Fiat - CBCR

Directions Website

Fiat - CBCR To share faith, knowledge , and to promote vocational awareness.

06/21/2026

HAPPY FATHER'S DAY! GOD BLESS

08/19/2023

နာမည်ကျော် တင်းနစ်သမား
အာသာအက်ရှ်ဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ ဖြစ်ခဲ့တယ်။

သူသေရတော့မယ့်အချိန်မှာ ပရိတ်သတ်တွေက စာတွေပို့ပြီး အားပေးစကားပြောကြတယ်။

အဲဒီထဲက တစ်ယောက်သောပရိတ်သတ်က
အာသာအက်ရ်ှကို မေးခွန်းထုတ်တယ်။

ဘုရားသခင်က ဘာလို့များ ခင်ဗျားကိုမှ
ဒီရောဂါ ဆိုးကြီး ဖြစ်စေရတာလဲဗျာတဲ့။

ဒီတော့ အာသာအက်ရ်ှက စာပြန်တယ်။

ကမ္ဘာပေါ်မှာ ကလေးသန်း ၅၀ လောက်
တင်းနစ် ကစားကြတယ်။

၅ သန်းလောက်က သေချာ သင်ယူကြတယ်။

၅ သိန်းလောက်က
ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ကြိုးစားကြတယ်။

ဒါပေမယ့် ၅ သောင်းလောက်ပဲ ပြိုင်ပွဲဝင်ပြိုင်နိုင် ကြတယ်။

အဲဒီထဲမှာ ၅ ထောင်လောက်က
ဂရင်းဆလန်းကို ရောက်တယ် ။

ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့သူကတော့
အယောက် ၅၀ ပဲရှိတယ်။

ဆီမီးဖိုင်နယ်ကို ၄ ယောက်တက်ပြီး
ဖိုင်နယ်ကို ၂ ယောက်ရောက်တယ်။

ချန်ပီယံဆုဖလားကို ငါကိုင်မြောက်နိုင်တဲ့
အချိန်တွေတုန်းက ဘာကြောင့် ငါ့ကိုမှရွေးပြီး
ဗိုလ်စွဲရတာလဲလို့ ဘုရားကို
တစ်ခါမှ မမေးခဲ့ဖူး ပါဘူးတဲ့။

ဒါကြောင့် အခု ဒီလိုရောဂါဖြစ်တော့မှ
ငါ့ကိုမှ ဖြစ်ရတယ်လို့ ဘုရားကို သွားမေးရင်
ဘယ်တရား ပါ့မလဲလို့ ပြန်ဖြေသွားခဲ့တယ်။

စိတ်ချမ်းသာတယ်ဆိုတာ အလိုလိုက်
အကြိုက်တွေ့ စရာ ဖြစ်တယ်။

စမ်းသပ်တယ်ဆိုတာ ခံနိုင်ရည်ရှိအောင် ဖြစ်တယ်။

လူတိုင်းမှာ သောက ရှိပေမယ့်
အောင်မြင်ရင် ထောင်လွှားပြီး
ဆုံးရှုံးမှုတွေများလာတော့မှ
မာန်စွယ်ကျိုး လာတယ်။

ဒါပေမယ့် ယုံကြည်မှု သဒ္ဓါတရားရှိရင်
ဘာမဆို ဖြစ်နိုင်တယ်။

စိတ်ချမ်းသာစရာတွေနဲ့ အောင်မြင်နေတုန်းက
ဘုရားကိုမေ့နေပြီး ဒုက္ခရောက်တော့မှ ဘုရားတ
လို့ရော ဘာထူးမှာလဲ။

ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘဝကို အားကျနေတဲ့လူတွေ ဒီကမ္ဘာမှာ အများကြီးရှိတယ်။

လယ်ကွင်းထဲက ကလေးက
လေယာဉ်ပျံသွားတာကို မော့ကြည့်ပြီး
လေယာဉ်စီးဖို့ စိတ်ကူးယဉ်နေ
ပေမယ့် လေယာဉ်မောင်းတဲ့
ပိုင်းလော့ကတော့ လယ်ကွင်းထဲက ကလေးကို ငုံ့ကြည့်ပြီး
အိမ်ပြန်ချင်စိတ် ဖြစ်ရင်ဖြစ်နေမယ်။

ဘဝဆိုတာ ဒါပဲလေ.....

ကိုယ့်ဘဝကိုယ် ပျော်ဖို့လိုတယ်။

ချမ်းသာမှ ပျော်ရမယ်ဆိုရင်
သူဋ္ဌေးတွေလမ်းပေါ် ထွက်ကနေတော့မှာပေါ့။

ဒါပေမယ့် လမ်းပေါ်မှာ ပျော်နေကြတာ
ဆင်းရဲတဲ့ ကလေးတွေပဲ ဖြစ်တယ်။

အာဏာ ရှိမှ လုံခြုံတယ် ဆိုပေမယ့်
ညကိုကောင်းကောင်း အိပ်မပျော်နိုင်တဲ့ သူတွေလဲရှိတယ်။

ရုပ်ချောပြီး အောင်မြင်တဲ့သူတွေသာ
အတွဲညီကျကြေး ဆိုရင် ဆယ်လီတွေ
အိမ်ထောင်ရေး ဘာကြောင့် မမြဲသလဲ ?

