Kyaiktiyo USA

Kyaiktiyo USA Kyaik Hti Yoe Pagoda USA

04/11/2025

"USA မှ မြန်မာပြည် သား ရေနံ လောက ပြသနာများ"
03.01.2021..
"မိတ်ဆွေ တယောက်က
မြန်မာပြည်သားများပိုင် ရေနံ လောက နဲ့
ပတ်သက်ပြီး အဖြစ်အပျက် နဲ့ အစပျိုး ဦးဆောင်ခဲ့သူ အနေအထား ကို ။ဘယ်လိုမြင် လဲ လို့မေးလာတယ်။
လုပ်တတ်ရင် လွယ်လွယ် လေးပါ။ သူငယ်ချင်းရာ။လုပ် တတ်ရင်
အားလုံး ချမ်းသာကြမှာ။အမေရိကမှာ မြန်မာ ပထမဖြစ်လာမှာပါ။
"ဟုတ်ကဲ ပြောပါ brother"
ဒါနဲ့,,,, ကျွန်တော်လဲ ဖြစ်လာနိုင်တဲ့ သိသလောက် အမြင် ၂ မျိုး
ကို ပြောပြမိတယ်။
ဒီလောက က ဦးဆောင်သူ အတွက်
၁/တမျိုးက တော့ အဆိုး ဆုံးလမ်း၊တသက်လုံး ဆင်းရဲ ရမည့် လမ်း
၂/နောက်တမျိုးက တော့ စိတ်ချမ်းသာ ပြီး ပီတိ ကိုခံစါးလို့ သမိုင်းမှာ မှတ်တမ်း ထူသွားနိုင်မဲ့ လမ်း ပေါ့ ဗျာ။

အဆိုးလမ်းကတော့ဗျာ
အလုပ်ကို ပြောထားတဲ့ အတိုင်း မလုပ်ဘဲ၊
ပေါ့ပျက်ပျက် ဥပဒေနဲ့ မညီ တာတွေ လုပ် ရင်
လူမုန်းများပြီး၊နာမည်ပျက်မယ်ဗျာ
အမှု အခင်းတွေ ဖြစ်မယ်
တရားရုံး တက်ရလို့ အလုပ်ပျက်မယ်၊ရှေ့နေခ
ကုန်မယ်,လောဘတက်နေတဲ့ ရှေ့နေ တချို့နဲ့ တွေ့ရမယ်
ကိုယ်ရဲ့မတရား မှုလုပ် ရပ်ကို ကာကွယ်နေရလို့
စိတ်ဆင်းရဲရမယ်
လူထူ ရင် မျက်နှာမပြ ရဲ၊တသက်လုံးသိမ်ငယ်ရမယ်
​အများနဲ့ တယောက် -ငွေ ကိုဘဲ ဖက်တွယ် ပြီး မတရားမှုကို တရားတယ် အထင်နဲ့ ဆက်လုပ်ရင်တော့
ထောင်ကျမယ်၊အန္တရာယ်များမယ် ပေါ့ဗျာ။
သေချာတာကတော့ သူများ ပင်ပန်းကြီးစွာ နှစ်ပေါင်းများစွာ ရှာဖွေ စုစေါင်းထားတဲ့ငွေကို
မလိမ့် တပတ် နဲ့ လှည့်ပတ် ယူ ဖို့ ဆက်လက်ပြီး ထပ်မံ ကြိုးစါး နေရင်တော့ အဆုံး မရှိတဲ့ ဒုက္ခ မျိုးစုံ ရတတ်တယ်ဗျာ။
သားသမီးရဲ့မျက်နှာလဲ ထိခိုက်မယ်ဗျာ။
အမျိုးဂုဏ် လဲ ထိခိုက်တာပါဘဲ။
သေသွားရင်တောင် နာမည်ဆိုး ကျန်ခဲ့မယ်။
ကိုယ်ဖက်တွယ် ထားတဲ့ ငွေထက် ဒီ့ထက် ပိုမချမ်းသာ နိုင်ပါဘူး ဗျာ။
ဒါက သဘောလောက်ဘဲ မြင်တဲ့အမြင်ကို ဘဲပြောပြတာပါ။
"ဒါနဲ့ နော က် အမြင် တမျိုး ကိုလဲ ပြော ပါဦး brother."
နောက်တမျိုးကတော့ဗျာ
ရောင်း တုန်း က ပြောထားတဲ့အတိုင်း ညှိညှိ နှိုင်းနှိုင်းသွားသင့်တာဗျ
စါရွက်စါတန်းကိစ္စ ကို သေသေချာချာ လုပ်ရမယ်။ ဘယ်နေ့မှာ အပြီးအစီး၊
ဘယ်နေ့ဆို အခွန် ဆောင်
ကပ်ပြီးတော့ သတိ ပေးတာမျိုး ဆက်သွယ်ရေး ဖြတ်ထားတာတို့ ၊အလုပ်နဲ့ပတ်သက်ပြီး တင်ထားတဲ့ လိုင်းကိုပိတ် တာတို့ မလုပ်ရင် ကောင်းတာပေါ့ဗျာ။
ရုံးမှာလဲ ဝန်ထမ်းတွေ ထားထား တာ ဆို တော့
နားမလည်တဲ့ သူတွေကို သေသေချာချာ ဆက်သွယ် လမ်းပြပေးသွားရင် အမှားမရှိနိုင်ပါဘူး။
အမှား မရှိရင် ရေနံမြေကွက်တွေက ဆိုင်ရာ ဆိုင်ရာ အမည်ပေါက်တွေ ရမယ်။
ပြီးရင် ကိုယ်မြေကို geologist စစ်ဖို့ ပြောမယ်ဗျာ။
"ဒါနဲ့ geologist စစ်တာနဲ့ ပတ်သက်ပြီး brother ဘယ်လို idea ရှိလဲ"
ဒါလဲ အရေးပါတဲ့အခန်းလို့ထင်တယ်ဗျ။
သူရောင်းထားတဲ့ မြေကွက် တိုင်းက ရေနံမြေလို့ပြောပေမဲ့ ရေနံ အနေနဲ့ တချို့ အတော်များများမြေကွက်တွေက နဲမယ်။တချို့အတော် နက်နက်တူးရမယ်။တချို့ မရှိနိုင်ဘူး။
ဒါတွေအတွက် geologist ဌားဘို့လိုတယ်။
လိုအပ်တဲ့ မြေအောက် အခြေ အနေကို သိအောင် ပေါ့ဗျာ။ရေနံ မရရင် ဂက်စ်(gas) ရှိမယ်ပေါ့။ဂက်စ် ကတော့ ရေနံထက်စါရင် ရင်းနှီးမြုပ်နှံမှု % အတော် နဲပါတယ်။
မှမဟုတ် လမ်းကြောင်းပြောင်းပြီး အခြား မိုင်းတူးတဲ့ဘက် ထပ်စဉ်းစါးလို့လဲ ရနိုင်တယ်ဗျာ။
ဘာမှ မရှိ ရင်တော့လဲ ပယ်လိုက်ပေါ့ဗျာ။
ဝယ်ထားသူ ကို ငွေပြန်အမ်း လိုက်ပေါ့။
လွယ်လိုက်တာမှ။ လက်မခံနိုင်စရာ မ ရှိ ပါဘူး။
geologist ဌားရမ်းခကတော့ ဗျာ ညှိနှိုင်းလို့ ရနိုင်ပါတယ်။ရေနံမြေ ဝယ်ထားသူ ကလဲ သူ့ဘက်ကသာ အစဉ်ပြေပြေ ဆက်သွားနေရင် အကုန်ခံကြမှာပါ။
Geologist ရဲ့ အဖြေကို မူတည်ပြီး သူ့ဘက်က အကျိုး အမြတ် % ကို ညှိလို့ အမ က ဘယ်လောက်% မောင်လေး တို့က ဘယ်လောက်ပေါ့။ပြောထားတဲ့စကား အတိုင်း တူးပေးဖို့ ဆက်လုပ်
လုပ်သင့်တာဗျ။
နှစ်ဦး နှစ်ဖက် အကျိုးရှိမဲ့ လမ်းဗျာ။
တသက်လုံးစိတ်ချမ်း သာပြီး၊အားလုံးအတွက် ပျော်စရာကောင်းတဲ့ လမ်း။
"ဒါနဲ့နေပါ ဦး ဆရာသမားရဲ့၊
သူက ဘယ်လို လုပ်တူးမှာလဲ"
good question ဗျ။သူ မြေကွက်တွေ မရောင်းခင်ထဲက စီစဉ်ထားရမှာ။အစီအစဉ် မရှိရင် %နဲ့ တူးပေးမယ်လို့ ပြောပြီး မရောင်းရဘူးလေ။
ဝယ်ထားသူ တွေက မြန်မာပြည်သားချင်း ယုံလို့၊အားကိုးလို့ ဝယ်တာ။ကျွန်တော်ကအစ ဘာမှ နားမလည်ဘူး။မြေကွက်ရောင်းရငွေက တနိုင်ငံလုံး အနေအထားနဲ့ မီလျံနဲ့ချီ ရထားမယ်ဗျာ။
ကျွန်တော့ အနေ နဲ့ဆို ရေနံတူးတဲ့ကုမ္မဏီ တခု ထောင်မယ်။ပညာရှင်တွေ ဌားမယ်။တူးစက် ၊အစရှိတာရင်းနှီးမြုပ်နှံပြီးလုပ်မယ်။
ဒါမှမဟုတ်ရင် ရေနံ တူးပေးနေတဲ့ ကုမ္မဏီနဲ့ ပူးပေါင်းမယ်၊ရှယ်ယာ % များများဝင်မယ်။
ကိုယ့်လူတွေ အတွက် ဆက်လက် အလုပ်လုပ် ပေးမယ်ဗျာ။
ရေနံရမဲ့ အကွက်က ရေနံတူး၊ဂက်ရမဲ့အကွက်က ဂက်တူး၊
ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ။
ဒေသခံတချို့လဲ ကျောက်မီးသွေးတို့၊ကျေးနီတို့၊စိန်တို့ မိုင်း တူးတာတွေ တောင်လုပ်နေကြတာ။စိတ်ကူးယဉ်လို့ရတာတွေ အများကြီးဗျာ။
"
"ဒါနဲ့ ရေနံ မြေဝယ်ထားသူ တွေက သူမတူး ပေးရင် ရော ကိုယ့်ဖါသာ ဆက်လုပ်လို့ မရဘူးလား?
ဝယ်ထားသူတွေက ရေနံကို ကိုယ့်ဖါသာ တူးဖို့ လောက်ထိ ချမ်းသာတဲ့သူ မရှိလောက်ဘူးဗျ။
ရောင်းသူက % နဲ့ တူးပေးပါ့မယ် ဆိုလို့ ဝယ်ကြတာ။
အမ က လုံးဝ မတူးပေးဘူး၊ကြိုက်ရင်ဝယ်၊မကြိုက်ရင် မဝယ်နဲ့ ဆိုရင် ကျွန်တော်ထင်တယ်။
ဘယ်သူမှဝယ်မှာမဟုတ်ဘူး။
မီလျံနာ တယောက်ရဲ့ စကားကို ယုံလို့၊အားကိုးလို့ ဝယ်ကြ တာဗျ။
"အေးဗျာ brother နဲ့ ဆွေးနွေးဖြစ်တာ အလင်း ရပါတယ်။
ကျွန်တော်သာဆို ကိုက ငွေတွေ အများကြီးရထားတာ။ဒီလောက်ကိုမက်ပြီး ရပ်လိုက် ရင် နာမည်ပျက်၊
ထောင်ထဲဝင် တသက်လုံးစိတ်ဆင်းရဲခံရမယ်။
ဒါမျိုးတော့ငတ်သေပစေ မလုပ် ဘူးဗျာ။
အသေခံလိုက်မယ်။
ရေနံ ကုမ္မဏီ တခုနဲ့ ပူးပေါင်း ပြီး နည်းလမ်းအကြံယူ လက်တွဲ ကာ ဆက်လုပ်မယ်။
ရပ်ထား တဲ့ငွေထက် အဆ ပေါင်းများစွာပွားပြီး မီလျံနာက နေ ဘီလျံနာထိဖြစ် အောင် လုပ်မယ်။
ကိုယ့်ဆီက မြေဝယ် ထားသူတွေလဲ အလုပ်ဖြစ်ပြီး ချမ်းသာလာကြမယ်။
လမ်းကြီးဖြူးနေတာ။သာယာ လှပ လိုက်တဲ့ လမ်းမကြီး။
"USA ရေနံ လောက ရဲ့ မိခင် ဟာ သူပေါ့ ဆိုပြီး
သမိုင်းမှာလဲ အရမ်းလှမယ်။"
မြန်မာ ပြည်သားတွေ ဖြစ်တဲ့ အတွက် မြန်မာပြည်ကို ငွေ လွဲ ကြရင် တိုင်းပြည်အတွက်လဲ အကျိုးရှိ မယ်။
အမေရိကမှာ ရေနံ ဟေ့ ဆိုရင် မြန်မာပြည်သားတွေလွမ်းမိုးလို့ မျက်နှာ ပွင့်မှာ။
ညှိညှိ နှိုင်းနှိုင်း ၊ရိုးရိုး သားသား လုပ်စေချင်တယ်ဗျာ။
အင်း,,,,,,,,,,,အခုတော့----------/-ဝေးပြီ

