MBC EM News

MBC EM News Mission news

 #ကိုယ်ကျိုးစွန့်ဝန်ထမ်းဂုဏ်ပြုခြင်း🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁သိက္ခါတော်ရဆရာစောဝင်းဖေဇင်သည် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ဧ/သဌာနတွင်...
07/19/2022

#ကိုယ်ကျိုးစွန့်ဝန်ထမ်းဂုဏ်ပြုခြင်း
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

သိက္ခါတော်ရဆရာစောဝင်းဖေဇင်သည် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ဧ/သဌာနတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တွဲဖက်ဌာနတာဝန်ခံအဖြစ်လည်း ကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနတာဝနအခံအဖြစ်လည်းကောင်း ကိုယ်ကျိုးစွန့်ဝန်ထမ်းခဲ့သည့်အတွက် လူမျိုးစုနှင့်ဒေသန္တရ(၁၈)ပါး၊ တိုက်ရိုက်ဆက်သွယ်သောအသင်းတော် (၂)ပါးမှ ဧ/သတာဝန်ခံများနှင့်အမ်ဘီစီ၊ဧ/သဌာနတို့မှ ဂုဏ်ပြုမှတ်တမ်းအားဖြင့် တစ်နှစ်ပြည့်အောက်မေ့ဘွယ်အခမ်းအနားတွင် ဂုဏ်ပြုအပ်ပါသည်။

တာဝန်ခံ
အမ်ဘီစီ ဧ/သဌာန

မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၏ ယခင်တာဝန်ခံ သိက္ခါတော်ရ ဆရာစောဝင်းဖေဇင် အောက်မေ့ဘွယ်အစည်းအ...
07/15/2022

မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၏ ယခင်တာဝန်ခံ သိက္ခါတော်ရ ဆရာစောဝင်းဖေဇင် အောက်မေ့ဘွယ်အစည်းအဝေးအား မိသားစုမှပြုလုပ်မည် ဖြစ်ပါသောကြောင့် ဖိတ်ကြားအပ်ပါသည်။

 #ဆရာဦးဇော်ဝင်း (၁၉၅၉-၂၀၂၂)အသက်တာကျေးဇူးတော်ချီးမွမ်းခြင်း💠💠💠💠💠💠💠💠💠💠မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧဝံဂေလိနှင်...
07/02/2022

#ဆရာဦးဇော်ဝင်း (၁၉၅၉-၂၀၂၂)
အသက်တာကျေးဇူးတော်ချီးမွမ်းခြင်း
💠💠💠💠💠💠💠💠💠💠

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၊ မြို့ကြီးပြည်သူသာသနာလုပ်ငန်းတွင် နှစ်ပေါင်းများစွာအစေတော်ခံခဲ့သော ချစ်သော ဆရာဦးဇော်ဝင်း၏ အသက်တာအတွက်ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်မိသားစုအတွက် ဆုတောင်းခြင်း အစီအစဥ်အား အမ်ဘီစီဧ/သဌာနနှင့် CMF-Myanmar တို့မှ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေး လုပ်ဖော်ဆောင်ဖက်များအား ဖိတ် ကြားအပ်ပါသည်။

နေ့ရက်။ ဇူလိုင်လ ၄ ရက် ၂၀၂၂ ခုနှစ်
အချိန်။ ညနေ ၅း၃၀ နာရီ(မြန်မာ)
ညနေ ၇းဝဝ နာရီ(WA, Standard Time)
ID-809 531 5695
Pass Code-55555

အထူးဝမ်းနည်းကြေကွဲခြင်း❇❇❇❇❇❇❇❇❇❇❇❇❇မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၊ မြို့ကြီးပြည်သ...
06/28/2022

အထူးဝမ်းနည်းကြေကွဲခြင်း
❇❇❇❇❇❇❇❇❇❇❇❇❇

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန၊ မြို့ကြီးပြည်သူသာသနာလုပ်ငန်းတွင်လည်းကောင်း၊ မြေပြန့်သာသနာလုပ်ငန်းများတွင်လည်းကောင်း နှစ်ပေါင်းများစွာဆက်ကပ်ခဲ့ပြီး Australia နိုင်ငံ Perth, Myanmar Baptist Church တွင်အစေတော်ခံနေစဥ် ခေါ်တော်မူခြင်းခံရသော Saya Zaw Win အား မိသားစုများနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုများအပေါ် ဘုရားသခင်နှစ်သိမ့်မှုပေးပါစေကြောင်းဖော်ပြအပ်ပါသည်။

ဧသဌာန
အမ်ဘီစီ

Photo crd.

