Gospel Baptist Church of Rockville, Maryland

Gospel Baptist Church of Rockville, Maryland Gospel Baptist Church, Rockville, Maryland, exists to bring the good news of Jesus Christ to the world. This is a church where everyone and anyone is welcome.

Adult Sunday Bible Study: 11:30-12:00 AM
Sunday Worship (Burmese and English): 12:00-2:00PM Burma, one of a beautiful tropical countries of South-East Asia, rich in natural resources, shares borders with China in the North, Thailand and Laos in the East, and India and Bangadesh in the West. Burma enjoys a long coastal shore of the Bay of Bengal in the South. The nation of about the size of the state of Texas has a population of about 50 Millions. The inhabitants include the Burmese majority and a dozen or so ethnic groups. The prominent religion is Buddhism, and less visible are Christianity, Islam and a few others. Adorinam & Ann Judson of Massachusetts (U.S.A.) were the first missionary couple who successfully planted the seed of Gospel in Burma in the 1810s’. Their divine commission and horrifying experiences, while in Burma, were extraordinary. Books have been published in memory and honor of this wonderful husband and wife team. The hardship they’d been through was unbearable to an average soul. They were the people who sowed the seed in tears. With the help of the revival in the Churches since the late 70s, the statistics of Christian population in Burma appears to be changing quite nicely. Today, there are a number of churches and organizations that are active in evangelizing the nation. Gospel Baptist Church, for instance, has since its conception in the early eighties been playing an important role in shaping and transforming the demographic profile of Christianity in Burma. Because of the movement through church establishment and activities through mass witnessing (also known as crusading) in various parts of the country, the GBC of Burma may well be one of the most visible organizations that is reaching out to the majority of the population and actively spreading the gospel news through out the nation. In the mid 70s when born again message was reintroduced, it started to pe*****te in the Christian communities in Burma. Campus Crusade for Christ was active in spreading the message in the metropolitan area of Yangon (then Rangoon) while the Assembly of God Church was working hard in other parts of the country such as Chin State. On May 15, 1983, a pastor and some ministers from six other local churches, founded Gospel Baptist Church. The founding ministers of Gospel Baptist Church are Peter Van Hnuai Sum, Gideon Lal Biak Thang, Joshua Hrang Kip Zul, David Mang Sum, Van Eng Mawi, Joseph Sang Tin Sam, Lal Ro Thang, Michael Firang Sam, MosesThawng Cung, Andrew Sa Tin Uk, Sen Vum. The Rangoon Gospel Baptist Church was established on May 20, 1984 on 44th Street. Today, the GBC of Rangoon Association has established more than 60 churches since the inception of the GBC in Rangoon. The association also has trained and produced many laymen to become pastors and evangelists. Because of the movement by means of crusades and training, God has been allowing Gospel Baptist Church of Burma to take part in saving many lost souls. Churches have been established wherever it is needed. This church also becomes the stronghold for the GBC’s future activities in the area. Thus, the Gospel Baptist Church has grown into more than 100 congregations within a decade. In Burma, the task of penetrating the populations that have traditionally been embracing a different prominent religion is too overwhelming. So far, out of the fourteen entities, the following states and divisions are known to have the Gospel Baptist Church establishment: Kachin, Chin, Sakaing, Rangoon, Irrawady, Mandalay, Shan, Magwe in Burma. The original two associations, Falam and Rangoon, were combined and formed eventually in 1998 under the Gospel Baptist Church of Myanmar Convention (GBCMC). The convention office is located in Yangon (formally Rangoon). The GBCMC was formed to consolidate the working relationship between the two associations thus by enabling to further the spreading of the gospel together under the convention umbrella. The GBC so far also has been expanded to other countries, such as, Ai Zawl, India, Austria and the United States of America and thus GBC has started to fulfill its stated mission of “Gospel for the World.”

Today there are eleven GBC churches in the United States, and is growing. Glory to God!

09/15/2026

အသွေးတော်တန်ခိုးနှင့်ထမြောက်ခြင်းတန်ခိုး!
Saya Andy Nawja Wj

"ကယ်တင်ခြင်းဆုံးရူံးနိုင်တယ်ဆိုတာမှန်ပါသလား? 👩‍🍼လူကမွေးပြီးရင်ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အမိဝမ်းထဲပြန်ဝင်လို့မရသလို၊နူတ်ကပတ်တေ...
09/15/2026

"ကယ်တင်ခြင်းဆုံးရူံးနိုင်တယ်ဆိုတာမှန်ပါသလား?

