04/30/2026
ဘုရားသခင်ကို မသိနိုင်သောသူများ
လူတို့သည် လောက၌ တစ်ကြိမ်သာ အခွင့်ရ၍ လူဖြစ်ကြရသည်။ သို့ပြီးမှ ဘုရားသခင်၏ တရားစီရင်ရာသို့ လည်းကောင်း (သို့မဟုတ်) ဘုရားသခင်၏ ကယ်တင်တော်မူရာသို့လည်းကောင်း အသီးသီးရောက်ကြရသည်။
ယခုနေ့ရက်ကာလသည် လူသားတိုင်း ဘုရားသခင်နှင့် သိကျွမ်းလိုပါလျှင် သိကျွမ်းနိုင်ရသော အခွင့်သည် ယေရှုခရစ်တော်၏ ဧဝံဂလိတရားတော် အားဖြင့် ထင်ရှားလျက်ရှိပေသည်။ သို့သော်လည်း လူအသီးသီးတို့သည် ထိုအရာမြတ်ကို မခံမယူနိုင်ကြပေ။ အကြောင်းမှာ အောက်ဖော်ပြပါအတိုင်း ထိုသူတို့အသီးသီး၌ ပြုပြင်နေသောကြောင့်ဖြစ်သည်။
✍️ လောကီပညာကို အမှီပြုသောသူ (လောကီသား) – (၁ကော ၁း၂၁)
✍️ ကိလေသာတပ်မက်ခြင်းရှိသောသူ (သာသနာပလူ) – (၁သက် ၄း၄)
✍️ တပါးအမျိုးသားဖြစ်သောသူ - (ဆာလံ ၇၉း ၆/ ယေရ ၁၀း၂၅)
✍️ ဧဝံဂလိတရားကို နားမထောင်သောသူ - (၂သက် ၁း၈)
✍️ သမ္မာတရားကို အမှီမပြုသောသူ - (ယေရ ၉း၃/ ဟော ၄း၁)
✍️ ပညာမဲ့သောသူ - (ဂ ၄း၈)
✍️ မုသာကို ပြောသောသူ - (ယေရ ၉း၃/ ၆)
✍️ သင်ယူခြင်းကို မခံရသောသူ - (တရားသူ ၂း၁၀)
✍️ ထိုင်းမှိုင်း၍ ဥာဏ်မရှိသောသူ - (ယေရ ၄း၂၂)
✍️ ကရုဏာ မရှိသောသူ - (ဟော ၄း၁)
✍️ ချစ်ခြင်းမရှိသောသူ - (၁ယော ၄း၈)
ဘုရားသခင်ကို မသိခြင်းသည် လူဘဝ၏ အဆိုးဆုံးသော ဆုံးရှုံးမှုကြီးပင် ဖြစ်ပေတေ့ာသည်။ ယနေ့ပင် ထိုသို့သောအဖြစ်မှ လွတ်မြောက်နိုင်သောသူများ ဖြစ်ဖို့ရန် ယခုစာကို ဖတ်သောသူတိုင်း၌ ဘုရားသခင်သည် စေတနာတော်စိတ် ရှိတော်မူပေသည်။
ထိုဘုရားရှင်နာမတော် ဘုန်းကြီးပါစေ....
ဝေမျှပေးသောသူတိုင်းကို ကျေးဇူးတင်ပါသည်။