AFC Church Maesot

เส้นทาง เว็บไซต์ ติดต่อ สถานที่สักการะ

AFC Church Maesot ခရစ်တော်၏သံတမန်များအသင်းတော် မဲဆောက်

📖 ဧဝံဂေလိတရား ဟောပြောခြင်း 📖 ✝️ ဧဝံဂေလိတရားဟာ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ယေရှုခရစ်တော်အားဖြင့် ...
28/10/2026

📖 ဧဝံဂေလိတရား ဟောပြောခြင်း 📖

✝️ ဧဝံဂေလိတရားဟာ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ယေရှုခရစ်တော်အားဖြင့် ရရှိတဲ့ ကယ်တင်ခြင်းသတင်းကောင်းကို အခြားသူများထံ ဝေမျှပေးဖို့ကတော့ ယုံကြည်သူတိုင်းအတွက် အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်။

🙏 ဧဝံဂေလိဟောပြောမှုမှ တစ်ဆင့် ၂၀၂၆ ခုနှစ်အတွင်းမှာလည်း သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြသူများလဲ ရှိခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းသတင်းကောင်းကို လူအများထံ ဆက်လက်ဝေမျှဖို့ ကျွန်ုပ်တို့ကို ခွန်အားပေးတဲ့ အားရဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။

📖 အခြေပြုကျမ်းပိုဒ်
ရှင်မာကုခရစ်ဝင် ၁၆ : ၁၅
သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတရားကို ဟောကြလော့။

📖 Gospel Outreach Program 📖

✝️ The Gospel is the foundation of the Christian faith. Sharing the good news of salvation through Jesus Christ with others is an important responsibility for every believer.

🙏 Through this Gospel Outreach Program, people have continued to accept Jesus Christ as their Lord and Savior and receive baptism in 2026. This is a joyful reminder of God’s grace and encourages us to keep sharing the good news of salvation with others.

📖 Key Bible Verse
Mark 16:15 (KJV)
And he said unto them, Go ye into all the world, and preach the gospel to every creature.

Date: October 28, 2026

Content: Kanyaw Htoo
Design: Reuben
Translation: Esther Win


Happy bless Sunday. God is good all the time.(Sermon content)What you eat is your life.ရှင်ယောဟန်ခရစ်ဝင်။  6:51ငါသည်ကောင...
25/10/2026

Happy bless Sunday. God is good all the time.

(Sermon content)
What you eat is your life.
ရှင်ယောဟန်ခရစ်ဝင်။ 6:51
ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။

John 6:51
I am the living bread which came down from heaven: if any man eat of this bread, he shall live for ever: and the bread that I will give is my flesh, which I will give for the life of the world.

🌿ခရစ်တော်၏ အသွေးတော်အားဖြင့် ကယ်တင်ခြင်း🌿 Salvation Through the Blood of Christ 🌿(English Below)🙏 ဒီအပတ် တနင်္ဂနွေနေ့မှာ...
21/10/2026

🌿ခရစ်တော်၏ အသွေးတော်အားဖြင့် ကယ်တင်ခြင်း
🌿 Salvation Through the Blood of Christ 🌿
(English Below)

🙏 ဒီအပတ် တနင်္ဂနွေနေ့မှာ Ambassador For Christ (AFC) အသင်းတော်မှ ကလေးသူငယ်များက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်၊ သီချင်းနဲ့ အကများကို ပျော်ရွှင်စွာလေ့လာခဲ့ကြပါတယ်။

✝️ ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ဖို့ ယေရှုခရစ်တော်က မိမိအသက်ကို ပေးဆပ်ခဲ့ပါတယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းအကြောင်းကို ကလေးသူငယ်များ ငယ်ရွယ်စဉ်ကတည်းက သိရှိနားလည်ဖို့ ဘုရားသခင်အလိုတော်ရှိပါတယ်။ ဒါကြောင့် Ambassador For Christ မှ Sunday School ဆရာမက ကလေးသူငယ်များကို ခရစ်တော်၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှ ကင်းလွှတ်ခွင့်ရရှိကြောင်း ကိုဒီအပတ်တနင်္ဂနွေနေ့မှာ သင်ကြားပေးခဲ့ပါတယ်။

🌿ကလေးသူငယ်များကို ငယ်ရွယ်စဉ်မှစ၍ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ကယ်တင်ခြင်းတရားကို သိကျွမ်းနားလည်ပြီး ယုံကြည်ခြင်း၌ ကြီးထွားလာစေဖို့ ဘုရားသခင်အလိုတော်ရှိပါတယ်။

📖 အခြေပြုကျမ်းပိုဒ်
ရှင်ပေတရု​ဩဝါဒစာ​ပဌမစောင် ၁ : ၁၉
အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။

🌿 Salvation Through the Blood of Christ 🌿

🙏 This Sunday, the children at Ambassador For Christ (AFC) Church happily learned the Word of God and practiced songs and dances.