👩‍🍼လူကမွေးပြီးရင်ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်

အမိဝမ်းထဲပြန်ဝင်လို့မရသလို၊

နူတ်ကပတ်တော်ဧဝံဂေလိတရားကိုကြားပြီး

🙇‍♂️ခရစ်တော်ကိုကယ်တင်ရှင်အနေနဲ့ယုံကြည်ဝန်ခံတဲ့

နေ့မှာ ဘဲဒုတိယအကြိမ် ဝိညာဉ်မွေးဖွားပြီး

ဘုရားသား"ဖြစ်ခြင်း" အခွင့်ရတာ

ဖြစ်လို့ ပြန်ပြောင်းလဲလို့မရနိုင်ဘူး။

ရှင်ယောဟန်ခရစ်ဝင် 1:12,13

12. ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
13. ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသား ဖြစ်သတည်း။

"👩‍🍼လောကမိခင်ထံကမွေးတဲ့နေ့မှာလောက
နိုင်ငံသားမွေးစာရင်းထဲထည့်ပြီးရင် တခြားသူဖြတ်လို့မရသလို၊သင်ကိုယ်တိုင်လည်းပြန်ဖြတ်လို့မရဘူး၊

ထိုနည်းတူသင့်ဝိညာဉ်မွေးတဲ့နေ့မှာ ဘုရားသခင်ကိုယ်တိုင်ကောင်းကင်အသက်စာစောင်မှာစာရင်းသွင်းပြီးသားဖြစ်လို့ဘယ်သူမှဖျက်လို့မရနိုင်တော့ပါဘူး။

🤱အမိဝမ်းကမွေးဖွားခြင်းခံရတာ၊ဝိညာဉ်ဒုတိယအကြိမ်မွေးခြင်းခံရတာကသင့်လုပ်ဆောင်ချက်တခုမှမပါဘဲ၊မိဘနဲ့ကျမ်းစာကပြောတဲ့စကားကိုစိတ်နှလုံးကတစ်ကြိမ်ယုံကြည်ဝန်ခံယုံနဲ့သားအဖတော်စပ်ခွင့်ရတာဖြစ်တယ်။

👼ဘုရားသား"ဖြစ်ခြင်း" ဆိုတာ

ကိုယ့်လုပ်ဆောင်ချက်(ပြုခြင်း) ကြောင့်ဖြစ်တာမဟုတ်လို့

ကိုယ့်လုပ်ဆောင်ချက်(ပြုခြင်း)ကြောင့် "ဖြစ်ခြင်း" ကို

ဘယ်တော့မှ ပြောင်းလဲ လို့ မရနိုင်ဘူး။

သားသမီးကမိဘကိုစွန့်ရင်လည်း ချစ်ခြင်းမေတ္တာကြီးမား

တဲ့မိဘ ကတော့ ဘယ်တော့မှ မစွန့်သလို၊ သားအဖ၊

တော်စပ်ခြင်းဆိုတာ"မွေးဖွားခြင်း" ကနေ တဆင့်ရရှိလာတဲ့

အရိုက်အရာဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကြောင့်

ပြောင်းလဲလို့မရနိုင်ဘူး။

🤷🏻‍♂️ဥပမာ - ဘုရားသားစစ်"ဖြစ်ခြင်း"ကနေ
ကိုယ့်ယုံကြည်ခြင်းနဲ့လုပ်ဆောင်ချက်(ပြုခြင်း)တွေ ပြောင်းလဲသွားလို့ ကယ်တင်ခြင်းဆုံးရူံးနိုင်တယ်ဆိုရင်

🙂ဒီမေးခွန်းတခုလောက်အရင်ဖြေကြည့်ပါ🙂

ကချင်၊ကရင်၊ချင်း၊ဗမာ စတဲ့လူမျိုးတွေအခြားနိုင်ငံရောက်သွားပြီးမိခင်ဘာသာစကားမပြောတော့လို့၊
အစားအသောက်အနေအထိုင်ပြောင်းသွားလို့၊
အကျင့်ပြောင်းသွားလို့ သင့်ရဲ့လူမျိုးဖြစ်ခြင်း
ကပြောင်းလဲသွားပါသလား?

သင့်ရဲ့ဖြစ်ခြင်း- ကချင်၊ကရင်၊ကယား၊ချင်း၊ဗမာမဟုတ်တော့ဘူးလို့သင်ခံယူတယ်ဆိုရင်တော့
သင့်ဘုရားသားဖြစ်ခြင်း၊ကယ်တင်ခြင်းဆုံးရှုံးခြင်း
ဖြစ်နိုင်မယ်။

#ဘာလို့ကယ်တင်ခြင်းဆုံးရူံးနိုင်တယ်လို့ခံယူကြသလဲဆိုရင်"

"ဒီကျမ်းချက်တွေကိုအလွဲယူကြလို့ဖြစ်တယ်။

(၁) အဆုံးတိုင်အောင်တည်ကြည်ခြင်း" (မဿဲ ၂၄: ၁၃ )

☝️ဒီကျမ်းချက်ရဲ့ဆိုလိုရင်းကချီဆောင်ခြင်းမှာ
ပါမသွားဘဲ -ဘေးဒဏ် ကြီးကာလ ကိုကျော်ဖြတ်ရမယ့်
မယုံကြည်သူတွေကယ်တင်ခြင်းရောက်ချင်တယ်ဆိုရင်
(၆၆၆) တံဆိပ်ကိုဘေးဒဏ်ကြီးကာလအဆုံးအထိ
အနှိပ်မခံဘဲ ၊ခရစ်တော်ကိုသာကယ်တင်ရှင်အနေနဲ့
ယုံကြည်ဝန်ခံပြီးကိုးကွယ်ဖို့သွန်သင်ထားခြင်းဖြစ်တယ်။

