Burmese Dhamma Center

Call Directions Website

Burmese Dhamma Center Shwe Phone Pwint Burmese Buddhist monastery or Dhamma center was founded in 2014 by Venerable Ashin Silarnanda

Oct / 27 / 2026Walk for peace ဘူတန်ခရီးစဉ်ကို ဆရာတော်၃ပါးအပါ ကပ္ပိယ (၁၅)ယောက်တို့ဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ...
10/28/2026

Oct / 27 / 2026

Walk for peace ဘူတန်ခရီးစဉ်ကို ဆရာတော်၃ပါးအပါ ကပ္ပိယ (၁၅)ယောက်တို့ဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်လေဆိပ်မှယနေ့စတင်ထွက်ခွါလာခဲ့ကြပါပြီး။

Oct / 26 / 2026ယနေ့ အမေရိကန်စံတော်ချိန်နဲ့ဆိုရင်တော့သီးတင်းကျွတ်လပြည့်ညပေါ့။ (၈)နာရီထိုးကာမှ အရှင်ပညာကရ မှ ဂရုချက်ကနေ ဗီ...
10/27/2026

Oct / 26 / 2026
ယနေ့ အမေရိကန်စံတော်ချိန်နဲ့ဆိုရင်တော့သီးတင်းကျွတ်လပြည့်ညပေါ့။ (၈)နာရီထိုးကာမှ အရှင်ပညာကရ မှ ဂရုချက်ကနေ ဗီဒီယိုကောခေါ်လာပြီး ဒီနေ့ W4P တစ်နှစ်ပြည့်နှစ်ပတ်လည်မို့ ငါတို့တွေ အမှတ်တရ စကားပြောကြရအောင် ပရိတ်သတ်တွေကလဲ တစ်ခုခုအမှတ်တရလေး လုပ်ဖို့လဲတောင်းဆိုကြတယ် ဆိုပြီး ပြောလာတယ်။

မနက်ဖန်လဲ ဘူတန်ခရီးစဉ်ထွက်ကြရမှာမို့ သူလဲအလုပ်ရှုတ်နေလို့ ကြိုပြီး သံဃာတွေကို အကြောင်းမကြားနိင်တာဖြစ်မှာပါ။ ဒါကြောင့် ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ ဇွန်းမီတင်ကနေ လိုက်လွင့်ပြီး လမ်းလျှောက်သံဃာချင်း အမှတ်တရ စကားပြောဖြစ်ကြတယ်။

ရွှေဘုန်းပွင့်ဆရာတော်လဲ စာရေး စရာတွေရှိသေးပေမဲ့ စာရေးချိန် သိပ်မရတာကြောင့် စာတွေကို ပုံမှန်ရေးမတင်နိုင် ဖြစ်ခဲပါတယ်။ ယခုနှစ်ကုန်ပြီးပါက စာအုပ်အဖြစ် မြင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျနုပ်ရဲ့စာဖတ်ပရိတ်ကြီးများလဲ စောင့်မျှော်နေပါလို့ ပြောယုံမှတစ်ပါး နာလည်ပေးနိုင်ကြပါစေ။

ယခု ဘူတန်ခရီးစဉ်အကြောင်းကိုတော့ ခရီးသွားေနရင်း အတွေ့အကြုံအသစ်တွေကို ရေးပြမှာမို့ ဘူတန် နှင့် ပိုလန် ခရီးစဉ်တွေအကြောင်း အသေးစိပ်ကို မကြာမှီရက်များမှာ စောင့်မျှော်ဖတ်ရှုကြပါလို့ အသိပေးရင်း သီတင်းကျွတ်လပြည့်နေ့မှသည် ရာသက်ပန်တိုင်အောင် ကိုယ်ရော စိတ်ပါ ချမ်းသာစွာဖြင့် လိုအင်ဆန္ဒဟူသမျှ ပြည့်၀နိုင်ကြပါစေ။

ရွေဘုန်းပွင့်ဆရာတော်။

အလှူခံပြီးကျောင်းအဆောက်ဦးကိုစီမံပေးရတာတောင် အရှုံးပေါ်တယ်ပြောရင်လဲရယ်စရာဖြစ်ဦးမှာ။ကုန်ဈေးနှုံးကို ခနတာမျက်ခြေပျက်သွားတော...
10/22/2026

အလှူခံပြီးကျောင်းအဆောက်ဦးကိုစီမံပေးရတာတောင် အရှုံးပေါ်
တယ်ပြောရင်လဲရယ်စရာဖြစ်ဦးမှာ။

ကုန်ဈေးနှုံးကို ခနတာမျက်ခြေပျက်သွားတော့ သတ်မှတ်ထားတဲ့ဈေးထက် ပိုပေးဝယ်ရတာကအများသား ဒါတောင် လုပ်အားခ က လုပ်နေကြလူတွေနဲ့မို့ အလွန်သက်သာပါတယ်။

ဖေါင်ဒေးရှင်ကသတ်မှတ်ထားတာထက်$၂၇၀၀ ပိုကုန်တာရယ် အေစီက လဲ သတ်မှတ်ဈေးထက်$2000 ပိုကုန်တာရယ်ကြောင့်ပါ သစ်သားဈေးလဲ မနှစ်ကထက် $2 လောက်ပိုတက်သွားပါတယ်။

အလှူရှင်တွေကတော့ သတ်မှတ်တဲ့အမောက်အတိုင်း သဒ္ဒါအားကြီးစွာပေးလှူကြလို့ သာဓုခေါ်ပါတယ်။

အဆောက်ဦး အပြင်ဘက်ကတော့ အလုံးစုံပြီးစီးပါပြီး အတွင်းပိုင်းကတော့ အသေးစိပ်တွေများလို့ နောက်တစ်လလောက်ဆိုရင်တော့ အလုံးစုံပြီးနိုင်မှာပါ။

ထပ်တိုးကုသိုလ်ရှင်များ

၁။ ဦးထွန်းရွှေ ဒေါ်နော်ဒါ အဖွားဒေါ် Nay hla မိသားစု (Minnesota) $2000

၂။ အိုကလာဟိုးမားပြည်နယ် တိုဇာမြို့ ဓမ္မအောင်မြေကျောင်း မိသားစုများ မှ $1350

ကျောင်းအလှူရှင်မိသားစုများ အနာကင်း အသက်ရှည် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

Walk for Peace  မက္ကစီကိုနိုင်ငံ ခရီးစဉ်(တတိယနိဂုံးပိုင်း)Oct / 14 / 2026ထိုနေ့ညမီတင်မှာတော့ မန္တလေး ငြိမ်းချမ်းရေးတက္ကသ...
10/15/2026

Walk for Peace မက္ကစီကိုနိုင်ငံ ခရီးစဉ်(တတိယနိဂုံးပိုင်း)
Oct / 14 / 2026

ထိုနေ့ညမီတင်မှာတော့ မန္တလေး ငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်သူဆရာတော်ကြီးနှင့် အရှင်ပညာကရတို့ကိုပါ တက်ရောက်စေပြီး ကောင်းကျိုး ဆိုးကျိုးတို့ကိုပြောဆိုတိုင်ပင်ကြကား နိုင်ငံတော်ကလဲခွင့်ပြုတဲ့အချိန်နှင့် ဒီဘက်က အားမဲ့အချိန်တို့ကိုစောင့်ပြီး ထိုအချိန်မှသာ မြန်မာပြည်သို့ကြွမဲ့ခရီးစဉ်ကိုပြန်လည်စီစဉ်ကြမည်ကိုအတည်ပြုလိုက်ကြပါသည်။

ကြုံလို့ပြောလိုက်ရဦးမယ် အရှင်ပညာကရမြန်မာပြည်ကိုကြွမည် လို့တစ်စုံတစ်ယောက်ကလိုင်းပေါ်တင်လိုက်သည်နှင့် ရှယ်သူကရှယ် ရုပ်သံသတင်းတင်သူတင်ဖြင့် ပွက်လောရိုက်နေတတ်ပါသည် သူ ကြွမယ်လို့ပြောလိုက်တာက ထိုနေ့ ထိုရက်ဆိုရင်ကြွနိုုင်ပါတယ်ဆိုတာလောက်ကိုသာပြောဆိုခြင်းဖြစ်ပြီး တကယ်ကြွဖို့လုပ်တဲ့အခါ အခက်အခဲမျိုးစုံကြုံတတ်ပါသည် သတင်းကလဲခိုင်လုံတဲ့နေရာကလာတာမဟုတ်သည့်အတွက် ကြောင့် နောင်များတွင် စာဖတ်သူတို့ ထိုသတင်းများကို သတိထားယုံကြဖို့ကိုပဲ သတိပေးလိုပါသည်။

ဒါကြောင့် မြန်မာပြည်ခရီးကိုကြွမယ်ဆိုတဲ့သတင်းကို အရှင်ပညာကရတို့ W4P ပေစ့်က မကြေငြာသလို ရွှေဘုန်းပွင့်ဆရာတော်ကလဲ တစ်ခွန်းမှကိုမပြောဆိုမရေးသားပါ W4P ခရီးစဉ်ကလဲ နိုင်ငံတကာလှည့်သွားနေတာ အားလုံးအဆင်ပြေပါတယ် အခက်ခဲလဲမရှိပါ သို့သော် ကျုပ်တို့ ရွှေပြည်ကြီးကတော့ နတ်ပဲကြီးလေသလား ခမည်းပဲလိုနေသလားတော့မပြောတတ် တစ်နေ့တော့လဲအောင်မြင်တဲ့ခရီးစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည့်လျှက်ပါ။

