်ခြင်းက အညတရဖြစ်လာတယ်

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါ
လောဘတကြီးရယူသူကို မင်္ဂလာရှိသူလို့ သမုတ်ပြီး
စွန့်လွှတ်ပေးဆပ်တတ်သူကို ကျိန်စာသင့်သူလို့ သမုတ်လာတယ်

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါ
ပူလောင်ခြင်းကို နွေးထွေးမှုလို့ ခေါင်းစဉ်တပ်ပြီး
ငြိမ်းအေးရာဟာ ဆုံးရှုံးခြင်းလို့ တံဆိပ်ကပ်ခံရတယ်

ဘာသာရေးဟာ ယုတ်ညံ့လာတဲ့အခါ
အဝိဇ္ဇာဟာ ပန်းတိုင်ဖြစ်လာပြီး
ထာဝရမင်္ဂလာဟာ ယုံတမ်းစကားဖြစ်လာတယ်

မိုက်မဲနေသူ ထက် ပိုမိုက်မဲသူဆိုတာ
မိုက်မဲခြင်းကို ပညာရှိခြင်းလို့
အထင်မှားနေသူပဲ ..။

ကိုထွေး
၁၁ မေ ၂၀၂၄

သစ္စာ အကြောင်းကို ရှင်းပြတတ်ဖို့ သစ္စာ ရှိစရာမလိုလေ့လာမှုနဲ့ ကျွမ်းကျင်မှုပဲလိုတယ်သစ္စာရှိခြင်းရဲ့ သက်သေဆိုတာ ကြီးကျယ် န...
05/10/2026

သစ္စာ အကြောင်းကို ရှင်းပြတတ်ဖို့
သစ္စာ ရှိစရာမလို
လေ့လာမှုနဲ့ ကျွမ်းကျင်မှုပဲလိုတယ်
သစ္စာရှိခြင်းရဲ့ သက်သေဆိုတာ
ကြီးကျယ် နက်နဲနေတဲ့
အချက်အလက်နဲ့ စကားလုံးတွေမဟုတ်
မျက်မှောက် မျက်ကွယ်
ပြောင်းလဲ လွယ်တဲ့ သဘော အလျဉ်းကင်းစင်တဲ့
အသက်ရှင်ခြင်းဖြစ်တယ် ...

ဝိညာဉ်တော် အကြောင်းပြောတိုင်း
ဝိညာဉ်လူ ဖြစ်မယ် ထင်နေတတ်ခြင်းဟာ
အသားဖြူဆေး အကြောင်း ပြောတတ်တဲ့သူဖြစ်တာနဲ့
အသားဖြူမယ်လို့ထင်တတ်တဲ့ လူကန်းလိုပါပဲ ...

အသိ နဲ့ အသက် ရဲ့ ခြားနားမှုအကြောင်းတွေ
ပြောရင်း ကြားရင်းနဲ့ပဲ
အသိကိုပဲ အမြဲ အထင်ကြီးတတ်တဲ့
"ငါ" လောက်
ညံ့ဖျဉ်း ပညာမဲ့သူမရှိ ..

သူတပါး ကိုပဲ ကြည့်မြင်
အထင်ကြီး၊ အထင်သေးခြင်းထက်
ကိုယ့်ကိုယ်ကိုပဲ ကြည့်မြင်
ချိုးဖဲ့ ပြုပြင်ခံသူဟာ
ပညာ မင်္ဂလာ ရှိတယ်

ကိုထွေး
၂၅ ဧပြီ ၂၀၁၉

အာဗြဟံကို ဘုရားခေါ်တဲ့အခါနေရင်းပြည်ကိုထားခဲ့ရတယ်ယောသပ်ကိုဘုရားခေါ်တဲ့အခါသူ့ကိုချစ်တဲ့ အဖေနဲ့ခွဲခွာရတယ်မောရှေကိုဘုရားခေါ်...
05/06/2026

