Buddish Dama

Buddish Dama Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Buddish Dama, Religious Center, Ann Arbor, MI.

🙏🙏🙏
12/16/2023

🙏🙏🙏

12/08/2023

🙏🙏🙏ပစ္စေကဗုဒ္ဓ ၏ ပါရမီဖြည့်ပုံ🙏🙏

👉ဘဝ နှင့်ဓံမ္မ အမြင်

👉ပစ္စေကဗုဒ္ဒ ဟာ သမ္မာသမ္ဗုဒ္ဓ

(မြတ်စွာဘုရား) ထက်တစ်ဆင့်နိမ့်ပြီး

သာဝကတွေထက်တစ်ဆင့်မြင့်ပုံ၊ ကိုသိရှိ

ရမှာဖြစ်ပါတယ်။

youtube channel 👉https://youtube.com/-dn8yr?si=VZBPc7dR8Gef1sw1

🙏🙏🙏အားလုံးဘဲကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေခင်ဗျာ🙏🙏🙏

Long road aheadLong Road Ahead by Kevin MacLeod is licensed under a Creative Commons Attribution 4.0 license. https://creativecommons.org/licenses/by/4.0/

Source: http://incompetech.com/music/royalty-free/index.html?isrc=USUAN1100588

Artist: http://incompetech.com/

12/03/2023

🙏🙏🙏ဒေဝဒတ်ငရဲကျရခြင်း အကြောင်း (၃ )မျိုး🙏🙏🙏

👉ဓံမ္မမိတ်ဆွေများခင်ဗျာ
မြတ်စွာဘုရားရဲ့သာသနာမှာ ဒေဝဒတ်ရဟန်း
ဟာ မြေမျိုသွားတယ် ဆိုတာအားလုံး သိကြမှာပါ။

👉ဒေဝဒတ်မြေမျိုပြီး ငရဲကျရခြင်းဟာ သံဃာ
သင်းခွဲလို့ ၊ ဘုရားကိုသွေးစိမ်း တည်အောင်
လုပ်လို့ လို့ထင်ကြမှာပါ၊

👉မြတ်စွာဘုရားက အဲလိုမ​ဟောပါဘူး ဒေဝဒတ် ကိုငရဲသို့ဆောင် ရခြင်းအကြောင်း
၃ မျိုးရှိပါတယ် ၊

အဲဒါကတော့👇
video

Youtube channel link👉https://youtube.com/-dn8yr?si=nU3ihPIiVQt1RtmP

11/27/2023

🙏သူခိုးကြီးညထက်သာလွန်သော တန်းဆောင်မုန်းလပြည့်ည🙏🙏🙏 #

👉တန်းဆောင်မုန်းလပြည့်နေ့မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဟာသူခိုးကြီးညဆိုပြီး
#ပျှော်ပျှော်ပါးပါး ခိုးယူစားသောက်ခြင်း၊ပွဲကျင့်ပခြင်း တွေလုပ်ဆောင်ကြပါတယ်။

👉အဲထက်မကလေးနက်စွာပြောရလျှင်တန်းဆောင်မုန်းလပြည့်ညဟာ အဖေကိုသတ်တဲ့
အဇာတသတ်ဘုရင်နှင့် နောက်ပါ၅၀၀အား

#သာညဖလသုတ် ကိုမြတ်စွာဘုရားကိုယ်တိုင်ဟော
ကြားပြီး သတိသံဝေဂတွေ ရစေခဲ့တဲ့ သာမညဖလအခါတော်နေ့ဖြစ်ပါတယ်။
Like and share
Youtube channel 👉https://youtube.com/-dn8yr?si=mT-AKpGYzHLt6hGJ

ပါချုပ်ဆရာတော်ကြီးကိုဒါမျိုးတွေကြောင့် #ပိုပိုပြီးကြည်ညိုမိတယ် ....."လူတစ်ချို့လုပ်နေကြတာပြောပြမယ်" လို့ ပါချူပ်ဆရာတော်က...
11/22/2023

ပါချုပ်ဆရာတော်ကြီးကို
ဒါမျိုးတွေကြောင့်
#ပိုပိုပြီးကြည်ညိုမိတယ် .....