✝️ Jesus Christ gave His life to save us from our sins. God wants children to know His love and understand His plan of salvation from a young age. Therefore, our Sunday School teacher at AFC Church taught the children that through the blood of Christ, we receive forgiveness for our sins.

🌿 God wants every child to grow in faith, knowing His love and understanding the truth of salvation from a young age.

📖 Key Bible Verse
1 Peter 1:19 (KJV)
But with the precious blood of Christ, as of a lamb without blemish and without spot

Date: October 21, 2026

Content: Kanyaw Htoo
Design: Ruben
Translation: Esther Win


🌿ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်ကြပါစို့🌿🌿 Let Us Obey and Follow God’s Will 🌿(English Below)🙏ဒီအပတ် Ambassador ...
14/10/2026

🌿ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်ကြပါစို့🌿
🌿 Let Us Obey and Follow God’s Will 🌿
(English Below)

🙏ဒီအပတ် Ambassador For Christ (AFC) ရဲ့ လူငယ်အစီအစဉ်မှာတော့ ယောန၏အသက်တာကို အခြေခံပြီး လူငယ်များအား ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်ကြဖို့ တိုက်တွန်းခွန်အားပေးခဲ့ပါတယ်။

📖 ယောန၏အသက်တာမှ သင်ခန်းစာများ
🔹ဘုရားသခင်၏ ခေါ်တော်မူခြင်းကို လစ်လျူမရှုပါနှင့်။
ယောနကဘုရားသခင် မိန့်မှာသော နိနေဝေမြို့သို့ မသွားဘဲ အခြားတစ်နေရာသို့ ထွက်ပြေးခဲ့ပါတယ်။
🔹မနာခံခြင်း၏ အကျိုးဆက်ကို သတိပြုပါ။
ယောနက ဘုရားသခင်ရဲ့ စကားကို မနာခံသောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
🔹အမှားမှ သင်ယူပြီး ဘုရားစကားကိုပြန်လည်နာခံလိုက်လျှောက်ပါ။
ဘုရားသခင်က ယောနကို ဒုတိယအကြိမ် ထပ်မံခေါ်တော်မူခဲ့ပြီး ယောနလည်း နိနေဝေမြို့သို့ သွားခဲ့ပါတယ်။

🤍ဘုရားသခင်ရဲ့စကားတော်ကို ကြားနာရုံသာမက လက်တွေ့အသက်တာမှာ နာခံလိုက်လျှောက်ပါမိတ်ဆွေ။ ကိုယ့်ဆန္ဒထက် ဘုရားသခင်ရဲ့ အလိုတော်ကို ဦးစားပေးပါ။

📖 အခြေပြုကျမ်းပိုဒ်
ယောနဝတ္ထု ၃ : ၂-၃
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။

🌿 Let Us Obey and Follow God’s Will 🌿

🙏 This week at the Ambassador For Christ (AFC) Church Youth Fellowship, we learned from the life of Jonah and were encouraged to obey and follow God’s will.

📖 Lessons from the Life of Jonah
🔹 Do not ignore God’s calling.
Jonah ran away instead of going to Nineveh as God had commanded him.
🔹 Be aware of the consequences of disobedience.
Because Jonah disobeyed God, he faced many difficulties.
🔹 Learn from your mistakes and obey God again.
God called Jonah a second time, and Jonah went to Nineveh as He had commanded.

🤍 Let’s not only hear God’s Word, but also live it out in our daily lives. May we always choose to follow God’s will above our own.

📖 Key Bible Verse
Jonah 3:2-3 (KJV)
Arise, go unto Nineveh, that great city, and preach unto it the preaching that I bid thee. So Jonah arose, and went unto Nineveh, according to the word of the LORD.