ယခုကျင်းပမည့် အရှင်ပညာကရအား ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းအခမ်းအနားက အပြီးသတ်မလုပ်ရဘူးလို့ ဆုံးဖြတ်တာမဟုတ်ပဲ နည်းဥပဒေရေးဆွဲပြီးက ပြန်လည်ကျင်းပခွင့်ပြုပါလိမ်မယ် ဒီဇင်ဘာမှာကျင်းပမည့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့၏အစည်းအဝေးတွင်း ပြည်တွင်းရှိ နိုင်ငံတော်အသိအမှတ်ပြု ဗုဒ္ဓတက္ကသိုလ်အားလုံးအတွက် ဥပဒေသစ်တွေရေးဆွဲဖို့ကိစ္စလဲရှိပါသည် ဒီလိုနည်းဥပဒေသစ်ထွက်ရှိလာပါက ယခုခရီးစဉ်ပြန်လည်ဖြစ်မြောက်လိမ့်မည်လို့ သိထားပါတယ် အဲလိုအဆင်ပြေခဲ့ရင် ဖေဖေါ်ဝါရီလထဲမြန်မာပြည်ခရီးစဉ်ပြန်လည်ကြွဖြစ်လိမ့်မယ်လို့ လဲအကြမ်းပြင်းတိုင်ပင်ထားကြပါတယ် ထိုနေ့ညမီတင်မှာ အဲလိုအပြီးသပ်အတည်ပြုပြီးတော့ ထိုနေ့ညမြန်မာပြည်ကြွဖို့ကိစ္စအတွက်ဆွေးနွေးသည့် မီတင်ပြီးဆုံးပါသည်။

ပထမရက်ပိုင်းမီတင်တွေမှာတော့ ရွှေစင်တိပိဋ္ဋကဆရာတော်ကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး ဆရာတော်က ရန်ကုန်ဘက်ခြမ်းမှာသူတာဝန်ယူပြီးကူညီဆောင်ရွက်ပေးမဲ့အကြောင်းနှင့် လိုအပ်တာရှိရင်လဲ သူ့ဆီကိုဆက်သွယ်ဖို့ကိုမိန့်ကြားထားပါတယ် ရွှေစင်တိပိဆရာတော်က အရှင်ပညာကရအတွက်ဆိုရင် အလွန်ကိုအားကိုးအားထားရတဲ့ ဆရာတော်ဖြစ်ပါတယ် ခုလဲ အရှင်ပညာကရရဲ့ အိန္ဒိယလမ်းလျှောက်တဲ့အကြောင်းရေးသားထားသောစာအုပ်ကိုမြန်မာပြန်ရိုက်နှိပ်ထုတ်ဝေဖို့ကိစ္စကိုလဲ ဆရာတော်ကပဲ မြန်မာပြည်ကနေဦးစီးပြီး စီစဉ်ဆောင်ရွက်ပေးနေပါတယ် မီတင်ထဲမှာ အရှင်ပညာကရ က ရွှေစင်တိပိဆရာတော်ကိုနောက်လိုက်ပါသေးတယ် မြန်မာပြည်လာလို့ တစ်ခုခုဖြစ်ရင် သူက တိပိဆရာတော် ကိုယ်လုံးနောက်မှာပုန်းနေပါ့မယ်တဲ့ ဆရာကြီးက အဲလိုနောက်လိုက်တော့လဲ အားလုံးကပွဲကြသွားကြတာပေါ့။

ရွှေစင်တိပိဋ္ဋကဆရာတော်ဆိုတာ တိပိဋ္ဋကစာမေးပွဲ ဖြေဆိုရာမှာ အကျဆုံးမရှိပဲအောင်မြင်ခဲ့တဲ့ စာတတ်အကြော်ဆရာတော်လဲဖြစ်သလို ဝါငယ်ဆရာတော်လေးတွေကိုပင် နှိမ်ချတတ်သောအပြောအဆို စိတ်နေစိတ်ထားဖြင့် အမြဲတမ်းဆက်ဆံလေ့ရှိတဲ့ လေးစားအတုယူဖွယ်ကောင်းလှသော ပညာပြည့်၀ နှလုံးသားလှသော ဆရာတော်တစ်ပါးဖြစ်ပေတယ် သံဃာတွေအများစုနှင့် တိုင်ပင် စကားပြောဆိုရာမှာလဲ ငွေကြေးကိစ္စပါလာပါက ဆရာတော်မှ တပည့်တော်ကပဲ စပြီးဘယ်လောက်မတည်ပေးလိုက်မယ် သို့မဟုတ် တပည့်တော်ကပဲ လှူပေးလိုက်ပါ့မယ် ဆိုတဲ့စကားမျိုးကို တိပိဆရာတော်ဆီက ခနခနကို ကြားနေကြစကားလဲဖြစ်တယ် သံဃာတွေအတွက်ဆိုရင်အလွန်ကို စေတနာအားကြီးတဲ့ဆရာတော်လဲဖြစ်တယ်‌။

ရွှေဘုန်းပွင့်ဆရာတော်က မည်သည့်အခမ်းအနားပင့်ပင့် ရက်တာအာနေခဲ့ပါလျှင် ဆရာတော်ကအမြဲလိုလိုကြွရောက်ချီးမြောက်လေ့ရှိပါတယ် သံဃာတွေအပေါ်မှာလဲ အမြဲတမ်း နားလည် ကူညီပေးတတ်တဲ့ဆရာ တော်ဖြစ်တာမို့ ဖခင်တစ်ယောက်လို ဆရာရင်းတစ်ပါးလို အားကိုးအားထားရတဲ့ ဆရာတော်လဲဖြစ်ပါတယ် ဆရာတော် အမေရိကကနေ မြန်မာပြည်ပြန်ကြွသွားတော့လဲ အမေရိကမှာနေထိုင်ကြတဲ့မြန်မာရဟန်တော်တွေအတွက် ဂုဏ်ယူဖွယ် အားကိုးဖွယ်တစ်ခုရော့သွားသလိုကို ခံစားရပါတယ်။

ခရီးစဉ်ရဲ့အကြောင်းကိုဆက်ပါဦးမယ် မွန် ထရေးမြို့အကြောင်းကို အကျဉ်းချုံးရေးပြရမယ်ဆိုင်ရင် မွန်ထရေးမြို့က မက္ကစီကိုနိုင်ငံရဲ့ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်သည် လူဦးရေ ငါးသန်းကျော်နေထိုင်ကြသည် တောင်တွေထူထပ်သော တောင်ပေါ်မြို့ဖြစ်သည် သို့သော် အပူချိန်များသည် မိုးနည်းသည် ခြောက်သွေ့သည်ဟုသိရသည် သို့သော်လဲ တောင်တွေကိုကြည့်လိုက်တိုင်း စိမ်းစိုနေတာကိုတော့မြင်ရသည် မြို့ထဲသွားလာနေစဉ် အကဲခပ်မိသလောက် လူဦးရေသိပ်မထူထပ်ဘူး ယာဉ်ကြောတွေအရမ်းပိတ်မနေဘူး ကားလမ်းတွေအနေထားကတော့ ယူအက်ကလမ်းတွေလောက် မကောင်းပေမဲ့ လမ်းကောင်းတယ်လို့ပဲပြောရမယ် ။

ဂုံးကျော်တံတားတွေကတော့ သွားလာရာလမ်းတလျှောက်မတွေ့မိဘူး တောင် တန်းတွေများတော့ အချို့လမ်းအကူးမှာ ဥမှင်လှိုင်ခေါင်းဖေါက်ထားသည် မီးပွိုင့်တွေကလဲစနစ်တကျရှိလှသည် ရပ်ကွက်တွေထဲမှာလဲ လမ်းစုံတိုင်းမှာ စတော့ဆိုင်းဘုတ်တွေရှိသည် ကားတစ်စီးလမ်းကူဖို့မီးပြထားရင် လမ်းကိုလွယ်လွယ်ပဲပေးကြသည် ဟွန်းတီးသံမကြားရဘူးဆိုတော့ စည်းကမ်းရှိတဲ့လူနေမှုဆိုတာသက်သေပြနေသည် ကျနုပ်တို့တည်းခိုရာဟိုတည်နေရာကတော့ ဟိုတယ်ဇုန်နေရာမို့ တိုက်အမြင့်တွေများသည် တောင်ပေါ်အမြင့်တွေမှာလဲ လူနေအိမ်တွေတွေ့ရသည် ကျနုပ်တို့စရောက်တဲ့နေ့ကနေ ပြန်တဲ့နေ့အထိ မိုးက မပျက်အောင်ရွာနေတော့ အအေးဓါတ်ရှိနေသည်မို့ အလွန်နေထိုင်ကောင်းပါသည်။