"လူတစ်ချို့
လုပ်နေကြတာပြောပြမယ်" လို့

ပါချူပ်ဆရာတော်ကြီး မှ
မိန့်ပါတယ် ........

တချို့နေရာတွေမှာဆို
လမ်းက်ို ပိတ်ပြီးတော့တောင်
အလှူခံတာတွေ့ရတယ်.....

သဒ္ဓါရှိတဲ့သူက
လာလှူတာမျိုးမဟုတ်ပဲ
ကြိုပြီး စောင့်နေ
ပြောဆို ပိတ်ဆို့ပြီး အလှူခံနေရင်

ဒါ တောင်းနေတာနဲ့ အတူတူပဲ.......

ဒါကို လက်ခံရင်
ဘုန်းကြီးတို့
သူတောင်းစားဖြစ်သွားမယ် ......

ဘုန်းကြီး တလောက
စင်္ကာပူက
အဘိဓမ္မာသင်တန်း
ပို့ချဖို့ ပင့်လို့ သွားတယ်

ဒါကို အလှူခံကြတယ်......

"ဘုန်းကြီး
ကျန်းမာရေးမကောင်းလို့
ဆေးကုဖို့"လို့ ပြောပြီး အလှူခံကြတာ..

သိပ်ဝမ်းနည်းစရာကောင်းတယ်.....

တစ်ခါ
ဒကာတစ်ယောက်ကလည်း
လျှောက်ပြန်တယ်..

"ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင်"
"အလှူခံဖြတ်ပိုင်း ရိုက်ပေးပါ"

"အလှူခံပေးပါ့မယ်"တဲ့.....

ဒါတွေက
တော်တော်မကောင်းတဲ့ကိစ္စတွေပဲ..

ဘုန်းကြီးငယ်ငယ်တုန်းက
ရဟန်းဒါယကာတွေက
"လိုတာပြောပါ" ဆိုပြီး
ပြောလွန်းလို့
၂ ခါလောက်ပဲ တောင်းဖူးတယ်..

နောက်တစ်ခု
တရားပွဲ​တွေမှာ
အလှူခံဖလားတွေ ချထားတယ်..

တရားလာနာတဲ့လူတစ်ယောက်ဟာ
ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ
သူ့စိတ်ထဲ
စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင်

ဒါဟာမကောင်းတော့ဘူး..

ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင်

ဘုန်းကြီးတို့က
တရားကို ရောင်းနေသလို ဖြစ်နေမယ်..

ရောင်းရအောင်ကလည်း
ကိုယ့်တရားမဟုတ်ဘူး..

ဘုရားတရားတော်တွေ.....

ဒါကြောင့်
ဘုန်းကြီးတို့ တရားပွဲတွေမှာ
စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး..

ဘုန်းကြီးက
ရောင်းတယ် ရောင်းခိုင်းတယ်
ထင်မှာကို သိပ်စိုးရိမ်တယ်..

ဘုန်းကြီးတို့
ဆရာသမားမထေရ်ကြီးတစ်ပါးဆို

သူ့ဒါယကာတွေက
"ဘာလိုလဲဘုရား"လို့ မေးတော့

"သဒ္ဓါရှိသလောက်ကြည့်လှူ"
"ဘာလိုလဲ နောက်မမေးနဲ့"လို့
ပြောတာတွေ့ဖူးတယ်..

တမင်ကြီး
အလှူပေးချင်အောင်
ပြောနေစရာမလိုဘူး..

သဒ္ဓါရှိတဲ့သူက
လိုက်ရှာပြီးတောင်လှူတယ်..

တရားကို ဟောတဲ့နေရာမှာလည်း

ဘုန်းကြီးတို့
ဘုရားညွှန်ကြားချက်အတိုင်း
ဒေသနာစဉ်အတိုင်းဟောတယ်..

အကြောင်းပြချက်
ခိုင်လုံတဲ့တရားပဲ ဟောတယ်..

တရားနာသူတွေအပေါ်
မေတ္တာနဲ့ဟောတယ်..
မသ်ိကြသေးတာ
သိကြပါစေဆိုတဲ့
စေတနာနဲ့ ဟောတယ်..

ကိုယ့်ဂုဏ်ကိုမြှောက်
သူများကိုနှိမ်တဲ့တရားမျိုး မဟောဘူး

မြတ်စွာဘုရားက
တပည့်သံဃာတွေကိုလည်း

ဒီလိုတရားတွေဟောဖို့
တိုက်တွန်းခဲ့တာပါ..