 #ဆုတောင်းခြင်းလှုပ်ရှားမှုအစီအစဉ်(Prayer Mobilization Program)📌📌📌📌📌📌📌📌📌📌မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဆုတော...
06/19/2022

#ဆုတောင်းခြင်းလှုပ်ရှားမှုအစီအစဉ်
(Prayer Mobilization Program)
📌📌📌📌📌📌📌📌📌📌

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဆုတောင်းခြင်းလှုပ်ရှားမှုသည် ၂၀၁၀ ခုနှစ်မှ စတင်လာခဲ့သော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဘုရား သခင်၏သာသနာလုပ်ငန်းသည် တန်ခိုးတော်မြတ်အားဖြင့်သာ အောင်မြင်နိုင်မည်ဆိုသည့် ဓမ္မခံယူချက်အပေါ်တွင် အပြည့်အဝအခြေခံလျက်၊ မြန်မာနိုင်ငံဝန်းကျင်လူမှုအရေးများတွင် ဘုရားသခင်လှုပ်ရှားစေတော်မူပါစေကြောင်း၊ နှစ်ခြင်းအသင်းတော်နှင့် ယုံကြည်သူများအားလုံး ဆုတောင်းခြင်း၌ တတပ်တအားလက်တွေ့ပါဝင်ကြရန် တွန်းအားပေးသော အစီအစဉ်တစ်ရပ်ဖြစ် ပါသည်။ သမ္မာကျမ်းစာတွင်လည်းကောင်း၊ အသင်းတော်သမိုင်းတွင်လည်းကောင်း ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ အလုပ်လုပ်တော်မူခြင်းဆိုသည်မှာ ခွဲခြားမရသောအရာနှစ်ခုဖြစ်ပေရာ မြန်မာပြည်သာသနာအတွက် နှစ်ခြင်းယုံကြည်သူများအားလုံး လက်တွေ့ပါဝင် အသုံးတော်ခံနိုင်ရန်ဖြစ်ပါသည်။

#ဦးတည်ချက်
📌📌📌📌
ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏အလိုတော် မြန်မာပြည်၌ ပြည့်စုံရန်ဖြစ်ပါသည်။

#ရည်ရွယ်ချက်များ
📌📌📌📌📌
(၁) မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ဝင် အသင်းတော်ပေါင်း (၅၃၃၇) ပါးမှ ယုံကြည်သူများ အစီ အစဉ်တစ်ခုတည်းအောက်တွင် ဆုတောင်းခြင်းဖြင့် အသင်းချုပ်စိတ်ဓါတ် တိုးပွားလာစေရန်။
(၂) ယုဒသန်နေ့အကြို ရက်သတ္တပတ် ဆက်တိုက် ဆုတောင်းခြင်းဖြင့် ဘုရားသခင် အလုပ်လုပ်တော်မူခြင်းကို မြင်တွေ့နိုင်စေရန်။
(၃) နယ်အဖွဲ့တစ်ခုလျှင် ၂ နာရီ(အနည်းဆုံး) ပါဝင်ဆုတောင်းခြင်းဖြင့် မြန်မာပြည်မှနှစ်ခြင်းယုံကြည်သူ များသည် ဆုတောင်းသက်သေခံသောယုံကြည်သူများ သာသနာပြုသော အသင်းတော်များဖြစ်လာကြစေရန် စသည်တို့ဖြစ်ပါသည်။