ရှေ့ မှာ ဘာတွေ ဆက် ဖြစ်ကြမလဲ??????
အချိန် မလွန် ခင်
ဘုရား စကား နား ထောင်ပါ လို့ ပြော ယုံ မှတပါး အခြား မရှိ တော့ပါ။
(အားလုံး ရေနံသူဌေး တွေ ဖြစ်သွားရင် မကောင်းဘူးလား)
(ဇော်လွင်)UsA 2021

"အရိုင်း အစိုင်း"    (အမေနဲ့ အတူ မနေချင်ပါဘူး။အဖေ နဲ့ရော ---ပိုဆိုး   အရိပ် တောင် မမြင် ချင်ဘူး~~~~~~)           စိတ်ရို...
01/18/2024

"အရိုင်း အစိုင်း"

(အမေနဲ့ အတူ မနေချင်ပါဘူး။
အဖေ နဲ့ရော ---ပိုဆိုး
အရိပ် တောင် မမြင် ချင်ဘူး~~~~~~)
စိတ်ရိုင်း # # # # # #
ကိုယ့် ကိုယ်ကို ဘာလဲ ဆိုတာ ပြန်ရှာ မတွေ့
တော့တဲ့ အခါ စါများများ ဖတ် ကြည့်ပါ။
သားသမီး မကောင်းရင် မိဘ နာမည် ပျက်ရုံ
လေးဘဲ ရှိပါတယ်။
"ဒါ- ဘယ်သူ့ သားသမီး ပေါ့
ဟယ်--ရိုင်းလိုက်တာ
အော်--တော်တော် အောက်တန်းစါး ဆန်တာဘဲ
မိမဆုံးမ၊ဖ မဆုံးမ ဆိုတာ ဒါမျိုးပေါ့"
ဒီ လောက် ဘဲနော်~~~~
မိဘ တွေ သာ
သားသမီး အပေါ် မှာ မကောင်း ခဲ့ ရင်
လူနဲ့ သူနဲ့ တူမှာမဟုတ်ပါဘူး။သတောင်းစါး လေးတွေ၊သူခိုးလေးတွေ၊ လမ်းဘေး မိန်းမပျက်၊ဖါသည်
လေးတွေ ဖြစ် သွား နိုင်တာ။ဘာ-စါပေ၊ ဘာပညာမှ မတတ်ဘဲ ဘဝ တခု လုံး လူလုံး မလှ၊ အဖတ် ကို ဆယ်လို့မရတဲ့ ဘဝ မျိုး ဖြစ်သွားတတ်တာ နော်။
ကိုယ့် ကိုယ် ကို တောင် ဘာလဲ သိမှာ မဟုတ်ဘူး။
ဘာစါပေမှ မတတ် လို့ ဒီ လို အောက်တန်းစါး ဘဝ ရောက် နေသူကို လူ့ ပတ်ဝန်းကျင်ကြီးက နားလည် ခွင့်လွတ် ပေးနိုင်တယ်။
(ဪ /ငယ်စဉ်က အခြေ မလှ လို့ ဒီဘဝ ရောက် ရတာ")
"အဲ/ဒါပေမဲ့ ပညာ ကလဲတတ်ထား၊စီးပွါးကလဲ ရှိတဲ့
လူတချို့တွေ---
ဘဝ ရဲ့ ဖြတ်သန်းမှု ကို မဟာစွန့်စါး ခန်းကြီးလို -

ငါတော်လို့၊ငါကြိုးစါးလို့ ၊ငါ ဖြစ်တာ ။အစိုးရ စရိတ်နဲ့ ကျောင်းတက်လို့ ဒီဘဝ ရောက်တာ။
မိဘ -သွားစမ်းပါ။ငါ ငါ ဆိုပြီး ဂုဏ်ယူ ပနာစါး နေ ရင် လောက ကြီးက ခွင့် မလွတ် ဘူးနော်။
ခုနက လမ်းဘေး ဘဝပျက် လေးတွေထက် ကိုယ့်ကိုယ်ကို -ငါဘာဖြစ်သွားပြီလဲ ဆိုတာ အချိန် က အဖြေ ပေးလာလိမ့်မယ်။ကြုံးခံဘို့သာ ကြိုပြင်ထား။
ဒီမှာ---
မင်းတို့ မသိတတ်တဲ့ ကလေးဘဝ တုန်းက မင်းတို့မိဘ တွေ ဘာတွေ ပေးဆပ်ခဲ့လဲ အကုန် အစင် မင်း မှတ်မိလား။သိလား။
တလထဲ၊ တနှစ်ထဲ မဟုတ် ဘူးနော်။
သူတို့ ရဲ့ အသက် ကို ပေးဆပ်ခဲ့တယ်။
သူတို့ ရဲ့ အရွယ် ကောင်း လေးတွေ ကို ပေးဆပ်ခဲ့တယ်။
သူတို့ ရဲ့ အချိန် တွေကို ပေးဆပ် ခဲ့ တယ်။
မင်း တို့ ကို "လူပို " တွေ ဆိုပြီး ဥပက္ခာ မပြု ခဲ့ဘူး။
ချစ်လိုက်တာမှ တုန် လို့။မင်းတို့ ဖျားနာရင်တောင် မင်းတို့ကိုယ်စါး သူတို့က ဖျားနာ ပေးချင်တာ။
မင်းတို့ အလှည့် ရောက်မှ-~~~
"မိဘ နဲ့ အတူ မနေ ချင်ဘူး။
အဖွားကြီး ကလဲ ဗျစ်တောက်ဗျစ်တောက်နဲ့
အဘိုးကြီး ကလဲ နေရာတကာပါတယ်။
ဘာကြီးတွေလဲ မသိဘူး။
လွတ်ကို မလွတ်လပ်ဘူး။
ဝေးဝေး နေတာဘဲ ကောင်းတယ်~~~)
ဪ ချီးနဲ့ သေးနဲ့ မထိမ်းနိုင်တဲ့ အခြေ အနေ ဆို ဒုက္ခ။မင်းတို့ငယ်စဉ် ဘဝ ကဆို သူတို့ခမျာ မရွံမရှာ လုပ်ပေးခဲ့ရတာ။
အိပ်ရာ ထဲ လဲ တဲ့ အရွယ်ဆို မင်း တို့ ဘယ်လိုလုပ်ကြမတုန်း။သွားလွင့် ပြစ် မလား။
အရိုင်း အစိုင်း တွေ မလုပ်မိကြပါစေနဲ့။