ဒါကို လိုက်နာဖို့အရေးကြီးပါတယ် .......

ပါချုပ်ဆရာတော်ကြီး.

🙏🙏🙏
Crd # # #

Mmry: 4yrs: ago of .

11/18/2023

👉အိုခြင်း၊ နာခြင်း၊ သေခြင်း တွေဟာ
သံသရာမဆုံးနိူင်ဘဲ ဘာ့ကြောင့်ဖြစ်ပေါ်
နေရတာလဲ ?

👉Youtube channel link👇
https://youtube.com/-dn8yr?si=oprA9kSmX-HvXwkK

🙏🙏🙏မြတ်ဗုဒ္ဓ၏ အဆင့်အတန်းခွဲခြားသူသို့ဆုံးမစကား🙏🙏🙏👉အိန္ဒိယနယ်တခွင်ဟာမြတ်စွာဘုရားရှင်မပွင့်မီကာလကပင်အဆင့်အတန်းခွဲခြားမူအလွ...
11/13/2023

🙏🙏🙏မြတ်ဗုဒ္ဓ၏ အဆင့်အတန်းခွဲခြားသူသို့ဆုံးမစကား🙏🙏🙏

👉အိန္ဒိယနယ်တခွင်ဟာမြတ်စွာဘုရားရှင်မပွင့်မီကာလကပင်အဆင့်အတန်းခွဲခြားမူအလွန်ပြင်းထန်ခဲ့ပါတယ်၊

ဇာတ်နိမ့် ၊ ဇာတ်လတ်၊ ဇာတ်မြင့် ၊ စသည်ဖြင့် ဇာတ်ခွဲခြားမူတွေဟာ အိန္ဒိယမှာ ယခုထိပင်ရှိနေဆဲလို့ သိရပါတယ်၊

ဇာတ်နိမ့်ဆိုသူသည် သွားလေရာလမ်းတွင်ခြေရာပင်မရှိသင့် ဆိုပြီးဇာတ်မြင့်တွေ ဟာ
ဇာတ်နိမ့်သူရဲ့ နောက်မှာ သစ်ခက်များကိုတွဲ
၍ခြေရာကိုဖျက်စေ တဲ့အထိပါ၊

🙏ထိုသို့အဆင့်အတန်းကို နိမ့်ကျစွာ ခွဲခြားသူကိုမြတ်ဗုဒ္ဓက

ထိုသူသည် လူတစ်ဦးဖြစ်သည် မျိုးရိုးနိမ့်ကျသူ ဟုပြော၍ ဖယ်ရှားသူသာ နိမ့်ကျလှပါသည် အမှန်တရားကို သွယ်ဖယ်၍ပြော
ကြားခြင်းကြောင့် ထိုသူသည် လိမ်ညာသူ
ဖြစ်သည်။

👉ဒီမြေကြီးအပေါ် မှာ အားလုံးမွေးဖွားခဲ့တယ် မြေကြီးတွင် ခွဲခြားမူမရှိပါ ၊

ဖြစ်နေတဲ့သဘာဝတရားကို ဆန်ကျင်ပြီးသဘာဝတရားကို မကောင်းမလုပ်ပါနှင့်၊

👉 အကယ်၍ ရွှံ့ခဲကို ကောင်းကင်သို့ ထိအောင်ပစ်သော် လည်းကောင်းကင် ဟာ
ရှိမြဲတိုင်းရှိနေ၍ ရွှံ့ခဲသာ အကျွန်ုပ်တို့ အ
ပေါ်ကျရောက်မည်။

ကောင်းကင်ဟာ အကျွန်ုပ်တို့ အတွက်မိခင်သဖွယ် ဖြစ်ပေသည်။

👍လေသည်လည်း အကျွန်ုပ်တို့ အားလုံးအသက်ရှင် ဖို့အတွက်ပေးနေတာ မည်သူ့ကိုမျှခွဲခြား ထားခြင်းမရှိပါ၊

