Little Myanmar Christian Fellowship - Singapore

Little Myanmar Christian Fellowship - Singapore A Place to Worship for all Myanmar Friends from all Denominations! WORSHIP SERVICE
Every Sunday 4:00 pm

Every Sunday at 4:00pm to 5:30pm.

4:00pm to 4:20pm - Praise & Worship
4:20pm to 5:30pm - Service

- 7 Armenian Street, S179932, All Saint Presbyterian Church, Main Hall, Bible House..B1

✝️ Daily Devotions ( 12 June 2026 ) ✝️                          ✝️ အမိန့်တော်ကို နာခံပါ ✝️✝️ အခြေပြုကျမ်း ✝️      〰️〰️〰️...
11/06/2026

✝️ Daily Devotions ( 12 June 2026 ) ✝️

✝️ အမိန့်တော်ကို နာခံပါ ✝️

✝️ အခြေပြုကျမ်း ✝️
〰️〰️〰️〰️〰️
➡️ ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ (ရှင်လုကာ 5:5)

✝️ ဆင်ခြင်ရန် ✝️
〰️〰️〰️〰️
➡️ ရှိမုန်ဟာ တံငါသည်တစ်ဦးဖြစ်တယ်။ တစ်ညလုံး သူနဲ့သူ့အပေါင်းအဖော်တွေငါးဖမ်းကြပေမယ့် တစ်ကောင်မှမမိဘူး။သို့သော် သခင်ယေရှု ရှိမုန်ကို ပိုက်ကွန်ပြန်ချခိုင်းတဲ့အခါမှာ စောဒကမတက်ဘဲ သခင့်စကားကို သူနာခံတယ်။ ဒါကြောင့်လည်း သူတင်မက သူ့အပေါင်းအဖော်တွေပါ လှေနစ်မတတ်ငါးတွေဖမ်းမိတာဖြစ်တယ်။ ငါးဖမ်းရာမှာ ရှိမုန်ဟာ သခင်ယေရှုထက် အတွေ့အကြုံအများကြီးရှိတယ်။ ဒါပေမဲ့ သခင်ယေရှုသူ့ကိုပြောတဲ့အခါ ရှိမုန်က သူ့ရဲ့အတွေ့အကြုံ၊ သူ့ကျွမ်းကျင်မှုအားလုံးကိုထားပြီး သခင့်စကားကိုနားထောင်တာကိုတွေ့ရတယ်။ ဒီလိုပဲ မိမိတို့အသက်တာမှာလည်း ကိုယ်တတ်ကျွမ်းတဲ့နေရာအသီးသီးရှိကြတယ်။ ဒီလိုနေရာမျိုးတွေမှာတောင် နှိမ့်ချပြီး ဘုရားသခင်ရဲ့စကားကို နာခံတတ်ဖို့အရေးကြီးတယ်။ ကျွန်ုပ်တို့တော်တဲ့နေရာ၊ တတ်‌တဲ့နေရာတွေမှာတောင် ဘုရားသခင်ကိုအုပ်စိုးခွင့်ပေးရမှာဖြစ်တယ်။ ဒီလိုနာခံခြင်းရဲ့နောက်မှာလည်း မိမိတင်မက မိမိနဲ့သက်ဆိုင်သောသူတွေပါ ကောင်းချီးမင်္ဂလာခံစားရမှာဖြစ်တယ်။

✝️ လိုက်လျှောက်ရန် ✝️
〰️〰️〰️〰️〰️〰️
✅ ဘုရားသခင်ဟာ အရာအားလုံးကိုသိပြီး ကျွန်ုပ်တို့အတွက်အကောင်းဆုံးတွေကို ပြင်ဆင်ပေးချင်တာဖြစ်တဲ့အတွက် နှိမ့်ချစွာအသက်ရှင်လျက် သူ့စကားတော်ကိုအသက်တာမှာ နာခံဖို့ဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုတိုင်ပဲ ကြိုးစားမယ့်အစား ထာဝရဘုရား၌သာ အပ်နှံပါ။ အချိန်တန်တဲ့အခါ သင့်နာခံခြင်းအတွက် ကောင်းချီးခံစားရမှာဖြစ်တယ်။🙏🙏🙏