ဘာလို့လဲဆိုတော့၆၆၆ တံဆိပ်ကိုအနှိပ်ခံရတဲ့သူတွေက ကန့်နဲ့ လောက်တဲ့ထာရမီးငရဲအိုင်ကိုသွားရမှာဖြစ်တယ်။ ဗျာ ဒိတ် ၁၄:၉-၁၁

"အကြင်သူသည်အဆုံးတိုင်အောင်တည်ကြည်​၏၊ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်"ဆိုတဲ့ကျမ်းချက် (မဿဲ ၂၄: ၁၃ ) အဓိပ္ပာယ်ရဲ့ ဆိုလိုရင်း(context & meaning) ကိုနားမလည်ဘဲအဓိပ္ပာယ်ဖွင့်ဆိုကြလို့

အသင်းတော်ခေတ်ကယုံကြည်သူများယုံကြည်ခြင်းမှာ
မတည်ကြည်ရင်၊အသက်တာမကောင်းရင် ကယ်တင်ခြင်းပြန်ဆုံးရူံးမယ်လို့သွန်သင်ကြခြင်းဖြစ်တယ်။

☝️(၂)စစ်မှန်သောကယ်တင်ခြင်းမရောက်၊ဘုရားသားမဟုတ်သူများ"

☝️(၃)ယောဟန် ၊၆:၇၊၁၇:၁၂
ခရစ်တော်ပြောတဲ့ရန်သူ၊ပျက်စီးခြင်း​၏သား
"ယုရှကာရုတ်"

☝️(၄)၁တိ၁:၁၉-၂၀- ယုံကြည်ခြင်းသင်္ဘောပျက်တဲ့ -
"ဟုမေနဲ၊အာလေဇန်းဒါး"

☝️(၅)ဟေဗြဲ ၆:၄-၆ မှာမြည်းစမ်းခြင်းသာရှိပေမယ့်
တကယ်မစားသေးတဲ့ "ဣသရေလူမျိုးများ"

ယုံကြည်သူများရဲ့အသက်ကခရစ်တော်နဲ့အတူခမည်းတော်ဘုရားဆီမှာထာဝရကာလအထိလုံခြုံစွာဝှက်ထား
ပြီးဖြစ်တယ်ဆိုတာသိပြီးဘရားသခင်ရဲ့ကယ်တင်ခြင်းကိုစိတ်ချယုံကြည်ပါ။

ကောလောသဲ ဩဝါဒစာ 3:3,4

အကြောင်းမူကား၊ သင်တို့သည် (ခရစ်တော်နှင့်) သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။

4. ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတ္တံ့။

ခရစ်တော်၌
Nawja Waje

မှတ်ချက်-

ကယ်တင်ခြင်းဆုံးရုံးတယ်လိုခံယူတဲ့သူတွေ
နားလည်လွဲတဲ့အခြားကျမ်းချက်တွေအများကြီး
ရှိကြသေးတယ်။များလွန်းရင်ဖတ်ရမှာပျင်းတတ်ကြလို့
ဒီလောက်နဲ့ဘဲရှင်းပြလိုက်ရပါတယ်။ကယ်တင်ခြင်းဆုံးရုံးတယ်လို့ခံယူသူများယူသုံးထားတဲ့ကျမ်းချက်များရဲ့ဆိုလိုရင်းကိုသိချင်ရင် comment မှာရေးထားပါ။တတ်နိုင်သလောက်တော့ဖြေပေးပါမယ်။

 #မိတ်ဆွေတုနှင့်အစစ်ခွဲခြားပြီးသိပါ၁-သာပေါင်းညာစားမိတ်ဆွေအတုများ  ၂-သစ္စာရှိသောမိတ်ဆွေကောင်းများ၊၃- အကောင်းဆုံးသောမိတ်ဆွ...
09/15/2026

#မိတ်ဆွေတုနှင့်အစစ်ခွဲခြားပြီးသိပါ

၁-သာပေါင်းညာစားမိတ်ဆွေအတုများ
၂-သစ္စာရှိသောမိတ်ဆွေကောင်းများ၊
၃- အကောင်းဆုံးသောမိတ်ဆွေစစ်

#သာပေါင်းညာစားအုပ်စု

#ရှိမိ ဒါဝိတ်နန်းတော်ကထွက်ပြေးပြီးဆင်းရဲဒုက္ခရောက်ချိန်မကူညီဘဲ၊ဆဲရဲခြင်း၊ခဲနှင့်ပေါက်ခြင်း၊မတရားသဖြင့်စွပ်စွဲခြင်းပြုသူဖြစ်ခဲ့ပေမယ့်ရှင်ဘုရင်အနေနဲ့ပြန်လာတဲ့အခါယုဒအမျိုးသားများနဲ့ရှေ့ဆုံးကမျက်နှာလိုမျက်နှာရကြိုဆိုတဲ့သူ။(၂ရာ၁၉:၁၆)