ရင်ထဲ မှာ အချစ် မရှိရင် တောင် လောက နိတိ လေးကိုတော့ လိုက်နာ ပေးပါ။
ကံဆိုး စေ တဲ့မိဘ ဖြစ် အောင် မလုပ် မိပါစေနဲ့။
******
ဆက် ဖတ်ကြည့်နော် # #
မိဘ ဆိုတာ…
သား သမီးတို့ရဲ့
ပထမဦးဆုံး သော ဘုရားပါပဲ။
ရိုသေ ပေးပါ။
လေးစားပါ။
ကြင်နာ ပေးပါ။
မိဘ တွေ ဟာ သားသမီးတို့ရဲ့
အရဲရင့်ဆုံး သော သူရဲကောင်း တွေပါဘဲ။

သူတို့တွေဟာလည်း
တချိန်က မင်းတို့ လိုဘဲ
အရွယ်ကောင်းခဲ့ ပါတယ်။
အစွမ်း ထက်ခဲ့ပါတယ်။
အရည် အချင်း တွေ ရှိ ခဲ့ပါတယ်။

မင်း တို့ တွေ အတွက် -
သူတို့ ရဲ့ အရွယ်တွေ၊
အချိန် တွေ၊မလွတ် လပ် မှု တွေ
သူတို့ရဲ့ ခွန်အားတွေ၊မျက်ရည် တွေ
နှလုံးသား တွေ ၊အနှမ်ခံ ဘဝ တွေ နဲ့
ပေးဆပ်ထား ခဲ့ပါတယ်။

မင်းတို့ဘဝ၊ဒီ အခြေ နေ ရောက် အောင် ဝန်းရံ
လုပ်ပေးခဲ့တာ -သူတို့ဟာ မင်းတို့ဘဝ ရဲ့ လက်ရှိရော အနာဂတ် အတွက် ရော တကဲ့ ပါရမီ ဖြည့်ဖက် အစစ် တွေဘဲ။
အဲဒီ ထက် သာလွန်တဲ့ အရာ တွေ
အများကြီးကို
မင်း တို့အတွက် ပေးဆပ်ခဲ့တာပါ။

လူပိုတွေလို့ မတွေးပါနဲ့။
မိဘတွေကို မစွန့်လွှတ်ပါနဲ့။
မတွန်းထုတ်ပါနဲ့။

မိဘတွေကသာ
မင်း တို့ကို အရွယ်ရောက်ခွင့်
မပေးခဲ့ရင်
မင်း တို့တောင်၊သူတို့ ကို
စွန့်လွှတ်ချိန် ရမှာ မဟုတ် ပါဘူးနော်။

မိဘ တွေကို မပြစ်မှားပါနဲ့၊
မအော် ပါနဲ့၊မနှိမ် ပါနဲ့၊
မစော်ကား နဲ့ ငွေ မပေးရတဲ့ ကျွန် တယောက်လို
အသုံး မချ ပါနဲ့။

မင်း တို့ စိတ်တိုင်း မကျလို့ ပြန်အော် လိုက်တဲ့
စကားတစ်ခွန်းဟာ
မိဘ တွေ ရဲ့ အသဲကို
အပ်နဲ့ထိုးသကဲ့သို့ ခံစားရ
တယ် ဆိုတာ မင်းတို့ သိထားပေးပါ။

မင်းတို့ လဲ…
တစ်ချိန်ကျရင် မိဘ ဖြစ်လာမှာပါ။
မိဘ တွေ ရဲ့ ဘဝ ကို ကံဆိုးစေ အောင်
မတွန်းထုတ်ပါနဲ့။မဖန် တည်းပါနဲ့။
ဝေးရာကို ဖယ်ရှား မပြစ်ပါနဲ့။
အရွယ် ကုန်လွန် သည်ထိ ငြိမ်းချမ်းစွာနဲ့
သေခွင့် လေး တော့ ပေးလိုက်ပါ။
သူတို့မှာ လူ့လော့ က နေထိုင်ဘို့ အချိန် က
သိပ့်မရှိ တော့ပါဘူး။

မိဘ ကို လုပ်ကျွေး ပြု စု ရလို့
ငတ်သေ တဲ့ မသာ ဒီ ကမ္ဘာ မှာ မရှိ သေး ပါဘူး။
မိဘတွေ ဂုဏ်ယူအားထားရတဲ့
သား သမီး ဖြစ်ပါစေ။
မိဘချင်းတူတာတောင်
သား သမီး ကံဆိုး တဲ့ မိဘ ဖြစ်အောင်၊ အသေ
မဖြောင့်အောင် မလုပ် မိ ပါ စေနဲ့။

မိဘ အပေါ် ငွေနဲ့ ချမ်းသာအောင် မထား
နိုင် ပေမဲ့ စိတ် လေး ချမ်း သာ အောင်တော့ ထားပေး
ခြင်းဖြင့်
အတတ်နိုင် ဆုံး တာဝန်ကျေတဲ့
သား သမီး တွေ ဖြစ် ပါစေ။
Zaw lwin(usa)

"ဘဝ တခု အတွက် နှစ် သစ် သင်ခန်းစါ"  >>>>  ဘဝ ဆိုတာ တကြိမ်ဘဲ ရရှိ ရ တဲ့ ရလဒ် တခုပါ။ကိုယ်ဖြစ်ချင်တာ တွေ နဲ့ ဖြစ်တည်လာတဲ့ဘဝ ...
12/28/2023

"ဘဝ တခု အတွက် နှစ် သစ် သင်ခန်းစါ"
>>>> ဘဝ ဆိုတာ တကြိမ်ဘဲ ရရှိ ရ တဲ့ ရလဒ်
တခုပါ။ကိုယ်ဖြစ်ချင်တာ တွေ နဲ့ ဖြစ်တည်လာတဲ့
ဘဝ မဟုတ်ပါဘူး။
ဒါ့ကြောင့် -ဖြစ်တည် ၊ရရှိထားတဲ့ ဘဝ အခြေ အနေ က နေ အကောင်းဆုံး ရလဒ် ဖြစ်အောင် တည်ဆောက် ဖို့ သတိရှိနေ မှ ဖြစ်မယ်။
လူ့ဘဝ ရဲ့ ရလဒ် ကောင်း ဆိုတာဟာ ကလဲ လူတယောက်ရဲ့ အာရုဏ် စိုက်မှု အပေါ်မှာ ဘဲ မူတည် ပါတယ်။
သာမန်လူထက် သာချင်ရင် တော့ သာမန် လူတွေတွေး တာကို ကျော်တွေး မှ ဖြစ် မယ်။
သာမန် လူတွေ လုပ်တာထက် ပိုလုပ် မှရမယ်။
-ငါက ငယ်သေးတယ် -
အတွေ့အကြုံ မများသေးဘူး လို့တွေးမဲ့ အစါး-
ငယ်သေးတာ ပိုကောင်းတာပေ့ါ ။
ဒါမှ မှားသွားရင် ပြန်စဖို့ အချိန်ရှိမှာ။

-ငါအသက်ကြီးပြီ မစွန့်စား
ချင်တော့ဘူး လို့ တွေး မဲ့ အစါး
ငါအသက်ကြီးပြီ အခုမလုပ်ရင်
ဘယ် အချိန်သွားလုပ်မှာလဲ ။

-ငါ့မှာ မိသားစုတွေ ၊နောက်ဆံ
တင်းရမယ့်အရာတွေ ၊အများကြီး ရှိတယ် အသစ်အဆန်းတွေ စလုပ်ဖို့ မဖြစ်နိုင်ပါဘူး လို့ တွေးမဲ့အစါး
ငါ့ကိုစောင့်နေတဲ့ မိသားစုတွေ ရှိတယ်၊
ဒါကြောင့် ငါပိုပြီး မြန်မြန်အောင်မြင် အောင် ၊
များများ ငွေ ပို့ နိုင် အောင် လုပ် ကို လုပ် ရမယ်။

-ငါက အဆင်သင့် မဖြစ်သေးဘူး ၊
လေ့လာသင်ယူဖို့ အချိန် ယူ ရ ဦး မယ် လို့ တွေးမဲ့ အစ့ါး
အဆင်သင့် ဖြစ် ဖို့ တော့ အချိန်မရှိပါဘူး ၊ လက်
တွေ့ အလုပ် လုပ်ရင်း နဲ့ဘဲ ငါသင်ယူသွားမယ် ပေါ့။
-ငါ က ကိုယ်ပိုင် စီးပွားရေး စလုပ်ချင်တယ်
ဒါပေမဲ့ အရင်းမရှိဘူး လို့ တွေဝေမဲ့ အစါး၊
ဒါဆိုရင်
စီးပွားစ ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ။
ကိုယ့်ခွန်အား၊ဥာဏ အားနဲ့ အလုပ် လုပ် နေ ရင်း
နည်းလမ်း အစ ကိုရှာ မယ်။စဉ်းစါးမယ်။
လုပ်နေ စဲ အလုပ် တခု ထဲ အပေါ်မှာဘဲ တည်မှီ ရပ်တည် ပြီး တော့ မနေပါနဲ့။
အကြောင်းတရား မျိုးစုံ ကြောင့် လည်း
အလုပ် ရဲ့ အခြေ အနေက တမျိုး ဖြစ်သွားတတ်ပါတယ်။အခြား ရပေါက် ရလမ်း တခု ကိုလည်း ပြင်ဆင် ထားပါ။
အဆိုးမြင် သမား တယောက် ကို သင့်လုပ်ငန်းခွင်မှာ ရှိ နေခြင်းဟာ သင့်ရဲ့ လုပ်နိုင်စွမ်းအားနှင့် စိတ်ဓါတ် ပိုင်းဆိုင်ရာကို ကျဆင်းစေ နိုင်ပါတယ်။
အဆိုးမြင်သမား ကို သတိထား ၊ပြီး အလုပ်ကို လုပ်ကိုင် တတ် ရင် သင့် ဘဝ အကျိုး များစေ ပါတယ်။ကိုယ့်အနား ကပ်လာတိုင်း လည်း ကိုယ့်ကို ခင်လို့ ဟုတရားသေ မ မှတ်ပါနဲ့။ တချို့ က အကောင်လိုက် မျို တတ် တယ်။
"ကိုယ် ဘဝ ထက် ပိုပြီး ငွေ ကို တန်ဘိုး ထားလွန်း
ရင်လည်း ၊ ရရှိ ထားတဲ့ လူ့ဘဝ လေး တန်ဘိုး မဲ့ သွား တတ် ပါတယ်။
ဘဝ မှာ ငွေရှာရင်း
ပျော်ဖို့မေ့သွား လို့
သေခါ နီး မှ
လည်း နောင်တ ရတတ်ပါ သေးတယ်။
zaw lwin(usa)

