MUDITA meditation, blessing and teaching Dhamma

03/02/2026

San Francisco Bay

ဆုံခိုက်ကြုံခိုက်
01/22/2026

ဆုံခိုက်ကြုံခိုက်

12/04/2025

မီးလှုံဖို့ထင်း ကိုယ်တိုင်ခွဲရတော့ နှစ်ခါနွေးစေတယ်

Snow day, Mount Real at Montreal
11/17/2025

Snow day, Mount Real at Montreal

10/06/2025
ဦးခင်စန်+ဒေါ်စောဝင်းတင့်မိသားစုရဲ့ ဝါကျွတ်ပူဇော်
10/06/2025

ဦးခင်စန်+ဒေါ်စောဝင်းတင့်မိသားစုရဲ့ ဝါကျွတ်ပူဇော်

 #ခေါင်းလောင်းသံ_ငါတို့ကြား....ရွာဦးကျောင်းက ခေါင်းလောင်းသံ၊ဒိုးဒိုးဒေါင်ဒေါင်ညံ။ခေါင်းလောင်းသံ ငါတို့ကြား၊အမျှယူစို့လား...
09/19/2025

#ခေါင်းလောင်းသံ_ငါတို့ကြား
....

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။

ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။

အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။

ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

သြဂုတ်လရဲ့ နွေနှောင်းရက်ကျန်က ကုန်လုကုန်ခင်။ မနက်ဖန်ဆိုလျင်ဖြင့် စက်တင်ဘာလရဲ့ ပထမနေ့။ နွေနေရှိန်ရဲ့ အပူငွေ့တို့လည်း ဒီနေရာလေးကနေ ပြန်လည်ထွက်ခွါသွားဖို့ ပြင်ဆင်နေကြပြီပေါ့။ ညပိုင်းများမှာဆို ဆောင်းကိုလှုပ်နှိုးမယ့် လေနုနု အအေးစက ခပ်ဟဟလေး လှစ်ထားတဲ့ ပြူတင်းကြားကနေ ဖွဖွလေး တိုးလို့ပင် ဝင်လာတတ်ပြီ။ ပြင်ပက အအေးဒဏ်ကို ခိုလှုံဖို့ တိုးလျိုးကာ ဝင်လာလေသလား၊ အဆောင်တွင်းနေသူကို အေးချမ်းမှုပေးနိုင်စေဖို့ တိုးလျိုးဝင်လာလေသလား၊ ဒါကိုဖြင့် ခွဲခြားလို့တော့ မသိနိုင်ပါလေပြီ။

နံနက်ခင်းလင်းစ ပြူတင်းဝကနေ အရှေ့ဖက်ဆီကို မျှော်ကြည့်လိုက်လျင်ဖြင့် ဆောင်းဦးအငွေ့ မြူစိုင်များက ဟေးဝဒ်မြို့လေးရဲ့ တောင်တန်းတွေပေါ်မေးတင်ကာ မှေးစက်လို့။ မြူဆိုင်ကြားကနေ တိုးလျိုးကာထွက်လာတဲ့ နေရောင်ခြည်အလင်းတန်းများက မြူငွေ့ကြားမှာ ရွှေရောင်လက်ချောင်းတွေ အပြိုင်းပြိုင်းကျနေဟန်။ အိပ်ပျော်နေတဲ့ မြူစိုင်တွေကို အိပ်ရမှထဖို့ လက်တို့ကာ နှိုးနေသယောင်ထင်ရ။

အမျိုးမသိ၊ အမည်မတတ်နိုင်တဲ့ ခံစားမှုတစ်ခုက မြူကြားက လုထွက်လာတဲ့ နေရောင်ခြည်တန်းများနှယ် ရင်ထဲက တိုးထွက်လာသလို ခံစားမိတယ်။

မြူဝေ ပန်းသင်း၊ လေညင်းသွဲ့သွဲ့၊ လွမ်းတေးဖွဲ့သီ၊ ဥသြတီတာ၊ လွမ်းဖွယ်သာသည့်၊ ကိုယ်မွေးဖွားရာ၊ အညာ ဒေသ၊ နွေဝင်စရဲ့ ပုံအလှကို မှန်းဆကာ မြင်လာမိရတယ်။

