07/30/2026
ချစ်ခင်လေးစားရပါသော အသင်းတော်အသီးသီးမှ ဓမ္မအမှုတော်ဆောင် ဆရာများနှင့် အသင်းတော်အသီးသီးရှိ ယုံကြည်သူအားလုံး မင်္ဂလာပါလို့ ခရစ်တော် နာမ၌ နှုတ်ခွန်းဆက်သပါတယ်။
ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့် ပထအကြိမ် MABA ညီလာခံကြီးကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခြင်းအပေါ် ဝမ်းမြောက်ပီတိဝေဖြာလျှက် အိမ်ရှင် Nashville Chin Baptist Church, Pastor Timothy Khua Paing နှင့်တကွ ယုံကြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။
ဒီညီလာခံပြုလုပ်ခြင်းအားဖြင့် ဝိညာဉ်
ရေးရာတွင် အချင်းချင်း မိသဟာရ ပိုမိုတိုးလာမည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။ လာမယ့်နှစ်ပေါင်းများစွာထိတိုင် MABA တည်တဲ့ခိုင်မြဲပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျှက်-အားလုံးအပေါ် ဘုရားရှင် ကောင်းချီးမင်္ဂလာရှိပါစေ။ အာမင်။