02/09/2026
✨ “နှုတ်ကပတ်တော်မှတစ်ဆင့် အချင်းချင်းတိုက်တွန်းခွန်အားပေးခြင်း” ✨ “Encouraging One Another Through God’s Word”
English Below
📖 ဒီအပတ် Ambassadors For Christ (AFC) လူငယ်အစီအစဉ် မှာ လူငယ်များက မိမိတို့အတွက် ခွန်အားဖြစ်စေခဲ့တဲ့ ဘုရားသခင်၏နှုတ်ကပတ်တော်များ ကို အချင်းချင်းမျှဝေပြီး တိုက်တွန်းခွန်အားပေးခဲ့ကြပါတယ်။
💭 ယနေ့ခေတ် လူငယ်များအနေနဲ့ ပညာရေး၊ အလုပ်အကိုင်၊ အနာဂတ်ဘဝနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ မသေချာမရေရာမှုတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကတော့ “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။” လို့ ကျွန်ုပ်တို့ကို အားပေးထားပါတယ်။
🙏 မည်သည့်အခြေအနေမျိုးမှာပဲ ရှိနေပါစေ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့၊ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းတတ်ဖို့နဲ့ အချင်းချင်းတစ်ဦးနှင့်တစ်ဦး သစ္စာရှိဖို့ အပြန်အလှန် တိုက်တွန်းခွန်အားပေးခဲ့ကြပါတယ်။
❤️🔥 ဘုရားသခင်ကို အမှန်တကယ်ချစ်တဲ့ လူငယ်များစွာ ပေါ်ထွက်လာပြီး လက်ရှိလောကကြီးရဲ့ စိန်ခေါ်မှုတွေကြားမှာပင် ဘုရားသခင်ကို ယုံကြည်ကိုးစားကာ ကိုယ်တော်အလိုတော်အတိုင်း အသက်ရှင်နိုင်ကြပါစေ။
📖 အခြေပြုကျမ်းပိုဒ်များ
၁ သက်သာလောနိတ် ၅:၁၈
“အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”
ရုသဝတ္ထု ၁:၁၆
“ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။”
ဟေရှာယ ၄၁:၁၀
“မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။”
✨ “Encouraging One Another Through God’s Word” ✨
📖 This week at our Ambassadors for Christ (AFC) Youth Program, our young people had a special time of sharing and encouraging one another through the words of Scripture that have personally strengthened and encouraged them.
💭 As young people today, we often have worries and uncertainties about education, careers, and the future. But God’s Word reminds us, “Do not fear, for I am with you. Do not be afraid.”
🙏 No matter what situation we may be facing, we encouraged one another to keep trusting in God, to give thanks and praise Him in every circumstance, and to remain faithful to one another.
❤️🔥 Our prayer is that God will raise up a generation of young people who truly love Him and choose to trust Him even in the challenges and uncertainties of today’s world. May we continue to grow together in faith, encourage one another, and live according to God’s will.
📖 Key Bible Verses
1 Thessalonians 5:18
"In every thing give thanks: for this is the will of God in Christ Jesus concerning you."
Ruth 1:16
“Don’t urge me to leave you or to turn back from you.”
Isaiah 41:10
“Do not fear, for I am with you; do not be dismayed, for I am your God.”
Date: August 30, 2026
Content: Kanyaw Htoo
Design: Ruben
Translation: Esther Win