မကြာမီမှာပဲ ကိုယ်နေထိုင်ရာ နေရာလေးရဲ့ ရှေ့လမ်းမကနေ ကျောပိုးအိပ်လေးတွေ ကိုယ်စီလွယ်လို့ အစုလိုက် အဖွဲ့လိုက် ကလေးငယ်တွေ ဖြတ်သန်းသွားကြတော့မယ်။ နံနက်လင်းစ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ဒီအချိန် အခါမျိုးမှာ အေးချမ်းစွာ လှုပ်ရှားသွားလာနေကြတဲ့ ကလေးငယ်လေးတွေရဲ့ အမူအယာက နံနက်ခင်းရဲ့ ကောင်းခြင်းမင်္ဂလာကို ပိုမိုကြွရွလာသလားထင်ရတယ်။

နုပျိုမှုနဲ့ တက်ကြွမှုဆိုတာက လောကအတွက် အားတက်ဖွယ် အလှများပေပ။ ပညာသင်ချိန်မှာ ပေါ့ပါးလွတ်လပ်စွာ၊ ကြောင့်ကြစိုးရွံ့ခြင်းကင်းစွာ ပညာသင်ခွင့်ရဖို့အရေးက ကလေးငယ်တွေအတွက် အဓိက လိုအပ်ချက်တစ်ခုသာပ။

ဒီနေရာလေးကို ရောက်ရှိနေထိုင်ခဲ့တာ နှစ်လနီးပါးရှိပြီ။ စရောက်ချိန်က ဇူလိုင်လဆန်းပိုင်းမှာဆိုတော့ ကျောင်းတွေပိတ်ထားချိန်။ နေထိုင်ရာအဆောင်လေးရဲ့ ဆင်ဝင်အောက်ကနေ လှန်းမျှော်ကြည့်လိုက်ရင် အဆောင်လေးရဲ့ ရှေ့နားကပ်လျက်က ကားလမ်းရယ်၊ ကားလမ်းဟိုဖက် အနားကပ်လျက်ရှိတဲ့ ရထားသံလမ်းရယ်၊ သံလမ်းနဲ့ကပ်လျက်ရှိနေတဲ့ အလယ်တန်းကျောင်းရဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ အားကစားကွင်းရယ်၊ ကစားကွင်းနဲ့ ကပ်လျက် ကျောင်းစာသင်ခန်းမဆောင်များကို အရှင်းသားမြင်ရတယ်။ စာသင်းခန်းမဆောင်များပေါ်ကနေ အထက်ဖက်ကို မျှော်ကြည့်လိုက်လျင်တော့ မိုင်ဝက်လောက်အဝေးမှာ ရှိနေတဲ့တောင်တန်းကြီးက ထီးထီးမားမား။

ဒီအရာအားလုံးဟာ မပြောင်းမလဲ တစ်သမတ်တည်းသာ ဖြစ်ပေမယ့် နေပူကျဲကျဲအောက်မှာ မြင်ရတဲ့မြင်ကွင်းရယ်၊ မိုးအု့ံဆိုင်းမှိုင်းနေတဲ့ အခါမှာ မြင်ရတဲ့ မြင်ကွင်းရယ်၊ ညအခါ တောင်တန်ပေါ်မှာ တည်ရှိနေတဲ့ အဆောက်အဦတွေကနေ အစီအရီပေါ်ထွက်လာတဲ့ အလင်းလက်လက် မြင်ကွင်းများရဲ့ အလှက တစ်မျိုးတစ်ဘာသာစီ ဖြစ်နေတာကို သတိထားမိတယ်။

အထူးသဖြင့်တော့ အလယ်တန်းကျောင်းဝင်းအတွင်းမှာ စိုက်ထားတဲ့ ထင်းရူးနွယ်ဝင် ခရစ်စမတ်သစ်ပင်ထိပ်ဖျားပေါ် မိုးစလေးတွေ တဖွဲဖွဲကျနေချိန်မှာဆို လွမ်းချင့်ဖွယ်ကောင်းလောက်အောင် ဖြစ်တတ်ပါတယ်။ ကျောင်းဝင်းကျယ်ကျယ်နဲ့ စိမ်းညို့ညို့တောင်တန်းကြီးက လွမ်းဖွယ်အလှကို အား ဖြည့်ပေးတာကြောင့်များလေလားလို့ တစ်ယောက်တည်း တွေးမိခဲ့ဖူးတယ်။