#ဣသရေလလူမျိုးများ

အားကြီးတယ်လို့ထင်ရတဲ့အာဗရှလုန်နောက်လိုက်ပြီးဒါဝိတ်ကိုပုံကန်တဲ့သူတွေဖြစ်ခဲ့ပေမယ့်၊ရှင်ဘုရင်အဖြစ်ပြန်လာတဲ့အခါ " ငါတို့သည်ရှင်ဘုရင်၌ဆယ်ဖို့တဖို့တို့ကိုဆိုင်ကြ၏။ဒါဝိတ်အမျိုးကိုသင်တို့ဆိုင်သည်ထက်ငါတို့နှင့်သာ၍ဆိုင်ကြ၏"လို့ ယုဒလူတို့ကိုသူတော်ကောင်းတွေလိုပြန်ပြောတတ်တဲ့သူများ။၂ရာ၁၉:၄၃)
အဆင်ပြေ မှ အမျိုး တော် လို ကြ သူများ ။

#မိတ်ဆွေစစ်များ

*ဆင်းရဲဒုက္ခကြုံတွေ့တဲ့အချိန်မှာလည်းနောက်တော်ကိုလိုက်တဲ့

#ဂိတ္တိလူအိတ္တိနှင့်နောက်လိုက်များ
#ဇာဒုတ်နှင့်လေဝိလူများ
#အာခိသားဟုရှဲ
#အဘိရှဲ

#ယောနသန်သားမေဖိဗောရှက်
စည်းစိမ်ဥစ္စာကြောင့်မဟုတ်ဘဲရှင်ဘုရင်ငြိမ်ဝပ်စွာပြန်လာမည့်အချိန်ကို-သစ္စာရှိစွာစေင့်မျှော်နေသောယောနသန်ရဲ့သား( ၂ရာ၁၉:၂၈-၃၀)

#ဗာဇိလဲ
အခွင့်အရေးလိုချင်၍မဟုတ်၊လိုအပ်နေသောအချိန်
၌ရှင်ဘုရင်ကိုအမြဲပြုစုကျွေးမွေးသော
ဂိလဒ်ပြည်သား(၁၉:၃၁-၄၀)

ဆင်ခြင်ရန်။

လက်ရှိနေ့စဉ်ပေါင်းဖေါ်နေတဲ့မိတ်ဆွေသူငယ်ချင်းများကဘယ်လိုမိတ်ဆွေတွေဖြစ်ကြသလဲ????

ကိုယ်တိုင်လည်းမိတ်ဆွေများအပေါ်ဘယ်လိုစိတ်ထားနဲ့ပေါင်းသင်းဆက်ဆံနေကြသလဲ????

#အကောင်းဆုံးသောမိတ်ဆွေစစ်

#သခင်ယေရူခရစ်တော်
အပြစ်သား၊ကျိန်ခြင်းခံနေရသောလူသားအားလုံးကိုချစ်လျက်လက်ဝါးကားတိုင်ပေါ်အသေခံအသွေးသွန်းရွေးနူတ်ကယ်တင်ခြင်းပြုခဲ့သောအကောင်းဆုံးမိတ်ဆွေစစ်-(ရောမ၅:၈)

*အဆင်ပြေကျမ်းမာချမ်းသာမှ၊ကောင်းချီးပေးမှခရစ်တော်နောက်လိုက်သူမဟုတ်ဘဲလက်ဝါးကားတိုင်မှာပြုခဲ့တဲ့ကျေးဇူးတော်ကိုအစဉ်အောက်မေ့ပြီးသစ္စာရှိတဲ့မိတ်ဆွေကောင်း၊နောက်လိုက်ငယ်သားကောင်းတယောက်အဖြစ်အသက်ရှင်ဖို့သွန်သင်ခံရသည့်အရာကိုပြန်လည်ဝေငှပါတယ်။

ဖတ်ရူသူအားလုံးအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ!

ခရစ်တော်၌
Nawja Waje

"Ai ဓါတ်ပုံကိုသာ ယူ သုံးထားပါသည်"

09/13/2026

GBC Rockville English Service
September 13, 2026
Hebrews Book Study - Part 4
Hebrews 3 - Part 1
"Our hope is built on nothing less than Jesus Christ"

1. Who is Jesus Christ?
(a) God’s Messenger
(b) High Priest
2. Be faithful to God with the things he entrusted to you!
3. Jesus is greater than Moses. The work of Jesus is greater than the Laws of Moses.
4. Learn to appreciate the giver, not the gift (blessing vs. the one who bless).
5. Jesus is the builder. Be like Jesus.
6. Everything in Old Testament is only illustrations (shadows) of the real thing (Jesus) in the future.
7. Is Christ in charge of your life?
8. Is your hope built upon Christ or something else?

09/12/2026

ဧဝံဂေလိက အသက်ရှိတယ်။
တန်ခိုးရှိတယ်။

သူ့ကို အသုံးပြုသူ
အစေခဲ့သူတွေအတွက်
ကောင်းကျိုးတွေသယ်
ဆောင်လာပေးတယ်။

ဧဝံဂလေိတရား၌ပါတဲ့
ကောင်းကြီးတွေကတော့..

