Hebron Gospel Assembly

Hebron Gospel Assembly အကျွန်ုပ်သည် သတင်းတော်မြတ်ကို ညီအစ်ကိုတို့အားကြားပြောပါမည်။

Happy Mother's Day And Congratulations To Sister Len Zar...May God Bless You All
05/10/2026

Happy Mother's Day And Congratulations To Sister Len Zar...May God Bless You All

01/07/2026
12/28/2025

မာရိ၏အသက်တာ၌ သင်ခန်းစာယူစရာ

လုကာ 1 : 38
#ကိုယ်တော်၏စကားအတိုင်းအကျွန်ုပ်၌ ဖြစ်ပါစေသော။

ဘုရားသခင်၏အလိုတော်ကို ဝမ်းမြောက်စွာဖြင့် တုန့်ပြန်ပါ။ အံ့ဩစရာကောင်းသောအဖြစ်အပျက်သည် မာရိ၌ဖြစ်ပျက်လာမည်ဟု မာရိကိုပြောခဲ့သည်။ ဖခင်မပါပဲ ကိုယ်ဝန်လွယ်ရမည့်သတင်းဖြစ်သည်။ နားမလည်နိုင်သော်လည်း သူမ၏တုန့်ပြန်မှုမှာ နှိမ့်ချစွာ ဝန်ခံခြင်းဖြစ်သည်။ သင့်အတွက် သတင်းဆိုးတစ်ခု ကြားရမည်ဆိုလျှင် သင် ဘယ်လို တုန့်ပြန်မလဲ။ ဆီးတားမလား၊ ငြီးတွားမလား။ မာရိကဲ့သို့ တုန့်ပြန်လိုက်ပါ။ တရားမျှတမှု မရှိရင်တောင်မှ သင့်ဘဝအတွက် အကောင်းဆုံးကိုသိသော ဘုရားသခင်ကို ယုံကြည် စိတ်ချပါ။ ဘုရားသခင်၏အလိုတော်ကို လက်ခံပါ။ သင့်အတွက် အကောင်းဆုံး အကြံအစည်ထဲ၌ အသက်ရှင်ပါ။ ဘဝဟာ အမြဲတမ်း အဆင်ပြေချောမွေ့နေမှာ မဟုတ် ပါဘူး။ သို့သော် မာရိကို ဘုရားသခင် မြင်သလို သင့်ကိုလည်း ဘုရားသခင် မြင်နေ သည်။ ကျော်လွှားနိုင်ဖို့ ကူညီမစမည် ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင့်နှလုံး၌ သိုထားပါ။ ကောင်းကင်တမန် ဂါဗြေလက ဝမ်းမြောက်ဖွယ်ရာသတင်းလာပြောသောအခါ မာရိသည် သူမ၏ဝမ်းကွဲဖြစ် သောဧလိရှဗက်ဆီသို့ ခရီးထွက်ခဲ့သည်။ ဧလိရှဗက်အိမ်တွင် မာရိ၏ချီးမွမ်းသီချင်းတွင် ဓမ္မဟောင်းမှ ကျမ်းပိုဒ်များ အနည်းဆုံး (၁၅)ပိုဒ်ရှိသည်။ သူမ၏နှလုံးသားမှထွက်ပေါ်လာ သော ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်များဖြစ်သည်။ သင်၏နှလုံးသားတွင် ဘာတွေရှိနေလဲ။ သင်၏နှုတ်လျှာမှ ဘာတွေထွက်လာသလဲ။ ဘုရားသခင်၏စကား တော်များကို နှလုံးသားထဲတွင် သိုထားပါ။ သင့်နှုတ်ဖွင့်လိုက်လျှင် နှုတ်ကပတ်တော်များ၊ စီးထွက်လာမည်ဖြစ်သည်။

ဘုရားသခင်နှင့်တစ်ဦးတည်း အချိန်ယူပါ။ ယေရှု၏မွေးဖွားခြင်း၊ သိုးထိန်းများ ရောက်ရှိလာခြင်းများကို `

မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်း စားဆင်ခြင်လျက်နေ၏' (လုကာ ၂း၁၉)

ဟု မှတ်တမ်းတင်ထားသည်။ မာရိသည် သူမ ဘဝ၏အဖြစ်အပျက်များကို ပြန်လည်ဆင်ခြင်ခဲ့သည်။ မာရိ၏ ပုံသက်သေက သင့်အ တွက် ဖြစ်ပါစေ။ သင့်အသက်တာတွင် ဘုရားသခင် လုပ်ဆောင်နေသောအရာများကိုဘုရားသခင်နှင့် တစ်ဦးတည်းအချိန်ယူခြင်းဖြင့် ပြန်လည်ဆင်ခြင်စဉ်းစားပါ။ သင့်အ သက်တာအတွက် ဘုရားသခင် လုပ်ဆောင်နေသောအရာနှင့် လုပ်ဆောင်အုံးမည့်အရာ များအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်သည့်အချိန်သည် သင်နှင့်ဘုရားသခင်၊ နှစ် ယောက်တည်းအချိန်သာ ဖြစ်သည်။ သာမန်ယုံကြည်သူနှင့် တမူထူးခြားသည့် ယုံကြည် သူကွားခြားသည့်အချက်များသည် ဤကဲ့သို့ ဘုရားသခင်နှင့်တစ်ဦးတည်းအချိန်ယူခြင်း မှ စီးဆင်းလာသည်။

12/27/2025

HGA သမီးငယ်လေးများမှ အမူအရာဖြင့် ဂုဏ်တော်ချီးမွမ်းခြင်း

Address

5040 Pinson Street
Fort Worth, TX
76119

Opening Hours

12pm - 2pm

Website

Alerts

Be the first to know and let us send you an email when Hebron Gospel Assembly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share