ခုမနက်မှာတော့ ရာသီက အုံ့ဆိုင်းဆိုင်း၊ တောင်တန်းကြီးတွေကလည်း ညို့မှိုင်းမှိုင်း၊ လေပြေလေးက မရိုင်း တရိုင်း။ ကျောင်းဝင်းအတွင်းကနေ ပူ…ဆိုတဲ့ ဥသြသံရှည်ရှည်ကို ကြားရတယ်။ စာသင်ချိန်မို့ ဆွဲလိုက်တဲ့ ဥသြသံလေလား၊ စုပေါင်းအားကစားချိန်မို့ ဆွဲလိုက်တဲ့ ဥသြသံလေလားတော့မသိ။ စာသင်ချိန်ဥသြသံဆိုလျင်တော့ အပြင်မှာ အစုလိုက်ဆော့ကစားနေ၊ စကားပြောနေကြတဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းဆောင်များအတွင်း အလျှိုအလျှိုဝင်သွားကြလိမ့်မယ်။ အားကစားချိန် ဥသြသံဆိုလျင်တော့ စာသင်ခန်းများထဲမှာရှိနေတဲ့ ကျောင်းသားတွေ အားကစားကွင်းရှိရာ လွင်ပြင်ဖက်ကို တန်းစီလို့ထွက်လာကြလိမ့်မယ်။

ကိုယ်ငယ်ငယ်က ကျောင်းဆင်းကျောင်းတက်ချိန်များမှာ ဆရာဘုန်းတော်ကြီးလှုပ်ရမ်းလိုက်တဲ့ လက်ကိုင်ခေါင်းလောင်းလေးဆီက ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံချိုလွင်လွင်လေးကို ပြန်လည်သတိရမိတယ်။

ခေါင်းလောင်းတစ်ခုထဲကနေ ထွက်ပေါ်လာတဲ့အသံခြင်းတူပေမယ့် ကျောင်းတက်ချိန်မှာကြားရတဲ့ ခေါင်းလောင်းသံနဲ့ ကျောင်းဆင်းချိန်မှာကြားရတဲ့ ခေါင်းလောင်းသံ ဒီနှစ်မျိုးရဲ့ အသံခြင်း မတူတာကို တွေးမိလို့ ပြုံးမိသေးတယ်။ ဟုတ်တယ်။ ကျောင်းဆင်းချိန်မှာကြားရတဲ့ ခေါင်းလောင်းသံက ပိုမိုကာ ကြည်လင်ချိုမြတယ်ရယ်လို့ ထင်ခဲ့မိတယ်။

စာသင်ရတာထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားရတာကို ပိုစိတ်ဝင်မှုကြောင့်ဖြစ်မယ်ထင်ပါရဲ့။ နောက်ပြီးလည်း ကျောင်းတက်ချိန်မှာကြားရတဲ့ ခေါင်းလောင်းသံက ဆရာဘုန်းတော်ကြီးအနီးမှာရှိ စားပွဲပေါ်က ထန်းပလပ်ကြိမ်လုံးနဲ့ ပိုမိုနီးစပ်လို့လည်း ဖြစ်လေမလားလို့ ကြံကြံဖန်ဖန် ပြန်လည်တွေးမိသေးတယ်။

ဘာပဲဖြစ်ဖြစ် ခေါင်းလောင်းဆိုတာ ရွာဦးကျောင်းကပဲထိုးထိုး၊ ဘုရားရှိခိုးကျောင်းတစ်ခုဆီကပဲ လာလာ၊ စာသင်ခန်းတစ်ခုဆီကပဲ ပြန့်လွင့်ပြန့်လွင့်။ ခေါင်းလောင်းသံဆိုတာ တစ်စုံတစ်ခုခုကို အချက်ပေးဖို့အတွက် ထွက်ပေါ်လာတတ်တာမျိုးချည်းသာပါ။