၁။ခရစ်တော်ရှေ့ရောက်ရင်
၀မ်းမြောက်ခြင်းသရဖူ ရမယ်။
(၁သက် '၂: ၁၉ )

၂။ ငြိမ်သက်ခြင်းကိုဖြစ်စေတယ်။(ဧ-၆: ၁၅ )
သူများကို ဧဝံဂေလိ ပြောရင်း
ကိုယ့်အပူတွေ တကယ်
ငြိမ်သက်ပါတယ်။

၃။ ဘုန်းအသရေနဲ့တင်.တယ်ခြင်းကို
ပေးပါတယ်။(ရော၊ ၁၀: ၁၆)

၄။ ဝိညာဉ်ရေးရာ အသီးမဲ့ သူမဖြစ်ပဲ
အသီးသီး တိုးပွားခြင်းကို ပေးပါတယ်။
(ကော၊ ၁: ၁၆)

၅။ စာတန်ကိုတုန်လှုပ်စေတဲ့
တန်ခိုးနဲ့ အလင်း ရှိပါတယ်။
(၁ကော၊ ၁: ၁၈/၂ ကော၊၄: ၄ )

၆။ ဘယ်လောက်ပဲ ကြာကြာ
အချီးနှီး မဖြစ်ပဲပြန်ရိတ်သိမ်းရတယ်။
(ဟေရှာ၊ ၅၅: ၁၁/ ဒေ' ၁၁: ၁ )

၇။ ၀မ်းမြောက်ခြင်း အနှစ်သာရကို
ခံစားရစေပါတယ်။
(ဖိ၊ ၄: ၁ )

ဒီအကျိုးတွေကိုသိတဲ့ ရှင်ပေါလုက
ဧဝံဂေလိ ပြောဖို့ အမြဲ စွန့်စားတယ်။

၁။ ဧဝံဂေလိ ပြောရဖို့ လူတကာရဲ့ ကျွန်ဖြစ်ရတယ်။
(၁ကော၊၉: ၁၉ )

၂။ဧဝံဂေလိ အ တွက်ဆိုရင် သေဖို့ တောင် အသင့်ပဲ "
(တ ၂၀: ၂၄ )

၃။ဧဝံဂေလိအတွက်ဆို ဘယ်တော့မှ မရှက်၊မကြောက်၊
(ရော၊ ၁: ၁၆)

၄။ လူတွေပြောင်းလည်းဖို့ဆို ခရစ်တော်နဲ့ ခွာပြီး ကျိန်တောင် ခံချင်တယ်။(ရော၊ ၉: ၃)

၅။အချိန် ရှိရှိ/မရှိ ရှိအတတ်နိုင်ဆုံး ကြိုးစားပြီး ဟောပြောတယ်။(၂တိ၊၄: ၂ )

ကျမတို့လည်း

၁။ ကိုယ်တိုင် ပြောပါ။(မ၊၂၄: ၁၄)

၂။ လူများကို ဧဝံဂေလိ ကြားရမယ့်နေရာ ခေါ်လာပါ။
(ယော၊ ၁: ၄၁-၄၂)

၃။ ဧဝံဂေလိအတွက် အချိန်၊ ဘဏ္ဍာ 'အစွမ်းတွေ သုံးပါ၊
(လု၊ ၁၂: ၃၃)

၄။ ဧဝံဂေလိ အမှုတော်အတွက် အထူးဆုတောင်းပေးပါ၊
(ရော၊ ၁၀: ၁ )

ဧဝံဂေလိ မပြောရဲသူ၊

ဘယ်လိုပြောရမလဲ မသိသူ၊

ပြောဖို့ စိတ်မ၀င်စားသူ၊

ဘယ်သူ့ကို သွားပြောရမလဲ
မဆုံးဖြတ်နိုင်သူ...ဖြစ်ရင်

ဒီလိုဆုတောင်းပါ။

*

၁။ ပျောက်ဆုံးသူတွေကိုချစ်တဲ့စိတ်
ရရှိရန် ဦးစွာဆုတောင်းပါ။

ငါသည်သင်တို့ကိုချစ်ခြင်းမေတ္တာ
စိတ်တိုးပွားသည်အတိုင်း ...( ၂ ကော. ၁၂: ၁၅)

**
၂။ မပြောပဲမနေနိုင်၊ တောက်လောင်
တဲ့ နှလုံးသား ဖြစ်ပေါ်ဖို့ ဆုတောင်းပါ။

မဟောပဲနေမည်ဟုသဘောထား
သော်လည်း ငါ့အရိုးတို့၌ ချုပ်ထား၍
လောင်သောမီးကဲ့သို့ နုတ်ကပတ်တော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့်..(ယေ၊ ၂၀: ၉ )

** *
၃။ ဆာငတ်တဲ့မင်္ဂလာသားတွေကို
တွေ့ရဖို့ ဆုတောင်းပါ။

မာကေဒေါနိ ပြည်သို့ ကူးပါ။
ငါတို့ကို မစပါဟု ရပ်လျက်
တောင်းပန်၏။(တ၊ ၁၆: ၉ )

** **

၄။ တရားဟောရာ တခါးကို
ဘုရားသခင် ဖွင့်ပေးဖို့ ဆုတောင်းပါ။

တရားဟောရာတခါးကိုငါတို့အား
ဖွင့်တော်မှုမည်အကြောင်း...
ဆုတောင်းကြတော့..(ကော၊၄: ၄ )

*****

၅။ မိမိနုတ်ခမ်းကို ဧဝံဂေလိ
အတွက် ရဲရင့်စွာ ဖွင့်ပေးရန် ဆုတောင်းပါ။

ငါသည် နုတ်ကိုရဲရင့်စွာဖွင့်လှစ်ခြင်း
အခွင့်ရှိမည်အကြောင်း....ဆုတောင်း
ကြလော့..(ဧ၊ ၆: ၂၀ )