ရိုးရိုး ရှင်းရှင်းနဲ့ ကျိုးကျိုးနွံ နွံ နေထိုင်ပြီး
ဘဝကို ပျော်ပျော် ဖြတ်သန်းမယ်ဆိုရင်
နေတတ်လို့ကတော့"ဘဝဟာ
ကျေနပ်စရာကြီးဖြစ်တယ်လို့ပြောပါရစေ။

သို့ကြောင့်
အခုဒီစာကိုဖတ်နေတဲ့မိတ်ဆွေများလည်း
ဘဝကိုဘယ်တော့မှအရုံးမပေးပါနဲ့။

တနေ့ကိုယ့်ကိုကိုယုံကြည်မှု့ကိုအပြည့်ထားပါ။

ငါဖြစ်ကိုဖြစ်ရမယ်။

ငါဘယ်တော့မှအရုံးမပေးဘူးလို့
အမြဲတမ်းကိုယ့်ရဲ့စိတ်အမြဲတမ်းမွေးထားပါ။

Credit to original writer.

𝗪𝗼𝗿𝘀𝗵𝗶𝗽 𝗛𝘆𝗺𝗻𝘀

ခေါင်းဆောင် ဦးစီးဦးဆောင်တဲ့ နေရာမှာ တာဝန်ယူ ရပ်တည်နေတဲ့သူတွေအတွက်လဲ ဒီအဖြစ်အပျက်လေးက သင်ခန်းစာယူစရာပါ. အဖွဲ့အစည်းတစ်ခုခု...
09/28/2022

ခေါင်းဆောင် ဦးစီးဦးဆောင်တဲ့ နေရာမှာ တာဝန်ယူ ရပ်တည်နေတဲ့သူတွေအတွက်လဲ ဒီအဖြစ်အပျက်လေးက သင်ခန်းစာယူစရာပါ. အဖွဲ့အစည်းတစ်ခုခုမှာ (ဘာသာရေးဖြစ်ဖြစ်, လူမှုရေးပဲဖြစ်ဖြစ်) လူမှန် နေရာမှန် သုံးတတ်ဖို့ သိပ်အရေးကြီးပါတယ်.

နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံတစ်ရုံမှာ တယောသမားတစ်ယောက်ဟာ (၄၅) မိနစ်ကြာအောင် တယောထိုးခဲ့တယ်။

ရပ်နားထောင်တဲ့သူ မရှိသလောက်နဲ့ လက်ခုပ်တီးသူ နှစ်ယောက်လောက်သာ ရှိခဲ့တယ်။ ပေးတဲ့ ပိုက်ဆံအားလုံးပေါင်းမှ ဒေါ်လာ သုံးဆယ်လောက်ပဲ ရခဲ့တယ်။

ဒါပေမဲ့ ဘယ်သူမှ မသိခဲ့တာကတော့
ဒီတယောသမားဟာ ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျော်ရွှာဘဲလ် ဆိုတာပါပဲ။
ဂျော်ရွှာဟာ ဒေါ်လာ ၃.၅ မီလျံ တန်ဖိုးရှိတဲ့ တယောနဲ့ အခက်ဆုံး အကောင်းဆုံး တေးသွားတွေကို တီးခတ်ပြခဲ့တာပါ။

အဲဒီလို ဘူတာမှ မတီးပြခင် နှစ်ရက်အလိုမှာ ဂျော်ရွှာဘဲလ်ဟာ ဘော်စတန်မြို့က ကပွဲရုံကြီးတစ်ရုံမှာ ရုံပြည့်ရုံလျှံ လက်မှတ်တွေ ရောင်းကောင်းခဲ့ပြီး သူ့ဂီတလက်သံကို နားဆင်ဖို့ လက်မှတ်တစ်စောင်ဟာ ဒေါ်လာ တစ်ရာ၀န်းကျင်မှာ ရှိခဲ့ပါတယ်။

👉ဒီစမ်းသပ်မှုက ဘာကို သင်ခန်းစာယူနိုင်သလဲဆိုတော့ သင်ဟာ ဘယ်လောက်တော်နေတော်နေ အခြေအနေ အချိန်အခါကို သိတတ်တဲ့ အရည်အချင်းရှိရပါမယ်။ သင့်ရဲ့ ထူးချွန်မှု အရည်အသွေးကို အသိအမှတ်မပြုတဲ့ ပတ်၀န်းကျင်မှာ ကြာကြာ အချိန်ဖြုန်းမနေသင့်ဘူး။ လူတွေက လှည့်မကြည့်တိုင်း လက်ခုပ်မတီးတိုင်း ကိုယ်ညံ့လို့ မဟုတ်ပါဘူး။

သင့်ကို တန်ဖိုးထားမဲ့ အသိအမှတ်ပြုမဲ့ နေရာကို သွားပါ။ သင့်အစွမ်းအစတွေကို နားလည်မဲ့ အသုံး၀င်မှန်းသိတဲ့ ပတ်၀န်းကျင်ကို ရွှေ့ပြောင်းပါ။
တခါတလေ သင့်ရဲ့ မသိစိတ်က အဲဒီလို ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းနေပါလိမ့်မယ်။
သင် ဘယ်လောက်အဖိုးတန်သလဲ သင်ကိုယ်တိုင် အသိဆုံးဖြစ်ပါစေ။
Crd

09/02/2022

Fr. Martin Ma Na Ling ၏ နှစ်လပြည့် ရဟန်းသိက္ခာတင်ခြင်းကို ဂုဏ်ပြုခြင်းနှင့် ရဟန်း သူတော်စင်ဘောင်သို့ ခေါ်တော်မူခြင်း ဒီ့ထက်မက တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ Fr. ၏ ခေါ်တော်မူခြင်းအကြောင်းကို အကျည်းချုံး မေးမြန်းတင်ဆက်ထားပါသည်. ဘုရား၏ ဘုန်းတော်ဂုဏ်တော် သာ၍ကြီးမြတ်ပါစေ...

Address

Nashville, TN
37013

Alerts

Be the first to know and let us send you an email when Fiat - CBCR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share