ခုများမှာတော့ စာသင်ကျောင်းက ခေါင်းလောင်းသံနဲ့ မတူတဲ့ ခေါင်းလောင်းသံများကိုလည်း မကြာမကြာ ကြားနေရပြီလို့ ခံစားမိတယ်။ ခုချိန်မှာကြားရတတ်တဲ့ ခေါင်းလောင်းသံက အပြင်လူ တစ်ဦးတစ်ယောက် တီးခတ်ထိုးနှက်လှုပ်ရမ်းလိုက်တဲ့ ခေါင်းလောင်းသံတော့ မဟုတ်ဘူး။

တစ်ဦးတစ်ယောက်က လှုပ်ရမ်းတီးခတ်လိုက်တယ်လို့ ပြောလို့ရနိုင်တဲ့ ခေါင်းလောင်းသံမျိုးလည်း မဟုတ်ဘူး။ သေချာပြောနိုင်တာက ကျောင်းတက်ကျောင်းဆင်းချိန်မှာကြားခဲ့ရတဲ့ ခေါင်းလောင်းသံလို ချိုမြမြ မဟုတ်တော့ဘူးဆိုတာကိုပါ။

သန်စွမ်းခြင်းတွေ ယုတ်လျော့လာတဲ့၊ နုပျိုခြင်းတွေ တစစပျောက်ကွယ်လာတဲ့၊ ချို့ယွင်းမှုတွေ၊ နာကျင်မှုတွေ၊ ရင့်ရော်ခြင်းတွေ တဖြည်းဖြည်း တိုးတိုးလာတဲ့ ဇရာလက်နဲ့ ထိုးနှက်တီးခတ်လိုက်တဲ့ အချက်ပေးခေါင်းလောင်းသံက တစစ ပိုမိုအသံကျယ်လာတယ်။

အရာရာကို ဝါးနိုင်ခဲ့တဲ့ သွားအချို့လည်း ကျိုးပဲခဲ့ဖူးပြီ။ မြင်စရာမြင်ကွင်း အလှကို ကျကျနနမြင်နိုင်စွမ်းခဲ့တဲ့ မျက်လုံးကလည်း အမြင်စွမ်းအင် ယုတ်လျော့ခဲ့ပြီမို့ အဖော်အကူ မျက်မှန်ထူထူ တစ်ခုနဲ့အတူ နေထိုင်ခဲ့ရတာ ကြာခဲ့ပြီ။ တစ်ချိန်က အနက်ရောင်ခြုံလွှမ်းခဲ့တဲ့ ဆံစအချို့လည်း အဖြူရောင် ကျစပြုခဲ့လေပြီ။

ဟိုနားထိလည်း ပွန်း၊ ဒီနားထိလည်း နာ၊ တစ်ခါတုံးက စွမ်းရည်ပြည့်ခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့လည်း အားအင်လျော့လို့ ဒဏ်ရာအနာတရတို့နဲ့ ပြည့်လျမ်းနေခဲ့ပြီ။

နေထိုင်ရာအဆောင်လေးရဲ့ ပြူတင်းဝကနေ လှန်းကြည့်ချိန််မှာ တစ်ချိန်နဲ့တစ်ချိန် မတူနိုင်တဲ့ မြင်ကွင်းလို ဇရာလက်နဲ့ ထိုးနှက်လိုက်လို့ ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံကလည်း တစ်ချိန်နဲ့တစ်ချိန် တစ်ကြိမ်နဲ့ တစ်ကြိမ် လုံးဝမတူနိူင်တာကို အမှတ်မပြုပဲနေလို့ မရနိုင်အောင်ကိုပဲ ဖြစ်နေခဲ့ပြီ။

ကိုယ်နိုင်တယ်၊ ကိုယ်ပိုင်တယ်ထင်ခဲ့တဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေပေါ်မှာပင်လျင် ကိုယ်ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရနိုင်တာကို ဘဝအသိနဲ့ နားလည်နေခဲ့ပြီ။

ကိုယ့်ခြေကိုယ့်လက်တွေကမှ ကိုယ့်အလို မလိုက်ကြတော့ဘူးဆိုလျင် ဘယ်အရာတွေက၊ ဘယ်သူတွေက ကိုယ့်ဆန္ဒကိုပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ကြမှာလဲ-ဆိုတဲ့ စကားလေးကို မကြာခဏဆိုသလိုပင် သတိရမိနေတတ်ပြီ။