"မိဘကို မပြောသင့်တဲ့စကား"(၁) မိဘ ကို မုန်းတယ် ၊သံယောဇဉ် ကို မရှိတာဆိုတဲ့စကားကို လုံးဝလုံးဝ မပြောပါနဲ့။ဒီစကားက သာမန်လူတွေ...
11/15/2023

"မိဘကို မပြောသင့်တဲ့စကား"

(၁) မိဘ ကို မုန်းတယ် ၊သံယောဇဉ် ကို မရှိတာ
ဆိုတဲ့စကားကို လုံးဝလုံးဝ မပြောပါနဲ့။

ဒီစကားက သာမန်လူတွေ ကြားတဲ့အခါမှလည်း
ခံစားရခက်သလို ၊
ကိုယ်တွေကို ကျွေးမွေးပြုစုတဲ့ မိဘနှစ်ပါးဆိုရင် ဘယ်လောက် ထိ တောင်ခံစားလိုက်ရမလဲ။
ဒါ့ကြောင့် ဒီစကားကို မပြောမိအောင် ရှောင်ရှားပေးပါ။

(၂) ဘာဖြစ်လို့ မွေးခဲ့တာလဲ၊ဘယ်သူက မွေးခိုင်းလို့လဲလို့ လုံးဝ မပြောမိပါစေနဲ့။

ဘယ်လိုအခြေနေ ဘယ်လိုဒုက္ခတွေနဲ့ပဲ
ကြုံတွေ့နေပါစေ ။
သင်ဟာ သူတို့ရဲ့ သွေးသားတစ်ခုပါ။
သင့်ကို ရင်နှင့်အမျှချစ်တဲ့ မိဘနှစ်ပါးကို သဘောထားမတိုက်ဆိုင်တာနဲ့ ဒီလိုစကား လုံးဝ မပြောမိပါစေနဲ့။

(၃) သင့်ကို ဘယ်တော့မှ အားမပေးလို့
ဒေါသ တကြီး ပြန် မပြော မိပါ စေနဲ့။

သင့်ကို အားမပေးဘူးဆိုတာဟာ သင်ရွေးချယ်တဲ့
လမ်း သင်လုပ်တဲ့အလုပ်ကို မိဘ ကမသိ၊
နား လဲ မလည် တဲ့အတွက်ကြောင့်လဲ ဖြစ် နိုင် သလိို၊
တခြားသော အားမပေးရတဲ့ အကြောင်းရင်းတစ်ခု ခု လဲ သူတို့အမြင် မှာ ရှိနေလို့ ဖြစ်မှာပါ။
ဒါကို မိဘတွေဘက်ကနေ ပြန်တွေးပြီး နာလည်ပေးကာ သင်ရွေးထားတဲ့ လမ်းကို ပြန်စဉ်းစား ပေးပါ။

(၄) သင်ကလွဲရင် သင့်ရဲ့ညီအကိုမောင်နှမတွေကိုပဲ ချစ်တယ် သူတို့ကိုပဲပိုချစ်နေတယ်၊ဦးစါးပေးတယ်၊ခွဲခြား ဆက်ဆံ တယ် လို့ မပြောသင့်ပါ။
မိဘတွေက သား/သမီးအကုန်လုံးကို
တန်းတူချစ်ပါတယ်။
သင့်ကို ချစ်ကြောင်း ထုတ်မပြတတ်လို့ ၊မရှင်းပြ တတ်လို့ သင်မသိတာပါ။
သူတို့ ဘာမှမပြော ပေမဲ့ သင့် ကိုချစ်ပါတယ်။
(၅)ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ် လို့
ဆိုတဲ့စကားကိုလည်း လုံးဝမပြောသင့်ပါ။
မိဘတွေက သားသမီးတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြဘူး လေ။
ကံတရား အရ လူဖြစ်ခွင့် ရတာ ကဘဲ တန်ဘိုးကြီးကြီး ရထားပြီ။
မိဘ တိုင်း က သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်၊ဖြစ်ချင် ကြတာပါ။
ဘဝပေးအခြေနေမကောင်းလို့ ဆင်းရဲတာရှိသလို
ငွေကြေးချမ်းသာပေမယ့်လည်း စိတ်ဆင်းရဲနေကြရတဲ့သူတွေ ရှိကြပါတယ်။
ဘယ်သူမှ ပြည့်စုံတဲ့သူ မရှိကြပါဘူး။
ပညာတတ်၊လူချမ်းသာ ကြီး တွေ ဖြစ်စေချင်တာပေါ့။ ဒါကြောင့် ဒီစကားဟာ သင့်မိဘ ရဲ့
နှလုံး သားကို နာကျင်စေ ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်သွားမှာ အမှန်ပါ။
ဒါ့ကြောင့် ဒီ စကားကို လုံးဝ မပြောမိအောင် ရှောင်ရှား ပေးပါ။

(၆) မိဘတွေကို ဝိုင်းကူရတာ / ထောက်ပံ့၊ ပေးကမ်း
ရတာ ပင်ပန်းတယ်တို့၊မထောက် ပံ့ ချင် ဘူးလို့မ
ပြော မိပါ စေနဲ့။
သင့်ကို ချစ်လွန်း လို့ ငယ်ရွယ်စဉ်ကတည်းက
အခုချိန် အသက်အရွယ်အထိ ပြုစုစောင့်ရှောက်လာတာ ပင်ပန်းတယ်၊မ​ ကျွေး မွေးချင် ဘူးဆိုပြီး
တစ်ချက်တောင် မငြီးခဲ့တာ သင့်မိဘတွေပါ။
ဒါ့ကြောင့် သင်ရဲ့မိဘကို ထောက်ပံ့ကူညီပေးတာဟာ ပင်ပန်းတယ်ဆိုပြီး ငြီးငြူ မပြောလိုက်ပါနဲ့။

(၇) မိဘတွေ ရဲ့ အနား မနေချင်ဘူး၊လွတ်လပ် မှုကို မရှိ ဘူး လို့ လုံးဝ မပြော မိပါစေနဲ့
မိဘတွေ အသက်အရွယ်ရလာတဲ့အခါ မသန်စွမ်းတော့ ဘူး လေ။
အားကိုးစရာဆိုလို့ ဒီသားသမီးတွေပဲရှိတာပါ။
ဒီသားသမီးတွေက
ဒီ လို စကား မျိုးကို ပြောလိုက် ရင် မိဘတွေကို
အားငယ် အထီးကျန် စေ မှာ၊အမှန်မို့ သတိထား
ပေးပါ။
မိဘတွေ က အသက်ကြီးလာတဲ့အခါ
သားသမီးက သည်းခံရတာတွေ ပြုစုရတာတွေ များလာတာ ရှိတတ်ပါတယ်။
တခါ တရံ မိဘ တွေ လုပ်ကိုင် တဲ့ ပုံ ကို စိတ်တိုင်းမကျတာ ဖြစ်မိတဲ့အခါလဲ ရှိတတ်ပါတယ်။လူကြားသူကြား ဘဲ ဖြစ်ဖြစ်၊ဘယ်နေရာဘဲဖြစ်ဖြစ် ပြန် မအော် လိုက်ပါ နဲ့။အသုံး ကို မကျ ဘူးလို့ မပြောမိပါစေနဲ့။
မှားသွားရင်လဲ နုတ်ကလေးပိတ်လို့ ပြုံး နေပေးပါ။
သူတို့ လက်တွေက သူတို့ လိုချင် သလို ထိန်းချုပ် လို့ မရ တော့ဘူးလေ။တုန်ရီ လာကြပြီ။နားလည် ပေးပါ။သူတို့က ပိုပြီးခံစါးချက်ကြီးတတ် ကြပါတယ်။

"စိတ်ဆိုးလို့ ဆိုပြီး
မိဘ ကို စကားမပြောတာတွေ
မသိချင်ယောင်ဆောင်တာတွေ ၊
မိဘ ကို လူရှေ့ ချမပြ ချင် လို့ ရှောင်တာတွေ အဆက်အသွယ်မလုပ်၊ဖြတ်ထား
တာတွေဟာ မကောင်းပါဘူး။
အပြစ်ဖြစ်တယ်။ဘဝ အတွက် ကံ ဆိုးတတ်ပါတယ်။"
နှစ်တွေကြာ ညောင်းလို့ မိဘ တွေ မရှိ တော့
တဲ့တစ်နေ့
သင်သားသမီးရ လို့၊
သင့်မိဘ ရဲ့ နေရာ ၊သင် ရောက် တဲ့အခါ
နောင်တ တွေ တသီတတန်းကြီး ရလို့၊ဝဋ်လည်
တတ်ပါတယ်။

"ဘာမှ ပြန် လုပ်မပေး နိုင်ရင် တောင် နုတ် ကလေး ကိုတော့ သတိထားပေးပါ။သင်ကျေးဇူးဆပ် ရာ ရောက်ပါတယ်။ မိဘ ဆိုတာ ကူညီထောက်ပံ့ မှ မဟုတ်ပါဘူး။သင့်နုတ်ထွက် စကားလေး နဲ့တင် ကျေနပ်နေတဲ့ သူ တွေပါ။"
zawlwin(edit)

ဒီနေ့ဟာ ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်တောင်အသည်းအသန်လိုက်ရှာရမယ့်လူတွေလည်းမရှိသလိုအပြေးအလွှား မှာထားခဲ့ရမယ့်စကားတွေလည...
05/29/2023

ဒီနေ့ဟာ
ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်တောင်
အသည်းအသန်လိုက်ရှာရမယ့်
လူတွေလည်းမရှိသလို
အပြေးအလွှား မှာထားခဲ့ရမယ့်
စကားတွေလည်းမရှိဘူး။