Prayer Mobilization Program
MBC, EM Department

သိက္ခာတော်ရဒေါက်တာစောစေးခူ၏ သာသနာ့ခရီးမှတ်တမ်း  (အကျဉ်း)📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌ဆရာဒေါက်တာစောစေးခူသည် အဖ ဦးစောစေးဒို အမိ ဒေါ်ခ...
06/18/2022

သိက္ခာတော်ရဒေါက်တာစောစေးခူ၏ သာသနာ့ခရီးမှတ်တမ်း (အကျဉ်း)
📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌📌

ဆရာဒေါက်တာစောစေးခူသည် အဖ ဦးစောစေးဒို အမိ ဒေါ်ခင်ကြည်တို့၏ သားဦးဖြစ်ပြီး ၁၉၆၈ ခုနှစ် ဇန္နဝါရီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ဆရာသည် အထက်တန်းကျောင်းသားဘဝတွင် သခင်ယေရှုခရစ်တော်၏ ခေါ်တော်မူသံကို ကြား၍ ကိုယ်တော် အတွက် အချိန်ပြည့် အမှုတော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် ဓမ္မပညာများကို ဆည်းပူးခဲ့ရာ ၁၉၉၆ ခုနှစ်တွင် B.RE ဘွဲ့ကို လည်းကောင်း ၁၉၉၈ ခုနှစ် တွင် B.D ဘွဲ့ကို လည်းကောင်း ရရှိခဲ့ပါသည်။

မိခင်အသင်းတော်ဖြစ်သော ကံဘဲ့ နှစ်ခြင်းခရစ်ယာန်အသင်းတော် တွင် ၁၉၉၉ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ စ၍ အစမ်းခန့် ဓမ္မအမှုတော်ဆောင် အဖြစ် ၁ နှစ်ကြာ အမှုတော်ဆောင်ခဲ့ပါသည်။ အစမ်းခန့် ၁ နှစ် ပြည့်သောအခါ အသင်းတော်၏ အချိန်ပြည့် ဓမ္မအမှုတော်ဆောင် တစ်ပါးအဖြစ် ခန့်အပ်ခဲ့ပါသည်။ အသင်းတော်မှ ပေးအပ်သော တာဝန်များဖြစ်သော လူငယ်ဥက္ကဌ၊ ဆုတောင်းအဖွဲ့ငယ် တာဝန်ခံ၊ ဧဝံဂလိတာဝန်ခံ စသည့် တာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။ အသင်းတော်၏ ဓမ္မပညာဌာနမှ ဖွင့်လှစ်သော နှစ်ခြင်းမင်္ဂလာသင်တန်းတွင် သင်ကြားပို့ချသော ဆရာတစ်ဦးအဖြစ် ယနေ့တိုင်အောင် ဆပ်ကပ်အစေခံလျှက်ရှိပါသည်။

ပဲခူးသာသနာနယ်တွင် လူငယ်ဌာန သဘာပတိ အဖြစ်လည်းကောင်း သာသနာနယ်မှ ဖွဲ့စည်းသော လုပ်ငန်း ကော်မတီများတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆပ်ကပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(Myanmar Baptist Convention) ဧဝံဂလိနှင့်သာသနာပြုရေးဌာန တွင် ကော်မတီဝင်တစ်ဦးအဖြစ် ပါဝင်ဆပ်ကပ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ်(MBCU) တွင် လူငယ်ဌာန သဘာပတိ၊ သာသနာပြုရေးဌာန သဘာပတိ နှင့် တွဲဘက် အထွေထွေ အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ခေါင်းဆောင်မြင့်တင်ရေးနှင့် ပညာသင်ထောက်ပံ့ဆု ဌာန၏ သဘာပတိ တာဝန်ကို ထမ်းဆောင်နေပါသည်။ ဆရာဒေါက်တာစောစေးခူကို ကံဘဲ့နှစ်ခြင်းခရစ်ယာန် အသင်းတော်တွင် ၂၀၂၂ ဇွန်လ ၁၈ ရက် စနေနေ့၌ သိက္ခာတင်ပါသည်။

