UMBChurch

UMBChurch အစီအစဉ်တိုင်းမှာ မည်သူမဆို လာရောက်ပါ၀င်နိုင်ပါသည်.

2024 Church Picnic Fellowship
12/28/2024

2024 Church Picnic Fellowship

07/08/2023

2023 Summer Camp for Children

07/08/2023

2023 Summer Camp for Children @ Fort Cobb State Park

အတန်းကြီး သင်ခန်းစာ (January 20,2022)        ရှင်ယောဟန်ခရစ်ဝင် 14:6        ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ...
01/29/2022

အတန်းကြီး သင်ခန်းစာ (January 20,2022)
ရှင်ယောဟန်ခရစ်ဝင် 14:6
ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။-

အငယ်တန်း သင်ခန်းစာ (January 29,2022)ဂလာတိဩဝါဒစာ 6:7        အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။...
01/29/2022

အငယ်တန်း သင်ခန်းစာ (January 29,2022)
ဂလာတိဩဝါဒစာ 6:7
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။-

01/22/2022

မိသားစု (၀၆-၂၄-၂၀၁၈ Mavis Poe Si ဒေသနာမှ)

၁။ ဧဖက် ၃း၁၅ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသော တအိမ်ထောင်လုံးတည်းဟူသော သားတော်အပေါ်တို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ ဤကျမ်းပုဒ်အရ ကောင်းကင်ပေါ်မှာ ရှိသော အိမ်ထောင်မိသားစုနှင့် မြေကြီးပေါ်မှာ ရှိသော အိမ်ထောင်မိသားစု ဟူ၍ ရှိကြောင်း သိရသည်။ အိမ်ထောင်မိသားစုသည် မည်သူူက အစပြုသနည်း ဟု ကြည့်ရာတွင် (လုကာ ၃း၃၇) အာဒံအဘ ဘုရားသခင် ဟု တွေ့ရသောကြောင့် ဘုရားသခင်မှ အစပြုကြောင်း တွေ့ရသည်။ အာဒံသည် ကျမတို့လို မွေးဖွားလာပြီးမှ တဖြည်းဖြည်းကြီးပြင်းလာသူ မဟုတ်ပါ။ အရွယ်ရောက်ပြီးသား အရွယ်ကို ဘုရားသခင်က ဖန်ဆင်းပြီး၊ ဧဝ နှင့် အိမ်ထောင်ချပေးခြင်းဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၂၈ အရ မြေကြီးပေါ်မှာ ဘုရားသခင်က သူနဲ့တူတဲ့ သားများနှင့် ပြည့်စေပြီး သူ့မိသားစုကို တည်ဆောက်လိုသော ရည်ရွယ်ချက်ရှိသည်။ ပထမ အာဒံ ကြောင့် ထိုမိသားစု ပြိုကွဲပျက်းစီးသွားသည်။ သို့သော် ဘုရားသခင်က နောက်ဆုံး အာဒံ (ယေရှုခရစ်တော်) အားဖြင့် ဘယ်တော့မှ မပြိုကွဲမပျက်စီး၊ စာတန်မဖျက်နိုင်သော မိသားစုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ကျမတို့က ကျေးဇူးတော်ကြောင့် ထိုမိသားစုဝင်ဖြစ်ခွင့်ရသည်။

၂။ ရောမ ၈း၁၅-၁၆ ဘုရားသခင်ကို အဗ္ဗ အဘ ဟု ခေါ်ရသော အခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ။ ၁ ကော ၁၅း၄၅-၄၉ အရ ယုံကြည်သူတို့သည် အာဒံက ဆင်းသက်၍ မြေသားသဏ္ဍာန် ရှိသလို ယေရှုခရစ်တော်ကြောင့် ကောင်းကင်မိသားစုဝင် ဖြစ်၍ ကောင်းကင်သား၏ သဏ္ဍာန်လည်း ရှိသည်။ မြေသား၏ပုံသဏ္ဍာန်က အပြင်လူကို ဆိုလိုပြီး ကောင်းကင်သား၏ပုံသဏ္ဍာန်က အတွင်းလူကို ဆိုလိုသည်။ တမန်တော် ၁ရး၂၈ တွင် ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေ ဟု ဆိုသောကြောင့် ယုံကြည်သူများသည် ဘုရားမျိုးနွယ်များ ဖြစ်ကြသည်။ လောကတွင်ခေတ္တနေထိုင်စဉ် နိုင်ငံသားမှတ်ပုံတင် လိုအပ်ပါသည်။ ထာဝရကာလအတွက် ကောင်းကင်အရပ်တွင် နေထိုင်ရန် ကောင်းကင်နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်က ပြင်ဆင်စီ မံပေးထားပါသည်။ ခရစ်ယာန်ဟူသည် ခရစ်တော်နောက်လိုက်၊ ခရစ်တော်နာမဖြင့် သမုတ်ခြင်းခံရသူ ဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ အသက်မရှင်သင့်ပါ။ မည်သည့်အမှုကိုပြုပြု ဘုရားခသင်၏သားတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့်တူသနည်း ဟု ဆိုသောကြောင့် ဘုရားသခင်က သူ့လို ဖြောင့်မတ်သန့်ရှင်းသူ၊ သစ္စာဂတိတည်သူ သားများကိုတွေ့ချင်ပါသည်။