ဘယ်သူ့ကိုမဆို
အတူတူရှိနေခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ပေးနိုင်သမျှရဲ့
အကောင်းဆုံးဆိုတဲ့အရာတွေကို
ပေးထားခဲ့ပြီးပြီမလို့။

နာကျင်စရာတွေကိုလည်းမထွေ့ပိုက်နဲ့
ဝမ်းနည်းစရာတွေကိုလည်းမသိမ်းထားနဲ့။

အတူရှိနေချိန်မှာတန်ဖိုးထားပြီး
တန်ဖိုးထားသင့်တဲ့အချိန်မှာတန်ဖိုးထားခဲ့ပြီးပါပြီ။

05/03/2023
04/25/2023

ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတယ်။

မေး(ဂျာမနီသူ)

ဗမာပြည်ကို လှည့်ကြည့်တဲ့အခါ ..
ဘုရားအဟောင်းတွေလည်း အများကြီးတွေ့တယ် ။
အသစ်တွေလည်း တည်နေကြတယ် ။
ဘုရားတွေ နောက်ထပ် တည်မယ့် အစား
စာသင်ကျောင်းမရှိတဲ့နေရာ စာသင်ကျောင်းဆောက်ဖို့ ..
ဆရာတော်တို့ တရားဟောလို့မရဘူးလား ? ။

ဖြေ(ပါချုပ်ဆရာတော်)

မရဘူး ။
လူဆိုတာ ..သူကြိုက်တာ သူလုပ်တာ ။
တစ်ချို့က စာသင်ကျောင်းမှမဆောက်ချင်တာ။
ဘုရားပဲ တည်ချင်တာ ။
သူ့ဆန္ဒသူ ဖြည့်ဆည်းတာ ။
မင်းလည်း ခု ကမ္ဘာလှည့်နေတာမဟုတ်လား ။
ကုန်ကျစရိတ် အများကြီးပဲ ။
ဒီငွေတွေကို စာသင်ကျောင်းဆောက်လိုက်လို့ပြောရင် ..
ဘယ်လိုနေမလဲ ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ ။
ဘုန်းကြီးတို့ တရားဟောလို့မရတာတွေ ရှိတယ်။

မေး(အင်္ဂလန်သူ)
ဟိုမှာလည်း ဘုရားတွေ အများကြီးပဲ ။
ဒီမှာလည်း အသစ်တည်နေပြန်ပြီ ။
လိုလို့လား ။

ဖြေ(ပါမောက္ခချုပ် ဆရာတော်)

မင်းအတွက်တော့ မလိုဘူး ၊
သူ့အတွက် လိုလို့ သူလုပ်တာပေါ့။
ဘုရားတည်ချင်တဲ့လူက ဘုရားလေးတည်လိုက်ရမှ
သေပျော်သွားတာမျိုးရှိတယ် ။
ကုသိုလ်ရပြီဆိုပြီး သူ့အတွက်သူ ..
လုံခြုံစိတ်ချသွားတယ် ။
အဲ့ဒါကို မင်း ဘုရားမတည်နဲ့၊ စာသင်ကျောင်းဆောက်ပါဆို
သူ ဘယ်လုပ်မလဲ ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ ။
ဧဝရတ်တောင်ပေါ် တက်နေသူတွေလည်း အများကြီး ။
အာဖရိကတောနက်ထဲ အပျော်ဓာတ်ပုံထွက်ရိုက်သူတွေလည်း ..
အများကြီး ။
လောကမှာ ငွေတွေသုံးဖြုန်းနေကြတာပဲ ။
ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာကို
ဘုန်းကြီးတို့က ဘယ်လိုလုပ် သွားတရားဟောမလဲ ။

မရဏ လမ်း ကို ကျော်ဖြတ်ခြင်း"    အိပ်ယာထဲတွင် လဲလျောင်းနေခဲ့ရသည့် ရက်ပေါင်း မည်မျှကြာခဲ့ပြီ မသိတော့ပါ။ အစာနှင့် ရေမျှပင် ...
04/21/2023

မရဏ လမ်း ကို ကျော်ဖြတ်ခြင်း"

အိပ်ယာထဲတွင် လဲလျောင်းနေခဲ့ရသည့် ရက်ပေါင်း မည်မျှကြာခဲ့ပြီ မသိတော့ပါ။ အစာနှင့် ရေမျှပင် မစား မသောက်နိုင်ခဲ့သည်မှာလဲ ရက်ပေါင်းအတော်ကြာခဲ့ပြီ။

ဝေဒနာအပေါင်းတို့သည် တစ်ချိန်နှင့် တစ်ချိန်၊ တစ်ရက်ထက်တစ်ရက် တစ်ရိပ်ရိပ် တိုး၍ တိုး၍သာ လာတော့သည်။ တစ်ခါတစ်ရံ သတိလစ်မျောနေလိုက်၊ တစ်ခါတစ်ခါ ပြန်သတိရလိုက် ဖြစ်နေသည်။

တစ်ခါတစ်ခါ
ဘေးမှ စကားပြောသံများကို သတိထားမိသည်။ မိမိကို စောင့်ကြည့် ပြုစုနေသူများ ရှိနေသေးသည်ဟု သိလိုက်သည်။

'သတိရလိုက်သည့် အချိန်များ' မှာတော့
မိမိ၏ ခန္ဓာကိုယ်ကို 'သတိ'ကပ်ပြီး ရှုမှတ်နေဖြစ်သည်။ အထူးသိနေရသည်မှာကား အလွန်တရာ ပြင်းထန်လှသော ဝေဒနာများပင်။

ရင်ထဲမှ ပူလောင်လှသော ခံစားမှု၊ တင်းကြပ်သော နေရခက်မှု၊ နာကျင်ခံခက်သော ဝေဒနာ၊ ဆာလောင်မွတ်သိပ်သော ဝေဒနာ၊ တစ်ခါတစ်ရံ အသက်ရှုရန်ခက်ခဲသော ဒုက္ခဝေဒနာတို့သည် တစ်ခါတစ်ရံ တစ်ခုပြီးတစ်ခု၊ တစ်ခါတစ်ရံ နှစ်ခု သုံးခု၊ တစ်ခါတစ်ရံ အစုလိုက်အပြုံလိုက်၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်အနှံ့အပြားတို့မှ အပြင်းအထန် နှိပ်စက်လျက် ရှိသည်။ ခေါင်းတို့သည် မူးဝေနောက်ကျိလျှက်ရှိသည်။ တစ်ခါတစ်ရံ မခံနိုင်အောင် ထိုးထိုး၍ ကိုက်သေးသည်။ ခြေလက် ခန္ဓာကိုယ်တို့သည် လှုပ်ရှား၍မရ၊ လှုပ်ရှားရန်လည်း အင်အားမရှိ။

အင်မတန်နာကျင်လွန်းလှ၍ မခံနိုင်ပါက အနည်းငယ် လွန့်နိုင်သည်ဆိုရုံမျှသာ။ စကားပြောရန် ခွန်အားမရှိ၊ အာခေါင်တို့သည် ခြောက်ကပ်နေပြီး စေးထန်းလျှက်ရှိသည်။ ပါးစပ်ပင်မဟနိုင်။

မိမိကိုယ်ကို မိမိ သေသေချာချာ သိနေရသည်ကား သည်တောင်ကို ကျော်နိုင်တော့မည်မဟုတ်။ သည်အိပ်ယာပေါ်တွင် လဲလျောင်းခဲ့ခြင်းကား ဘ၀၏ နောက်ဆုံး လဲလျောင်းခြင်းပင် ဖြစ်သည်ဟု နားလည်လာခဲ့သည်။

“ယောဂီတို့… !!!
ဝေဒနာလေးများ ပေါ်လာပြီဆိုရင် သည်းခံပြီး မှတ်နိုင်အောင် ကြိုးစားကြ၊ သေခါနီးအခါကျရင် ဒီထက်ဆယ်ဆလောက် ပြင်းထန် တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။ အခုအချိန်ကတည်းက မကြိုးစား အားမထုတ်ထားဘူး ဆိုရင် သေရာညောင်စောင်း လဲလျောင်းရတဲ့ အခါကာလကျရင်

သြော်…! ငါအသက်ရှင်စဉ်ကာလက 'တရား'အားမထုတ်ခဲ့ရလေခြင်းဟု အကြီးအကျယ် နောင်တရနေလိမ့်မယ်။ ကြိုးစားသည်းခံပြီး ရှုမှတ်ပေးကြပါ” ....ဟူသော

တရားစခန်း၀င် အားထုတ်ခဲ့စဉ်က ဆရာတော်ဘုရား၏ မှာကြားနေသော အသံတို့ကို နားထဲမှာ ကြားယောင်လာပါသည်။

မှန်လိုက်တာဘုရား !!