Date: October 14, 2026

Content: Kanyaw Htoo
Design: Ruben
Translation: Esther Win


09/10/2026
🎂🎉 အောက်တိုဘာ မွေးနေ့ရှင်များအားလုံးကို ဂုဏ်ပြုပါတယ် 🎉🎂🎂🎉 Happy Birthday to Everyone Born in October! 🎉🎂 (English below)...
07/10/2026

🎂🎉 အောက်တိုဘာ မွေးနေ့ရှင်များအားလုံးကို ဂုဏ်ပြုပါတယ် 🎉🎂
🎂🎉 Happy Birthday to Everyone Born in October! 🎉🎂
(English below)

💐❤️အောက်တိုဘာလအတွင်း မွေးနေ့ကျရောက်သော AFC အသင်းတော်မှ ချစ်ရသော မွေးနေ့ရှင်များအားလုံးကို Happy Birthday ပါလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
🙏ယနေ့အချိန်အထိ အသက်ရှင်နေထိုင်ခွင့်နှင့် ဘုရားသခင်၏ကျေးဇူးတော်၊ ကောင်းကြီးမင်္ဂလာများကို ခံစားခွင့်ရရှိစေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။

မွေးနေ့မှစတင်ပြီး ရှေ့ဆက်လျှောက်လှမ်းရမည့် အနာဂတ်အသက်တာလမ်းခရီးတိုင်းတွင်
✨ ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်း
✨ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း
✨ ကျန်းမာခြင်းနှင့် ခွန်အား
✨ ကောင်းကြီးမင်္ဂလာများ
နှင့် ပြည့်စုံစွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း AFC အသင်းတော်မှ ဆုတောင်းပေးလိုက်ပါတယ်။ 🙏❤️

ဘုရားသခင်၏အလိုတော်အတိုင်း အသက်တာကို လျှောက်လှမ်းရင်း မိမိတို့ပတ်ဝန်းကျင်ရှိသူများအတွက်လည်း ကောင်းကြီးဖြစ်စေသော အသက်တာများကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🌿❤️

AFC အသင်းတော်မှ အောက်တိုဘာလမှာမွေးသောမွှေးနေ့ရှင်များ
✨ ဆရာအာဗြံဟံ
✨ Saw Blessed Win
✨ David

တောလည်ရာ ၆:၂၄-၂၆
ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။ ထာဝရဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။ ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော။

🎂🎉 Happy Birthday to Everyone Born in October! 🎉🎂

💐❤️ We would like to wish a Happy Birthday to all the beloved members of AFC Church who are celebrating their birthdays in October!
🙏 We give thanks to God for His grace and blessings, and for giving you the gift of life and bringing you this far.

From your birthday and throughout the journey ahead, may your life be filled with:
✨ Peace from God
✨ Joy and happiness
✨ Good health and strength
✨ Abundant blessings
🙏❤️ This is our prayer and blessing from AFC Church. May God continue to guide you as you walk according to His will, and may your lives be a blessing to those around you. 🌿❤️

🎉 October Birthday Celebrants from AFC Church
✨ Pastor Abraham
✨ Saw Blessed Win
✨ David

Numbers 6:24-26 (KJV)
The LORD bless thee, and keep thee: The LORD make his face shine upon thee, and be gracious unto thee: The LORD lift up his countenance upon thee, and give thee peace.

Date: October 7, 2026

Content: Kanyaw Htoo
Design: Ruben
Translation: Esther Win


Happy bless Sunday. God is good all the time. (ယောရှု၊၂၄း၁၅)  သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မ...
05/10/2026

Happy bless Sunday. God is good all the time.
(ယောရှု၊၂၄း၁၅)
သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊

Joshua 24:15
And if it seem evil unto you to serve the LORD, choose you this day whom ye will serve; whether the gods which your fathers served that were on the other side of the flood, or the gods of the Amorites, in whose land ye dwell: but as for me and my house, we will serve the LORD.

✨AFC (Ambassador For Christ) အသင်းတော်၏အပတ်စဉ်တပည့်တော်ဖြစ်သင်တန်းအစီအစဉ်✨🙏 ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာ ဘုရားသခင်ရဲ့န...
01/10/2026

✨AFC (Ambassador For Christ) အသင်းတော်၏အပတ်စဉ်တပည့်တော်ဖြစ်သင်တန်းအစီအစဉ်✨

🙏 ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က ဘယ်လောက်အရေးကြီးပါသလဲ။ ဘုရားသခင်ကို သိကျွမ်းရုံသာမက ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့လည်း လိုအပ်ပါတယ်။

📖 AFC (Ambassador For Christ) အသင်းတော်မှာ အသင်းသူအသင်းသားများ ယုံကြည်ခြင်းပိုမိုခိုင်မာလာပြီး ဘုရားသခင်ရဲ့အမှုတော်မှာ ပိုမိုပါဝင်နိုင်ကြဖို့အတွက် တပည့်တော်ဖြစ်သင်တန်းကို အပတ်စဉ် အင်္ဂါနေ့ နှင့် သောကြာနေ့ တိုင်း ပြုလုပ်ပေးလျက်ရှိပါတယ်။