ဆရာတော်၏ သိက္ခာတင်ခြင်းအပေါ် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာနမှလည်း အထူးဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ဆရာတော်၏သာသနာလုပ်ငန်းတွင် ဘုရားသခင်ဆက် လက်လမ်းပြစေ ပါမည်အကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 #ဆရာကြီးယုဒသန်၏ သမိုင်းဝင်ဖြစ်ရပ်စဉ်များ             (Adoniram Judson)📌📌📌📌📌📌📌📌📌📌📌📌၁၇၈၈ - သြဂုတ်လ(၉)ရက်l အဒိုနီရမ်ဂျဒ်ဆင...
06/11/2022

#ဆရာကြီးယုဒသန်၏ သမိုင်းဝင်ဖြစ်ရပ်စဉ်များ
(Adoniram Judson)
📌📌📌📌📌📌📌📌📌📌📌📌

၁၇၈၈ - သြဂုတ်လ(၉)ရက်l အဒိုနီရမ်ဂျဒ်ဆင်l မော်လ်ဒဲန်မြို့l မက်ဆာချူးဆက်၌ ဖွားခြင်း။

၁၇၈၉ - ဒီဇင်ဘာ(၂၂)ရက်l အဲန်းဟက်ဆယ်လ်l တင်းဘရက်ဖော့ဒ်မြို့l မက်ဆာချူးဆက်နယ်၌ ဖွားမြင်။

၁၈၁၃ - နိုဝင်ဘာ(၃)ရက်l စာရာဟောလ်l အဲလ်စတက်ဒ်မြို့l နယူးဟန်ရှိုင်းယားနယ်၌ ဖွားမြင်။

၁၈၀၄ - သြဂုတ်လ(၁၇)ရက်l အဒိုနီရမ်ဂျဒ်ဆင် ဘရောင်းတက္ကသိုလ်သို့ စတင်တက်ရောက်။

၁၈၀၇ - ဧပြီ(၃၀)ရက်l အဒိုနီရမ် ဘရောင်းတက္ကသိုလ်မှ ဘွဲ့ရ။

၁၈၀၈ - အောက်တိုဘာလ(၁၂)ရက်l အဒိုနီရမ်ဂျဒ်ဆင် အင်ဒိုဗာကျမ်းစာကျောင်းသို့တက်ရောက်။

၁၈၀၈ - ဒီဇင်ဘာ(၂)ရက်l အဒိုနီရမ်ဂျဒ်ဆင် ဘုရားသခင်ထံ လေးနက်စွာဆက်ကပ်။

၁၈၁၀ - ဖေဖော်ဝါရီလl အဒိုနီရမ်ဂျဒ်ဆင် သာသနာပြုဆရာဖြစ်ရန် ဆုံးဖြတ်ချက်ချ။

၁၈၁၀ - ဇွန်လ(၂၈)ရက်l အဒိုနီရမ်ဂျဒ်ဆင် သာသနာပြုအဖွဲ့အစည်း ဖွဲ့စည်းရန် သင်းလုံးကျွတ်စည်းဝေးသို့ တင်ပြတောင်းဆိုl အန်း နှင့်လည်း တွေ့ဆုံ။

၁၈၁၂ - ဖေဖော်ဝါရီလ(၅)ရက်l အဒိုနီရမ်ဂျဒ်ဆင် နှင့် အမ်းတို့ လက်ထပ်ထိမ်းမြား။

၁၈၁၂ - ဖေဖော်ဝါရီလ(၆)ရက်l အဒိုနီရမ်ဂျဒ်ဆင် တက်ဘယ်နက်ကယ်အသင်းတော်l စေးလဲမ်းl မက်ဆာချူးဆက်နယ်၌ လက်တင်မင်္ဂလာခံယူ။

