Theravada Buddhist Association, Michigan - TBAM

Theravada Buddhist Association, Michigan - TBAM Theravada Buddhist Association, Michigan (TBAM) is Myanmar Buddhist monastery in Michigan, established in 2013.

၂၀၂၆ အသောကရာမဘုန်းတော်ကြီးကျောင်း ပြက္ခဒိန် ထွက်ပါပြီ။ ဒီဇင်ဘာ ၂၀ ကျောင်းမှာဆရာတော့်မွေးနေ့ပွဲလုပ်ချိန်မှစပြီး ကျောင်းမှ...
12/13/2025

၂၀၂၆ အသောကရာမဘုန်းတော်ကြီးကျောင်း ပြက္ခဒိန် ထွက်ပါပြီ။ ဒီဇင်ဘာ ၂၀ ကျောင်းမှာဆရာတော့်မွေးနေ့ပွဲလုပ်ချိန်မှစပြီး ကျောင်းမှာ ဝေဖြန့်ပေးမှာဖြစ်ပါတယ်။

ယခုနှစ်ပြက္ခဒိန်မှာ ပြက္ခဒိန်ကြည့်ရုံသာမက souvenir အမှတ်တရသိမ်းထားဖွယ်ရာ classic တခု ဖြစ်လာလိမ့်မယ်လို့ထင်မိပါတယ်။ ၂၀၂၅ မှာကျောင်းဖွင့်ပွဲရှိခဲ့တာမို့ အနယ်နယ်အရပ်ရပ်မှကြွခဲ့သော သံဃာတော်အပါး လေးဆယ်နီးနီး၏ တစုတစည်းထဲ ဓာတ်ပုံများ၊ USA ၏ထေရ်ကြီး ဝါကြီး သံဃာတော်များဖြစ်သည့် Pittsburgh ကျောင်းဆရာတော်၊ Maryland ကျောင်းဆရာတော်၊ Toronto ဆရာတော်၊ ရွှေစင်တိပိဋက္ကဆရာတော် စသည်တို့၏ပုံရိပ်များ၊ ကျောင်းဖွင့်ပွဲ ပုံရိပ်များ၊ လက်မှုအနုပညာ ပန်းပုပန်းချီကားချပ်များအား တပ်ဆင်မှုမှတ်တမ်းပုံများ ၊ ဒရုန်းနှင့် ကောင်းကင်မှ ရိုက်ကူးထား သည့်ပုံရိပ်များစသည်တို့အား သဒ္ဒါကြည်လင်မြင်တွေ့ပီတိပွါးနိုင်မည်ဟု မျှော်လင့်ထားပါသည်။

ကျွန်တော်တို့ ကျောင်းထိုင်ဆရာတော် အရှင်သဇ္ဇန၏ ဂုဏ်သတင်းကြောင့်အသောကရာမကျောင်းသည် ရပ်နီးသာမက ပံ့ပိုးပေးနေသော ရပ်ဝေး ဥပါသကာ၊ဥပါသိက များလည်းရှိပါသဖြင့်ထိုသူများအားလည်း အမှုဆောငိအဖွဲ့မှ ပြက္ခဒိန်များကိုစာတိုက်မှပေးပို့ပေးရန်အစီစဉ်ရှိပါသည်။

အထူးကျေးဇူးတင်ရမည်မှာ ပြက္ခဒိန်ကို စိတ်ရှည်လက်ရှည် format လုပ်ပေးသော Florida မှ ဘုန်းဘုန်း အရှငိစန္ဒာသီရိ ဖြစ်ပါသည်။ သံဃာ့မျက်စိဖြင့် graphic design သာမက အထားအသို အရေးအသား caption များကိုပါ အသေးစိတ် အကြံပေးပြုပြင်ပေးသဖြင့် ကျေးဇူးအထူးတင်အပ်ပါသည်ဘုရား။

Address

400 Charlotte Street
Mulliken, MI
48861

Alerts

Be the first to know and let us send you an email when Theravada Buddhist Association, Michigan - TBAM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Theravada Buddhist Association, Michigan - TBAM:

Shortcuts

Share