MEC - Maesot Evangelical Church

โทร เส้นทาง เว็บไซต์ ติดต่อ สถานที่สักการะ

MEC - Maesot Evangelical Church MEC church is one of the Myanmar churches in Maesot and which is mainly focus on sharing the gospel!

🙌 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက်တာသစ်သို့ လျှောက်လှမ်းကြသူ (၈) ဦး 🙏👉 Grace in Christ 👉New Life 👉 Baptism📖 သင်တို့သွာ...
22/10/2026

🙌 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက်တာသစ်သို့ လျှောက်လှမ်းကြသူ (၈) ဦး 🙏
👉 Grace in Christ 👉New Life 👉 Baptism

📖 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။(ရှင်မဿဲ ၂၈:၁၉)
ဘုရားသခင်၏ နာမတော်သည် မင်္ဂလာရှိပါစေသော်!

✍️ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့ တွင် သခင်ယေရှုခရစ်တော်ကို မိမိတို့၏ အသက်သခင်နှင့် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ကြသော ညီအစ်ကိုမောင်နှမ (၈) ဦးသည် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြပါသည် ✝️

ဤဝမ်းမြောက်ဖွယ် အခွင့်ထူးနှင့် ကောင်းချီးမင်္ဂလာအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ လူတို့၏အသက်တာကို ပြောင်းလဲစေပြီး အမှောင်မှ အလင်းသို့၊ အပြစ်မှ လွတ်မြောက်ခြင်းသို့၊ မျှော်လင့်ချက်မဲ့ခြင်းမှ ထာဝရအသက်ရှင်ခြင်း၏ မျှော်လင့်ခြင်းသို့ ပို့ဆောင်ပေးသော သခင်ယေရှု၏ ကယ်တင်ခြင်းကျေးဇူးတော်သည် အမှန်တကယ် အံ့ဩဖွယ်ဖြစ်ပါသည်။

နှစ်ခြင်းမင်္ဂလာသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး ကိုယ်တော်နှင့်အတူ သေခြင်း၊ သင်္ဂြိုဟ်ခြင်းမှတစ်ဆင့် အသက်တာသစ်၌ လျှောက်လှမ်းခြင်းအတွက် လူသိရှင်ကြား သက်သေခံခြင်းလည်း ဖြစ်ပါသည်။

📖 ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။- (ရောမ ၆:၄)

နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြသော ညီအစ်ကိုမောင်နှမ (၈) ဦးစလုံးသည် ယုံကြည်ခြင်း၌ ခိုင်ခံ့ကြီးထွားလာပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နေ့စဉ်ခံယူလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ကာ သခင်ယေရှု၏ သစ္စာရှိသော သက်သေခံများ ဖြစ်လာကြပါစေကြောင်း ဆုတောင်းပေးကြပါစို့ 🙏

အသင်းတော်အနေဖြင့်လည်း သူတို့၏ ယုံကြည်ခြင်းအသက်တာ ကြီးထွားလာရန် ချစ်ခြင်းမေတ္တာဖြင့် ဆက်လက်သွန်သင်၊ အားပေးကူညီပြီး ဆုတောင်းပေးသွားကြပါစို့။

လူတစ်ဦး၏ အသက်တာ ပြောင်းလဲခြင်းသည် ကောင်းကင်ဘုံ၌ ဝမ်းမြောက်ခြင်းဖြစ်စေသကဲ့သို့ ယနေ့ ညီအစ်ကိုမောင်နှမ (၈) ဦး၏ ယုံကြည်ခြင်းခြေလှမ်းအတွက်လည်း ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်🙌

📖 ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၅:၁၀)

ဘုရားသခင်တစ်ပါးတည်းသာ ဘုန်းတော်၊ ဂုဏ်တော်နှင့် ချီးမွမ်းခြင်းအပေါင်းကို ခံယူတော်မူပါစေသော်။ အာမင်။ 🙏

#ကျေးဇူးတော်ကြောင့်
#နှစ်ခြင်းမင်္ဂလာ
#အသက်တာသစ်
#သခင်ယေရှုခရစ်တော်၌
#ဘုရားသခင်၏ဘုန်းတော်အတွက်
To God be the glory forever and ever 👏👏👏

21/10/2026

📖 ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။
(1 Chronicles 16:29)

21/10/2026
21/10/2026

Title - With GOD, nothing to fear
Cover by MEC Violin Team
Date - Oct 18, 2026
MEC - Maesot Evangelical Church

20/10/2026

📖မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။-
(Romans 12:9)

📖 အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရ...
20/10/2026

📖 အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။ ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
(ဆာလံ ၆၂း၈-၁၂)

📖 Trust in Him(God) at all times, you people; Pour out your heart before Him; God [is] a refuge for us. Selah Surely men of low degree [are] a v***r, Men of high degree [are] a lie; If they are weighed on the scales, They [are] altogether [lighter] than v***r. Do not trust in oppression, Nor vainly hope in robbery; If riches increase, Do not set [your] heart [on them.] God has spoken once, Twice I have heard this: That power [belongs] to God. Also to You, O Lord, [belongs] mercy; For You render to each one according to his work. (Psalms 62:8-12)

အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ 🙏
May God bless all 🙏

MEC - Maesot Evangelical Church
Mec Youths

📖 Let us therefore make every effort to do what leads to peace and to mutual edification. (Romans 14:19)
20/10/2026

📖 Let us therefore make every effort to do what leads to peace and to mutual edification. (Romans 14:19)

Sunday Service ၊ Date - Oct 18, 2026 သခင်ဘုရားနေ့ ဝတ်ပြုကိုးကွယ်ခြင်း ပုံရိပ်များBible Study - Rev. Shine LinSermon - Sa...
19/10/2026

Sunday Service ၊ Date - Oct 18, 2026
သခင်ဘုရားနေ့ ဝတ်ပြုကိုးကွယ်ခြင်း ပုံရိပ်များ
Bible Study - Rev. Shine Lin
Sermon - Saya James Pasiang

📖 Finally, all of you, be like-minded, be sympathetic, love one another, be compassionate and humble. (1 Peter 3:8)
19/10/2026

📖 Finally, all of you, be like-minded, be sympathetic, love one another, be compassionate and humble. (1 Peter 3:8)

ที่อยู่

770 Intrakiri Street
Mae Sot
63110

เวลาทำการ

จันทร์ 06:00 - 22:00
อังคาร 06:00 - 22:00
พุธ 09:00 - 17:00
พฤหัสบดี 06:00 - 22:00
ศุกร์ 06:00 - 22:00
เสาร์ 06:00 - 22:00
อาทิตย์ 06:00 - 22:00

เบอร์โทรศัพท์

+66881636211

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ MEC - Maesot Evangelical Church โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ สถานที่สักการะ

ส่งข้อความของคุณถึง MEC - Maesot Evangelical Church:

ทางลัด

แชร์

หมวดหมู่