THE END

ကမ္ဘာကြီးရဲ့အနေအထားက
တစုံတခုသော အဆုံးသတ်ကို
ဦးတည်နေတယ်။

ညအချိန်ကုန်လု၍ နေ့အချိန်ရောက်
လုသောကြောင့် ... (ရော (၁၃: ၁၂)

ခပ်သိမ်းသော အမှုအရာတို့သည်
အဆုံးသို့ ရောက်လုသည်ဖြစ်သော
ကြောင့် (၁ပေ၊ ၄: ၇ )

ခရစ်တော်ကအသင်းတော် ဆိုတဲ့
သတို့သမီးကိုလာခေါ်ချင်နေပြီ။
ကျေးဇူးတော်ဆိုတဲ့ စာမျက်နှာကို
ပိတ်ပစ်တော့မယ်"

ဘုရားသခင်က လူတွေအပေါ်
အတိုင်းအဆမဲ့ သည်းခံ
စိတ်ရှည်ပေးခဲ့ပြီးပြီ

လူတွေ မထီမဲ့မြင်ပြုတာ
လည်း ခံခဲ့ပြီးပြီ

နိုင်ငံတိုင်းကို လည်း သူ့ရဲ့
ကယ်တင်ခြင်း ချစ်ခြင်း သတင်း
တွေ ပို့ဆောင်ခဲ့ပြီးပြီ

ကမ္ဘာလူဦးရေ သန်း 7800 မှာ
3900.က လုံး၀ ငြင်းပယ်တယ်
1500 ကတော့ လုံးဝကို မကြား
ဖူးသေးဘူး

အဲဒီလူတွေအတွက် ဘုရားက
စိတ်ရှည်စွာ စောင့်ပေးနေတယ်

ခရစ်တော်လူ့ဇာတိခံချိန်
၃.နှစ် ခွဲ လုပ်ဆောင် အောင်မြင်ခဲ့တဲ့
မပြီးပြတ်သေးတဲ့ မဟာအမှုတော်
ကို အသင်းတော် (ယုံကြည်သူ) များ
သို့ လက်လွဲအပ်ပေးခဲ့တယ်။

နိုင်ငံတော်နဲ့ဆိုင်တဲ့ ဧဝံဂေလိတရား
ကိုတော့ ယောဟန်၊ သခင်ယေရှု တို့
ဟောခဲ့ပြီးပြီ" ..ဘေးဒဏ်ကြီး ကာလ
မှာ ဂျူး ၁၄၄၀၀၀ ကလည်း ထပ်ဟော အုန်းမယ်

ထာဝရ ဧဝံဂေလိတရားကိုတော့
ဘေးဒဏ်ကြီး ကာလအလယ်မှာ
ကောင်းကင်တမန်တွေ ဟောမယ်

အခု ဒီကျေးဇူးတော်နဲ့ဆိုင်တဲ့
ဧဝံဂေလိသတင်း (ခရစ်တော်
အသေခံ/မြှုပ်/ထမြောက်) ကိုတော့
အသင်းတော်ကို ပြောဖို့တာဝန်
အပ်ခဲ့တယ်။

ဒီကယ်တင်ခြင်း သတင်းပြောဖို့ က
ဆုကျေးဇူးနဲ့မဆိုင်ပဲ.ယုံကြည်သူ
တိုင်း တာဝန်ဖြစ်တယ်"

ငယ်ငယ်ကတည်းကကြားခဲ့ဘူးတဲ့
ချီဆောင်ခြင်း ခုထိလည်း မလာသေး
ဘူးဆိုပြီး ပြက်ရယ်ပြု ကဲ့ရဲ့သူတွေ
ပေါ်လာနေတယ်။

ချီဆောင်ခြင်းမဖြစ်သေးတာက
မယုံကြည်သေးတဲ့သူတွေအတွက်နဲ့
ဧဝံဂေလိ မပြောသေးပဲပေါ့ပေါ့နေတဲ့
ယုံကြည်သူတွေအတွက် ဘုရားက
အခွင့်အရေးပေးနေခြင်းဖြစ်တာဆင်ခြင်ပါ"

အချိန်တွေမဖြုန်းပါနဲ့".ဒါနောက်ဆုံးပါ
ဒါက..လုပ်ချင်လုပ်နိုင်တယ်။
မလုပ်ချင်လည်း မလုပ်နဲ့ပေါ့
ဆိုတဲ့သဘော(May be) မဟုတ်..