၃။ နောက်မိသားစုတစုက မြေကြီးပေါ်မှာ ရှိသောအိမ်ထောင်မိသားစု ဖြစ်သည်။ ဧဖက် ၅း၂၁-၃၃ တွင် ခင်ပွန်း၊ ဇနီးတို့နှင့် ပတ်သက်ပြီး အချင်းချင်း ချစ်ရန်၊ နှိမ့်ချရန် အုပ်စိုးခြင်း ဝန်ခံရန် စသဖြင့် ပြောသောအခါ အသင်းတော်နှင့် ယှဉ်ပြီး ပြောသွားကြောင့် တွေ့ရသည်။ ဤနေရာတွင် မျက်မြင်ရသော အသင်းတော်နှင့် မျက်မြင်မရသော အသင်းတော်ကို နားလည်းစေချင်သည်။ UMBC သသည် မျက်စိနှင့် မြင်ရသော အသင်းတော်ဖြစ်ပြီး၊ ထိုအသင်းတော်ထဲတွင် ယုံကြည်သူများ (အတွင်းလူထဲတွင် မျက်မြင်မရသော ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ၍ ခရစ်တော်အုပ်စိုးခြင်းကို ဝန်ခံသူများ) စုဝေး၍ ဝတ်ပြုကိုးကွယ်းခြင်း ပြုလုပ်ကြသည်။ ခရစ်တော် ပြန်ကြွလာပြီး၊ ချီဆောင်သောအခါ အဆောက်အဦးက ပါသွားမှာ မဟုတ်ပါ။ အတွင်ဝိညာဉ်တွင် ခရစ်တော်ကို ရထားသော သူများသာ ပါသွားမှာဖြစ်သည်။
လောကတွင် သွေးသားအရ တော်စပ်သော မိသားစု ရှိပြီး ထို မိသားစုထဲတွင် ခရစ်တော်၌ မပြောင်းလဲသေးသူများ ရှိပါက ကောင်းကင်မိသားစုဝင် မဖြစ်ပါ။ ထို သူတို့နှင့်သေခြင်းဖြင့် ခွဲခွာရပါက တမလွန်တွင် ကောင်းကင်၌ မဆုံစည်းနိုင်ပါ။ သူတို့အတွက် ပူပန်ပြီး ဆုတောင်းခြင်း ဧဝံဂေလိသတင်းကောင်း ကြားစေခြင်း၊ မေတ္တာပြခြင်း တို့ လုပ်ပေးရန် လိုအပ်ပါသည်။

၄။ အသင်းတော်နိူးကြားရန် အသင်းတော်ထဲမှ မိသားစုများနိူးကြားခြင်း၊ ရင့်ကျင့်ခြင်း ရှိရမည်။ မိသားစုထဲတွင် မေတ္တာဖြင့် နွေးထွေးခြင်း၊ လုံခြုံခြင်း ရှိရမည်။ မိသားစုဝင်များအတွက် အိမ်သည် အနားယူရန် ပင်ပန်းမှုများကို ဖြေလျော့ပေးသည့်နေရာ ဖြစ်ရမည်။ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်တို့သည် ခရစ်တော်ကို ခန့်ညားသောအားဖြင့် (ရိုသေလေးမြတ်သောအားဖြင့်) နှိမ့်ချခြင်း ရှိရမည်။ (ဧဖက် ၅း၂၁) မိသားစု ဝတ်ပြုကိုးကွယ်ခြင်း လုပ်ဆောင်ခြင်းက မိသားစုကို ဘုရားသခင်၌ မွေ့လျော်အောင် ပြုစုပျိုးထောင်းပေးခြင်း ဖြစ်သည်။ ဖိလိပိ ၂း၅-၈ ယေရှုခရစ်၌ရှိသော စိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့ ဟု ဆိုသည့်အတိုင်း၊ ရန်တွေ့လိုစိတ်၊ နာမည်ကြီးချင်တဲ့စိတ်နဲ့ ဘာမှမလုပ်နဲ့။ သူများက ကိုယ့်ထက်သာ၍ ကောင်းတယ်လို့ မှတ်ပါ။ ကိုယ့်အတွက်ဘဲ မကြည့်နဲ့၊ သူတပါးအတွက်ကြည့်ပါ ဆိုတဲ့ စိတ်ထားကြရမယ်။ အချုပ်အားဖြင့် ကောင်းကင်မိသားစုဝင်ဖြစ်ပါက ကောင်းကင်အဖ၏နာမတော် ဘုန်းတော်အဖို့ အသက်ရှင်ပါ။ ခရစ်တော်အားဖြင့် မြေကြီးပေါ်ရှိ မိသားစုဝင်အဖြစ် ခရစ်တော်၌ရှိသော စိတ်သဘောဖြင့် အသက်ရှင်ပါ ဟု ခွန်အားယူကြပါစို့။

👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧

01/10/2022

ယစံးဘျူးနၤ by That Sar Ye Moe and Thay Sar Ye Par

Our Sunday School was starting.သုတ္တံကျမ်း 22:6        သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ...
11/27/2021

Our Sunday School was starting.

သုတ္တံကျမ်း 22:6

သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။

08/01/2021

Saw Jeremy

Address

Warr Acres, OK

Opening Hours

Saturday 2pm - 3:30pm
Sunday 9:30am - 4pm

Alerts

Be the first to know and let us send you an email when UMBChurch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to UMBChurch:

Share

Category