ဒီနေ့အပြန်လေယာဉ်ချိန်က မနက်၁၁ခွဲမို့ ၈နာရီကားလာကြိုမယ်လို့ ဆရာကြီးထံမှ မနက်ကတည်းကမက်ဆေ့ရထားသည် ၇နာရီထိုးတော့အောက်ထပ်မှာ မနက်စာ ဆင်းစားတော့ဆရာကြီးက စားသောက်ခန်းထဲကြိုရောက်နေသည် စားသောက်နေရင်းနဲ့ သူကမေးလာသည် မြန်မာပြည်ခရီးစဉ်က မသွားဖြစ်တော့ဘူးဆိုတော့ အဲဒီရက်ကို ငါအဖေဆီ(ဗီယက်နမ်ကို) ငါသွားလိုက်မယ် မင်းက ယူအက်ကိုပြန်ပြီးမှ ထိုင်းမှာပြန်ဆုံမလားတဲ့ ကျနုပ်တို့ရဲ့ခရီးစဉ်ဆွဲထားသည့်ပုံက ယူအက်အေမှ ဘူတန်၊ ဘူတန်မှ ပိုလန်၊ ပိုလန်မှ မြန်မာပြည်၊ မြန်မာပြည်မှ ထိုင်း၊ အဲသလိုစီစဉ်ထားပြီးဖြစ်တော့ တက်ဆိုင်ရာနိုင်ငံတွေကိုလဲ ရက်ချိန်းတွေပါပေးထားပြီးမို့ ရက်ရွှေ့ပြောင်းလို့မရတော့ဘူး ဒါကြောင့် ထိုင်းကိုမကြွခင် မြန်မာပြည်ခရီးပျက်သွားတော့ အဲတစ်ပါတ်ကို ရက်အားဖြစ်သွားတယ် ဒါကြောင့် သူက သူအဖေံရှိတဲ့ ဗီယက်နမ်ကိုကြွမှာ ကျနုပ်ကတော့ ဗီယက်နမ်ကိုလဲရောက်ဘူးပြိးသားဖြစ်နေသည်မို့ မလိုက်ချင်တော့ဘူး အဲဒါကြောင့် ခရီးစဉ်ရက်ကိုပြန်တွက်လိုက်ပြီး ထိုင်းကိုတော့ငါမလိုက်တော့ဘူး ဘူတန်နဲ့ ပိုလန် ကိုလိုက်လာပြီး ယူအက်ကိုပဲပြန်လိုက်တော့မယ် ထိုင်းမှာက W4P ထိုင်းကိုယ်တော်တွေလဲရှိနေတာပဲ ငါအဲကိုတော့မလိုက်တော့ဘူးလို့ရှေးခရီးစဉ်အတွက် နှစ်ပါးသား စကားပြောဖြစ်ကြတယ် စကားပြောနေရင်း ဝိတ်တာတစ်ရောက်က ကျနုပ်မှာထားသော ကြက်ဥကြော်၂ပန်ကန်လာချပေးသည် အရှင်ပညာကရကလဲ ကော်ဖီရနိုင်မလားမေးလိုက်တော့ ခနအကြာ ကော်ဖီလာထည့်ပေးသည်။

နံနက်စာ စားသောက်ပြီးတော့ နှစ်ပါးသားဓါတ်လှေခါးဖြင့်အခန်းဆီပြန်တက်သွားကြသည် ပြန်ဖို့ရန်အတွက် ပစ္စည်းတွေသိမ်ဆည်းပြီး အောက်ထပ်သို့ဆင်းကာ အခန်းသော့တွေအပ်ပြီး မိုးဖွဲလေးတွေကြားထဲမှာ အနဲငယ်မျှသော လွမ်းစိတ်လေးဖြင့် ကားပေါ်မှ မြင်မြင်သမျှအရာတွေကို ငါဘယ်တော့များပြန်တွေ့ခွင့်ရပါဦးမလဲဆိုတဲ့ အတွေးဖြင့်ပင် လေဆိပ်သို့ထွက်ခွါလာခဲံပါတော့သည်။

ဆက်ပါဦးမည်။
ရွှေဘုန်းပွင့်ဆရာတော်။

ရွှေဘုန်းပွင့် ဓမ္မစင်တာ သီတင်းကျွတ်မီးထွန်းပွဲတော် အောက်တိုဘာ ၂၅ တနင်္ဂနွေညနေ ၅ နာရီ စတင်ပြုလုပ်ပါမည်။
10/15/2026

ရွှေဘုန်းပွင့် ဓမ္မစင်တာ သီတင်းကျွတ်မီးထွန်းပွဲတော် အောက်တိုဘာ ၂၅ တနင်္ဂနွေညနေ ၅ နာရီ စတင်ပြုလုပ်ပါမည်။

Walk for Peace  မက္ကစီကိုနိုင်ငံ ခရီးစဉ်(ဒုတိယပိုင်း)Oct / 09 / 2026တောင်ပေါ်ကတော်တော်လေးကိုမြင့်ပါတယ်  မိုးကလဲဖွဲဖွဲလေး...
10/10/2026

Walk for Peace မက္ကစီကိုနိုင်ငံ ခရီးစဉ်(ဒုတိယပိုင်း)
Oct / 09 / 2026

တောင်ပေါ်ကတော်တော်လေးကိုမြင့်ပါတယ် မိုးကလဲဖွဲဖွဲလေးရွာနေသလို လူတွေကလဲတိမ်တွေရဲအပေါ်ကိုရောက်သွားကြလို့ မြင်ကွင်းအားလုံးကလဲမှောင်နေတာမို့ တောင်ပေါ်ထိပ်ဆုံးအထိကိုဆက်မတက်ဖြစ်ပဲ ပြန်လှည့်ဆင်းခဲ့ကြသည် ကားမောင်းတဲ့မာရီယာက ကားမောင်းစကေးက တယ်မဆိုးလှဘူး ဘေးမှာထိုင်နေတဲ့ အလီဆာက ကြောက်တဲ့အကြောင်း ခနခနပြောနေတော့လဲ လိုက်ပို့တဲ့လူကိုယ်တိုင် စိတ်မပျော်လို့ ပြန်လှည့်ဆင်းခဲ့တာလဲပါတယ်။

ဒီရက်ပိုင်း ခရီးထွက်လာခြင်းနှင့်အတူ ယခုလကုန်ပိုင်း W4P လေးနိုင်ငံခရီးစဉ်မှာ မြန်မာပြည်လဲကြွမှာမို့ အခြားနိုင်ငံ သွားဖို့အတွက် သိပ်လုပ်စရာကိစ္စမရှိပေမဲ့ မြန်မာပြည်ခရီးစဉ်အတွက်ကတော့ ဗီဇာကိစ္စမှသည် ဟိုမှာပြုလုပ်မဲ့ပွဲအနေအထားနှင့် သွားလာရေးကိစ္စတို့အတွက် အသည်းအသန်းကိုလုပ်နေရတဲ့အချိန်လဲဖြစ်တယ် တကယ်သွားဖြစ်ရင် သင်းအဖွဲ့ဝင်ပေါင်း (၁၅)ယောက်ခန့်လိုက်ပါဖို့ရှိတယ် ဘုန်းကြီးတွေရဲ့ ဗီဇာကိစ္စအဆင်ပြေမှ ကပ္ပိယအဖွဲ့တွေအတွက်ဗီဇာက နောက်မှလျှောက်ရမှာပါ အဲဒီအတွက်အချိန်မှီဖို့လဲလိုတာမို့ သတင်းကိုနေ့တိုင်းမြန်မာပြည်နှင့် အသွားအပြန်လုပ်နေရတယ်။

အရှင်ပညာကရက သူမြန်မာပြည်ခရီးသွားရင် ကျနုပ်ကိုလဲလိုက်စေချင်ကြောင်း ဆွီဒင်ခရီးမှာကတည်းကပြောထားဘူးတော့ ခုမြန်မာပြည် ဗီဇာကိစ္စတွေလုပ်ကြရတော့မှာမို့ သူနဲ့ဆုံတဲ့တစ်ရက်မှာ မင်းငါ့ကို မြန်မာပြည်လိုက်စေချင်လားလို့မေးလိုက်တော့ သူက မင်းအတွက်အခက်ခဲမရှိရင်လိုက်ခဲ့ပေါ့လို့ပြောလို့ ကျနုပ်ဘက်ကလဲ လိုအပ်တဲ့လုံခြုံရေးကိစ္စအပါ ဗီဇာကိစ္စကိုပါဆောင်ရွက်နေရပါတယ်။