လုပ်ကို လုပ်ရမယ်.တာဝန်
(Must be do it) ဖြစ်တယ်။
အမိန့်လည်း ဖြစ်တယ်။
(မာ၊ ၁၆:၁၅)

ယုံကြည်သူများသို့ ဘုရားသခင်
ထမ်းခိုင်းတဲ့ ထမ်းပိုး ဖြစ်တယ်။

ဘုရားထမ်းခိုင်းတာ ဂရုမစိုက်
မထမ်းပဲ နေတော့..အခြား ဒီထက်မက
လေးလံတဲ့ ပြဿနာဝန်ထုပ်တွေ
ထမ်းကြရတယ်။

အသင်းတော်မှာလူမှုရေးအရှုပ်အရင်း၊
ငွေရေးကြေးရေးအရှုပ်အရှင်း
လိင်မှုကိစ္စအရှုပ်အရှင်းတွေ
များလာတယ်"

ဧဝံဂေလိ မပြောခြင်းဆိုးကျိုးတွေက

၁။ အမင်္ဂလာ ဖြစ်တတ်တယ်။
(၁ကော၊၉: ၁၆)

၂။ ဘုရားရှေ့မှာအကြွေးတင်
နေသူဖြစ်တယ်။(ရော၊ ၁: ၁၄ )

၃။ဘုရားရှေ့ရောက်တဲ့တနေ့
အဖြစ်တင်ခံရမယ် (ယေဇ ၊ ၃၃:၆)

၄။ ညှင်းဆဲခြင်းနဲ့ ကွဲပြားခြင်း
ရောက်လာတတ်တယ် (တ. ၈:၁ )

၅။ ငါ တာဝန်မကျေခဲ့လေခြင်းလို့
နောင်တတွေ ရလာလိမ့်အုန်းမယ်"

အခု..ပတ်ဝန်းကျင် ကမ္ဘာနဲ့
အခြေအနေတွေအားလုံးက
ဘေးဒဏ်ကြီးကာလကို ဝင်ဖို့
ပြည့်စုံသလောက် ဖြစ်နေပြီ

ချီဆောင်ခြင်း တခုပဲ လိုတော့တယ်
အတိအကျ မသိပေမယ့်
နီးသထက်နီးပြီဆိုတာ သေချာတယ်။

Rapture လာတဲ့နေ့ဟာ
ယုံကြည်သူတိုင်းရဲ့..
This is the end game.ပါပဲ..

ချစ်လျက်

ကြယ်စင် တေး

Anti christ ရောက်လာရင်! -စာတန်ရဲ့တန်ခိုးနဲ့လာလိမ့်မယ်!-မုသာမျိုးစုံနဲ့လာလိမ့်မယ်!-ထူးဆန်းတဲ့နိမိတ်လက္ခဏာအမျိုးမျိုးနဲ့လာ...
09/11/2026

Anti christ ရောက်လာရင်!

-စာတန်ရဲ့တန်ခိုးနဲ့လာလိမ့်မယ်!

-မုသာမျိုးစုံနဲ့လာလိမ့်မယ်!

-ထူးဆန်းတဲ့နိမိတ်လက္ခဏာအမျိုးမျိုးနဲ့လာလိမ့်မယ်!

-အံ့ဩဖွယ်အမျိုးမျိုးနဲ့လာလိမ့်မယ်!

-အဗရှလုန်ကဣသရေလလူများကိုလှည်းဖျားသလို!

-လှည့်ဖျားခြင်းအမျိုးမျိုးနဲ့လာလိမ့်မယ်!

-လူများစွာ-နိမိတ်လက္ခဏာနောက်လိုက်ကြလိမ့်မယ်!

-ကယ်တင်ခြင်းသမ္မာတရားကိုမုန်းကြလိမ့်မယ်။

"ထို​အ​ဓ​မ္မ​လူ၏ လာ​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ စာ​တန်​ပြု​ပြင်​သော​အား​ဖြင့် မု​သား​နှင့် စပ်​ဆိုင်​သော ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း၊- ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။-”၂ သက်သာလောနိတ်‬ ‭2‬:‭9‬-‭10‬ ‭

👪ဒါကြောင့်ယုံကြည်သူများ၊ယနေ့တွေ့နေရတဲ့

☝️နိမိတ်လက္ခဏာနဲ့အံ့ဩဖွယ်ရာနောက်မလိုက်ပါနဲ့!

👏ကယ်တင်ခြင်းစိတ်ချမှုရှိဖို့

🤲သမ္မာတရားကိုအဓိကထားပြီးမွေ့လျော်တဲ့စိတ်နဲ့ခံယူပါ!

ခရစ်တော်မေတ္တာ၌

Andy Nawja Waje

Quiet Time ထဲကသင်ခန်းစာယူနည်းသင်ယူကြရအောင်"
09/09/2026

Quiet Time ထဲကသင်ခန်းစာယူနည်းသင်ယူကြရအောင်"

 #စစ်မှန်တဲ့ဘုရားရဲ့ပုရောဖက်ကလူ့အကြိုက်မပြောဘူး၊နူတ်ကပတ်တော်အတိုင်းပြောတယ်။ပုရောဖက်အတုကလူ့အကြိုက်ကိုဟောတော့လူကြိုက်များတ...
09/09/2026

#စစ်မှန်တဲ့ဘုရားရဲ့ပုရောဖက်က

လူ့အကြိုက်မပြောဘူး၊

နူတ်ကပတ်တော်အတိုင်းပြောတယ်။

ပုရောဖက်အတုကလူ့အကြိုက်ကို

ဟောတော့လူကြိုက်များတယ်။

ဒါပေမယ့်နောက်ဆုံးတော့ပျက်စီးခြင်းနဲ့

အဆုံးသတ်ရတယ်။

#ဒီနေ့ခေတ်ပုရောဖက်၁၀၀မှာ99ယောက်က

ပုရောဖက်ဟာနနိနဲ့ရှေမာယတို့လိုအတုတွေဘဲဖြစ်တယ်။

ပြီးခဲ့တဲ့နှစ်2025September 23-24 မှာချီဆောင်ခြင်းဖြစ်မယ်လို့"ရက်အတိအကျပြောနေတဲ့ပုရောဖက်အတုလည်းပေါ်ခဲ့တယ်။ဒီနှစ်လည်းSeptember 11-13 လာမယ်လို့ထပ်ပြောနေတဲ့ပိုရောဖက်အတုတွေပေါများလာတယ်၊သတိထားပါ။

#ဒီနေ့ခေတ်ပုရောဖက်တွေကိုမယုံနဲ့!