၁၈၁၂ - ဖေဖော်ဝါရီလ(၁၉)ရက်l အဒိုနီရမ်ဂျဒ်ဆင် နှင့် အမ်း ကာလကတ္တားသို့ ထွက်ခွာ။

၁၈၁၂ - ဇွန်လ(၁၇)ရက်l အဒိုနီရမ်ဂျဒ်ဆင်နှင့် အမ်း ကာလကတ္တားသို့ ဆိုက်ရောက်။

၁၈၁၂ - စက်တင်ဘာလ(၆)ရက်l အဒိုနီရမ်နှင့် အမ်း ကာလကတ္တား၌ နှစ်ခြင်းမင်္ဂလာခံယူ။

၁၈၁၃ - ဇူလိုင်လl အဲန်းသည် ပင်လယ်ပြင်၌ အသက်မရှိတော့သော သားလေးမွေးဖွား။

၁၈၁၃ - ဇူလိုင်လ(၁၃)ရက်l အဒိုနီရမ်ဂျဒ်ဆင်နှင့် အမ်း ရန်ကုန်သို့ရောက်ရှိ။

၁၈၁၅ - စက်တင်ဘာလ(၁၁)ရက်l ရော်ဂျာဝေလျံဂျဒ်ဆင် ရန်ကုန်၌ဖွားမြင်။

၁၈၁၆ - မေလ(၄)ရက်l ရော်ဂျာဝေလျံဂျဒ်ဆင် သေဆုံး။

၁၈၁၇ - သြဂုတ်လ(၂၂)ရက်l အဲမလီချပ်ဘတ်l အီတန်l နယူးယောက်၌ဖွားမြင်။

၁၈၁၉ - ဇွန်လ(၂၇)ရက်l ပထမမြန်မာယုံကြည်သူ မောင်နော နှစ်ခြင်းမင်္ဂလာခံယူ။

၁၈၂၃ - ဇူလိုင်လ(၁၂)ရက်l အဒိုနီရမ်ဂျဒ်ဆင် မြန်မာဓမ္မာသစ်ကျမ်း ဘာသာပြန်ဆိုမှု ပြီးစီး။

၁၈၂၄ - ဇန်နဝါရီလ(၂၃)ရက်l အဒိုနီရမ်ဂျဒ်ဆင်နှင့် အမ်း အင်းဝသို့ရောက်ရှိ။

၁၈၂၄ - ဇွန်လ(၈)ရက်l အဒိုနီရမ်ဂျဒ်ဆင် အကျဉ်းကျခံရ။

၁၈၂၅ - ဇန်နဝါရီ(၂၆)ရက်l မာရီးယားအဲလစ်ဇဘက် ဘတ်တာဝပ်ဂျဒ်ဆင် အင်းဝ၌ဖွားမြင်။

၁၈၂၅ - မေလ(၂)ရက်l အဒိုနီရမ်ဂျဒ်ဆင်အား အောင်ပင်လယ်ထောင်သို့ ရွှေ့ပြောင်း။

၁၈၂၅ - ဒီဇင်ဘာလ(၃၁)l အဒိုနီရမ်ဂျဒ်ဆင် ထောင်မှလွတ်l မြောက်ဖက်မုခ်ဝန်မင်း၏ ကြီးကြပ်မှုအောက်၌ထားရှိ။

၁၈၂၆ - ဖေဖော်ဝါရီလ(၂၁)ရက်l အဒိုနီရမ်ဂျဒ်ဆင်နှင့် အမ်းတို့ အင်းဝမှထွက်ခွာ။

၁၈၂၆ - ဇူလိုင်လ(၂)ရက်l အဒိုနီရမ်ဂျဒ်ဆင်နှင့် အမ်းတို့ ကျိုက္ခမီသို့ ရောက်ရှိ။

၁၈၂၆ - ဇူလိုင်လ(၅)ရက်l ရန္တပိုစာချုပ် ဘာသာပြန်ရန် အဒိုနီရမ် ထွက်ခွာ။

၁၈၂၆ - အောက်တိုဘာလ(၂၄)ရက်l အဲန်းဟက်ဆင်တင်း ကျိုက္ခမီ၌သေဆုံး။

၁၈၃၄ - ဇန်နဝါရီလl အဒိုနီရမ်ဂျဒ်ဆင် ဓမ္မဟောင်းကျမ်း ဘာသာပြန်ဆိုမှုပြီးစီး။

၁၈၃၄ - ဧပြီလ(၁၀)ရက်l အဒိုနီရမ်ဂျဒ်ဆင် စာရာဟောလ်ဘို့ဒ်မန်းအား ထားဝယ်၌ လက်ထပ်ထိမ်းမြား။