👉ရေသည် ရေဆာသူအားလုံးကို မခွဲခြားဘဲ
ဆန္ဒပြည့်ဝစေတယ်၊

ဒီဘဘာဝတရားကြီး တွေကတောင်
မခွဲခြားဘဲ အားလုံးသူကိုမျှမျှတတ ဆက်ဆံနေတာ အသင်တို့က ဘာကြောင့်
ခွဲခြားဆက်ဆံနေရတာလည်း မိမိရဲ့မကောင်းတဲ့ စိတ်ကိုမိမိကိုယ်တိုင်သာ ပြင်ဆင်နိူင်သည် ။

👉 လူတစ်ယောက် သည်တစ်ခြားလူတစ်ယောက် ၏နာကျင်မူ ၊ ဆင်းရဲဒုက္ခကို
ကူညီခဲ့လျှင် ထိုသူ၏ မေတ္တာသည် ကြီးမြတ်
လှပါပေသည်။

👉အားလုံး အဆင့်အတန်း ခွဲခြားခြင်းမှ
ကင်းဝေးကြပါစေ🙏🙏🙏

ယခုစာတန်းသည် မြတ်ဗုဒ္ဓဟောကြား ခြင်းမှ
တဖန်ကောက်နူတ်၍ ဖော်ပြခြင်းကြောင့်
အမှားပါလျှင် ခွင့်လွတ်ပေးကြပါ ။

မိတ်ဆွေများအတွက် တစ်စုံတစ်ရာ ဗဟုသု
တရခဲ့မယ် ဆိုလျှင် 👉Like and share လေးနှင့်ကူညီပေးခဲ့နိူင်ပါတယ်👌

11/07/2023

`အဏ္ဏဝါဗဟုသုတ&သစ္စာရဲ့စွမ်းအား´

👉တစ်ခါကမြတ်စွာဘုရားရှင်ကိုယ်တော်မြ
မြတ်လောင်းလျာဟာ ကုရုဘုရင်အုပ်စိုးတဲ့

✍️ ကုရုတိုင်း ဗာရုဂစ္စကဆိုတဲ့ပင်လယ်ဆိပ်
ကမ်းမြို့မှာ ရေကြောင်းခရီးသွားလာတဲ့မိ
သားစုမှာလူလာဖြစ်ပါတယ်၊

👉ဘုရားလောင်းဟာ ပင်လယ်ရေကြောင်းခ
ခရီးသွားလာတဲ့နေရာမှာ အဏ္ဏဝါဗေဒလို့
ခေါ်တဲ့ အဏ္ဏဝါဗဟုသုတအင်မတန်ကြွယ်

✍️ဝတဲ့အတွက်ကြောင့်သူသင်္ဘောဦးစီးမာလိ
မ္မူးအဖြစ်သွားလာတဲ့အခါဘာအန္တာရာယ်
မှမဖြစ်ပါဘူးတဲ့၊

👉တစ်နေ့မှာရေကြောင်းခရီးသွားရင်း မုန်တို
င်းတစ်ခုနှင့်တွေ့သောကြောင့်သင်္ဘောဟာ

✍️လမ်းကြောင်းပြောင်းပြီးတစ်ခါမှမရောက်
ဖူးတဲ့ပင်လယ်သမုဒ္ဒရာထဲရောက်သွားပါ
တော့တယ်၊

👉အဲဒီသမုဒ္ဒရာတွေကတော့ ခုရမာလီ၊အက္ခိ
မာလီ၊ တဒိမာလီ၊ ကုသမာလီ၊ ဏလမာလီ
ဆိုတဲ့ ရတနာထွက်တဲ့ ပင်လယ်သမုဒ္ဒရာ
ထဲရောက်သွားပါတယ်၊

👉နောက်သမုဒ္ဒရာတစ်ခုကတော့ ဗလ္လဝါမုခေ
ဆိုတဲ့ ရေဝဲတွေ၊ ရေချောက်ကမ်းပါးတွေ
(black hole)အောက်ကိုကျသွားလိုက် ပေါ်
လာလိုက်နှင့်

✍️အလွန် ကြောက်စရာကောင်းတဲ့ အသံဆိုး
ကြီးတွေနှင့်ပြည့်နက်နေတဲ့ သမုဒ္ဒရာထဲရော
က်သွားပါတော့တယ်၊