တကယ်တန်းဆိုလျှင် အခုချိန်မှာ တပည့်တော်ခံစားနေရတဲ့ ဝေဒနာတွေဟာ တရားထိုင်စဉ်က ခံစားခဲ့ရတဲ့ ဝေဒနာထက် ဆယ်ဆမကပါဘူးဘုရား။ အဆပေါင်း ရာထောင်မက ပိုပြီး နာကျင်ခံစားရပါတယ်ဘုရားဟု စိတ်ထဲမှ ရေရွတ် ရင်း မေတ္တာစေတနာအပြည့်ဖြင့် သွန်သင်ပြသခဲ့သော ဆရာတော်ကို စိတ်ဖြင့်ရည်၍ ကန်တော့လိုက်မိသည်။

ဆရာတော်မှ စနစ်တကျသင်ကြားပြသပေးခဲ့သော 'ဝေဒနာရှုနည်းရှုကွက်' နှင့် 'သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရား'တို့ကို တရားစခန်း အကြိမ်ကြိမ်၀င် အကြိမ်ကြိမ်လေ့ကျင့်ခဲ့သည်။ အိမ်မှာနေရင်းလည်း အချိန်ရတိုင်း မပြတ်အားထုတ်လေ့ကျင့်ခဲ့သည်။

'တရားအားထုတ်မှု' ကြောင့်... ဖြစ်ပေါ်လာသော ဝေဒနာတို့ကို အကြိမ်ကြိမ် သည်းခံနိုင်ခဲ့သည်။ အကြိမ်ကြိမ်ရှုမှတ်မှုဖြင့် ကျော်ဖြတ်လာနိုင်ခဲ့သည်။ တစ်ခါတစ်ရံ မကျန်းမာသည့်အခါများတွင်လည်း 'ဝေဒနာနုပဿနာကမ္မဋ္ဌာန်း'ကို ကြိုးစားပွားများခဲ့သည်။

သို့သော်လည်း .... တကယ့်'သေခြင်းတရား' နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါ 'ဝေဒနာ'တို့ကို ရှုမှတ်နိုင်ရန် မနည်း စိတ်တင်းထားရသည်။ မနည်းပင် ကြိုးစားအားထုတ်နေရသည်။

“သူက အသက်တော်တော် ပြင်းတာ ပဲ၊ မျောနေတာ ခြောက်ရက် လောက်တောင် ရှိပြီ၊ အသက် မထွက်နိုင်သေးဘူး” ဟူသော ညည်းညူသံ ပြောဆိုသံတွေကို ကြားနေရသည်။

“သူ့အနာတွေက အရမ်းဆိုးရွားနေပြီ၊ အပုပ်နံ့ကလည်း အရမ်းထွက်နေပြီ၊ ဒီအတိုင်းထားလြို မဖြစ်ဘူးထင်တယ်၊ အနားလည်း ဘယ်သူမှ မကပ်ချင်တော့ ဘူး။
‘ခေါင်း’ ထဲကို တစ်ခါတည်း ထည့်ထားရင်ကောင်းမယ်”

ဟူသော တစ်စုံတစ်ယောက်၏ ပြောဆိုသံတွေကို ကြားလိုက်ရသည်။

ဟုတ်ပေသားပဲ !

မထနိုင် မစောင်းနိုင်တာ ကြာပြီမို့
ကျောတွေ၊ တင်ပါးတွေ၊ ခြေလက် အောက်ပိုင်းတွေမှာ အပူလောင် နာတွေဖြစ်ပြီး ပြည်တွေတည်၊ သားငံရည်တွေကျ၊ ချွေးစေးတွေထွက်နဲ့ ကြာတော့လည်း အပုပ်နံ့တွေ ထွက်လာပြီပေါ့။
အခုမှပင် မိမိကိုယ်မိမိ သတိထားမိ လိုက်သည်။
ညှီစို့စို့၊ ပုပ်အဲ့အဲ့အနံ့များ…

သြော်…!

ငါ့ရဲ့ခန္ဓာကိုယ်က ထွက်နေတာပါလား…!!!

မသေခင်က ပုပ်နေသော ခန္ဓာကိုယ်ကြီးပါလား…!!!

အရင်တုန်းကတော့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ ယောင်္ကျားပီသသော ခန္ဓာကိုယ်၊
တင့်တယ်သော ခန္ဓာကိုယ်၊ ရေမွှေးနံ့သာတို့ဖြင့် သင်းထုံထားသော ခန္ဓာကိုယ်၊ မြင်တွေ့သူတိုင်းကို သဘောကျနှစ်ခြိုက်စေခဲ့သော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ခဲ့သည်။

'စိတ်'က သွားချင်တိုင်း 'ကိုယ်'ကပါခဲ့သည်။
'စိတ်'က လုပ်ချင်သမျှကို 'ခန္ဓာကိုယ်'က ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ဤ'ခန္ဓာကိုယ်'ဖြင့် 'ကုသိုလ်'တွေလည်း လုပ်ခဲ့သည်။ 'အကုသိုလ်'တွေလည်း များစွာပြုခဲ့သည်။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးခဲ့သည်။ ငါလုပ်လျှင် အရာရာမှာ အောင်မြင်သည်။ နေရာတကာမှာ
ငါ…ငါ…ငါ… မာန်မာနတွေ ထောင်လွှားခဲ့သည်။
ငါသိတယ်။
ငါတတ်တယ်။
ငါလုပ်နိုင်တယ် ဆိုသည်မှစ၍

ငါ..ငါ့ဟာ…ငါ့ဥစ္စာ… ငါပိုင်တာ… စသည်ဖြင့်
“ငါ” လုံးတွေ မိုးမွှန်နေခဲ့သည်။

မိမိ၏ ပတ်၀န်းကျင်တွင်လည်း ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူတွေ၊ ကိုယ့်ကို အထင်ကြီးလေးစားကြတဲ့သူတွေ၊
ကိုယ့်ကိုအရမ်းဂရုစိုက်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့သည်။

မိမိပြောခဲ့သမျှ၊ လုပ်ခဲ့သမျှ အောင်မြင်ခဲ့သည်။

မိမိ၊ သူတပါး၊ ဇနီးမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာတွေကို 'ထာ၀ရ ငါပိုင်' သည်ဟု ထင်ခဲ့သည်။

အခုတော့ ဒီလိုမဟုတ်တော့။ ထင်ခဲ့တာတွေ တစ်ခုမှ မဟုတ်တော့။ မိမိပိုင်ဆိုင်တာဟူ၍ ဘာမျှမရှိတော့ပေ။

မိမိကို ချစ်ခင်လှပါသည် ဆိုသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ....?။

တစ်ချိန်က
မိမိကို အထင်ကြီးလေးစား လှပါသည် ဟူသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ....?။

မိမိ၏အနီးကပ်ဆုံး မိသားစုများ၊ မိမိအနီးအပါးမှာ ကျန်နေသူများမှာလည်း အပြင်ပန်းက သာ ပြုစုနိုင်ကြသည်။

မိမိ၏ ဝေဒနာတွေ၊ နာကျင်ခံစားမှုတွေကို ဘယ်သူမှ မကယ်နိုင်တော့ပြီ။

'အိုဘေး'ကို လွန်ခဲ့ပြီ။

အလွန်တရာဆိုးရွားလှသော 'နာဘေးဆိုးကြီး' နှင့် ဒိဋ္ဌဓမ္မ ကြုံတွေ့နေရပြီ။

'သေဘေး' နှင့်ကား လွန်စွာနီး ကပ်နေပေပြီ။

'သား'လည်းမကယ်နိုင်၊ 'သမီး'လည်းမကယ်နိုင်၊ 'ဇနီး'လည်း မကယ်နိုင်ပြီ။ များပြားလှစွာသော အဖော်အပေါင်းတို့သည်လည်း ယခုအခါ ဘာဆိုဘာမျှ လုပ်ပေးနိုင်စွမ်း မရှိတော့ပြီ။

မိမိ၏ နံစော်ပုပ်ဟောင်လှစွာသော၊ အနာရောဂါတို့နှင့် ပြည့်နှက်နေသော ဤခန္ဓာကိုယ်ကြီးကို ....

မည်သူကမှ ...
မထိလိုကွ၊
မကိုင်လိုကြ၊
မမြင်လိုကြ တော့ပြီ ကို ကောင်းစွာ သဘောပေါက် နားလည်လာသည်။

ကိုယ့်ကိုယ်ကိုရော ....
ဘာများ တွယ်တာစရာ ရှိပါသေးသနည်း...?။

လှုပ်ရှား၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊
ကိုယ်စေခိုင်း၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊ အနာရောဂါတို့ဖြင့် ပြည့်နှက် လျှက်ရှိသော ခန္ဓာကိုယ်ကြီး၊ ဝေဒနာတို့၏ မပြတ်နှိပ်စက်မှုကို ခံနေရသော ခန္ဓာကိုယ်ကြီး၊ အပုပ်နံ့လှိုင်နေသော ခန္ဓာကိုယ်ကြီး၊
သွေး, ချွေး, ပြည်, သားငံရည်တို့ဖြင့် လိမ်းကျံထားသော ခန္ဓာကိုယ်ကြီး၊
ဘယ်နေရာမှ တွယ်တာ စရာ၊ တပ်မက်စရာ၊ မက်မောစရာ၊ လိုချင်စရာမရှိတော့သည့် ခန္ဓာကိုယ်ကြီး၊ ဘယ်သူကမှလည်း မလိုချင်တော့၊ မိမိကိုယ်တိုင်လည်း မလိုချင်တော့၊ မပိုင်ချင်တော့၊ ဤခန္ဓာကိုယ်ကြီးပါလား....!!!
ဟူသော 'သံဝေဂဥာဏ်' တို့သည် ထင်ရှားစွာဖြင့် တဖွားဖွား ဖြစ်ပေါ်လာသည်။

“'အိုဘေးဒုက္ခ'တွေ့ကြုံရ 'သား'က မကယ်ပြီ၊ 'နာဘေးဒုက္ခ'တွေ့ကြုံရ 'သမီး'က မကယ်ပြီ၊ 'သေဘေးဒုက္ခ'တွေ့ကြုံရ 'ဇနီး'က မကယ်ပြီ” ဆိုသလို

'အိုဘေး၊ နာဘေး၊ သေဘေး'နဲ့ တွေ့ကြုံတဲ့အခါမှာ
'ဇနီး၊ သားမယား၊ မိဘဆွေမျိုး၊ အပေါင်းအသင်း' တွေက ဘယ်သူမှလာပြီး ကယ်တင်နိုင်မှာ မဟုတ်ဘူး။

အဲဒီ
'အိုဘေး၊ နာဘေး၊သေဘေး' ဆိုတဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် အဖော်ကောင်းဆိုတာ .....

ကိုယ့်ရဲ့ကျင့်ကြံအားထုတ်ထားတဲ့ 'တရား'ပဲ !

မိမိသဏ္ဍာန်မှာ 'ဝိပဿနာတရား'ဆိုတဲ့ အဖော်ကောင်းလေးရှိပါစေ” ဟူသော ဆရာတော် အကြိမ်ကြိမ် ဆုံးမခဲ့သည့် တရားသံများ ကို ပြန်လည်ကြားယောင် မိလာသည်။

မှန်လိုက်တဲ့စကားတွေပါဘုရား!!!