အာဗြဟံကို ဘုရားခေါ်တဲ့အခါ
နေရင်းပြည်ကိုထားခဲ့ရတယ်
ယောသပ်ကိုဘုရားခေါ်တဲ့အခါ
သူ့ကိုချစ်တဲ့ အဖေနဲ့ခွဲခွာရတယ်
မောရှေကိုဘုရားခေါ်တဲ့အခါ
ခမ်းနားတဲ့ နန်းတော်ကိုထားခဲ့ရတယ်
ဧလိရှဲကို ဘုရားခေါ်တဲ့အခါ
လယ်ထွန်နေတဲ့နွားငါးရှဉ်းကိုထားခဲ့ရတယ်
မာရိကိုဘုရားခေါ်တဲ့အခါ
သူ့ရဲ့ အပျိုစင် ဖြစ်ခြင်းသိက္ခာကို အရှုံးခံရတယ်
ပေတရုကိုဘုရားခေါ်တဲ့အခါ
ငါး၊လှေ၊ပိုက်ကွန်အားလုံးစွန့်ပစ်ခဲ့ရတယ်
ပေါလုကိုဘုရားခေါ်တဲ့အခါ
သူ့ဘဝတခုလုံး တည်ဆောက်ခဲ့တဲ့
ရာထူး၊အာဏာ၊ဂုဏ်သိက္ခာ
အားလုံးအရှုံးခံခဲ့ရတယ်
ခရစ်တော်နောက်ကိုလိုက်ခဲ့သူတွေထဲမှာ
ဆင်းရဲသူ၊ချမ်းသာသူ၊
ရာထူးရှိသူ၊ အညတရ
အားလုံးပါတယ်..။
သူတို့အားလုံးတူတာက
ဘယ်သူပဲဖြစ်ဖြစ် လူတန်းစားမရွေး
ခရစ်တော်နောက်လိုက်တဲ့အခါ
ဘုရားရဲ့အလိုတော်အကြံအစည်ကိုပဲ
လုံးလုံးဝန်ခံအပ်နှံဖို့
ကိုယ့်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေအားလုံးအပါအဝင်
ကိုယ်တန်ဖိုးထားခဲ့တဲ့အရာတွေကို
ထားခဲ့ရ အရှုံးခံကြရတာပဲ ..။

ဒီနေ့ ခရစ်တော်နောက်လိုက်တာ
ဘုရားအလိုတော်တွေပြည့်စုံဖို့မဟုတ်ပဲ
ချမ်းသာဖို့၊ ကျော်ကြားဖို့၊
သူတပါးရဲ့အထက်စီးမှာနေဖို့..စတဲ့
ကိုယ့်တပ်မက်ခြင်းဆန္ဒတွေပြည့်ဖို့လိုက်တယ်ဆိုရင်
ကိုယ်လိုက်နေတဲ့သခင်ဟာ ခရစ်တော်တော့မဖြစ်နိုင်
အန္တိခရစ်ပဲ ဖြစ်လိမ့်မယ် ...။

ကိုထွေး
၇ မေ ၂၀၂၄

လူဆိုးတကာ့ လူဆိုးတွေထဲမှာဘာသာရေး လူဆိုးတွေကအဆိုးဆုံးပဲဲC.S-Lewis
05/03/2026

လူဆိုးတကာ့ လူဆိုးတွေထဲမှာ
ဘာသာရေး လူဆိုးတွေက
အဆိုးဆုံးပဲဲ

C.S-Lewis

"ဒဏ်ရာများ"ဒဏ်ရာတွေဟာ ရင့်ကျက်ခြင်း ရဲ့ လမ်းဝတွေ ဖြစ်တယ်ဒဏ်ရာရတိုင်း ခါးသီးနေမဲ့ အစား ကိုယ့်ရဲ့ နာကျင်တတ်တဲ့ စိတ်သဘောကို...
05/02/2026

"ဒဏ်ရာများ"

ဒဏ်ရာတွေဟာ
ရင့်ကျက်ခြင်း ရဲ့ လမ်းဝတွေ ဖြစ်တယ်
ဒဏ်ရာရတိုင်း ခါးသီးနေမဲ့ အစား
ကိုယ့်ရဲ့ နာကျင်တတ်တဲ့ စိတ်သဘောကို
မြင်တတ်သူဟာ ပညာကို ရတယ်
ဒဏ်ရာတွေဟာ မသေချာတဲ့
လူနဲ့ အခြေအနေတွေအပေါ်
ဘာမျှော်လင့်ချက်မှ မထားပဲ
ဆက်ဆံ ဖြတ်သန်းတတ်အောင်
မလိုအပ်တဲ့ လောကွတ်ပြုခြင်းနဲ့
လိုအပ်တဲ့ မေတ္တာကျေးဇူးပြုခြင်းကို
ပိုင်းခြား အသက်ရှင်တတ်အောင်
သင်ပေးတယ်
ဘာမဟုတ်တာနဲ့ အမြဲနာကျင်နေတတ်ရင်
ဒဏ်ရာတွေက ပေးတဲ့ ပညာနဲ့ ရင့်ကျက်မှုကို
မရယူတတ်လို့ပါပဲ
အချိန်တွေ အကြာကြီး ဖြတ်သန်းပြီးမှ
ပညာ နဲ့ ရင့်ကျက်ခြင်း မရှိလာသူဟာ
ပြန်မရနိုင်တဲ့ အရင်းအနှီး တစ်ခုကို
ဆုံးရှုံးရတယ်

