His way-out Ministry

His way-out Ministry Sharing the Gospel to unbelievers and encouraging believers through the word of God.God’s way-out.

21/06/2026

မရှုံးမရှိသော ဒုက္ခဒဿန

~~~~~~~~~~~~~~~~

အယုတ်အလတ်အမြတ်မရွေးရ
အော်…လူမှန်သမျှတွေ့ကြုံရတတ်တာဒုက္ခ

ဗုဒ္ဓကလဲဒုက္ခတွေ့မယ်ပြောတယ်
“နတ္ထိ ခန္ဓသမာ ဒုက္ခာ” တဲ့ “ခန္ဓာရှိသမျှဒုက္ခရှိမယ်ကွ”တဲ့လေ။
ဒါကြောင့် သစ္စာလေးပါး
ရင်ဝယ်ပိုက်ထားပြီး
တမဂ်တဖိုလ် ရလိုရငြား ဝိပဿနာလေး“သိ ပယ် ဆိုက် ပွါး”ကြပေါ့။

ခရစ်တော်ကလည်း “ဟေ့ ငါ့နောက်လိုက်တွေ ဒုက္ခအတွက် ကြိုပြင်ဆင်ထားကြ”ဆိုပြီးမှာတယ်။

ဒါပေမယ့် မစိုးရိမ်နဲ့ ငါမင်းနဲ့အတူအမြဲရှိနေမယ်“ပေါ့။

“ရှိ”ဆို
“အမြဲရှင်သန်နေခြင်း”ဆိုတဲ့ဂုဏ်အင်္ဂါတော်နဲ့ ပြည့်စုံတော်မူပေတာကိုး။

မယုံကြည်သူ ဘာသာခြား ခနအသာထား။

ခရစ်တော်ရပြီး ယုံကြည်သူရော ဒုက္ခမရှိတော့ဘူးလားလို့မေး

ဟင့်အင်း “ငါ့နောက်လိုက်ရင် ငါ့နာမကြောင့် ဒုက္ခတွေ့အုံးမှာ”တဲ့ ပြောင်းပြန်ကြီး။

ဒါဆိုရင် ဒီလိုပြန်တွေး

ဒုက္ခ၂မျိုး ရှိတယ်ဆိုပါစို့

၁ လောကမှာရှိသန်နေသူ လူသားမှန်သမျှ ကြုံရဆုံရတဲ့ဒုက္ခ။

၂ ခရစ်တော်နောက်လိုက်လို့ ခရစ်တော်
အကြောင်းပြောလို့ကြုံရတဲ့ဒုက္ခ။

ခရစ်တော်ကတော့ပြတ်တယ်” ကိုယ့် ဒုစရိုက်ကြောင့် ကိုယ်ကြုံရတဲ့ ဒုက္ခက ထူးမခြားနားဘူး ၊ အေး ခရစ်တော်ကြောင့်ဆိုရင်တော့ မင်္ဂလာရှိတယ်”

ဆိုတော့……

ဒုက္ခဆိုတာကြီးက ပြေးမလွတ်မယ့်အတူတူ

ဒီလောဓံလှိုင်းလုံးကြားမှာ
နွေးထွေးကြင်နာ ယုယညှာတာ
မေတ္တာတော်အနန္တ ခမ်းနားစွာပေါကြွယ်ဝတဲ့ ကောင်းကင်အဖနဲ့အတူတူ

ပျော်ပျော်ပါးပါး မော်တာကားစီးပီး
ဒုက္ခကြားမှာ ရင်ကော့ခေါင်းမော့စွာ
သွားကြရင်ကော မကောင်းပေဘူးလား။😇

ဒုတိယဒုက္ခကိုရွေးချယ်ကြမယ်လေ။

ဒီဒုက္ခကြားမှာ သူနဲ့အတူဆိုရင်

ကြောက်စရာကောင်းလဲ ရဲရင့်မယ်
ထိတ်လန့်စရာတွေ အံတုမယ်
စိုးရိမ်စရာကို ကျော်လွားပြီး
မေတ္တာအတိမ်နက် ဘဝရဲ့အနှစ်သာရကိုထုဆစ်မယ်
ပြီးတော့ ကိုယ်တော့်ရှေ့မှာ “မင်္ဂလာ”ရှိမယ်။

✍️ 21.6.2026

17/05/2026

#သမ္မာကျမ်းစာအရပညာကိုမှန်ကန်စွာပိုင်းခြားနားလည်ခြင်း(အပိုင်း၂)

16/05/2026

#သမ္မာကျမ်းစာအရပညာ

ကံ ကံ၏အကျိုး(သို့)ရက်စက်သည့် ကံကြမ္မာ၏ယုတ္တိမဲ့ သံသရာဗုဒ္ဓရဲ့ဝါဒ(အယူဆ)က ကံ ကံ၏အကျိုးဝါဒဘဲ။ကံဆိုတာက ကမ္မ(အလုပ်)ကနေလာတာ။“က...