၁၈၃၅ - အောက်တိုဘာလ(၃၁)l အဘီဂေးလ်အဲန်းဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၃၇ - ဧပြီလ(၇)ရက်l အဒိုနီရမ်ဘရောင်းဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၄၁ - မတ်လ(၈)ရက်l လူသာဂျဒ်ဆင် မော်လမြိုင်၌ အသက်မရှိဘဲ မွေးလာ။

၁၈၄၁ - ဇူလိုင်လ(၃၀)ရက်l ဟင်နရီဂျဒ်ဆင် စီရမ်ပူ၌ သေဆုံး။

၁၈၄၂ - ဇူလိုင်လ(၈)ရက်l ဟင်နရီဟောလ်ဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၄၃ -- ဒီဇင်ဘာလ(၁၈)ရက်l ချားလ်ဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၄၄ - ဒီဇင်ဘာ(၂၇)ရက်l အက်ဒဝပ်ဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၄၅ - စက်တင်ဘာလ(၁)ရက်l စာရာဟောလ်ဘို့ဒ်မန်းဂျဒ်ဆင် စိန့်ဟယ်လီနာ၌ သေဆုံး။

၁၈၄၆ - ဇွန်လ(၂)ရက်l အဒိုနီရမ်ဂျဒ်ဆင် နှင့် အဲမလီချပ်ဘတ်တို့ လက်ထပ်ထိမ်းမြား။

၁၈၄၇ - ဒီဇင်ဘာလ(၂၄)ရက်l အဲမလီဖရန့်စ်ဂျဒ်ဆင် မော်လမြိုင်၌ ဖွားမြင်။

၁၈၅၀ - ဧပြီလ(၁၂)ရက်l အဒိုနီရမ်ဂျဒ်ဆင် ပင်လယ်ပြင်၌ သေဆုံး။

၁၈၅၁ - ဧပြီလ(၂၃)ရက်l ချာလီဂျဒ်ဆင် မော်လမြိုင်၌ အသက်မပါဘဲ မွေးလာ။

၁၈၅၄ - ဇွန်လ(၁)ရက်l အဲမလီချပ်ဘတ်ဂျဒ်ဆင် ဟမ်မေးလ်တန်l နယူးယောက်၌ သေဆုံး။

 #တွေ့ဆုံခြင်း🎟🎟🎟🎟မြန်မာနိုင်ငံအသင်းတော်များကောင်စီ(MCC)၊ သာသနာပြုရေးနှင့်တလုံးတဝဖြစ်ရေးဌာန (Mission and Ecumenical Depa...
05/17/2022

#တွေ့ဆုံခြင်း
🎟🎟🎟🎟

မြန်မာနိုင်ငံအသင်းတော်များကောင်စီ(MCC)၊ သာသနာပြုရေးနှင့်တလုံးတဝဖြစ်ရေးဌာန (Mission and Ecumenical Department) မှ ဌာနသဘာပတိ Rev. Dr. Van Ding Lian (MEC) နှင့် အလုပ်မှုဆောင်အတွင်းရေးမှုး Rev. Vanlalchhuanga(Upper Methodist)တို့သည်
၁၆-၀၅-၂၀၂၂ ခုနှစ် နေ့လည်တွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧဝံဂေလိနှင့်သာသနာပြုရေးဌာနသို့ လာရောက်လည်ပတ်မိတ်သဟာယဖွဲ့ကာ သာသနာလုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြပါသည်။

မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် အထွေထွေအတွင်းမှုး Rev. Dr. Thang Cin Lian၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန သဘာပတိ Rev. Cin Sian Pau နှင့် ဌာနတာဝန်ခံ Rev. Ro Sang တို့မှ ဧည့်ခံနှုတ်ဆက်တွေ့ဆုံခဲ့ကြပါသည်။

 #ဧဝံဂေလိနှင့်သာသနာပြုဆိုင်ရာစွမ်းဆောင်မှုမြှင့်တင်ရေးသင်တန်း(စတုတ္ထအကြိမ်)📌📌📌📌📌📌📌📌📌မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်အတွင...
04/28/2022

#ဧဝံဂေလိနှင့်သာသနာပြုဆိုင်ရာစွမ်းဆောင်မှုမြှင့်တင်ရေးသင်တန်း
(စတုတ္ထအကြိမ်)
📌📌📌📌📌📌📌📌📌

မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်အတွင်းရှိ၊ လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ၊ တိုက်ရိုက်ဆက်သွယ်သောအသင်းတော်များမှ စေလွှတ်သော ဧဝံဂေလိနှင့်သာသနာပြုဆရာ/ဆရာမများများအား သာသနာကွင်းအတွင်းပိုမိုထိရောက်စွာသာသနာပြုနိုင်ပြီး သာသနာစွမ်းဆောင်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ဧဝံဂေလိနှင့်သာသနာပြုရေးဌာနမှ ဦးဆောင်ကာ လစဉ် လူမှုကွန်ယက်မှ သင်တန်းပြုလုပ်လျက်ရှိပါသည်။

စတုတ္ထအကြိမ်အဖြစ် "ရှေ့တန်းသာသနာအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း"အား သာသနာပြုဆရာကြီး Rev. MD Chang Khaw မှ ၂၀၂၂ ခုနှစ် ဧပြီလ(၂၈) ရက်နေ့၊ နံနက်(၉းဝဝ) တွင်ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်သာသနာအတွေ့အကြုံများအားဝေငှသွားခဲ့ပါသည်။

အဖွဲ့ချုပ်အသီးသီးမှ သာသနာပြုကိုယ်စားလှယ်ပေါင်း (၇၅) ရောက်ကျော်တက်ရောက်ခံယူနိုင်ခဲ့ကြပါသည်။ ရခိုင်ပြည်နယ်နှစ်ခြင်းအဖွဲ့ချုပ်မှ မိတ်ဖက်သာသနာပြုဆရာပေါင်း (၃၀) ကျော်မှ တက်ရောက်နားဆင်ခွင့်ရခဲ့ပါသည်။

Rev. Chang Khaw သည် Kachin Baptist Convention ၏ မိတ်ဖက်သာသနာအစီစဥ်ဖြင့် ရခိုင်ပြည်နယ် လိုင်းတူသာသနာ၊ စုမ်းတူသာသနာနယ်များတွင်လည်းကောင်း၊ ကယားသာသနာတွင်လည်းကောင်း နှစ်ပေါင်းများစွာဆက်ကပ်ခဲ့ကာ ယခုတွင် "နေပြည်တော်ကချင်နှစ်ခြင်းအသင်းတော်" တွင် သင်းအုပ်ဆရာအဖြစ်သာသနာပြုလျက်ရှိပါသည်။

မေလ(၂၆) ရက်နေ့မနက်တွင် ပဥ္စမအကြိမ်ပြုလုပ်သွားမည်ဖြစ်သောကြောင့် လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်နှင့်တိုက်ရိုက်ဆက်သွယ်သော အသင်းတော်အသီးသီးမှ ဧဝံဂေလိသာသနာပြုများ၊ ကိုယ်စားလှယ်တော်များ ပိုမိုပါဝင်နိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

ဧဝံဂေလိနှင့်သာသနာပြုရေးဌာန
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

👉ဆက်သွယ်ရန်
ဆရာစောဒယ်နီရာယ်
၀၉၂၅၆၁၇၂၂၆၈

Address

Minye Kyawswa Lane
San Francisco, CA

Alerts

Be the first to know and let us send you an email when MBC EM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to MBC EM News:

Share