ပြောဦးမယ် သူဒီခရီးစဉ်တွေအတွက် စပြီးစီစဉ်တော့ ကျနုပ်ကမြန်မာပြည်မလိုက်ဘူးလို့ပဲသူယူဆထားလို့ထင်တယ် ကျနုပ်ထံကိုမက်ဆေ့ပို့လာတယ် ဘန္တေ ဘူတန်ကိုလိုက်မလားတဲ့ ဘူတန်ဆိုတော့ မရောက်ဘူးတာရော ဘူတန်ဘုရင်က ပင့်တဲ့ခရီးစဉ်ဖြစ်တာရောမို့ လိုက်မယ်လို့ပြန်ပြောလိုက်တယ် ပြောပြီးနှစ်ရက်အကြာ သူနဲ့လူချင်းဆုံတော့ ဘူတန်ခရီးက ဘယ်နေ့လဲမေးတော့ သွားမဲ့ရက်နှင့် ပြန်မဲ့ရက်ကိုပြောလို့ မှတ်ထားခဲ့တယ် ညနေကြမှ ခရီးစဉ်ရက်ကို ပြန်တွက်ကြည့်လိုက်တော့ ကျောင်းမှာ အလှူကြီးတစ်ခုလုပ်မဲ့ရက်နဲ့တိုက်နေတာမို့ မက်ဆေ့ပြန်ပို့ပြီး ငါမလိုက်တော့ဘူးလို့ပြန်ပြောလိုက်တယ်။

သူဘက်ကလဲ အိုကေ ငါမင်းကိုကန်ဆယ်လုပ်လိုက်မယ်တဲ့ အဲလိုနဲ့နောက်နေ့ မိတ်ဆွေဆရာတော်တစ်ပါးနဲ့ဖုန်းပြောရင်း ဘူတန်ခရီးကိစ္စကိုပြောဖြစ်တော့ ဘုန်းကြီးကလဲ လိုက်သွားပေါ့ အလှူက ဘုန်းကြီးမရှိလဲလုပ်လို့ရတာပဲလို့ပြောတယ် နောက်တစ်နေ့လဲ ရွှေဘုန်းပွင့်ဆရာတော်ရဲ့ လမ်းလျှောက်ခရီးစဉ်ကတည်းက ကြည်ညိုအားပေးတဲ့ တကာမကြီးတစ်ယောက်နဲ့လဲ အဲကိစ္စပြောဖြစ်တော့ ဆရာတော်ကလဲ လိုက်သွားရမှာလေ ရောက်ဖို့လဲမလွယ်သလို ဘုရင်ကိုယ်တိုင် ပင့်တဲ့ခရီးစဉ်ဆို ပိုလို့တောင် လိုက်သွားသင့်တယ်ဆိုပြီး အကြံပေးလာပြန်တယ် အဲလိုဆိုတော့ ကျနုပ်လဲ သွားချင်စိတ်ကဖြစ်ပြန်ရော။

အဲဒါနဲ့ ဆရာကြီးဆီဖုန်းခေါ်ပြီး ငါဘူတန်ကိုလိုက်ခဲ့မယ်လို့ပြောလိုက်တော့ ဆရာကြီး စိတ်ဆိုးတာပေါ့ မင်းခနခနမပြောင်းနဲ့ ခရီးစဉ်ကို ငါတစ်ပါးတည်းစီစဉ်တာမဟုတ်ဘူး ဆိုင်ရာ တာဝန်ယူထားသူတွေက သူ့ကဏ္ဍနှင့်သူ စီစဉ်နေကြတာ လိုက်မှာသေခြာလားပြန်မေးတယ် လိုက်မယ်လို့ပြန်ပြောလိုက်တယ် ဒါနောက်ဆုံးဖြစ်ပလေ့စေ ထပ်မပြောင်းနဲ့တော့တဲ့ ကိုယ်ကမှားတာဆိုတော့လဲ ငြိမ်ပြီးနားထောင်နေလိုက်တယ်။

ဆက်ရသော် မြန်မာပြည်ဗီဇာကတော့ မြန်မာခရီးမှာလိုက်ပါမဲ့ဆရာတော်သုံးပါးအတွက်ကို Religious Visa အမျိုးစားနှင့် နောက်ပါ သင်းကလူတွေအတွက်ကတော့ Visit Visa တွေဖြစ်ပါတယ် တစ်ရက်မှာ သံရုံးက ကျနုပ်ထံဖုန်းခေါ်လာပြီး ရွှေဘုန်းပွင့်ဆရာတော်ဘုရား ဆရာတော်တို့ကိုဘွဲ့ဆက်ကပ်မဲ့ မန္တလေးကအခမ်းအနားမဖြစ်တော့ဘူးလို့ သာသနာရေးဌာကနသတင်းကြားလို့ အဲဒါ အတည်ပြုပေးပါဦးဆိုတာနဲ့ ထိုနေ့ညမှာပဲ ဇွန်းမီတင်ခေါ်ပြီးအဲကိစ္စကိုပြန်ပြီး ဆွေးနွေးကြရပါတယ်။

မြန်မာပြည်ဘက်အခြမ်းက ပေါက်ပေါက်ရောက်ရောက်ရှိသောဆရာတော်၂ပါးနှင့် ယူအက်ဘက်က ကျနုပ်ရွှေဘုန်းပွင့်ဆရာတော်နှင့် အိုကလာဟိုးမားဆရာတော်လေး၂ပါးက စီစဉ်ကြပါတယ် ဒီမြန်မာပြည်ခရီးစဉ်အတွက်ကို အစွမ်းကုန်ကြိုးစားနေကြသူတွေက လူငယ်ဆရာတော်လေးပါးပဲဖြစ်ပါတယ် မြန်မာပြည်ဘက်ခြမ်းက ထိုဆရာတော်လေးနှစ်ပါးက လိုအပ်ပါက တိပိဆရာတော် သီတဂူဆရာတော်တို့အထိကို ဆက်သွယ်အကြံဉာဏ်တောင်း လျှောက်ထားသလို သာသနာရေးဌာနမှ တာဝန်ရှိသူတွေ အထိကိုဆက်သွယ်ပြောဆိုခြင်းကိစ္စများကိုပါ တာဝန်ယူဆောင်ရွက်ကြပါတယ်။

ယူအက်ဘက်မှာတော့ ကျနုပ်က သံရုံးကိစ္စနှင့် အရှင်ပညာကရကိုဆက်သွယ်ဆောင်ရွက်ပါတယ် စကားအသွားအလာအချို့ကိုတော့ အိုကလာဟိုးမားဆရာတော်လေးက မြန်မာပြည်ဘက်ကိုဆက်သွယ်အကြောင်းပြန်ကြားပေးပါတယ် သံရုံးကပြောသလိုပဲ ပွဲကလုပ်ခွင့်မရဘူး အကြောင်းက မဟနအဖွဲ့က နိုင်ငံခြားသားတွေနှင့်ပတ်သတ်သောဘာသာရေးအခမ်းအနားဆိုရင် ခေတ္တဆိုင်းငံ့ထားပေးဖို့စာပို့လာတာဆိုတော့ ဘာဆက်လုပ်ကြမယ်ဆိုတာကို သက်ဆိုင်သူ အရှင်ပညာကရနှင့် မန္တလေးငြိမ်းချမ်းရေးတက္ကသိုလ်က ဆရာတော်ကြီးတွေမီတင်မှာမပါကြသေးပဲ ကျနုပ်တို့ လူငယ်ချင်းပဲ ဘယ်လိုလုပ်သင့်တယ် ဘာဆက်လုပ်သင့်တယ် ဒီတိုင်းပဲ Visit Visa နဲ့ပဲလာပြီးအဆင်ပြေသလိုပဲလုပ်ကြမလားပေါ့ စသည်ကိုအရင်တိုင်ပင်ကြပါတယ်။

သာသနာရေးဘက်ကလဲ နည်းဥပဒေ မရေးဆွဲရသေးလို့ ဆိုင်းငံ့တဲ့သဘောပါ ပယ်ချတာမဟုတ်ပါဘူး ဒီဘက်မှာတော့ ကျနုပ်က အရှင်ပညာကရကို ဖုန်းခေါ်ပြီး သံရုံးကင့ါဆီကိုဖုန်းခေါ်လာပြီးပြောတယ် မန္တလေးမှာကျင်းပမဲ့ အခမ်းအနားကိစ္စကို မဟန ဘက်က ရပ်ဆိုင်းခိုင်းထားလို့သူတို့သိရတယ် အဲကိစ္စကို ပြန်ပြီးအတည်ပြုပေးဖို့ ဆိုပြီးသံရုံးကဖုန်းဆက်လာတဲ့အကြောင်းကို အရှင်ပညာကရကိုပြောပြလိုက်တယ် အဲလိုဆိုရင် ဘာသာရေးဗီဇာတော့မရနိုင်ဘူး အဲတော့ ငါတို့ အလည်ဗီဇာပဲယူပြီး သွားကြမလားလို့ကျနုပ်ကမေးလိုက်တော့ အရှင်ပညာကရက မြန်မာပြည်ကိုကြွတာက ငြိမ်းချမ်းရေးတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းနှင့် ဟောပြောပွဲအတွက်အဓိကထားကြွတာဖြစ်လို့ အဲပွဲမှလုပ်ခွင့်မရဘူးဆိုရင် မကြွတော့ဘူးလို့ပြန်ပြောတယ်။

