Myanmar Emmanuel Gospel

Myanmar Emmanuel Gospel He restores my soul. He guides me in the paths of righteousness for his name's sake.

08/31/2026
08/26/2026

ကြီးမားစွာအသုံးပြုခြင်းခံရတဲ့သူတွေတောင် စိတ်ဓာတ်ကျ၊ ညှိုးငယ်၊ လဲပြိုချင်တဲ့ ခဏတာတွေ ရှိတတ်ကြတာပဲ။ သမ္မာကျမ်းစာထဲမှာ ပါတဲ့ဘုရားရဲ့လူတွေကိုကြည့်ရင်လည်း သူတို့က ဘာပြသနာမှမရှိဘဲ ချောချောမောမော ဖြတ်သန်းခဲ့ကြတာမဟုတ်ဘူး။ ခက်ခဲနေတဲ့ကြားထဲကပဲ ဘုရားကိုဆက်ယုံကြည်ဖို့ သင်ယူခဲ့ကြတာပါ။
💠 ဧလိယဆိုရင် အရမ်းပင်ပန်းလွန်းလို့ သူ့အသက်ကိုတောင်နုတ်ယူဖို့တောင်းခဲ့ဖူးတယ်။
💠 ယေရမိဆို ဝမ်းနည်းလွန်းလို့ အမြဲငိုကြွေးခဲ့ရတယ်။
💠 ယောနဆို ဘုရားစကားမနားထောင်ဘဲ ပြေးလွှားရင်း ဒုက္ခရောက်ခဲ့ရတာပဲ။
💠 ယောဘဆိုရင်လည်း ရှိသမျှအကုန် ဆုံးရှုံးခဲ့ရလို့ မေးခွန်းတွေအများကြီးနဲ့ ရုန်းကန်ခဲ့ရတယ်။
💠 ဒါဝိဒ်လည်း ကြောက်ရွံ့ခြင်း၊ တစ်ယောက်ထဲဆီးကျန်ခြင်းနဲ့ ကျရှုံးခြင်းတွေကို ကြုံခဲ့ဖူးတာပဲ။
💠 မောရှေဆို လူထုကြီးကို ဦးဆောင်ရတဲ့ ဝန်ထုပ်ဝန်ပိုးကြောင့် သေမတတ် မောပန်းခဲ့ဖူးတယ်။

ဒါပေမဲ့ သူတို့ရဲ့ အားနည်းချက်တွေက ဘုရားရဲ့ အစီအစဉ်ထဲကနေ သူတို့ကို ဖယ်ထုတ်လိုက်တာမျိုးမရှိခဲ့ဘူး။
ဒါကြောင့် စိတ်ဓာတ်ကျနေလို့ မရှက်ပါနဲ့။ ပင်ပန်းနေရုံနဲ့တင် လမ်းဝက်မှာ လက်မလျှော့လိုက်ပါနဲ့။ အခက်အခဲ ရောက်နေတာကိုပဲ သင့်ဘဝကြီးပြီးဆုံးသွားပြီလို့ မထင်လိုက်ပါနဲ့နော်။
ဧလိယကတော့ သူ့ဘဝပြီးပြီလို့ ထင်ခဲ့တာ၊ ဘုရားက စေခိုင်းစရာတွေ ကျန်သေးတယ်။ ယောဘလည်း အဲဒီဒုက္ခတွေနဲ့တင် ဇာတ်သိမ်းမသွားပါဘူး။ ဒါဝိဒ် တောထဲမှာဒုက္ခရောက်နေတာက ဘုရင်ဖြစ်မလာတော့ဘူးလို့ အဓိပ္ပာယ်မသက်ရောက်ခဲ့သလို၊ မောရှေ ရုန်းကန်ခဲ့ရတာတွေကလည်း သူ့ရဲ့ ခေါ်ယူခြင်းကို ပျက်ပြယ်မသွားစေခဲ့ပါဘူး။
ခုချိန်မှာ ပင်ပန်းနေရင် ခဏနားလိုက်ပါ၊ ဒါပေမဲ့ သင့်ဘဝဇာတ်လမ်းကို ဒီမှာတင် အဆုံးမသတ်လိုက်ပါနဲ့။ နာကျင်နေရင် စိတ်ကြိုက်ငိုလိုက်၊ ဘုရားဆီတော့ ဆက်ဆုတောင်းပါ။ လဲကျသွားရင်ပြန်ထပါ။
သင့်ကိုယ်သင် အားနည်းနေတယ်ထင်ရပေမဲ့ ဘုရားက သန်မာပါတယ်။ သင်လမ်းပျောက်နေတယ်ထင်ရပေမဲ့ ဘုရားက လမ်းကြောင်းကို သိပြီးသားပါ။🙏🤍
“အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။”
— ဆာလံ ၄၂:၅