17/01/2026

ကံ ကံ၏အကျိုး(သို့)
ရက်စက်သည့် ကံကြမ္မာ၏
ယုတ္တိမဲ့ သံသရာ

ဗုဒ္ဓရဲ့ဝါဒ(အယူဆ)က ကံ ကံ၏အကျိုးဝါဒဘဲ။

ကံဆိုတာက ကမ္မ(အလုပ်)ကနေလာတာ။

“ကံ ကံ၏အကျိုး”ဆိုပြီး ကံကိုနှစ်လုံးဆင့်ပြောတာက
ရှေ့တလုံး”ကံ”က ပြုလုပ်တဲ့အကြောင်းကံဖြစ်ပြီး နောက်တလုံးက”ကံ၏အကျိုး”ဆိုတာ
ပြုလုပ်ထားတဲ့အကြောင်း”ကံ”ရဲ့ အကျိုးဆက်”ကံ”

ဒါကိုဘဲ ကံ ကံ(ထိုပြုထားတဲ့ကံ၏)အကျိုး လို့ဆိုတယ်။

ကံကလဲအမျိုးမျိုးရှိနေရော
ဒိဋ္ဌဓမ္မဝေဒနိယကံ (ယခုဘဝချက်ချင်း အကျိုးပေး)

ဥပပဇ္ဇဝေဒနိယကံ(နောက်ဘဝမှအကျိုးပေး)

အပရာပရိယဝေဒနိယကံ(တတိယဘဝကနေစပြီး နိဗ္ဗာန်မရောက်မချင်းပေးနေမယ့်ကံ၊ဘဝအဆက်ဆက် အကျိုးပေးကံ ဆိုပါတော့)
ကိလေသာ အာသဝေါကုန်တဲ့ ရဟန္တာ ၊နိဗ္ဗာန်သွားမယ့်ရဟန္တာတွေမှာတောင်သက်ရောက်နေသေးတဲ့ကံလို့ဆိုတယ်)

အဲ့ဒီကံတွေအားလုံးကိုလဲ ဂရုကကံ လဟုကကံဆိုပြီးနှစ်မျိုးခွဲခြမ်းလို့ရနေသေး။

ဂရုကဆိုတာ ကြီးလေးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ ဂရုကကံဖြစ်ရင် မဖြစ်မနေအကျိုးပေးကိုပေးမယ့်သဘော။

လဟုကကံဆိုတာတော့ပေါပါးတဲ့ကံပေါ့။လဟုကကံဖြစ်ရင် အကျိုးပေးချင်မှပေးမယ် ပေးချင်လဲပေးမယ်။

ကဲလာပြီ
ကံကံ၏အကျိုးဝါဒ၏ ယုတ္တိမဲ့သံသရာ

မောင်မည်းက ဂရုကကံဖြင့် မောင်ဖြူကိုသတ်
လိုက်တယ်ဆိုပါဆို့။

မောင်မည်းမှာလူသတ်တဲ့အကုသိုလ်ကံရှိသွားပြီ ။

ဂရုကလဲဖြစ်နေတော့ မဖြစ်မနေအဲ့ဒီအကုသိုလ်ကိုပြန်ဆပ်ရတော့မယ်။

အဲ့ဒါနဲ့ အကုသိုလ်အကျိုးပေးချိန်တန်တော့
မောင်မည်းလည်းပြန်သတ်ခံရတယ်
သတ်တဲ့သူက မောင်နီ။

မောင်နီကိုလဲ မောင်ဝါပြန်သတ်။
မောင်ဝါကို မောင်ပြာပြန်သတ်။
မောင်ပြာကို မောင်ညိုပြန်သတ်။
မောင်ညိုကို မောင်စိမ်းပြန်သတ်နဲ့

ကံကံ၏အကျိုးသံသရာက အဲ့လိုလည်ပတ်နေတာ။

ဒါကိုဘဲ”ပြုသူအသစ် ဖြစ်သူအဟောင်း” ဆိုပြီး ဖွဲ့ဆိုထားကြလေတယ်။

“ကဲရိုးရိုးလေးဆင်ခြင်ကြည့်”

