11/16/2025
ဒီကနေ့ခေတ်မှာ တရားဟောချက်တွေ ကြားနာရဖို့ဆိုတာ အရင်ကာလတွေထက် ပိုပြီးလွယ်ကူပါတယ်။ ဆိုရှယ်မီဒီယာတွေကတဆင့် နာယူနိုင်တယ်။ podcast တွေလည်း ရှိတယ်။ ဝဘ်ဆိုဒ်တွေလည်း ရှိပါတယ်။
တရားတွေ နာပေမယ့် အသက်တာမှာ တကယ့်လိုအပ်ချိန်မှာ နှုတ်ကပါတ်တော်အတိုင်း တုံ့ပြန်ဖို့ရာက မိမိစိတ်နှလုံးထဲမှာ ဘယ်လောက် မှတ်မိနေသလဲဆိုတာ အရေးကြီးပါတယ်။
လူအချင်းချင်း စကားပြောတဲ့အခါမှာ ကိုယ်က အားရပါးရ ပြောပြီးမှ တစ်ဖက်က 'ဘာပြောလိုက်တာလဲ' လို့သာ မေးခဲ့မယ်ဆိုရင် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ပါတယ်။
စိန်ခေါ်မှု၊ အပြိုင်အဆိုင်များတဲ့ ကာလထဲမှာ ကိုယ့်ဆုံးဖြတ်ချက်တွေ ချဖို့ မိမိတို့ စိတ်နှလုံးထဲမှာ နှုတ်ကပါတ်တော် ဘယ်လောက် ရှိသလဲဆိုတဲ့အပေါ် အခြေခံသွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် နှုတ်ကပါတ်တော် ဖတ်ရှုဆင်ခြင်တဲ့အခါ၊ ကြားနာ ခံယူတဲ့အခါ စွဲလမ်းသောအားဖြင့် မြဲမြံစေဖို့ ဖြစ်တယ်ဆိုတာ ခွန်အားပေး တိုက်တွန်းလိုပါတယ်။
November 16, 2025