31/07/2026
#နေ့သစ်ခွန်အား
ယောသပ်၊ ဒံယေလတို့လောက်
အလုပ်များတာ ဘယ်သူရှိမလဲ!
ဒါပ္မေယ့် သူတို့အလုပ်က သူတို့ရဲ့
ဝိညာဉ်ရေးကို မထိခိုက်စေခဲ့ဘူး။
သူတို့ရဲ့ ဝိညာဉ်ရေးရာမှန်ကန်မှု
ကြောင့်ပဲ သူတို့အလုပ်၊ သူတို့ရဲ့
သခင်တွေအပေါ်မှာ ကောင်းကြီး
မင်္ဂလာသက်ရောက်ခဲ့တာ။ ဒါကို
သူတို့သခင် (အလုပ်ရှင်) တွေက
ကောင်းကောင်း သိမြင်ကြရတဲ့
အဆင့်ဖြစ်သွားတာ။
ယုံကြည်သူဆိုတာ အလုပ်ကြောင့်
ဝိညာဉ်ရေးရာပျက်ကွက်သွားတာ
မဖြစ်ရဘူး။ ကိုယ့်ရဲ့အလုပ်ရှင်က
ဒီတစ်ယောက်ဟာ ငါ့ခိုင်းဖတ်၊ ငါ
ခိုင်းလို့ လုပ်ရတာ၊ ငါပေးလို့ ရနေ
တာဆိုတာမျိုးနဲ့ ကိုယ့်ကိုမြင်စေဖို့
မဟုတ်ပါ။ ဒီတစ်ယောက်က ငါ့ကို
အကျိုးပြုတဲ့သူ၊ စိတ်ချယုံကြည်ရ
တဲ့သူ၊ သူ့ကြောင့် ကောင်းကြီးခံစား
ရပါလားဆိုတဲ့အထိ ဖြစ်လာဖို့ပါ။
ဒီလိုဖြစ်ဖို့ ဝိညာဉ်ရေး မှန်ကန်မှုကို
သေချာတည်ဆောက်ပါ။ အလုပ်ကို
ဘုရားသခင်ထက် ဦးစားမပေးပါနဲ့။
ဘုရားသခင်ကိုသာ ပိုဦးစားပေးပြီး
အလုပ်ကိုကြိုးစားပါ။ သစ္စာရှိပါ။
မေတ္တာဖြင့် Moses Van