#ဘုရားသခင်သည်မေတ္တာဖြစ်တော်မူ၏ #ယုံကြည်ခြင်း #ဆုတောင်းခြင်း #လက်မလျှော့ပါနဲ့ #ဘုရား၏ကျေးဇူးတော် #ကျမ်းစာခွန်အား

08/14/2026

တီထွင်မှုချင်းတူပေမယ့် နိုင်ငံမတူလို့ ခံစားခွင့် မိုး နဲ့ မြေလို ကွာခြားခဲ့သူ နှစ်ယောက်
==================================

စစ်ပွဲတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေမှာပဲဖြစ်ဖြစ်၊ လက်တွေ့ ကမ္ဘာမှာပဲဖြစ်ဖြစ် အကျော်ကြားဆုံး သေနတ်နှစ်လက် ရှိပါတယ်။ အဲဒါကတော့ ရုရှားထုတ် AK-47 နဲ့ အမေရိကန်ထုတ် M16 ရိုင်ဖယ်တွေပဲ ဖြစ်ပါတယ်။

စစ်ပွဲအကြောင်းအရာတွေကို စိတ်မဝင်စားသူတွေတောင်မှပဲ သူတို့ရဲ့အမည်တွေကို ကြားဖူးစေတဲ့အထိ လွှမ်းမိုးမှုရှိတဲ့ သေနတ်တွေ ဖြစ်ပါတယ်။

ဒီသေနတ်နှစ်လက်ဟာ ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေရဲ့ သမိုင်းကြောင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။

အံ့ဩစရာကောင်းတာက ဒီသေနတ်တွေကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးဟာ တူညီတဲ့ ပါရမီ၊ တူညီတဲ့ ကျော်ကြားမှုတွေ ရရှိခဲ့ကြပေမဲ့ သူတို့ နေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး စနစ်တွေ မတူညီတဲ့အတွက် သူတို့ရဲ့ ဘဝဟာ မိုးနဲ့မြေလို ကွာခြားသွားခဲ့ပါတယ်။

၁။ ဆိုဗီယက် သူရဲကောင်း - မီခေးလ် ကလက်ရှ်နီကော့ဗ် (AK-47)

AK-47 ကို တီထွင်ခဲ့သူကတော့ ရုရှား (ယခင် ဆိုဗီယက်ယူနီယံ) နိုင်ငံသား မီခေးလ် ကလက်ရှ်နီကော့ဗ် (Mikhail Kalashnikov) ပဲ ဖြစ်ပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားတင့်ကားမောင်း စစ်သည်တစ်ဦးဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ် စစ်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရပြီး ဆေးရုံတင်ထားရပါတယ်။

ဆေးရုံပေါ်မှာ ရှိနေတုန်း ရုရှားစစ်သည်တွေဟာ ဂျာမန်တွေရဲ့ သေနတ်တွေကို မယှဉ်နိုင်လို့ အသေအပျောက် များနေကြောင်း ကြားသိခဲ့ရပါတယ်။

ဒါကြောင့် သူ့ရဲ့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် ပစ်ခတ်ရလွယ်ကူပြီး၊ ရွှံ့ထဲရေထဲ ကျလည်း ပစ်လို့ရတဲ့ ခိုင်ခံ့တဲ့ သေနတ်တစ်လက်ကို စတင် ဒီဇိုင်းဆွဲပါတော့တယ်။