သတိရမိတိုင်း ဇရာဆိုတဲ့ (အိုခြင်း)လက်နဲ့ ထိုးနှက်တီးခတ်လိုက်တဲ့ အသံမချိုလှတဲ့ ပျက်စီးနာကျင်(ဗျာဓိ) သံစဉ်ကိုလည်း ဂရုတစိုက် နားထောင်နေမိတတ်ပြီ။

ခေါင်းလောင်းသံကြားလျင်ဖြင့် ကုသိုလ်အမျှကို ရအောင်ယူတတ်ရမယ်ဆိုတဲ့ အသိကိုလည်း တစ်ပါတည်းယူနိုင်အောင် သတိထားလို့ ဆင်ခြင်နေမိတတ်ပြီ။

ခေါင်းလောင်းသံ တစ်ခုခုကြားတိုင်း ဘဝအတွက် တန်ဖိုးတက်စေမယ့် အရာတစ်ခုခုကို ပိုမိုတိုးကာ လုပ်ဆောင်ဖို့လိုလာပြီဆိုတဲ့ အသိတစ်ခုကိုပါ ရတတ်တာကြောင့် ကိုယ့်ကိုယ် မကြာခဏ သတိပေးနေတဲ့ ခေါင်းလောင်းထိုးသူကိုလည်း စိတ်မဆိုးနိုင်ပဲ ကျေးဇူးအခါခါ တင်နေမိတတ်ပါပြီ။ ။

အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

07/05/2025

နော်ဝေဘုရင့်နန်းတော် ပတ်ဝန်းကျင်

07/05/2025

Norway နိုင်ငံ Lom မြို့မှာရှိတဲ့ ဆယ့်တစ်နဲ့ ဆယ့်နှစ်ရာစုနှစ်လောက်ခန့်က သစ်သားနဲ့တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းပါ။
ဗိုက်ကင်းခေတ်အနုလက်ရာတွေပါဝင်တာမို့ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာပါ။
ဘုရားကျောင်းနဲ့သင်္ချိုင်းတွဲလျက်ပါ…

Visiting Copenhagenဒိန်းမတ်နိုင်ငံကို အလည်သွားချင်နေခဲ့တာကြာပြီ။ဘာကြောင့်ရယ်တော့မသိ။ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးအကြောင်းပ...
07/01/2025

Visiting Copenhagen

ဒိန်းမတ်နိုင်ငံကို အလည်သွားချင်နေခဲ့တာကြာပြီ။

ဘာကြောင့်ရယ်တော့မသိ။ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးအကြောင်းပြောရင် နော်ဝေး ဒိန်းမတ်နဲ့ ဆွီဒင်တို့ဆိုတာက ပါလာစမြဲ။

ကမ္ဘာ​ပေါ်က​နေထိုင်စရာအ​ကောင်းဆုံးနိုင်ငံ​တွေ၊ ပျော်ရွှင်တဲ့လူသား​တွေရဲ့ စာရင်းမှာလည်း ဒီနိုင်ငံ​တွေက ထိပ်ဆုံးက အမြဲပါ​လေစမြဲ။

ငြိမ်းချမ်းရေးကိုနှစ်သက်မြတ်နိုးသူမို့ ငြိမ်းချမ်းတယ်လို့ဆိုတဲ့ဒီနိုင်ငံတွေမှာ လူတွေဟာ ဘယ်လိုနေထိုင်ကြသလဲ၊ ဘာတွေလုပ်ကိုင်စားသောက်ကြသလဲဆိုတာကိုလည်း သိချင်မိတယ်။

တနေ့နေ့တချိန်ချိန်မှာတော့ ဒီနိုင်ငံတွေဆီအရောက်သွားမယ်စိတ်ကူးထားတာ၊ ခုတော့ဆန္ဒပြည့်ပြီ….

Hi everyone! 🌟
05/05/2025

Hi everyone! 🌟

Address

Hayward, CA

Website

Alerts

Be the first to know and let us send you an email when MUDITA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to MUDITA:

Share