အခုချိန်မှာ ...
တပည့်တော်မှာ အရင့်အရင် အချိန်က ကြိုးစားအားထုတ် လေ့ကျင့်ခဲ့သော 'တရား'တွေမှ တပါး 'အဖော်ကောင်း'ဆိုတာ မရှိပါဘုရား...!!! ဟု စိတ်ထဲမှ လျှောက်ထားမိသည်။

လက်ရှိခံစားတွေ့ကြုံနေရသော ဒုက္ခအပေါင်းတို့မှ လွတ်မြောက်နိုင်ရန် 'တရား'မှတပါး တစ်ခြားသော 'အားကိုးစရာ' မရှိတော့ပြီ။

'ဇနီး၊ သား၊ သမီး၊ ပစ္စည်းဥစ္စာ' တို့သည် အာရုံထဲတွင် မရှိတော့။ မိမိလေ့ကျင့်ခဲ့သော 'တရား' တို့ကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း ခန္ဓာကိုယ်ထဲသို့ 'ဥာဏ်' စိုက် လိုက်သည်။

များစွာသော ဝေဒနာတို့သည် ခန္ဓာကိုယ်၏ နေရာအနှံ့တို့မှ တပြိုင်တည်းနှိပ်စက် လျက်ရှိသည်။ ခန္ဓာအတွင်းမှ အသည်းတွေ၊ အူတွေ ပြတ်ထွက်မတတ်လောက်အောင် နာကျင်ခံစားနေရသော ဝေဒနာ၊
အသက်ရှု၍ မဝသော ဝေဒနာ၊ ခေါင်းထဲမှ မူးဝေနေသော ဝေဒနာ ၊
ခေါင်းထဲမှ ထိုးထိုး၍ ကိုက်နေသော ဝေဒနာ၊ အိပ်ယာပူ လောင်ထားသော ဝေဒနာ၊
ပုရွက်ဆိတ်၊ ခြင်၊ ယင်ကောင် စသည်တို့သည် ခန္ဓာကိုယ်အနှံ့ တရွရွ တလှုပ်လှုပ်နှင့် ကိုက်ခဲသွားလာနေမှုကြောင့် ခံစားနေရသော ဝေဒနာ၊

၄င်းတို့သည် တစ်ခါတစ်ရံ နားအတွင်း၊ တစ်ခါတစ်ရံ နှာခေါင်းအတွင်း၊ တစ်ခါ တစ်ခါ ပါးစပ်နှုတ်ခမ်း အ၀သို့၀င်၍ စိတ်ကြိုက်ခြယ် လှယ်နေကြသောကြောင့် ဖြစ်ပေါ်ရသည့် မခံချိ မခံသာသည့် ဝေဒနာ၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်ခုလုံး မီးပုံကြီးထဲသို့ ရောက်နေသကဲ့သို့ ပူလောင်ပြင်းထန်လှသလို တစ်ခါတစ်ခါ ရေခဲတုံးကြီးထဲ ၀င်နေရသလို အလွန်ချမ်းအေးလှသော ဝေဒနာ စသည်စသည်ဖြင့် ဝေဒနာပေါင်းစုံတို့သည် အဆက်မပြတ် သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် နှိပ်စက်၍နေကြသည်။

စိတ်တို့ကို လျှော့ချလိုက်သည်။ အသက်ကို ဖြည်းညင်းစွာ ရှိုက်လိုက်သည်။ ခန္ဓာကိုယ်ရှိ အကြောအခြင်တို့ကို တစ်ခုချင်း သတိကပ်၍ ဖြေလျှော့ချ လိုက်သည်။
နှာသီး၀တွင် တိုး၀င်လာသော လေ၏ ၀င်မှု၊ ထွက်မှုတို့ကို အသေးစိတ် ရှုမှတ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွရွမွမွ လှုပ်ရှားနေမှု၊ မာမှု၊ တင်းမှု။ ပျော့မှု၊ ပူမှု၊ အေးမှု၊ တောင့်တင်းမှု၊ နာကျင်မှု စသည့် ဖြစ်ပေါ်နေမှု တို့ကို အသေးစိတ်လိုက်၍ သိနေသည်။

ဤ'ခန္ဓာကိုယ်ကြီး'သည်ကား... 'ငါ'လည်း မဟုတ်၊ 'ငါ'ပိုင်ဆိုင်သော ခန္ဓာကိုယ်ကြီးလည်း မဟုတ်၊ သူ့သဘောနှင့်သူ ဖြစ်နေသော ခန္ဓာကိုယ်ကြီး၊ အကြောင်းတရားတို့က ပြုပြင်၍ နှိပ်စက်ခံနေရသော ခန္ဓာကိုယ်ကြီး အဖြစ် ရှင်းလင်းစွာ သိမြင်လာသည်။

ခန္ဓာကိုယ်ကြီးက
'ငါ'မဟုတ် သလို
နှိပ်စက်ခံနေ ရသော 'ဝေဒနာ' တို့သည်လည်း 'ငါ'မဟုတ်။

နှိပ်စက်နေသည်ကို သိ…သိ…နေသော 'သဘော' တို့သည်လည်း 'ငါ'မဟုတ်။ အားလုံး သူ့သဘောနှင့် သူ ဖြစ်နေကြခြင်းဖြစ်သည်ကို သိမြင်လာသည်။

ဝေဒနာပေါင်းမြောက်များစွာတို့အနက်မှ အပြင်းထန်ဆုံး နှိပ်စက်နေသော အထင်ရှားဆုံး ဝေဒနာတစ်ခုကို အာရုံစိုက်လိုက်သည်။ ဝေဒနာဖြစ်ပေါ်နေသော နေရာကို စူးစူးစိုက်စိုက် ထိုးထွင်း၍ ကြည့်လိုက်သည်။ ပထမတော့ နာကျင်နေမှုသည် အတုံးလိုက်၊ အခဲလိုက်ကြီး ဖြစ်နေသည်။ ရဲရဲနီနေသော သံပူခဲကြီး ကပ်ထားသလို ပြင်းထန်စွာ ပူလောင်လျှက်ရှိသည်။ စိတ်ကို အေးချမ်းသောအာရုံတွင် ထားရှိ၍ အသေးစိတ် စူးစိုက်ကြည့်သည်။

အပြင်လိုက်ကြီးဖြစ်နေသော ဝေဒနာခဲကြီးမှ အလွန်သေးငယ်သော နေရာတစ်ခုတွင် ပူကနဲ၊ ပူကနဲ၊ လှုပ်ကနဲ၊ လှုပ်ကနဲ ဖြစ်ပေါ်နေမှုတစ်ခုကို သတိထားမိလိုက်သည်။ မှတ်စိတ်အာရုံကို ထိုနေရာကလေးအပေါ်သို့ သေသေချာချာ စူးစိုက်ထားလိုက်သည်။

လှုပ်ရှားမှုတို့က ပိုမို ကျယ်ပြန့်လာသည်။ ပူကနဲ ရှိန်းကနဲ အဆက်မပြတ် ပြောင်းလဲနေသည့် သဘောတို့က ပိုမို ထင်ရှားလာသည်။ တစ်ပူနှင့်တစ်ပူ၊ တစ်ရှိန်နှင့်တစ်ရှိန်၊ တစ်လှုပ်နှင့်တစ်လှုပ်တို့၏ မတူညီကွဲပြားခြားနားမှုတို့ကို အသေးစိတ် မြင်လာသည်။ တစ်ပူပျောက်သွားပြီး နောက်တစ်ပူ ပေါ်လာသည်။ တစ်လှုပ်ပျောက်သွားပြီး နောက်ထပ်တစ်လှုပ် ပေါ်လာသည်။

ပူမှု၊ အေးမှု တို့သည် လည်းကောင်း၊ လှုပ်ရှားမှုတို့သည်လည်းကောင်း၊
မာမှု၊ ပျော့မှုသဘောတို့သည် လည်းကောင်း၊

တစ်ခုပေါ် တစ်ခုပျောက်၊ နောက်တစ်ခုပေါ် နောက်တစ်ခုပျောက်၊ နောက်ထပ်တစ်ခုပေါ် နောက်ထပ်တစ်ခု ထပ်ပျောက်၊ ဒီနေရာမှာ ပူမှုတို့ပျောက်ပြီး လှုပ်ရှားမှုတို့ ပေါ်ချင်ပေါ်ပြန်သည်။

အားလုံးတို့သည် သူ့သဘောနှင့်သူ ဖြစ်နေသည်။ မဖြစ်ချင်လို့မရ။
မပေါ်ချင်လို့မရ။ မပျောက်ချင်လို့မရ။ ဘာတစ်ခုကိုမှ ထိန်းချုပ်ရန် ကြိုးစားလို့မရ။
ဘာတစ်ခုကိုမှ အစိုးမရသောသဘောတို့သာ ထင်ရှားနေသည်။

ပေါ်သမျှတို့ကို မလွတ်တမ်းလိုက်၍ သိ…သိ…နေသည်။ ဖြစ်လာသည်…သိသည်။ ပျက်သွားသည်…သိသည်။ နောက်ပိုင်းတွင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ပျက်သည်ဟူ၍လည်းကောင်း မထင်ရှားတော့။ ဖြစ်မှုနှင့် သိမှု။ ဖြစ်မှုနှင့် သိမှု တို့သည်သာ ထင်ရှားနေသည်။ တစ်ဖြစ်ပြီးတစ်ဖြစ်၊ တစ်သိပြီးတစ်သိ၊ အဆက်မပြတ် မလွတ်တမ်းလိုက်၍ သိနေသည်။
ရုပ်တွေလား၊ နာမ်တွေလား၊ ဝေဒနာတွေလား၊ စိတ်တွေလား၊ ဘာတွေလဲဆိုသည်ကို မသိတော့။
ပေါ်လာသမျှတို့ကို သိ သိနေခြင်းသာ ရှိတော့သည်။ သင်္ခါရတရားတို့၏ မမြဲခြင်းသဘောတို့သည် ထင်ရှားနေသည်။
ပေါ်မှုနှင့် သိမှုတို့သည် တစ်ဖြည်းဖြည်း နက်ရှိုင်း နက်ရှိုင်းလာသည်။

