11/30/2025
#စိတ္တေန နိယျတေ လောကော - စိတ်သည် လောကကို ဆွဲဆောင်သည် ၊ တစ်နည်းအားဖြင့် သတ္တဝါအားလုံးသည် မိမိတို့၏ စိတ်ဆန္ဒ၊ စိတ်၏ လွှမ်းမိုးမှုနောက်သို့ လိုက်ပါကြရသည်ဟု ဆိုလိုသည်။ စိတ္တေန နိယျတေ လောကော လို့ဆိုတဲ့ ဤဆိုရိုးစကားသည် စိတ်၏ အရေးပါမှုနှင့် ဩဇာလွှမ်းမိုးမှုကို ဖော်ပြသလို စိတ်၏ တန်ခိုးနှင့် သက်ရောက်မှုကို အလေးပေးဖော်ပြထားသော စကားရပ်ဖြစ်သည်။ လူသားတို့၏ အပြုအမူ၊ အကျင့်အကြံ၊ ဆုံးဖြတ်ချက်များသည် စိတ်၏ စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည်။ စိတ်သည် ကောင်းသောဘက်သို့ ဆွဲဆောင်နိုင်သလို မကောင်းသောဘက်သို့လည်း ဆွဲဆောင်နိုင်သည်။ ထို့ကြောင့် မိမိ၏ စိတ်ကို ထိန်းချုပ်နိုင်ရန်နှင့် ကောင်းသော စိတ်ထားကို မွေးမြူရန် အရေးကြီးသည်။ လောကလူသားတိုင်း မိမိတို့၏စိတ်ကို အမြဲစောင့်ရှောက်ထိန်းသိမ်းသင့်သည်။ စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေ။