05/04/2023
"ကိုယ့်အမြင်နဲ့ အမှန်တရားအမြင်"
အရာရာ တရားပါပဲ။
စကားနဲ့ပြောတာတွေရှိသလို
စကားလုံးမပါဘဲ
တိုက်ရိုက်ဖော်ပြနေတဲ့
အမှန်တရားတွေ ရှိပါတယ်။
မှန်မှန်ကန်ကန် နားလည်နိုင်တဲ့
အသိဉာဏ်ရှိဖို့သာ လိုပါတယ်။
တစ်ငါငါနဲ့ကြည့်တော့
ငါနဲ့ ငါမဟုတ်တဲ့
သူတစ်ပါးတွေ
ပြုလုပ်နေကြတာလို့ပဲ
နားလည်ပါတယ်။
အကြောင်းအကျိုးအနေနဲ့
ကြည့်ပြန် တော့
ငါသည်ပင်လျှင် သူ
သူသည်ပင်လျှင် ငါ ဖြစ်လာပြီး
အခြားသူ ဆိုတာလည်း မရှိ၊
သူတစ်ပါးလုပ်တာလည်း
မဟုတ်တော့ဘဲ
ကိုယ်လုပ်ခဲ့တာနဲ့
ကိုယ်လုပ်နေတာတွေကပဲ
ကိုယ့်ကို မိမိတို့တစ်ဦးချင်းစီကို
ပြန်အကျိုးပေးနေတာပါ။
ကိုယ့်ကံကပဲ ကိုယ့်ကို
မပြတ် တရားစီရင်နေတာပါ။
အရှင်ဥတ္တမသာရ ၂၀၂၃-၄-၅
၆၂ တိုင်ဝမ်သဘာဝရိပ်သာ
၂၂၀ ယုံဟိုး တိုင်ဝမ်သဘာဝရိပ်သာ
Dropped pin
https://maps.app.goo.gl/yreEEYu5ZJ3m59Ye7?g_st=ic