ပိုပို၍ သိမ်မွေ့ သိမ်မွေ့လာသည်။
ပေါ်မှုနှင့် သိမှုတို့မှလွဲ၍ အခြားဘာအာရုံမှ မရှိတော့။

'ငါ'ဟူသည်လည်း မရှိတော့၊ 'ငါ့ခန္ဓာ'လည်း မရှိတော့။ 'ငါ့ဥစ္စာ'လည်း မရှိတော့။ အကောင်အထည်ဟု၍ ဘာဆိုဘာမှ မရှိတော့။

ပေါ်ခြင်းနှင့် သိခြင်းသဘော တို့သည်လည်း သိမ်မွေ့လွန်းမက သိမ်မွေ့လာသည်။ နက်ရှိုင်းလွန်းမက နက်ရှိုင်းလာသည်။

ထိုခဏမှာပင် အင်မတန် အင်အားကြီးမားသော အရာတစ်ခုက ဖြစ်မှု၊ သိမှု၊ အာရုံတို့ကို (အရာအားလုံးကို) စောင့်ဆွဲယူပြစ်သလို ခံစားလိုက်ရသည်။ သရက်ပင်မှ သရက်သီးကို လက်နှစ်ဖက်ဖြင့် အမိအရကိုင်၍ စောင့်ဆွဲယူပြစ်လိုက်သလို ပြတ်ကျသွားသည်။ ခေတ္တမျှ ငြိမ်ကျသွားသည်။ လောကကြီးနှင့် ခဏတာမျှ အဆက်အသွယ် ပြတ်သွားသည်။

သတိပြန်၀င်လာသည်။ ဘာဖြစ်သွားတာလဲဟု ဆင်ခြင်ကြည့်သည်။ ပေါ်မှုနှင့် သိမှုတို့ကို ပြန်ရှာကြည့်သည်။ ဟော ပြန်တွေ့ပြီ။ ဖြစ်ပျက်တို့သည် အနက်ရှိုင်းဆုံးတစ်နေရာမှ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ဆက်၍ ရှုမှတ်နေမိသည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။

စောစောက ဖြစ်ပျက်တြို ပျောက်သွားသော၊ ငြိမ်ကျသွားသော အာရုံတစ်ခုကို ပြန်၍ သတိရလိုက်သည်။ ဘာဖြစ်သွားတာပါလိမ့်...? ဟု စိတ်ညွှတ်ကြည့်သည်။ ပြန်လည် ငြိမ်ကျသွားသည်။ ထိုနေရာသို့ ပြန်ရောက်သွားသည်။ ဘာနှင့်မျှ မတူညီသော၊ မနှိုင်းယှဉ်နိုင်သော ငြိမ်းချမ်းမှုတို့ ရှိနေသည်ကို သိသည်။ ဖြစ်မှုမရှိ၊ ပျက်မှုလည်းမရှိ၊ စာနှင့်ရေး၍ ဖော်မပြတတ်လောက်သော အေးချမ်းမှုတို့ ရှိသည်။ တစ်သက်နှင့်တစ်ခါ ဘယ်တုန်းကမျှ မကြုံဖူး မခံစားဖူးသော ငြိမ်းချမ်းမှုတို့ကို သိနေသည်။ ထိုအခိုက် ဖြစ်ပျက်တို့ ဘယ်ရောက်သွားလဲ ပြန်ရှာကြည့်သည်။ ပြန်တွေ့သည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။ စောစောက အာရုံတို့ကို ပြန်၍ ညွှတ်ကြည့်သည်။ ပြန်တွေ့သည်။ ပိုမို၍ ထင်ရှားသော ငြိမ်းချမ်းမှုအာရုံတို့ကို သိနေသည်။ ဆက်၍ ဆက်၍ အခြားသိစရာတို့ကိုလည်း ဆက်၍ သိလိုက်သည်။ သိသည်… သိသည်…။ စိတ်တို့သည် အလွန်တရာ ကြည်လင်နေသည်။

“ငြိမ်သွားပြီ… အသက်မရှိတော့ဘူး… !
အခုမှပဲ သူ့ခမျာ ၀ဋ်ကျွတ်တော့တယ်…!” ဟူသော အသံသဲ့သဲ့ကို ကြားလိုက်ရသည်။

“အနံ့တွေကလဲ အတော်ထွက်နေပြီ၊ ‘ခေါင်း’ အဖုံးကို ပိတ်လိုက်တော့ဟေ့ !!” ဟု အော်ပြောသံကို ကြားလိုက်ရသည်။

“ကဲ… ကဲ… နောက်ဆုံးအနေနဲ့ ကြည့်ကြဦးမလား” ဟု အော်မေးနေသည်။
“ရပါပြီ၊ ပိတ်လိုက်ပါတော့” ဟူသော အသံကို ကြားလိုက်ပြန်သည်။ “ခဏနေကြပါဦး၊ ငါမသေသေးဘူး” ဟု အော်ပြောလိုက် သည်။
အသံက ထွက်မလာတော့။ ခန္ဓာကိုယ်ကလည်း နည်းနည်းမှပင် လှုပ်ရှား၍ မရတော့။ ထိုစဉ် ‘ခေါင်း’ ကို ပျဉ်ပြားဖြင့် ဖုံးလိုက်ကြသည်။ သံကို တူဖြင့် ထုရိုက်သည့် အသံတို့ကို တစ်ချက်ချင်း ကြားနေရသည်။ ကြားရသည့်အသံတို့ကို ရှုမှတ်နေဖြစ်သည်။ တစ်ချက်ပေါ် တစ်ချက်ပျောက်။ ရှုမှတ်စိတ်တို့က ကပ်မြဲ ကပ်နေသည်။

‘ခေါင်း’ အဖုံးကို ပိတ်လိုက်ပြီဖြစ်၍ လေ၀င်လေထွက် မရှိတော့။ အသက်ရှု၍ မဝတော့။ အသက်ကို အားရပါးရ ရှုလိုက်ချင်သည်။ မရတော့။ မွန်းကြပ်မှုတို့သည်သာ ပိုပို၍လာသည်။ ယခင်တုန်းက ဘာမှ တန်ဘိုးမရှိဟု ထင်ခဲ့သော လေ၏ အရေးပါမှုကို ကောင်းကောင်း သဘောပေါက်လိုက်သည်။

သို့သော် နောက်ကျခဲ့ပြီ။ သြော်… လေကိုမျှပင် မပိုင်တော့ပါလား…!!။

တစ်ခါက တရားစခန်းတစ်ခုတွင် မိုးရွာသဖြင့် ပြတင်းပေါက်များ ပိတ်ထား၍ မွန်းကြပ်သော ခံစားမှုတစ်ခုကို ပြန်သတိရလိုက်သည်။

“ယောဂီတို့… သေခါနီးအချိန်ကျရင် ဒီထက် အသက်ရှုကြပ်တာကို ကြုံတွေ့ရလိမ့်မယ်။ အသက်ရှုကြပ်ရင်လည်း အသက်ရှုကြပ်တာကို မှတ်နိုင်အောင် ကြိုးစား… ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်… ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို ရှုမှတ်နိုင်အောင်သာ ကြိုးစားကြ…” ဟု ဆရာတော်မှ သတိပေးခဲ့သည်။

ယခုကား ထိုတုန်းကထက် အဆပေါင်းများစွာ အသက်ရှုရန် ခက်ခဲလှသည်။ အသက်ရှုချင်သောစိတ်ကို ပြန်ရှုသည်။ ၀င်လေတစ်ခုကိုပင် မရနိုင်တော့ပြီ။ မိမိ၏ နောက်ဆုံးအချိန်သို့ ရောက်နေပြီဟု သိလိုက်သည်။

ရင်ထဲမှ လှိုင်းလုံးကြီးတစ်ခု လှိုက်၍ ဆို့တက်လာသည်။ ရင်၀သို့ရောက်လာ သည်။ ထိုမှတစ်ဆင့် လည်ချောင်း၀၊ တစ်ဆင့် ပါးစပ်မှ အံထွက်လာသည်။ ပါးပြင်ထက်သို့ ယိုစီးကျလာသည်။ ပါးပြင်ကို ဖြတ်ကျော်၍ လည်ပင်းဆီသို့ စီးဆင်းလာသည်။ ပူနွေးမှုသဘော… ယိုစီးမှုသဘောတို့ကိုသာ သတိထား မိလိုက်သည်။ ရှုမှတ်မှုတို့သည် အလွန်အားနည်းလာသည်။ အသိစိတ်တို့သည် အားပျော့ လာချေပြီ။
ခန္ဓာကိုယ်တွင်လည်း လှုပ်ရှားမှုမှန်သမျှ ဘာမှ မရှိတော့။
မသိတော့…။
ဘာမှ မသိတော့…။

ထိုခဏ ….. မွှေးပျံ့သော ရနံ့တို့ အသာအယာ တိုး၀င်လာသည်။ သာယာညင်းပြောင်းသော ဂီတသံစဉ်အချို့ကို သတိထားမိလိုက်သည်။ ပိုမို၍ ပီပြင် သဲကွဲလာသည်။ ဘယ်ရောက်နေသလဲဟု ဆင်ခြင်မိသည်။ သိလိုက်ပါသည်။

သာယာသော… လှပသော… ငြိမ်းချမ်းသော… ပျော်မွေ့ဖွယ်တို့ တည်ရှိနေသည့် နေရာတစ်ခုသာ ဖြစ်သည်။။

သဒ္ဓမ္မရံသီ မဟာစည် ဝိပဿနာ (၉) ရက် အထူးတရားစခန်း (June 4, 2016 to June 12, 2016) တွင် ပေးဝေလှူဒါန်းသော စာအုပ်လေးထဲမှ “မရဏလမ်းကို ကျော်ဖြတ်ခြင်း”

ဆရာလေး ပညာရံသီ

မေတ္တာဖြင့်
#ထွန်းနေခအောင်

Address

Hilton Ranch Road
Tucson, AZ
85746

Telephone

+15202701101

Website

Alerts

Be the first to know and let us send you an email when Kyaiktiyo USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Kyaiktiyo USA:

Share