07 June 2026 ( Holy Communion Sunday)ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှတ်တမ်း
11/06/2026

07 June 2026 ( Holy Communion Sunday)
ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှတ်တမ်း

✝️ Daily Devotions ( 11 June 2026 ) ✝️                            ✝️ ဆုံးရာသို့မရောက်ရ ✝️✝️ အခြေပြုကျမ်း ✝️      〰️〰️〰️〰...
10/06/2026

✝️ Daily Devotions ( 11 June 2026 ) ✝️

✝️ ဆုံးရာသို့မရောက်ရ ✝️

✝️ အခြေပြုကျမ်း ✝️
〰️〰️〰️〰️〰️
➡️ [23] ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ [24] ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။ (ဆာလံ 37:23-24)

✝️ ဆင်ခြင်ရန် ✝️
〰️〰️〰️〰️
➡️ ယုံကြည်သူတွေရဲ့အသက်တာမှာ ဘုရားသခင်နဲ့သွားလာခြင်းဟာ အလွန်အရေးပါတယ်။ နေ့စဉ်ဆုံးဖြတ်ချက်တိုင်းမှာ ဘုရားသခင်ရဲ့ အလိုတော်နှင့်ညီဖို့ သူနှင့်အတူသွားလာရမှာဖြစ်ပါတယ်။ လူရယ်လို့ဖြစ်လာရင် အားနည်းခြင်းတွေရှိပါတယ်။ ဒါကြောင့် ဆာလံဆရာဟာ " ထိုသူသည် လဲသော်လည်း" လို့ရေးထားတာဖြစ်တယ်။ ဘုရားသခင်ရဲ့ပဲ့ပြင်ခြင်းခံရသူရဲ့အသက်တာမှာ လမ်းလွဲသွားရင်တောင် ဘုရားသခင်သည် ထိုသူနဲ့အတူရှိတာကြောင့် ပြန်လည်တည့်မတ်ပေးနိုင်မှာဖြစ်တယ်။

✝️ လိုက်လျှောက်ရန် ✝️
〰️〰️〰️〰️〰️〰️
✅ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တိုင်းမှာ ဘုရားသခင်အတူပါရှိရဲ့လား။အကယ်၍ မရှိပါက အတူပါရှိရန် ဘုရားသခင်ကို အခွင့်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း အားနည်းခြင်းကြောင့် လဲကျသွားတဲ့အခါ ဘုရားသခင်ဟာ မိမိတို့ကိုပြန်လည်ထူမပေးနိုင်မှာဖြစ်တယ်။🙏🙏🙏

✝️ Daily Devotions ( 10 June 2026 ) ✝️                           ✝️ သခင့်ကို ဟစ်ကြော် ✝️✝️ အခြေပြုကျမ်း ✝️      〰️〰️〰️〰️...
09/06/2026

✝️ Daily Devotions ( 10 June 2026 ) ✝️

✝️ သခင့်ကို ဟစ်ကြော် ✝️

✝️ အခြေပြုကျမ်း ✝️
〰️〰️〰️〰️〰️
➡️ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- (ရှင်မာကု 10:48)

✝️ ဆင်ခြင်ရန် ✝️
〰️〰️〰️〰️
➡️ ဗာတိမဲဟာ မျက်စိမမြင်သူတစ်ယောက်ဖြစ်တယ်။ သခင်ယေရှုအကြောင်းကြားတဲ့အခါ သူ့ဝေဒနာပျောက်ကင်းရန် သခင်ယေရှုကိုသူအော်ခေါ်တယ်။ သူ့အနားကလူတွေ သူ့ကိုတိတ်ဆိတ်စွာနေဖို့ပြောချိန်မှာတောင် သခင်ယေရှုကို‌ပို၍အော်ခေါ်တယ်။ နောက်ဆုံးမှာ သခင်ယေရှုဟာ သူ့ရဲ့ခေါ်သံကိုကြားပြီး မျက်စိမြင်ရသောအခွင့်ကိုရတယ်။ ဗာတိမဲဟာ လူတွေဆီမှ အတားအဆီးကို ကြုံတွေ့ရသော်လည်း သခင်ယေရှုကိုဆက်ပြီးအော်ခေါ်တယ်။ သခင်ယေရှု သူ့ရဲ့အသံကိုမကြားမချင်း အော်ဟစ်နေတာဖြစ်တယ်။ ဒါဆိုရင် ကျွန်ုပ်တို့ယုံကြည်ခြင်းလမ်းစဥ်မှာရော
- အခက်ခဲတွေတွေ့‌တဲ့အခါ ဘယ်လိုတုံ့ပြန်သလဲ?
- ⁠ကြုံတွေ့ရသောအခက်ခဲကြောင့် ရပ်တန့်သွားသလား?
- ⁠အရင်ကထက်ပိုမိုအော်ဟစ်သလား?

✝️ လိုက်လျှောက်ရန် ✝️
〰️〰️〰️〰️〰️〰️
✅ ဗာတိမဲဟာ လူတွေအပေါ်အာရုံမစိုက်သလို၊ ဘေးနားမှာဖြစ်ပျက်နေသောအရာတွေအပေါ်မှာလည်း အာရုံစိုက်မနေဘူး။ ယေရှုအပေါ်မှာသာ အာရုံစိုက်တာဖြစ်တယ်။ ဒါကြောင့် လူများ‌သူ့ကိုဝိုင်းတားကြပေမယ့် ဆက်ပြီးယေရှုကိုအော်ခေါ်နေတာဖြစ်တယ်။ မိမိတို့အသက်တာမှာလည်း ဗာတိမဲကဲ့သို့ ဘယ်လိုအခြေနေတွေကြုံတွေ့နေပါစေ ဘုရားသခင်ကိုသာ ဆက်လက်မျှော်ကြည့်နေဖို့ အော်ခေါ်နေဖို့ဖြစ်တယ်။🙏🙏🙏

09/06/2026

𝟬𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ( 𝗦𝘂𝗻𝗱𝗮𝘆 )
ဂုဏ်တော်ချီးမွမ်းခြင်း - Saw Elvis
“ စိတ်နှလုံးပြောင်းလဲကြစို့ ”
Composer - Ko Lu (ကိုလု)

09/06/2026

𝟬𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ( 𝗛𝗼𝗹𝘆 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗼𝗻 𝗦𝘂𝗻𝗱𝗮𝘆 )
𝗦𝗲𝗿𝗺𝗼𝗻 𝗯𝘆 𝗥𝗲𝘃. 𝗠𝗶𝗻 𝗧𝗵𝘄𝗶𝗻 𝗦𝗼𝗲
“ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို ခံယူခြင်း၏ အဓိပ္ပာယ် “
၁ ကောရိန္သု ၁၁ : ၂၃ -၂၉
ထွက်မြောက်ရာ ၁၂ : ၂၁ - ၂၇

09/06/2026

𝟬𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ( 𝗦𝘂𝗻𝗱𝗮𝘆 )
Hymn : “ကတိတော်၌ တည်နေခြင်းကျူး”
Composed By R. Kelso Carter (1849-1928)

09/06/2026

𝟬𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ( 𝗦𝘂𝗻𝗱𝗮𝘆 )
𝗕𝗶𝗯𝗹𝗲 𝗥𝗲𝗮𝗱𝗶𝗻𝗴
PROVERBS 10 : 1 – 32
“ THE PROVERBS OF SOLOMON ”
သုတ္တံကျမ်း ၁၀ : ၁ - ၃၂
“ ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ ”