ကောင်းတယ် ငါလဲသဘောတူတယ် သံရုံးကိုလဲ အဲလိုပဲနောင်အဆင် သင့်ချိန်မှသွာမယ်လို့ပြန်ပြောလိုက်မယ်ဆိုပြီး အရှင်ပညာကရနှင် တိုင်ပင်လိုက်တယ် အဲလိုဆိုရင် ဒီည ငါမီတင်ခေါ်ဖို့ကိစ္စကိုစီစဉ်လိုက်မယ် အပြီးသတ်ဆုံးဖြတ်ချက်ချကြရအောင်ပြောပြီး ထိုည (၉)နာရီခွဲလောက်မှာပဲ ဇွန်းမီတင်မှာ မန္တလေး ရန်ကင်းတောင် ငြိမ်းချမ်းရေးတက္ကသိုလ်မှ ဆရာတော်ကြီးရယ် အရှင်ပညာကရအပါကျနုပ်တို့အားလုံး ဇွန်းမီတင်မှာ မြန်မာပြည်ကြွမဲ့ကိစ္စအတွက်အသေးစိပ်ဆွေးနွေးတိုင်ပင်ကြလေသည်။ (မက္ကစီကိုနိုင်ငံ ခရီးစဉ် တတိယပိုင်းဆက်ပါမည်)

ဆက်ပါဦးမည်။
ရွှေဘုန်းပွင့်ဆရာတော်။

Walk for Peace မက္ကစီကိုနိုင်ငံ ခရီးစဉ်။Oct / 06 / 2026W4P လမ်းလျှောက်အတွေ့အကြုံရဲ့ အပိုင်းဆက်တော့မဟုတ်ဘူး ခရီးသွားရင်း ...
10/07/2026

Walk for Peace မက္ကစီကိုနိုင်ငံ ခရီးစဉ်။
Oct / 06 / 2026

W4P လမ်းလျှောက်အတွေ့အကြုံရဲ့ အပိုင်းဆက်တော့မဟုတ်ဘူး ခရီးသွားရင်း ရတဲ့အချိန်မှာပဲ ရောက်ခဲ့တဲ့နိုင်ငံ အကြောင်းနှင့် အတွေ့အကြုံတွေကိုပြောပြမလို့ပါ ယခုစာရေးနေချိန်ကတော့ မက္ကဆီကိုနိုင်ငံ မွန်ထရေးမြို့ လေဆိပ်ကနေ (၄) ရက်တာခရီးစဉ်ပြီးဆုံးလို့ အမေရိကသို့ပြန်ဖို့လေဆိပ်မှာ၂နာရီကျော်အချိန်ရတာမို့ ဒီခရီးစဉ်အကြောင်းကိုရေးလိုက်တာပါပဲ။

အောက်တိုဘာ၂ရက်၂၀၂၆ခုနှစ် နေ့လည်၁နာရီမှာ ဒါးလက်အင်တာနေရှင်နယ်လေဆိပ်ကနေစတင်ထွက်ခွာလာခဲ့ပါသည် ခါတိုင်းဆို အရှင်ပညာကရရဲ့ခရီးစဉ်တိုင်းကတော့ နောက်ပါ ကပ္ပိယတွေလိုက်ပါလေ့ရှိကြပါတယ် လိုက်ရခြင်းအကြောင်ကလဲ သူဟောပြောပွဲတွေ အခမ်းအနားတွေမှာ Livestream လွင့်ဖို့ရာ မီဒီယာသင်းက ၂ယောက်စ ၃ရောက်စ လိုက်လေ့ရှိကြပါတယ် သို့သော် ယခုခရီးစဉ်မှာတော့ အရှင်ပညာကရနှင့် ကျနုပ်တို့နှစ်ပါးတည်းတာကြွကြပါတယ်။

ဒီရက်ပိုင်းတွေမှာ ကျနုပ်ကိုယ်တိုင်လဲ ကျောင်းမှာ ဆောက်လက်စ ယောဂီဆောင်ကိစ္စနှင့်အလုပ်များနေချိန်လဲဖြစ်တယ် ယောဂီဆောင်ကိုလဲ ဝါကျွတ်အမှီ အပြီးဆောက်လုပ်ဖို့မျှော်မှန်းထားသည်မို့ အလုပ်သမားတွေကိုလဲ အတင်းကိုတွန်းနေရပါတယ် တစ်ရက်တော့ အလုပ်သမားတွေနဲ့အလုပ်ဆိုက်မှာရှိနေတုန်း အရှင်ပညာကရဆီကမက်ဆေ့ဝင်လာတယ် ဘန္တေ မက္ကစီကိုခရီးလိုက်မှာလားတဲ့ ဘယ်နှစ်ယောက်သွားမလဲပြန်မေးလိုက်တော့ သူတစ်ပါးတည်းပဲ ဆိုတာနဲ့ မဆိုင်းမတွပဲ လိုက်ခဲ့မယ်ပြောလိုက်တယ် ဒီလိုနဲ့ခရီးစထွက်ခဲ့ကြတယ် တကယ်လဲ နှစ်ပါးတည်းပါ တက္ကဆက်ပြည်နယ်နှင့် မက္ကစီကိုက နယ်စပ်မို့ လေယာဉ်အကြာကြီးစီးစရာမလိုဘူး သို့သော် ယူအက်အေရဲ့ ပြင်ပ နိုင်ငံမို့ ပက်စပို့စ်တော့ လိုပါတယ်။

မက္ကစီကို သွားမှာဆိုတော့ မက္ကစီကိုနိုင်ငံဆိုတာ ဗုဒ္ဓဘာသာနဲ့မသက်ဆိုင်တဲ့နိုင်ငံရယ်လို့ပဲသိထားပါတယ် မက္ကစီကိုနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရှိတယ်ဆိုတာတော့သိပေမဲ့ လိုင်းပေါ်မှာတော့သိပ်ထင်ထင်ပေါ်ပေါ်ကြီးမတွေ့ရဘူး အပြင်မှာလဲ မဆုံးတွေ့ဘူးဘူး ဘယ်ကိစ္စနဲ့သွားမယ်ဆိုတာကို မသိရသလို ဆရာကြီးကိုလဲ ကြိုမမေးထားခဲ့ဘူး လေဆိပ်ရောက်မှပဲ ခုခရီးက မီတင်ကိစ္စအတွက်ပဲလားလို့မေးလိုက်တော့မှ မီတင်မဟုတ်ဘူး ဟောပြောပွဲပဲလို့ပြန်ပြောတယ် ငါတို့ဟိုတယ်ပဲနေကြမှာလားမေးတော့ ဟုတ်တယ်တဲ့။

အဲလိုနဲ့ ဟိုဘက်လေဆိပ်ရောက်တော့အပြင်ဘက်မှာ တကာမနှစ်ယောက် ပန်းစည်းကိုင်ပြီးစောင့်ကြိုနေကြတယ် တစ်ယောက်က အလီဆာ မက္ကစီကိုနွယ်ဖွားအမျိုးသမီး သူက ယူအက်မှာပဲနေထိုင်သူပါ ယူအက်မှာပဲကြီးပြင်းခဲ့သူလဲဖြစ်တယ် နောက်တစ်ယာက်က မာရီယားနား အာဂျင်တီးနားသူ သူ့အမျိုးသားအလုပ်ကိစ္စဖြင့်မက္ကစီကိုမှာနေထိုင်လာတာနှစ် ၃၀ကျော်ပြီးတဲ့ သူတို့နှစ်ယောက်လုံးက တိဘက်ဗုဒ္ဓဘာသာကိုလေ့လာသင်ယူပြီး တရားအာထုတ်နေသူတွေဖြစ်ကြတယ် W4P နောက်ပိုင်း အရှင်ပညာကရနှင့်တွေ့ပြီးမှ ထေရဝါဒဘက်ကိုပြန်ပြီးလေ့လာနေကြသူများဖြစ်ကြသည်။

လာကြိုတဲ့ကားပေါ်တက်ကြတော့ ကားက ထိုင်ခုံနှစ်တန်းဆိုတော့ ရှေ့မှာက ကားမောင်းတဲ့တကာရယ် မာရီယာနာရယ်ထိုင်တယ် နောက်ခုံမှာ အလီဆာကဘယ်ဘက်ဆုံးမှာထိုင်ပြီးကျနုပ်က အလည်မှာ အရှင်ပညာကရကိုတော့ ကျနုပ်ရဲ့ညာဘက်မှာထိုင် စေတယ် လေဆိပ်နှင့် ဟိုတယ်က မိနစ်၅၀ကျော်မောင်းရတယ် တစ်လမ်းလုံးလဲ မိုးကမစဲအောင်ကိုရွာနေတယ် လေဆိပ်ကနေထွက်လာကြပြီး ၅မိနစ်ခန့်အကြာမှာတော့ တိုးဂိတ်တစ်ခုမှာ ကားရပ် ငွေပေးပြီး မြို့ထဲဘက်ကိုမောင်းလာကြတယ် မြို့ထဲနဲ့နီးလာချိန်မှာတော့ဟိုဘက်ကားလမ်းမကြီးနှင့် ဒီဘက် ကားလမ်းမကြီးအကြားမှာ မြစ်လိုလိုချောင်းလိုလိုကနေ ရေအနီကျဉ်ကျဉ်အရောင်တွေက စီဆင်းနေတယ် မိုရေကြောင့် မြေကြီးအရောင်ဖြစ်လိမ့်မယ်။