၁၉၄၇ ခုနှစ်မှာတော့ ကမ္ဘာကျော် AK-47 (Avtomat Kalashnikova 1947) ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ဒီသေနတ်ဟာ ကမ္ဘာပေါ်မှာ အကြမ်းခံဆုံးနဲ့ ထုတ်လုပ်ရ အလွယ်ကူဆုံး သေနတ်ဖြစ်လာပြီး ကမ္ဘာတဝန်းမှာ အလက်ပေါင်း သန်း ၁၀၀ ကျော်အထိ ထုတ်လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် ကလက်ရှ်နီကော့ဗ် ဟာ ဒီသေနတ်ကြောင့် တစ်ပြားမှ မချမ်းသာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ဆိုဗီယက်ယူနီယံဟာ ကွန်မြူနစ် စနစ် ကို ကျင့်သုံးနေတာပါ။

ကွန်မြူနစ် စနစ်မှာ မူပိုင်ခွင့် (Patent) ဆိုတာ မရှိပါဘူး။ နိုင်ငံသားတွေ တီထွင်သမျှ အရာအားလုံးဟာ နိုင်ငံတော်ပိုင် ဖြစ်ပါတယ်။

ဒါကြောင့် သေနတ် သန်း ၁၀၀ ကျော် ရောင်းရပေမဲ့ သူ့အတွက် ဝင်ငွေ လုံးဝ မရခဲ့ပါဘူး။ နိုင်ငံတော်က သူ့ကို ဆိုဗီယက် သူရဲကောင်း ဘွဲ့တံဆိပ်တွေ၊ Lada ကားတစ်စီးနဲ့ သာမန် တိုက်ခန်းကျဉ်းလေး တစ်ခန်းသာ ဆုချီးမြှင့်ခဲ့ပါတယ်။ သူဟာ တစ်သက်လုံး သာမန် ပင်စင်လစာလေးနဲ့သာ ရိုးရှင်းစွာ နေထိုင်သွားခဲ့ရပါတယ်။

၂။ သူဌေးကြီး ယူဂျင်း စတုန်းနား (M16)

M16 ကို တီထွင်ခဲ့သူကတော့ အမေရိကန် နိုင်ငံသား ယူဂျင်း စတုန်းနား (Eugene Stoner) ပဲ ဖြစ်ပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် မရိန်းတပ်သားဟောင်း တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှာ အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေမှာ သူဟာ လေယာဉ်တွေမှာ သုံးတဲ့ အလူမီနီယမ်နဲ့ ပလတ်စတစ် ပစ္စည်းတွေကို အသုံးပြုပြီး အလွန် ပေါ့ပါးတဲ့ AR-15 (နောင်တွင် M16) ရိုင်ဖယ်ကို တီထွင်ခဲ့ပါတယ်။

ဒီသေနတ်ဟာ ပေါ့ပါးပြီး အဝေးကို တိတိကျကျ ပစ်ခတ်နိုင်တဲ့အတွက် အမေရိကန် စစ်တပ်ရဲ့ အဓိက လက်နက် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ အလက်ပေါင်း ၈ သန်းကျော် ထုတ်လုပ်ခဲ့ရပါတယ်။

အမေရိကန် နိုင်ငံဟာ အရင်းရှင် စနစ် (Capitalism) ကို ကျင့်သုံးတာ ဖြစ်တဲ့အတွက် စတုန်းနား ဟာ သူ့ရဲ့ တီထွင်မှုအပေါ်မှာ အပြည့်အဝ မူပိုင်ခွင့် ရရှိခဲ့ပါတယ်။ သေနတ်တစ်လက် ထုတ်လုပ်တိုင်း၊ ရောင်းချရတိုင်း သူ့ဆီကို မူပိုင်ခွင့်ခ အဖြစ် ငွေကြေးတွေ အချိုးကျ ဝင်ရောက်လာပါတယ်။

