06/03/2025
ဘယ်သူမှ ငါတားစည်းလို့မရတော့ဘူး ငါလုပ်စရာရှိတာ ငါလုပ်တော့မှာ ဖန်ဆင်းရှင် ကိုးကွယ် သူများရဲ့ ယုံကြည်
ခြင်းလေ့လာဖူးသလား ငါမေးနေတာ လွင်ခဲ့ သော ၂၀၁၉ ကတည်းက အပြန်အလှန် လေးစားခြင်း မရှိသည်အတွက် ငါလုပ်စရာရှိတာ ငါလုပ်မှာ ဘယ်သူမှ အားမနာတော့ဘူး ဘယ်သူမျက်နာ မထောက်တော့ တခြားသူ
ဘာပြောမှာလဲ သူတို့မှ နားမလည်တာ ကျမ်းစာလူတိုင်
နားလည်တဲ့ စာမဟုတ်ဘူး ကျမ်းစာနားလည်ဖို့ဆိုလျှင်
နပ်ချခြင်းရှိရမယ် ပညတ်တော်အလုံးစုံတို့ကျင့်ရမယ်
ကျမ်းစာကို ဖတ်တယ်ပြောရုံ ဖတ်လို့မရဘူး ကျမ်းစာ
ဖတ်ပြီးရင် ရင်ဘာပြောနေတာလဲ လေးလေးနက်နက်
ပြန်စဥ်းစား ရမယ် ကြိုက်တဲ့ လာခဲ့ ငါဆက်ရှင်းမယ်
ငါကြမ်းကြမ်းပြောတာ မကြိုက်ရင် ငါရှေ့မှာ လာပြီး
ငါတို့ ဘာသာရေး မဆိုင်တဲ့ စာလာမရေးနှင့် ဘယ်သူ
မှ ဗုဒ္ဓဘာသာ လာမဟောနှင့် ဟောတာနှင့် ကြမ်းကြမ်း
ပြီ သာမှတ်ထား ငြိမ်ငြိမ်လေး နေမဟုတ်ရင် ကြမ်းမှာ
အေးဆေးရှင်းပြရင် နောက်လာပြီး မဝေဖန်နှဲ့ ငါယုံကြည်တဲ့ ဘာသာတရား ငါဒဲ့မရှင်းချင်လို့ နားလည်သလား
မေးနေတာ ဘယ်သူမှ အပြန်အလှန်လေးစားခြင်း မရှိတာ မလေးစားနဲ့ ငါလည်း ငါအလုပ်ကာလုပ်မှာပဲ
သူများ ငါ့သတ်ပစ်မှားလည်း မကြောက်ဘူး
ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ သက်သေခံချက်ကြောင့်လည်းကောင်း၊ အသေသတ်ခြင်းကိုခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။- သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။ဗျာဒိတ်ကျမ်း 6:9-11
ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။- ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပထမထမြောက်ခြင်း ဖြစ်သတည်း။- ပထမထမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ဗျာဒိတ်ကျမ်း 20:4-6
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။- ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။-ရှင်မဿဲခရစ်ဝင် 5:10-12
သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။-
ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။- ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။
၂ တိမောသေသြဝါဒစာဒုတယစောင် 4:5, 7-8
ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။- သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။- ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။- လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။- ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။- ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ ပြီးလိမ့်မည်နည်း။- ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။- ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။
၁ ရှင်ပေတရုဩဝါဒစာပထမစောင် 4:12-19
ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။- သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင်၊- ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း၊ ငါမြင်သည်ဟု ဆို၏။- ထိုသူတို့သည် ပြင်းစွာသောအသံနှင့် ဟစ်ကြော်၍ နားကိုပိတ်ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တစ်ဟုန်တည်းပြေး၍၊- မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။- ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။- ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။
တမန်တော်ဝတ္ထု 7:54-60
လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။-ရှင်ယောဟန်ခရစ်ဝင် 15:18-20
ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။- ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။- ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ် ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။- သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။- ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတစ်ဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည်ဟု ငါသိ၏။-
သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။- ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။- အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတစ်ပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
ဖိလိပ်ပိဩဝါဒစာ 1:21-29
မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှာ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။- အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။- ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။- ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည် နေရကြ၏။- ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ကတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။- အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဖို့ အလိုငှာ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။
ဟဗွေဲဩဝါဒစာ 11:35-40
သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။- ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။ဗျာဒိတ်ကျမ်း 2:10-11
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။- လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 16:24-26, 28
သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်း ဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။
ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။- ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။- မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။- ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။- အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
၁ ရှင်ယောဟန်သြဝါဒစာပထမစောင် 3:11-17
တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။- လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။- ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တို့သည် ရကြလိမ့်မည်။- အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- ထိုအခါ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။- တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။- တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-
ထိုကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသော အရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။- မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။
တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။- စာငှက်နှစ်ကောင်ကို အဿရိတစ်ပြား အဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။- သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။- ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍ မြတ်ကြ၏။- အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။
ရှင်မဿဲခရစ်ဝင်10:16-33
ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။-
သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။-
မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။-
လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ရှင်မဿဲခရစ်ဝင် 24:4, 6, 12, 14