#အနာဂတ်ဆရာတွေကိုမယုံနဲ့!

#ဘယ်လိုအိပ်မက်ဖြစဖြစ််မယုံနဲ့

“ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ထို​ဆ​ရာ​တို့​သည် ငါ​စေ​လွှတ်​သော​သူ မ​ဟုတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။”
‭‭ယေရမိ‬ ‭29‬:‭8‬-‭9‬ ‭

Rev. Andy Nawja WJ

09/09/2026
 #မင်္ဂလာရှိသောမျှော်လင့်ခြင်းဖြစ်တဲ့ချီဆောင်ခြင်း**စစ်ပွဲ၊အိုနာသေခြင်း၊ပင်ပမ်းဆင်းရဲခြင်း၊မြည်တမ်းခြင်း၊ကဲ့ရဲ့အပြစ်တင်ခ...
09/08/2026

#မင်္ဂလာရှိသောမျှော်လင့်ခြင်းဖြစ်တဲ့ချီဆောင်ခြင်း

**စစ်ပွဲ၊အိုနာသေခြင်း၊ပင်ပမ်းဆင်းရဲခြင်း၊မြည်တမ်းခြင်း၊ကဲ့ရဲ့အပြစ်တင်ခြင်း၊ဝမ်းနဲကြေကွဲခြင်း၊စတဲ့အရာတွေအားလုံးကလွတ်မြောက်ပြီး၊မအို၊မနာ၊မသေတော့ဘဲ၊ထာဝရကာလထိပျော်ရွှင်ငြိမ်သက်ဝမ်းမြောက်ခြင်းကိုရရှိခံစားဖို့အတွက်၊မျှော်လင့်စရာအကောင်းဆုံးစကားက"ချီဆောင်ခြင်း" ဖြစ်တယ်။၁သက်၄:၁၇

“ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-”

**ချီဆောင်ခြင်းမှာပါဝင်ဖို့မသေချာတဲ့သူတွေအတွက်ချိန်းခြောက်တဲ့စကားမဟုတ်ဘဲမေတ္တာနဲ့သတိပေးနိုးဆော်တဲ့
စကားဖြစ်တယ်။

ကျန်ရစ်သူများကဘုရားသခင်ရဲ့အမျက်တော်သွန်းလောင်းခြင်းဆိုတဲ့ဘေးဒဏ်ကြီးကာလ၇နှစ်ကိုကျော်ဖြတ်ရမှာဖြစ်ပြီးကမ္ဘာဦးကစပြီးမကြားဘူးတဲ့ပြင်းစွာသောဒုက္ခဝေဒနာကိုခံစားပြီးနောက်ဆုံးထာဝရမီးငရဲအိုင်မှာအဆုံးသတ်ရမှာဖြစ်တယ်။

**ဒီလိုအဖြစ်ဆိုးမျိုးမကြုံတွေ့ဘဲသခင်ခရစ်တော်ရဲ့ချီဆောင်ခြင်းမှာပါဝင်နိူင်ဖို့ဧဝံဂေလိသတင်းစကားဖြစ်တဲ့၊အပြစ်သားများအားလုံးကိုယ်စားလက်ဝါးကားတိုင်မှာသခင်ယေရူခရစ်တော်ကအပြစ်ရဲ့အခသေခြင်းအဖိုးအခကိုပေးပြီးရွေးနူတ်ကယ်တင်ခဲ့ပြီးပြီဆိုတာကိုယုံကြည်လက်ခံဖို့လိုတယ်။

**ခရစ်တော်နဲ့အတူအသေခံခြင်း၊အတူမြုပ်နှံခံရခြင်း၊အတူရှင်ပြန်ထမြောက်ခြင်းစတဲ့ဘုရားစကားကိုကြားနာပြီးခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းရှိရပါမယ်။၁ကော၁၅:၃-၄/ဧဖက်၁:၁၃/ဂလာတိ၂:၂၀

အယောက်တိုင်းခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးချီဆောင်ခြင်းမှာပါဝင်တဲ့သူများဖြစ်ကြပါစေ
Maranatha.သခင်ယေရူကြွလာတော်မူပါ။အာမင်

Gospel Baptist Church Of Rockville

Address

7012 Muncaster Mill Road
Derwood, MD
20855

Opening Hours

11:30am - 2:30pm

Website

Alerts

Be the first to know and let us send you an email when Gospel Baptist Church of Rockville, Maryland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Gospel Baptist Church of Rockville, Maryland:

Shortcuts

Share