ဒါကြောင့် စတုန်းနား ဟာ ဒေါ်လာ သန်းချီ ချမ်းသာတဲ့ သူဌေးကြီး တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ဇိမ်ခံကားတွေ၊ ဧရာမ ခြံဝင်းကျယ်ကြီးနဲ့ နေထိုင်နိုင်ခဲ့တဲ့အပြင် ကိုယ်ပိုင်လေယာဉ် ဝယ်စီးနိုင်တဲ့အထိ အလွန် ချမ်းသာကြွယ်ဝခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်၊ စစ်အေးတိုက်ပွဲ ပြီးဆုံးခါနီး အချိန်မှာတော့ ဒီနာမည်ကျော် တီထွင်သူ နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မှာ ပထမဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရန်သူတွေလို မဆက်ဆံဘဲ တီထွင်သူ အချင်းချင်း အလွန် ရင်းနှီးစွာ စကားပြောဆိုခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ ကလက်ရှ်နီကော့ဗ် တစ်ယောက် အကြီးအကျယ် အံ့ဩမှင်တက်သွားမယ့် အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ စတုန်းနား ဟာ ကလက်ရှ်နီကော့ဗ် ကို လာကြိုတဲ့အခါ သူ့ရဲ့ "ကိုယ်ပိုင် ဂျက်လေယာဉ်ကြီး" နဲ့ လာကြိုခဲ့လို့ပဲ ဖြစ်ပါတယ်။ စတုန်းနား ရဲ့ ကြီးမားခမ်းနားလှတဲ့ ဇိမ်ခံအိမ်ကြီး၊ လေယာဉ်နဲ့ ချမ်းသာကြွယ်ဝမှုတွေကို မြင်လိုက်ရတဲ့အခါ ကလက်ရှ်နီကော့ဗ် ဟာ အလွန် ဝမ်းနည်းစွာနဲ့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။

"သူ (စတုန်းနား) မှာ ကိုယ်ပိုင် လေယာဉ်ပျံတောင် ရှိတယ်။ ကျွန်တော့်မှာက လေယာဉ်လက်မှတ် ဝယ်ဖို့တောင် ပိုက်ဆံ မလောက်ပါဘူး"

တကယ်လို့သာ ကလက်ရှ်နီကော့ဗ် ဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး အရင်းရှင်စနစ်မှာ AK-47 ကို တီထွင်ခဲ့မယ်ဆိုရင် သူဟာ စတုန်းနားထက် အများကြီး ပိုချမ်းသာနေမှာ အသေအချာပါ။

ဒါပေမဲ့ ကလက်ရှ်နီကော့ဗ် ကတော့ သူ့ဘဝကို သူ နောင်တမရဘူးလို့ ဆိုပါတယ်။ "ကျွန်တော်က ပိုက်ဆံအတွက် တီထွင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အမိမြေကို ကာကွယ်ဖို့အတွက် တီထွင်ခဲ့တာပါ" လို့ သူက ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

ယူဂျင်း စတုန်းနား ဟာ ၁၉၉၇ ခုနှစ် (အသက် ၇၄ နှစ်) အရွယ်မှာ ချမ်းသာကြွယ်ဝစွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မီခေးလ် ကလက်ရှ်နီကော့ဗ် ကတော့ ၂၀၁၃ ခုနှစ် (အသက် ၉၄ နှစ်) အရွယ်မှာ ရိုးရှင်းတဲ့ ဘဝနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပါရမီပါပါ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူနေထိုင်တဲ့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး စနစ် ပေါ်မူတည်ပြီး ဘဝနဲ့ အကျိုးခံစားခွင့်တွေဟာ မိုး နဲ့ မြေ လို ကွာခြားသွားနိုင်ပါကြောင်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်။

Address

Tulsa, OK
74136

Telephone

+19188994145

Website

Alerts

Be the first to know and let us send you an email when Myanmar Emmanuel Gospel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category