လူတဦးက လူသတ်ထားတဲ့အကုသိုလ်ကံကျူးလွန်မိရင် အဲ့ဒီလူရဲ့အကုသိုလ်အကျိုးဆက်(ပြန်သတ်ခံရမယ့်အကျိုးဆက်)ပြည့်စုံစေဖို့ တခြားလူတဦးက မဖြစ်မနေ အကုသိုလ်ကျူးလွန်ပြီးပြန်သတ်ပေးဖို့လိုနေအပ်နေတယ် ။
(ဗုဒ္ဓဝါဒအရ လူသားကံကြမ္မာကို လူတဦးတယောက်ကစီရင်ဆုံးဖြတ်ပေးတာမဟုတ်ဘဲ ကံကဘဲဆုံးဖြတ်ပေးတာ)

အဲ့ဒီလူတဦးရဲ့အကုသိုလ်ကံအကျိုးပြန်ဆပ်ပေးဖို့ တခြားသူတဦးဦးကလဲ မဖြစ်မနေပြန်သတ်ပေးရမယ့်သဘော။(ယုတ္တိမဲ့)

ဒါဆိုရင် ဘယ်တော့မှ အတောမသတ်နိုင်တဲ့ ကံကံ၏အကျိုးရဲ့သားကောင်ဖြစ်သွားပီ။

အဆုံးဆိုတာလဲမရှိနိုင်တော့ဘူး။

ကဲဒီလိုပြန်တွေး

အကယ်၍ မောင်မည်းက မောင်ဖြူကိုသတ်တဲ့အခါမောင်ဖြူက ရဟန္တာဖြစ်နေလို့ခွင့်လွတ်လိုက်ရင်ရောပြီးပြတ်သွားမှလားဆိုတော့။

အဖြေက…….Noပါ

မောင်မည်းသတ်ထားတဲ့ အကုသိုလ်ကံ က မောင်မည်းကိုဘယ်တော့မှခွင့်မလွှတ်ဘူး။ ခွင့်လွှတ်ခြင်းဟူသည် ကံကြမ္မာ ၌အလျင်းမရှိ။”ဇနေတိ သဒိသံ ပါကံ” ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် လို့ပြောတာကိုး။

ကိုယ်လုပ်ကိုယ်ခံ ဘယ်သူ့မှလာခံပေးလို့မရ ဘာညာ ဘာညာ blah blah blah….

ဆိုတော့မောင်မည်းရဲ့အကုသိုလ်ကံကိုဆပ်ပေးစီရင်ဖို့ မောင်နီက(သို့)မောင်????တဦးဦးက မဖြစ်မနေသတ်ကို သတ်ပေးရမယ်။မောင်နီကိုမောင်ဝါ မောင်ဝါကိုမောင်ပြာစသည် အစဉ်တိုင်းမှတ်ပါလေ………

ဟူး…. ရင်လေးစရာ အဲ့ဒီကံကြွေးသံသရာကို သင်ရွေးမလား ခင်လေးရာ……..🫩

ဆိုတော့….

အဲ့ဒီသံသရာ အကျိုးပေးကံကို ဆပ်ပေးဖို့
အဆုံးသတ်ဖို့ ရပ်တန့်သွားဖို့ ကျေအေးသွားဖို့
အကုသိုလ်ကြမ္မာဆိုး ဆက်မလည်စေဖို့
တစုံတဦး(လူပုဂ္ဂိုလ်) သို့မဟုတ်
တစုံတရာ (မေတ္တာ၊စွန့်လွတ်ခြင်း)
စသည်တော့လိုအပ်နေလိမ့်မယ်။

အဲ……
အဲ့ဒီလူကလည်း သာမှန်နဲ့မရဘူး
သံသရာကို ရပ်တန့်နိုင်တဲ့သူတဦးဦးဖြစ်ရမယ်ပေါ့။

#သံသရာ
#ကံကံ၏အကျိုး

❤️
✍️

ที่อยู่

Tak, Tha Sai Luat
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ His way-out Ministryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์