09/06/2026

𝟬𝟳 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲 ( 𝗦𝘂𝗻𝗱𝗮𝘆 )
𝗣𝗿𝗮𝗶𝘀𝗲 𝗮𝗻𝗱 𝗪𝗼𝗿𝘀𝗵𝗶𝗽

✝️ Daily Devotions ( 09 June 2026 ) ✝️                      ✝️ ရှိသောအရာနှင့်အစေခံပါ ✝️✝️ အခြေပြုကျမ်း ✝️      〰️〰️〰️〰️〰...
08/06/2026

✝️ Daily Devotions ( 09 June 2026 ) ✝️

✝️ ရှိသောအရာနှင့်အစေခံပါ ✝️

✝️ အခြေပြုကျမ်း ✝️
〰️〰️〰️〰️〰️
➡️ ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။ (ရှင်မာကု 8:5)

✝️ ဆင်ခြင်ရန် ✝️
〰️〰️〰️〰️
➡️ လူအုပ်ကြီးဟာ ယေရှုနောက်ကို (၃) ရက်လိုက်ပြီးနောက်မှာ သူတို့ဆီမှာစားစရာမရှိတော့ဘူး။ သူတို့အိမ်ပြန်ဖို့မှာလည်းခရီးဝေးပြန်ရမှာဖြစ်တယ်။ ယေရှုဟာ တပည့်တော်တွေကို ဒီလူအုပ်ကိုကျွေးဖို့ရန် မုန့်ဘယ်နှစ်လုံးရှိလဲမေးတဲ့အခါ တပည့်တော်တွေက (၇) လုံးရှိပါတယ်လို့ဖြေတယ်။ ဒါနဲ့ ယေရှုကလည်း ဒီမုန့် (၇) လုံးကိုကောင်းချီးပေးပြီး လူတွေကိုဝေစေတယ်။ ဒီမုန့် (၇) လုံးဟာ လူ (၄) ထောင်ကိုကျွေးနိုင်ရုံမက အကြွင်းကျန် (၇) တောင်းအပြည့်ပါကျန်နေသေးတာကိုတွေ့ရတယ်။ ယေရှုဟာ လူ (၄) ထောင်ကိုကျွေးဖို့ မုန့် (၄) ထောင်မလိုဘူး။ သူလိုအပ်တာ မုန့် (၇) လုံးပဲဖြစ်တယ်။ ဒီလိုပဲ ဘုရားသခင်ဟာ သူအလုပ်လုပ်ဖို့ အများကြီးမလိုအပ်ဘူး။ သင့်မှာရှိသလောက်ကိုသာ သူ့ကိုအပ်နှံ့ဖို့ဖြစ်တယ်။ ဒီအရာနဲ့ သူဟာ သင့်ကိုအသုံးပြုသွားမှာဖြစ်တယ်။ ဘယ်အရာမှ ဘုရားသခင်အသုံးပြုဖို့ရန် သေးငယ်တယ်ဆိုတာမရှိဘူး။

✝️ လိုက်လျှောက်ရန် ✝️
〰️〰️〰️〰️〰️〰️
✅ လူတွေက ပြီးပြည့်စုံနေမှ အလုပ်ကိုစတင်ချင်ကြတယ်။ ဒါပေမယ့် ဘုရားသခင်ကတော့ အဲ့ဒီလိုမဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့အရာကိုသာ သူ့ကိုဆက်ကပ်အပ်နှံလိုက်ပါ။ ကိုယ့်မှာရှိတဲ့ အနည်းငယ်သောအရာနဲ့ သစ္စာရှိစွာအစေခံပါ။ သူအကောင်းဆုံးဖြစ်အောင် အသုံးပြုသွားမှာဖြစ်ပါတယ်။🙏🙏🙏

Address

7 Armenian Street
Singapore
(S179932)

Opening Hours

16:00 - 17:30

Telephone

+6591683852

Website

Alerts

Be the first to know and let us send you an email when Little Myanmar Christian Fellowship - Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Little Myanmar Christian Fellowship - Singapore:

Share