09/07/2026
🌹 2026 ခု September to December လတို့အတွက် အာစိဏ္ဏကံ ကျောင်းလစဉ်အလှူ ကုသိုလ်ရှင် မှတ်တမ်း🌹
=================================
🌹ဗာဂျီနီယာပြည်နယ် ရာစ်ချမွန် (Richmond) မြို့တွင် မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ စုပေါင်း၍ တည်ထောင်ထားသော လုမ္ဗိနီသာသနာ့ရိပ်သာကျောင်းကြီး အရှည်တည်၍ တိုးတက်ပါစေခြင်း အကျိူးငှါ Virginia Beach တွင်နေထိုင်သော ကျောင်းအလှူရှင်များ ဖြစ်ကြသော Dr.ဦးကျော်တင့်+ဒေါ်ယဉ်ယဉ်မေ၊ သမီး မသက် မိသားစုတို့မှ အာစိဏ္ဏကံ ကျောင်းလစဉ်အလှူ အဖြစ် 2026 ခု September to December လေးလစာအတွက် အလှူတော်ငွေ ( $ 200 ) တို့ကို လှူဒါန်းပေးပါသည်။
🌹ယခုအလှူဟာ သံဃာတော်များ ချမ်းသာအေးမြ့စွာ သီတင်းသုံနေထိုင်ပြီး အများသူငှာ ကုသိုလ်တရားတို့ဖြင့် ချမ်းသာအောင် ရည်ရွယ်လှူဒါန်းကြတာမို့ အလှူရှင်တွေအတွက် ထာဝရ ကုသိုလ်တိုးသော အလှူဒါနမျိုူဖြစ်ပါတယ်။
🌹ထပ်ဆင့်ပြီး အကျိုးတရားတွေကို ဆက်စပ် စဥ်စားကြည့်လိုက်မယ်ဆိုရင် ကျောင်းအဆောက်အဦးတိုင်းမှာ ဘုရားရုပ်ပွားတော်များ ထည့်သွင်း ပူဇော်ထားကြပါတယ်၊ ဒါကြောင့် ဗုဒ္ဓပူဇာလည်း ဖြစ်ပါတယ်။ ထိုဘုရားရှင်ရဲ့ တရားတော်တွေကို ရွတ်ဖတ်ပူဇော်နေခြင်းကြောင့် ဓမ္မပူဇာလည်း ဖြစ်ပါတယ်။ ဒီကျောင်းတိုက်ကို အမှီပြုပြီး သံဃာတော် အရှင်သူမြတ် သီတင်းသုံးနေတဲ့ အတွက်ကြောင့် ထိုသံဃာတော်တွေကို ပူဇော်နေရလို့ သံဃပူဇာလည်ဖြစ်ပါတယ်။
🌹ဒါကြောင့် အလှူရှင်များက မိမိတို့အိမ်မှာ နေနေကြတယ်ဆိုပေမဲ့ ရတနာသုံးပါကို အမြဲ ပူဇော်နေကြရတဲ့ကုသိုလ်တွေ အစဥ်မြဲ ရနေကြတာပါ။
🌹သို့ဖြစ်၍ အလှူရှင်မိသားစုများ အားလုံးလည်း ဘဝများစွာ သံသရာတွင် လုံခြုံအေးမြချမ်းသာစွာဖြင့် ဘုရားရှင်နှင့် သူတော်ကောင်းကြီးများ ချီးမွမ်းအပ်သော ထူးမြတ်တရား အကျင်းများကို ပွါးများနိုင်ပြီး မဂ်ညဏ် ဖိုလ်ညဏ်တို့ဖြင့် ဒုက္ခအလုံးစုံ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မောက်ပြုနိုင်ကြပါစေ ။ September 6, 2026