ဟိုတယ်ကိုပဲတန်းပြီးမောင်းသွားကြပါတယ် အလီဆာက တစ်ရက်ကြိုတင်ရောက်နေတာမို့ သူက ဟိုတည် အခန်းရပြီးသား ကျနုပ်နှင့်ပညာကရအတွက်က ခုမှ အခန်းယူကြတာမို့ ဟိုတယ်လော်ဘီထဲမှာ ၁၅မိနစ်ခန့်ထိုင်စောင့်နေကြပါတယ် အခန်းကိုယ်စီရကြတော့ နောက်တနေ့အတွက်အစီစဉ်တွေကိုပြောဆိုကြပြီး ကျနုပ်တို့လဲ မာဒီယာနာကိုနုတ်ဆက်ကာ အခန်းရှိရာ ၃၄ထပ်သို့ တက်လာခဲ့ကြပါတော့တယ် ကျနုပ်အခန်းနံပါတ်က ၃၄၁၄ အရှင်ပညာကရက ၃၄၁၅ ဖြစ်တယ်။

အခန်းထဲရောက်ပြီး အထုတ်တွေချ မီးတွေဖွင့် ပြတင်းပေါက်က လိုက်ကာကိုဖွင့်ပြီး အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ တောင်တန်းကြီးတွေကို အရပ်မျက်နှာစုံမှာတွေ့ရတယ် တောင်တွေအားလုံးကလဲ စိမ်းစိုနေကြပါတယ် မိုးကလဲရွာနေဆဲမို့ တောင်တန်းတွေအားလုံးကတော့ အုံ့မိုင်းမိုင်းပေါ့ ပြတင်းပေါက်ရဲ့ ညာဘက်ခြမ်းအဝေးဆီက အုံ့အုံ့မှိုင်းမှိုင်းတောင်တန်းကြီးကတော့ အမြင့်ဆုံးတောင်တန်းကြီးပဲ တောင်ထပ်ပိုင်းက မြူတွေအုပ်ထားလို့မမြင်ရဘူး ထိုတောင်မြင့်မြင့်ကြီးကိုကြည့်နေရင်း အတွေးထဲမှာ အတိတ်ကရောက်ခဲ့ဘူးတဲ့ အမိမြန်မာပြည်က ကျိုက်ထီးရိုးအထိကို နယ်ချဲ့နေမိတော့တယ်။

ထိုသို့အတွေးနယ်ချဲ့နေဆဲမှာ စားပွဲပေါ်တင်ထားခဲ့တဲ့ တယ်လီဖုံးဆီမှ မက်ဆေ့ဝင်သံကြားလို့ သွားယူကြည့်လိုက်တော့ ဆရာကြီးဆီကဖြစ်နေတယ် ဘန္တေ မင်းသင်္ကန်းတွေလျှော်လိုက်ဦးတဲ့ စကားအဆက်စပ်မရှိပဲ အဲလိုရေးပို့လားတော့ ဘာကိုဆိုလိုတာလဲလို့ သေခြာအောင်နောက်တစ်ခေါက်တောင် ပြန်ဖတ်လိုက်သေးတယ် ရုတ်တရပ် ကြောင်နေမိတယ် ဝတ်လာခဲ့တဲ့သင်္ကန်းကလဲ လျှော်ပြီးခေါက်ထားတဲ့သင်္ကန်း ခုထွက်ထာခါနီး ရေချိုးပြီးမှ ဖြန့်ဝတ်လာခဲ့တာပါလို့ တွေးနေမိတယ် နောက်မှ အတွေးပေါက်သွားခဲ့တယ် ကားပေါ်မှာ ကျနုပ်က အလီဆာနှင့် ကပ်ပြီးထိုင်လာလို့ သူကလှမ်းနောက်နေတာဆိုတာသိလိုက်တယ် ငါသူနဲ့မထိပါဘူးလို့ မက်ဆေ့ပြန်လိုက်တယ် ကားပေါ်တက်တုန်းကလဲ အလီဆာကပြောပါတယ် ငါ့အိတ်ကိုအလည်မှာချထားမယ်နော်တဲ့ ဒီလိုပဲတခါတလေ ဆရာကြီးက ရုပ်တည်နဲ့ နောက်တတ်တယ် လမ်းလျှောက်ခရီးမှာဆိုလဲ သူစိတ်ထဲ ရှင်းနေချိန်ဆို သူထိုင်နေတဲ့ တစ်ဘက်နံရံကနေ ဟိုဘက်နံရံမှာထိုင်နေတဲ့ကိုယ်တော်တွေအထိ လှမ်းပြောပြီးနောက်နေတတ်တယ်။

ဒီခရီးစဉ်ကိုတော့ တိဘက်ဗုဒ္ဓဘာသာတွေက စီစဉ်ပြီး အရှင်ပညာကရကို ဟောပြောဖို့ပင့်ဖိတ်ကြခြင်းဖြစ်သည် မက္ကစီကိုမှာ တိဘက်လားမားဘုန်းကြီး အပါး(၁၀၀)လောက်နေကြတယ်လို့ ကားပေါ်မှာ မာရီယာနာကပြောပြတယ် ဒလိုင်းလားမားကြီးကိုယ်တိုင် နှစ်ကြိမ်ကြွဖူးကြောင်းလဲပြောပြတယ် ပြောဦးမယ် လေဆိပ်အထွက် ကားပေါ်မှာ အရှင်ပညာကရက ကျနုပ်နဲ့ ကားပေါ်ပါသူတွေကိုမိတ်ဆက်ပေးတော့ ကျနုပ်ကိုမြန်မာဘုန်းကြီးပါလို့ပြောကာရှိသေး မာရီယာနာက အံ့ဩစွာဖြင့် သူမြန်မာပြည်ကို ၂၀၁၈ ကရောက်ခဲ့တယ် ၂ပါတ်နေထိုင်ခဲ့တယ် အလွန်ကြိုက်နှစ်သက်တယ် မြန်မာလူမျိုးတွေကပြုံးပြလေ့ရှိကြတယ် မြန်မာအမျိုးသမီးတွေသနပ်ခါးလိမ်းထားကြပုံက ဘယ်မှာမှသူမြင်ဘူးကြောင်းနှင့် သူရောက်ခဲ့တဲ့နေရာကဓါတ်ပုံတွေ အင်းလေးမှာလှေစီးရလို့ပျော်စရာကောင်းပုံတွေ ပုဂံနဲ့မန္တလေးကို သင်္ဘောနှင့်သွားခဲ့ပုံစသည်ဖြင့် တရဆက်ကိုပြောပြနေသည်။

စနေနေ့မနက်မှာတော့ တိဘက်ဘာသာသက်ဝင်ယုံကြည်သူများဦးစီးဖွင့်လစ်ထားသော Meditation center မှာ မနက်၁၀နာရီအရှင်ပညာကရဟောပြောပွဲတစ်ခုပြုလုပ်ပြီး တရားထိုင်ခြင်းကိစ္စ အမေးအဖြေကိစ္စတို့ကိုပြုလုပ်သည် မက္ကစီကိုလူမျိုးအများစုပေါ့ သူတို့က စုပေါင်းပြီးစနေနေ့တိုင်း မနက်၁၀နာရီကနေ ၁၂အထိစုပေါင်းတရားထိုင်လေ့ရှိသည်ဟုပြောပြသည် အဲဒီဟောပြောပွဲပြီးတော့ ဟိုတည်မှာပဲနေ့ဆွမ်းပြန်စားကာ နားကြပါတယ် ညနေ ၄နာရီမှာ မာရီယာနားက တောင်ပေါ်ကိုအလည်လိုက်ပို့မယ်ပြောထားလို့ လေးနာရီမထိုးခင်ကပင် ဟိုတည်အောက်ကနေကျနုပ်နှင့် အလီဆာတို့ဆင်းပြီးစောင့်နေကြပါတယ် အရှင်ပညာကရကတော့ ဟိုတည်မှာပဲနေခဲ့မယ်ဆိုပြီးမလိုက်ခဲ့ဘူး။ (မက္ကစီကိုခရီးစဉ်ဒုတိယပိုင်းဆက်ပါမည်)

ဆက်ပါဦးမည်။
ရွှေဘုန်းပွင့်ဆရာတော်။

Walk For Peace အပိုင်း(၄၁)Oct / 03 / 2026ရှေးအပိုင်း(၄၀)မှာ ရေးခဲ့တဲ့ လမ်းလျှောက်ရက်တွေမှာ ရေချိုးခြင်းကိစ္စနဲ့ပတ်သတ်ပြီ...
10/03/2026

Walk For Peace အပိုင်း(၄၁)
Oct / 03 / 2026

ရှေးအပိုင်း(၄၀)မှာ ရေးခဲ့တဲ့ လမ်းလျှောက်ရက်တွေမှာ ရေချိုးခြင်းကိစ္စနဲ့ပတ်သတ်ပြီး ကြုံလို့ ပြောပြချင်ပါတယ် W4P တစ်ဖွဲသားလုံး သံဃာနှင့် ကပ္ပိယ အမျိုးသား အမျိုးသမီးအပါဝင်ဆို အယောက်(၃၀)ဝန်းကျင်မှာနေ့တိုင်းရှိပါတယ် ကပ္ပိယတွေမှာလဲ အိမ်မပြန်ပဲ သံဃာတွေနှင့် တစ်ခရီးတည်း နေ့စဉ်ရက်ဆက်လိုက်ပါကြသူများနှင့် ရက်ပိုင်း ခွင့်ယူပြီး လာရောက်ပါဝင်ကြသူများအားဖြင့် နှစ်မျိုးနှစ်စားရှိကြပါတယ် အမြဲတမ်းလိုက်ပါသူဦးရေကတော့နည်းပါတယ် ရက်ရှည်အလုပ်နားခွင့်မရကြလို့ပါ ဒါကြောင့် လူဦးရေက နေ့စဉ် ပုံမှန်ရယ်တော့မရှိဘူး။