👉ဘုရားလောင်းဟာ အလွန်ကြောက်လန့်ပြီး ငိုကြွေးနေကြတဲ့သင်္ဘောသား ၇၀၀ ကိုကယ်

✍️ရန်အတွက်မိမိရဲ့သီလသမာဓိကိုသစ္စာတိုင်တည်ရျ် အန္တာရာယ်ကိုကျော်လွှားနိူင်ခဲ့ပါတယ်၊

👉ယခုခေတ်တွင်အလွန်မြင်ရခဲတဲ့ သစ္စာတ
ရားရဲ့စွမ်းအားကို ဒီvideoလေးမှာဆရာတော်ဘုရားဟောကြားမူကိုနာယူရမှာဘဲဖြစ်ပါတယ်၊

ကျွန်တော့်ရဲ့videoကို youtube channel မှာအရင်တင်ပါတယ် ၊
youyube channel👉https://youtube.com/-dn8yr?si=Kw5HKLlGcwhHjlcE

ယခုvideoလေးကိုကြိုက်နှစ်သက်ရင် like
and subscribe လေးနှိပ်ခဲ့ပါအုံ့နော်၊

👉👉👉

11/04/2023

သံသရာနှင့်ဘဝတဏှာ

👉ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ပန်းတိုင်ဆိုတာ
အိုခြင်း နာခြင်း သေခြင်းတွေကင်းဝေးရာ
မြတ်နိဗ္ဗာန်ဘဲမဟုတ်ပါလော၊

👉ယခုလ်ိုအိုလိုက် နာလိုက် သေလ်ိုက်နှင့်
ဒီသံသရာကြီးဟာအင်မတန်မှစိတ်ပျက်
စရာကောင်းလှပါတယ်၊

👉ဒီဒုက္ခတွေကင်းဝေးဖို့ဆိုရင် ဘဝတဏှာ
မရှိမှဖြစ်မှာပါ၊

👉ဘဝတဏှာမရှိဖို့အတွက်သူ့ရဲ့အကူအညီ
ဖြစ်တဲ့ကံတရားတွေကိုဖျက်စီးပစ်လိုက်ရ
ပါမယ်၊

👉ကံတရားတွေကိုဖျက်ဆီးဖို့အတွက်အဝိဇ္ဇာ
ဆိုတဲ့မသိခြင်းတွေကိုတရားဓမ္မနှင့်ဆင်
ခြင်သုံးသပ်၊ ကျင့်ကြံပွားများဖို့လိုအပ်ပါ
တယ်၊

👉ဒီလိုတန်ဖိုးမဖြတ်နိူင်တဲ့သိမှတ်ဖွယ်ရာတွေကိုတင်ဆက်ပေးနေတဲ့Buddish Dama page ကို Like and share လေးလုပ်ထားပါ။

youtube channel page👉
https://youtube.com/-dn8yr?si=yevhIAEH2UnbypaW

10/30/2023

👉 'သမထကျင့်စဥ်'

☂စိတ်ကိုတည်ငြိမ်အောင်ကျင့်ကြံပြီးရလာတဲ့အကျိုးကျေးဇူးကို အကြမ်းဖြင့် သမာဓိလို့ခေါ်နိူင်ပါတယ်။

☂သမာဓိဆိုတာဖြစ်တည်လာဖို့အတွက်'သမထကျင့်စဥ်'ဟာလည်းအလွန်ပင်အရေးကြီးလှပေသည်။

☝သမထဆိုတာ ဆိတ်ငြိမ်ရာအရပ်မှာထိုင်ပြီးထွက်လေဝင်လေကိုရှုမှတ် ရျ်ကြိုးစားရခြင်းဖြစ်ပါတယ်။

☂ဒါ့ကြောင့်တရားချစ်ခင်သူတော်စဥ်များသမထကျင့်ရာတွင်အထောက်အကူဖြစ်စေရန်ဆရာတော်ကြီးများရဲ့သြဝါဒတရားများကိုတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
👉youtube Channel
https://youtube.com/-dn8yr?si=ddw9aXXzct7B3pMw
အသိပညာတခုခုရတယ်ဆိုရင်
Like and share လေးနှင့်ကူညီပေးခဲ့ကြပါ။

Address

Ann Arbor, MI

Telephone

+959675184499

Website

Alerts

Be the first to know and let us send you an email when Buddish Dama posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Buddish Dama:

Share