09/10/2026
စာတန်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို တိုက်ခိုက်
သည်။
၁။ စိတ်နှလုံးပျက်စီးအောင်၊ ဖောက်ပြန်အောင်
ပြုလုပ်သည်။ ( ၂ ကော ၁၁:၃)
* အပြစ်သည် စာတန်၏စိတ်နှလုံးထဲမှစတင်
ခဲ့သည်။ (ဟေရှာ ၁၄:၁၄ )
* အပြစ်ကို ပထမဆုံးပြုသူသည် စာတန်
မာရ်နတ်ဖြစ်သည်။ ( ၁ ယော ၃:၈)
၂။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် မကောင်းသော
အတွေးများနှင့် မကောင်းသောအကြံအစည်များ
ကို ထည့်သွင်းပေးသည်။
( သုတ္တံ ၆:၁၈; ယာကုပ် ၄:၈)
* စာတန်သည် ဒါဝိဒ်အား ဣသရေလအမျိုးသားတို့
ကိုရေတွက်ရန် စိတ်နှလုံးသွေးဆောင်ခဲ့သည်။
( ၅ ရာ ၂၁:၁ )
၃။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှ ဘုရားသခင်၏
နှုတ်ကပတ်တော်ကို နှုတ်ယူသည်။
( မဿဲ ၁၃:၁၉)
၄။ လောကီအရာများကိုသာ စဉ်းစားစေပြီး လောကီ
အရာများကိုသာ တပ်မက်စေသည်၊ချစ်စေသည်။
( ကော၃:၂; ၂ တိ၄:၁၀; ၁ ယော၂:၁၅–၁၇)
၅။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် မာနထောင်လွှား
ခြင်း၊ ဝါးကြွားခြင်း ဖြစ်ပေါ်စေသည်။
( သုတ္တံ ၁၆:၅၊ ၁၈)
* ပထမဆုံး ဝါကြွားသူမှာ စာတန်ဖြစ်သည်။
(ယေဇကျေလ ၂၈:၁၇)
* နေဗုခဒ်နေဇာမင်းသည် မာနထောင်လွှား
သောကြောင့် နွားကဲ့သို့ မြက်ပင်ကို စားခဲ့ရသည်။
(ဒံယေလ ၄:၃၀–၃၃)
၆။ စိတ်ပျက်စေသည်၊ စိတ်နှလုံးအားငယ်စေသည်။
( သုတ္တံ ၂၄:၁၀)
* ပရောဖက်ဧလိယပင်လျှင်စိတ်ပျက်ခဲ့ဖူးသည်။
( ၃ ရာ ၁၉:၃–၄)
၇။ သူတပါး၏အပြစ်ကို ခွင့်မလွှတ်နိုင်အောင်
ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှာအလုပ်လုပ်သည်။
( ၂ ကော ၂:၅–၁၁)
* စာတန်၏ အကြံအစည်မှာ သူများ၏အပြစ်ကို
ခွင့်မလွှတ်နိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။
(၂ ကော ၂:၁၁)
* သမ္မာကျမ်းစာထဲတွင် အခြားသူများ၏အပြစ်ကို
ခွင့်လွှတ်နိုင်ခဲ့သူများ
(၁) ယောသပ်- မိမိကို ရောင်းစားခဲ့သော
အစ်ကိုများကို ခွင့်လွှတ်ခဲ့သည်။
( ကမ္ဘာဦး ၄၅:၅–၈; ၅၀:၁၉–၂၁)
(၂) ဒါဝိဒ် - မိမိကို သတ်ရန် အကြိမ်ကြိမ်ရှာဖွေခဲ့
သော ရှောလုမင်းကို သတ်နိုင်သည့်အခွင့်အရေး
နှစ်ကြိမ်ရခဲ့သော်လည်း ခွင့်လွှတ်ပြီး မသတ်ခဲ့ပါ။
( ၁ ရာဇဝင်ချုပ် ၂၄:၄–၇; ၂၆:၉–၁၂)
(၃) ယေရှုခရစ်- မိမိရန်သူများ၏အပြစ်ကို
ခွင့်လွှတ်ပေးရုံသာမက၊ ခမည်းတော်ထံတွင်
လည်း သူတို့၏အပြစ်ကို ခွင့်လွှတ်ပေးရန်
ဆုတောင်းပေးခဲ့သည်။
( လုကာ ၂၃:၃၃–၃၄)
(၄) သေတဖန် - မိမိကို ကျောက်ခဲဖြင့်
ပစ်သူများ၏အပြစ်ကို ခွင့်လွှတ်ပေးရုံသာမက၊
ထိုသူတို့၏အပြစ်ကို ခွင့်လွှတ်ပေးရန်
သခင်ဘုရားထံ ဆုတောင်းပေးခဲ့သည်။
( တမန် ၇:၅၉–၆၀)
* သမ္မာကျမ်းစာထဲတွင် အခြားသူများ၏အပြစ်ကို
ခွင့်မလွှတ်နိုင်ခဲ့သူများ
( ၁) ခွင့်မလွှတ်သော ကျွန်။
( မဿဲ ၁၈:၂၃–၃၅)
(၂) သားကြီး (လုကာ ၁၅:၂၅–၃၂)
* သူတပါး၏အပြစ်ကို စိတ်နှလုံးထဲမှ ခွင့်လွှတ်ရ
မည်။ ( မဿဲ ၁၈:၃၅)
ဧဖက် ၄:၃၂ — ခရစ်တော်ကြောင့် ဘုရားသခင်သည် သင်တို့ကို အပြစ်ကိုခွင့်လွှတ်တော်မူသကဲ့သို့၊ သင်
တို့သည်လည်း အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြလော့။
ကောလောသဲ ၃:၁၃ — ခရစ်တော်သည် သင်တို့ကို ခွ၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ သင်တို့သည်
လည်း အချင်းချင်း အပြစ်ခွင့်လွှတ်ကြလော့။