ဘုန်းကြီးတွေကရေချိုးခန်းမရှိတဲ့နေရာတွေမှာတည်းခိုနားရတဲ့ရက်တွေဆို ရေမချိုးရပါဘူး ဒီတော့ နောက်ကပါလာကြတဲ့ တကာ တကာမတွေကတော့ အဲလိုရေချိုးခန်းမရှိရာ အရပ်မျိုးမှာ အနီးအနား မိတ်ဆွေတွေရှိခဲ့သော် ထိုမိတ်ဆွေအိမ်မှာသွာရောက်ရေချိုးသန့်ရှင်းရေးလုပ်ကြပါတယ် ဘယ်မိတ်ဆွေတွေမှ မရှိတဲ့အရပ်ဆိုရင်တော့ သူတို့လဲ ရေမချိုးကြရပါဘူး ဘုန်းကြီးတွေကြတော့ အဲလိုရောက်လေရာ တကာ တကာမအိမ်တွေမှာ သွားရောက်ပြီးရေချိုးလေ့မရှိကြသလို သွားဖို့လဲမတောင်းဆိုကြပါဘူး တောင်းဆိုလဲ ဆရာကြီးကခွင့်ပြုမှာလဲမဟုတ်ပါဘူး။

ကျနုပ်လမ်းဝင်မလျှောက်ခင် တပါတ်အလိုမှာ အရှင်ပညာကရဆီကို ဖုန်းဆက်ပြီး ငါနောက်ပတ်ထဲ မင်းတို့နဲ့လမ်းလာလျှောက်ဖို့ လာတော့မှာမို့ဘာတွေပြင်ဆင်လာခဲ့ရမလဲလို့ မေးရင်းနဲ့ ရေချိုးဖို့အဖွဲ့ကဘယ်လိုစီစဉ်ပေးထားလဲမေးတော့ ဘာမှစီစဉ်မထားဘူး ကြုံရင်ချိုး မရှိရင်မချိုးနဲ့တဲ့ ဒါဆိုသင်္ကန်းကိုရောဘယ်လိုလျှော်လဲမေးတော့ မလျှော်ဘူးတဲ့ ဆက်မမေးတော့ဘူး သဘောပေါက်သွားတယ် တစ်ခုပဲ တွေးလိုက်တယ် သူတို့တောင်လုပ်နိုင်ကြသေးတယ် ငါလဲဖြစ်အောင် နေတတ်အောင်နေရမယ်ဆိုတာပဲ မှတ်မှတ်ရရ လမ်းစလျှောက်ပြီးသုံးည အထိအိပ်မရဘူး တစ်ညလုံးအိပ်မပျော်တာ ၂ ရက် ရေမချိုးရတာနဲ့ ကြုံသလိုခင်ပြီးအိပ်ရတာကိုအသားမကျဖြစ်လို့ပါ အဲလိုအိပ်မပျော်တဲ့ညဆို အရမ်းကိုကြိုးစားပြီးအိပ်တယ် မနက်ငါလမ်းမလျှောက်နိုင်ရင် ငါ့အတွက်နဲ့ အဖွဲ့ကတာဝန်ကြီးနေလိမ့်မယ်ဆိုတဲ့စိတ်ဖြစ်မိတယ် နောက်ရက်များကြတော့လဲ ခေါင်းချလိုက်တာနဲ့ မနက်အထိကိုတစ်ရေးတည်းပဲ။

တစ်ရက်မှာတော့ ရေအလွန်ချိုးချင်နေသောကျနုပ်အတွက် အခွင့်လမ်းတစ်ခုကြုံလာတယ် ထိုနေ့အထိရေမချိုးရတာ လေးရက်ဆက်တိုက်ဖြစ်နေပြီး ရေလဲအရမ်းချိုးချင်နေလို့ ညအိပ်နားမည့်နေရာရောက်တာနဲ့ မထိုင်ချသေးခင် နီးရာ အဖွဲ့သားထဲက လူကိုရေချိုးခန်းရှိလားအရင်မေးတယ် အမြဲတမ်းလို ရေချိုးခန်းရှိလားလို့မေးလေ့ရှိတယ် အဖွဲ့သားတွေက ကျနုပ်ရေကြိုက်တာကိုလဲသိကြတယ် စကားစပ်လို့ပြောရရင် အမြဲလိုက်တဲ့ကပ္ပိယတွေက ဘုန်းကြီးတွေနဲ့ရက်ဆက်လက်ပွန်းတသီးနေကြတော့ ဘယ်ကိုယ်တော်ဘာကြိုက်တယ် အကုန်သိတာ ကော်ဖီလာကပ်ရင်တောင် ဘယ်ကိုယ်တော်က ဘယ်လိုသောက်တတ်တယ် ကော်ဖီမှာ သကြားထည့် မထည့် ဘယ်သူက ကော်ဖီကြိုက်သူ မကြိုက်သူ အချို့ကိုယ်တော်တွေက ကော်ဖီဆို သံပုရာသီးစိပ်ညှစ်ပြီးသောက်လေ့ရှိတယ် ဆိုတာကအစသိတာ ဆေးလိမ်းပေးတဲ့ တကာလေးတွေဆိုရင်လဲ ဘယ်ကိုယ်တော်က ဘယ်နား နာနေတာ ဘယ်မှာအနာဖြစ်နေတာစသည်ကို သိနေတော့ အလှည့်ကျတစ်ပါးချင်းဆီကိုဆေးလိုက်ထည့်ပေးနေတာ။

အဲဒီတစ်ညမှာ အာဗီကားမောင်တဲ့ ဗီယက်နမ်တကာက ဘန္တေ ရေချိုးချင်ရင် ဒီရဲက သူလိုက်ပို့ပေးမယ် သွားချိုးမလားမေးတော့ ချိုးမယ်လို့ပြန်ပြောလိုက်တယ် ကျနုပ်လိုပဲ ဘယ်ကိုယ်တော်များရေချိုးလိုက်မလဲ လိုက်မေးတော့ ဘယ်သူမှမလိုက်ကြဘူး အဲတော့ ကျနုပ်တစ်ပါးတည်းကို လုံးခြုံရေးယူပေးနေတဲ့ ရဲ က သူ့ရဲ့ကားနဲ့ ရေချိုးမဲ့နေရာကို လိုက်ပို့ပေးတယ် ၁၀မိနစ်လောက်အကြာမောင်းရတယ် အဲဒီရဲ ရဲ့ မိန်းမက ကျောင်းဆရာမ သူ့မိန်းမအလုပ်လုပ်တဲ့ စာသင်ကျောင်းရှိ အားကစားရုံအတွင်းက ရေချိုးခန်းမှာ ရေသွားချိုးရတယ် လူမဲ ရဲအရာရှိတစ်ယောက်ဖြစ်တယ် တစ်လမ်းလုံးလဲသူသိချင်တာကိုမေးလာတယ် စာသင်ကျောင်းနားရောက်ခါနီး သူအမျိုးသမီးဆီကိုဖုန်းခေါ်ပြီး အကြောင်းကြားတယ် ဟိုရောက်တော့ ကျောင်းအဝင်မိန်းတံခါးအနီးမှာပဲ ကားပါကင်ထိုးပြီး သူက ရှေ့ကတံခါးဖွင့်ပေးပြီး ကျနုပ်ကိုအထဲဝင်စေတယ် အထဲမှာတော့ သူအမျိုးသမီး ကိုနုတ်ဆက်ပြီး ကျနုပ်နှင့်မိတ်ဆက်ပေးတယ် သူကလူမဲဆိုပေမဲ့ အမျိုးသမီးဖြစ်သူကလူဖြူပါ သူ့အမျိုးသမီးကလဲ ဖေါ်ရွှေစွာနှင့် လက်ဆွဲနုတ်ဆက်ဖို့ လက်ကမ်းလာတော့ ကျနုပ်ကပဲ လက်အုပ်လေးချီပြပြီး တောင်းပန်ပါတယ် ငါက အဲလို လက်ဆွဲနုတ်ဆက်လို့မရလို့ပါ ကျေးဇူးတင်ပါတယ် လို့ပြန်ပြောလိုက်တယ်။

အဲလိုခနကြာ စကားပြောပြီး ရဲအရာရှိကပဲ မင်းရေချိုးဖို့ငါလိုက်ပို့မယ်ပြောပြီး ထိုအားကစားခန်းမကိုဖြတ်လျှောက် လာကြတယ် အားကစားခန်းမကြီးဆုံးတော့ အကွေ့တစ်ကွေ့ကိုကျော်လာပြီးမှ ရေချိုးခန်းရှိရာဘက်ကိုရောက်တယ် ရဲက ရေချိုးခန်းတံခါး မြင်ရတဲ့နေရာအထိလိုက်ပို့ပြီး အေးဆေးအချိန်ယူပါ ငါဟိုဘက်ကနေပဲစောင့်နေပါ့မယ်ပြောပြီး ပြန်လှည့်သွားတယ် အဲဒီအားကစားရုံထဲက ရေချိုးခန်းဆိုတာကလဲ ကမ်းခြေတွေမှာ ရေးချိုးတိုင်လိုမျိုး တစ်တိုင်ထဲကနေ ရေပန်း ၄ခုကိုလေးဘက်မှာတပ်ဆင်ထားတဲ့ ရေပန်းမျိုးနဲ့ ချိုးရတယ် ထိုလေးယောက်ချိုးလို့ရတဲ့တိုင် ၃တိုင်ကိုထိုရေချိုးခန်းကြီးထဲမှာတပ်ဆင်ထားတာကိုတွေ့ရတယ် အများသုံး အားကစားရုံထဲက ရေချိုးခန်းဆိုတော့ အကျယ်ကြီးပဲ ည၇နာရီလဲကျော်နေပြီး ရဲက ရေချိုးခန်းတံခါးကိုမြင်ရတဲ့နေရာထိလိုက်ပို့ပြီး ပြန်လှည့်သွားတာသိတော့ ကျနုပ်တစ်ပါးတည်း ဒီမှာရှိနေတာကိုသိလိုက်တယ်။

တံခါးဖွင့်ပြီးဝင်သွားတော့ အထဲမှာအကျယ်ကြီးပဲ ဖွင့်ထားတဲ့မီးရောင်က အဝါရောင်ခပ်တန်းတန်း အလင်းကြီးလဲမဟုတ်ဘူး တံခါးရဲ့ တစ်ဘက်မှာရေချိုးခန်း နောက်တစ်ဘက်ခပ်လှန်းလှန်းမှာတော့ အဝတ်စားထည့်တဲ့ဘီဒီအသေးတွေနှင့် အဝတ်စားလဲတဲ့နေရာကိုတွေ့ရတယ် ထိုအဝတ်လဲတဲ့ နေရာရဲ့အဆုံးနံရံတစ်ခုလုံးကို ပြဒါးသုတ်ကြည့်မှန်အပြည့်တပ်ဆင်ထားတော့ အခန်းက ပိုပြီးကျယ်တယ်လို့ထင်ရတယ် တံခါးဖွင့်ပြီးအထဲရောက်တာနဲ့ ဟိုဟိုဒီဒီကြည့်ပြီး နဲနဲလန့်သလိုလိုစတင်ခံစားရတယ် တံခါးက သူ့ဘာလိုပြန်ပိတ်တာဆိုတော့ ဂျိမ်းဆိုတဲ့ တံခါးပိတ်တံမြည်သွားတော့ ထိတ်ကနဲ့လန့်သွားတယ် တစ်ပါးတည်းဆိုတော့ အသံကတိတ်ဆိတ်နေတယ် ရေချိုးဖို့လာတာဆိုပေမဲ့ ရေချိုးချင်စိတ်သိပ်မရှိတော့ဘူး သို့သော်လဲ ရေပန်းကိုဖွင့်လိုက်တယ် ရေပူအောင်စောင့်ပြီးပူလာတော့မှရေစချိုးတယ် ရေပန်းဖွင့်ခလုပ်ကိုအကုန်ဖွင့်လိုက်ပေမဲ့ ရေကတော့ နည်းနည်းချင်းတာကျနေတယ် ရေသံကလွဲလို့ဘာသံမှ မကြားရဘူး ရေချိုးနေရင်းနဲ့ နောက်ကနေ လက်နဲ့များလာပုတ်နေမလားလို့ ကိုယ့်အတွေးနှင့်ကိုယ် ခြောက်နေတော့တယ် သရဲကိုလဲကြောက်ရသေးတယ်။

တကယ်သာ အခြောက်ခံရလို့များ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရင် ကျော်မကောင်းကြားမကောင်းကဖြစ်ဦးမှာ အဲအချိန်တကယ်တမ်းပြောရမယ်ဆိုရင် ရေချိုးချင်စိတ်တောင်မရှိတော့ဘူး သို့သော်လဲ ချိုးလိုက်ပါတယ် ရေချိုးဖို့ဖြတ်လျှောက်လာတဲ့ အားကစားခန်းကြီးထဲမှာလဲ ရဲမိန်းမဖြစ်သူ ဆရာမကြီးနှင့် ကျောင်းသူနှစ်ယောက်ကိုပဲတွေ့ရတယ် ဒီလောက်ကျယ်တဲ့စာသင်းကျောင်းကြီးထဲ ညအချိန်မှာ လူရယ်လို့ ၄ ယောက်ပဲရှိတယ် အတွေးတွေကစုံလို့ ဘုရားစာလဲရွတ်နေမိပါရဲ့ ကြောက်တဲ့စိတ်က ရှိနေဆဲပဲ။

ရေပန်းအောက်မှာသာရပ်ပြီးချိုးနေတာ တိုက်စရာဆပ်ပြာကမရှိဘူး အဲတော့ ဆပ်ပြာပြောင်အောင်ရေချိုးနေဖို့မလိုဘူးဆိုတော့ ရေချိုးခြင်းကိစ္စိကိုရပ်လိုက်ပါတော့တယ် ဘ၀မှာ ရေအမြန်ဆုံးချိုးခဲ့သော နေ့တစ်နေ့အဖြစ် မှတ်တမ်းတော့ဝင်သွားခဲ့ပါတယ် ရွှေဘုန်းပွင့်ဆရာတော် အဲလိုသရဲကြောက်တတ်တယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး ခုစာဖတ်သူတစ်ယောက်ကိုပဲ ကြုံလို့ပြောပြတယ်လိုတာမှတ်လိုက်ပါ ရေချိုးပြီး ညအိပ်မဲ့နေရာပြန်ရောက်တော့ အခန်း၀မှာတင် တကာနှစ်ယောက်ရပ်ပြီးစကားပြောနေတာနဲ့ဆုံတယ် တကာတစ်ယောက်က စနောက်လိုက်သေးတယ် အဖွဲ့ထဲမှာ မင်းက စပါယ်ရှယ်ဘုန်းကြီးပဲ ရေသွားချိုးတာတောင် ရဲက အန်မာဂျက်စီ မီးဖွင့်ပြီးလိုက်ပို့ရတယ်တဲ့။ (တတိယပိုင်းဆက်ပါမည်)

ဆက်ပါဦးမည်။
ရွှေဘုန်းပွင့်ဆရာတော်။

Oct/02/2026 ကပ္ပိယမပါ နှစ်ပါးတည်း မက္ကစီကိုနိုင်ငံ Monterey မြို့သို့  ၄ ရက်ခရီးထွက်ခဲ့ပါသည်။ခရီးစဉ်တွေအကြောင်း စာတွေရေး...
10/02/2026

Oct/02/2026 ကပ္ပိယမပါ နှစ်ပါးတည်း မက္ကစီကိုနိုင်ငံ Monterey မြို့သို့ ၄ ရက်ခရီးထွက်ခဲ့ပါသည်။

ခရီးစဉ်တွေအကြောင်း စာတွေရေးဖို့အကြွေးထူနေပါပြီ။ ရေးလက်စ အပိုင်းဆက်လဲအကြမ်းရေထားပြီး စာပြန်စစ် အချောသတ်ဖို့ပင် အချိန်နည်းနေပါသဖြင့် သည်းခံ စောင့်မျှော် ဖတ်ရှူကြပါရန်။

ရွှေဘုန်းပွင့်ဆရာတော်

Sep/30/2026 ရွှေဘုန်းပွင့်ဆရာတော် ဦးစီးတည်ဆောက်လျှက်ရှိသော ""ရတနာသုခ ငြိမ်းချမ်းရေးယောဂီကျောင်းဆောင်"" အတွက် ထပ်တိုးကုသိ...
10/01/2026

Sep/30/2026 ရွှေဘုန်းပွင့်ဆရာတော် ဦးစီးတည်ဆောက်လျှက်ရှိသော ""ရတနာသုခ ငြိမ်းချမ်းရေးယောဂီကျောင်းဆောင်"" အတွက် ထပ်တိုးကုသိုလ်ရှင်များ။

၁။ ဦးဒေးဗစ်+ ဒေါ်ဟယ်လင် မိသားစု $3000

၂။ ကိုလှဝေ + မအေးအေး (Muskogee) $1000

၃။ ဦးရှန်တိန်အားရည်စူး၍ ဒေါ်ကျင်ဘီမိသားစု $1000

၄။ ဒေါ်ရွှေနီ မိသားစု (NC) $300

၅။ မဝါဝါ (မေရီလန်း) $300

ကျောင်းအလှူရှင်မိသားစုများအားလုံး အနာကင်း အသက်ရှည် ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

ရွှေဘုန်းပွင့်ဆရာတော်။

Address

200 Williams Road
Fort Worth, TX
76120

Alerts

Be the first to know and let us send you an email when Burmese Dhamma Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share

Nearby places of worship