19/08/2026
Hello my name is Elder Parker(ဖား)!
မင်္ဂလာပါ။ ကျွန်တော့်နာမည်က အယ်လ်ဒါ ဖားပါ။
I have had the amazing opportunity to serve the people of Myanmar in Thailand. Everyday has had its challenges, but its blessings were immense. This is impart of the happy smiles and attitudes of the people. Also, the lords hand has been stretched out during my whole mission, and as I've learned to take it, my burdens and stress has been eased. Although being a disciple of Jesus Christ can be hard I know that the joy and peace you receive makes it ever so worth it.
ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေကို ဝန်ဆောင်မှုပေးဖို့ အံ့သြဖွယ်ကောင်းတဲ့ အခွင့်အရေးတစ်ခု ကျွန်တော်ရခဲ့ပါတယ်နော်။ နေ့တိုင်းမှာ စိန်ခေါ်မှုတွေရှိခဲ့ပေမယ့် ရရှိခဲ့တဲ့ကောင်းချီးမင်္ဂလာတွေကတော့ အတိုင်းအဆမရှိပါပဲ။ ဒါဟာ လူတွေရဲ့ ပျော်ရွှင်တဲ့အပြုံးတွေနဲ့ နွေးထွေးတဲ့သဘောထားတွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ဒါ့အပြင် ကျွန်တော့်တာဝန်တစ်ခုလုံးမှာ သခင်ဘုရားရဲ့ လက်တော်က ဆန့်တန်းပေးနေခဲ့တယ်။`
ပြီးတော့၊ အဲဒီလက်တော်ကို ဆုပ်ကိုင်တတ်လာတာနဲ့အမျှ ကျွန်တော့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ စိတ်ဖိစီးမှုတွေလည်း ပေါ့ပါးသွားခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်ရတာက ခါးသီးခက်ခဲတဲ့အချိန်တွေရှိပါတယ်၊ ဒါပေမယ့် ရရှိတဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေမို့လို့ အရာရာတိုင်းက ထိုက်တန်
တယ်ဆိုတာ ကျွန်တော်သိပါတယ်။
5.Wherefore, be faithful; stand in the office which I have appointed unto you; succor the weak, lift up the hands which hang down, and strengthen the feeble knees.
6 And if thou art faithful unto the end thou shalt have a crown of immortality, and eternal life in the mansions which I have prepared in the house of my Father.(D&C 81:5-6)
၅ သို့ဖြစ်၍၊ သစ္စာရှိလော့၊ သင့်ကို ငါခန့်အပ်ထားလေသည့်အမှုအရာကို ဆောင်ရွက်လော့။ အားနည်းသောသူတို့ကို မစလော့၊ တွဲလွဲနေသောလက်တို့ကို မြှောက်ပေးလော့၊ အားနည်းသောဒူးတို့ကို ခွန်းအားဖြည့်ပေးလော့။
၆ သင်သည် အဆုံးတိုင်အောင် သစ္စာရှိလျှင်၊ သေခြင်းမရှိရာသရဖူကို၊ ထို့အတူ ငါ့အဘ၏အိမ်၌ ငါပြင်ဆင်ထားလေသည့် နေစရာအခန်းများ၌ ထာဝရအသက်ကို ရလိမ့်မည်။
I testify that the promise in these scriptures is true. Through faith in Jesus Christ and the perseverance through the ups and downs, we will inherit that crown of immortality, eternal life and the assurance that we will get to live with our family forever and God, our Heavenly Father.
ဒီကျမ်းစာတွေရှိ ကတိတော်က မှန်ကန်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းနှင့် အတက်အကျများကို ဇွဲလုံ့လဖြင့် သည်းခံခြင်းအားဖြင့်၊ ကျွန်တော်တို့က မသေနိုင်တဲ့သရဖူ၊ ထာဝရအသက်နဲ့ ကျွန်တော်တို့ရဲ့မိသားစုနဲ့ ကောင်းကင်ဘုံရှင်ဘုရားသခင်နဲ့အတူ ထာဝရနေထိုင်ရမယ်ဆိုတဲ့အာမခံချက်ကို အမွေခံရလိမ့်မယ်။
I Testify of these things in the name of Jesus Christ, Amen.
ဒီအရာအားလုံးကို ယေရှုခရစ်တော်၏နာမတော်၌ သက်သေခံပါ၏၊ အာမင်။