📚ဒီလရဲ့ သင်ခန်းစာခေါင်းစဉ်ကတော့ “ခရစ်တော်နှင့်အတူ လျှောက်လှမ်းခြင်း” ဖြစ်ပြီး သင်ခန်းစာ ၄ ခု ပါဝင်ပါတယ်။
🔹 ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်
🔹 သမ္မာကျမ်းစာဆိုသည်ကား အဘယ်နည်း
🔹 အသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်
🔹 ဆုတောင်းခြင်း၏ နည်းဥပဒေသများ

📖 ဒီအပတ်မှာတော့ “အသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်” ဆိုတဲ့ သင်ခန်းစာကို အတူတကွ လေ့လာခဲ့ကြပါတယ်။

🙏 ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း လျှောက်လှမ်းပြီး၊ ကိုယ်တော်၏အမှုတော်၌ သစ္စာရှိစွာ ပါဝင်နိုင်သော ယုံကြည်သူများဖြစ်ဖို့ ဆုတောင်းပေးပါတယ်။

📖 အခြေပြုကျမ်းပိုဒ်
ရှင်ယောဟန်ခရစ်ဝင် ၈း၃၁
“သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။”

✨AFC (Ambassador For Christ) Church Weekly Discipleship Training ✨

🙏 How important is God’s Word in our daily lives? It’s not enough to simply know God; we are also called to live according to His Word.

📖 At AFC (Ambassador For Christ) Church, our weekly Discipleship Training is held every Tuesday and Friday to help our members grow stronger in their faith and serve in God’s ministry.

📚 This month’s lesson series is “Walking with Christ,” which includes four lessons:
🔹 The Church, the Body of Christ
🔹 What Is God’s Word?
🔹 God’s Word in Our Lives
🔹 Principles of Prayer

📖 This week, we came together to study “God’s Word in Our Lives” and learn how we can apply His Word in our daily lives.

🙏 May we continue to walk according to God’s Word and become faithful believers who are willing to serve and take part in His ministry.

📖 Key Bible Verse
John 8:31 (KJV)
If ye continue in my word, then are ye my disciples indeed.

Date: October 1, 2026

Content: Kanyaw Htoo
Design: Ruben
Translation: Esther Win


28/09/2026

✝️ BAPTISM MOMENTS | AFC CHURCH 💧
ရေနှစ်ခြင်းမဂ်လာမှတ်တမ်း (English Below)

ယေရှုခရစ်တော်၏နောက်သို့လိုက်လျှောက်ရန် ဆုံးဖြတ်ခြင်းမှ ယုံကြည်ခြင်းဖြင့် ဗတ္တိဇံမဂ်လာ ခံယူခြင်း အထိမ်းအမှတ် ❤️
ရေဗတ္တိဇံမဂ်လာသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို လူအများရှေ့ ကြေညာခြင်းဖြစ်ပြီး၊ အသက်တာသစ်ဖြင့် လျှောက်လှမ်းခြင်း ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။

📖 “.ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။” ရောမ ၆:၄

From the decision to follow Jesus to the step of going into the water—these are moments worth remembering. ❤️
Baptism is a public declaration of faith and a picture of dying to the old life and rising to new life in Christ.

📖 “.Therefore we are buried with him by baptism into death: that like as Christ was raised up from the dead by the glory of the Father, even so we also should walk in newness of life.” Romans 6:4

We celebrate with our brothers and sisters who took this step of faith. May God continue to lead them as they walk with Christ. 🙏

🎬 Video Editor: Esther Win
📝 Content: Saw Tonny James


“သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟ...
23/09/2026

“သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။- ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-”
‭‭ရှင်မာကု‬ ‭16‬:‭15‬-‭16‬ ‭JBMLE‬‬

“He said to them, “Go into all the world and preach the gospel to all creation. Whoever believes and is baptized will be saved, but whoever does not believe will be condemned.”
‭‭Mark‬ ‭16‬:‭15‬-‭16‬ ‭NIV‬‬
https://bible.com/bible/111/mrk.16.15-16.NIV

ที่อยู่

Maesot, Tak, Thiland
Mae Sot

เวลาทำการ

อังคาร 19:30 - 20:30
ศุกร์ 19:30 - 20:30
อาทิตย์ 10:00 - 12:00
14:00 - 16:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ AFC Church Maesot โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ สถานที่สักการะ

ส่งข้อความของคุณถึง AFC Church Maesot:

ทางลัด

แชร์

หมวดหมู่