ဒဏ်ရာဆိုတာ ယူတတ်တဲ့သူအတွက်
နာကျင်ခြင်းထက် ခိုင်ခံ့ခြင်းကို ပေးတယ်

ဒဏ်ရာကို ရှောင်လို့ မရပါ
ရင်ဆိုင်တတ် ရယူတတ်ဖို့သာ ပြင်ဆင်ထားပါ

ကိုထွေး
၂၇ ဧပြီ ၂၀၁၉

Wisdom Vs Desireပညာ vs အလိုဆန္ဒ
04/28/2026

Wisdom Vs Desire
ပညာ vs အလိုဆန္ဒ

ရှိရမဲ့ အရာ မရှိတာ လိုအပ်ချက် ဖြစ်တယ်မရှိရမဲ့ အရာ ရှိနေရင်တော့ အန္တရာယ် ဖြစ်နေပြီ ...
04/27/2026

ရှိရမဲ့ အရာ မရှိတာ လိုအပ်ချက် ဖြစ်တယ်
မရှိရမဲ့ အရာ ရှိနေရင်တော့ အန္တရာယ် ဖြစ်နေပြီ ...

သူများကို အားရပါးရ ကဲ့ရဲ့တဲ့သူကပဲသူများကို မကဲ့ရဲ့ပါနဲ့ လို့ ပြောတော့မာနတလူလူတက်နေတဲ့သူကပဲ နှိမ့်ချပါ လို့ ပြောတော့သူမျာ...
04/25/2026

သူများကို အားရပါးရ ကဲ့ရဲ့တဲ့သူကပဲ
သူများကို မကဲ့ရဲ့ပါနဲ့ လို့ ပြောတော့

မာနတလူလူတက်နေတဲ့သူကပဲ
နှိမ့်ချပါ လို့ ပြောတော့

သူများကို အတင်းအကြပ် ချည်နှောင်သူကပဲ
ခွင့်လွှတ်ပါ လို့ ပြောတော့

ကိုယ်တိုင်ဖောက်ပြန်တဲ့သူကပဲ
သစ္စာရှိကြပါ လို့ ပြောတော့

လောဘတရားနဲ့ အသက်ရှင်နေတဲ့သူကပဲ
စေတနာ ရှိကြပါ လို့ ပြောတော့

သူများကို လှည့်စားနေတဲ့ သူကပဲ
ရိုးသားကြပါ လို့ ပြောတော့

ဗလောင်းဗလဲ လုပ်သူကပဲ
သမ္မာတရားဆိုပြီး ပြောတော့

နက်နဲတဲ့ တရားက
ဗွက်ထဲထည့် အနှစ်ခံရသလို
ညိုမဲ ညစ်ထေးခဲ့

အဲ့လိုနဲ့ ကိုယ့်ကိုယ်ကိုလိမ်
သူတပါးကို ညာရင်း
ကမ္ဘာကျဉ်းကျဉ်းလေးကို လေတလုံးနဲ့ ပတ်
ဒို့တွေ.. ထာဝရနဲ့ အဆက်ပြတ်ခဲ့ကြတယ် ။

[ ပြဿနာက အမှားလုပ်တာမဟုတ်ဘူး၊
ကိုယ်တိုင်မှားရုံမက
အမှားကို အမှန်လို့ လူတကာကို
လိုက်ကြော်ငြာတာပဲ .. ။
မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည်အမင်္ဂလာရှိ၏ ။ ]

(ကိုယ်မှားတာကို မှားတယ်လို့ သိသူ၊
ကိုယ်ပြုပြင်ဖို့ လိုမှန်းသိသူ၊ အပြင်ခံသူ၊
အဖြည့်ခံသူဟာ မင်္ဂလာရှိတယ်)
Blessed are the poor in spirit. Their is the kingdom of heaven.

ကိုထွေး
၂၄ ဧပြီ ၂၀၂၀

Address

Indianapolis, IN

Website

Alerts

Be the first to know and let us send you an email when Shamayim Ministries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Shamayim Ministries:

Share