Maesai Grace Church

Maesai Grace Church Myanmar Speaking Church, Very much interesting in church planting area, mission, christian maturing and community development are the way of God.

Outreach Trip to Myanmar
10/04/2026

Outreach Trip to Myanmar

ဒေါ်နာမီး၏နောက်ဆုံးမြေသို့အပ်နှံခြင်းခရီး၅.၄.၂၀၂၆
10/04/2026

ဒေါ်နာမီး၏နောက်ဆုံးမြေသို့အပ်နှံခြင်းခရီး
၅.၄.၂၀၂၆

ဒေါ်နာမီး၏နောက်ဆုံးမြေသို့အပ်နှံခြင်းအစီအစဉ်
05/04/2026

ဒေါ်နာမီး၏နောက်ဆုံးမြေသို့အပ်နှံခြင်းအစီအစဉ်

Sunrise Worship 5.4.2026 Easter Sunday
05/04/2026

Sunrise Worship
5.4.2026 Easter Sunday

အသင်းတော် ၂၂ နှစ်ပြည့်တွင်နှစ်ခြင်းမင်္ဂလာခံယူသောသူများ (၂၂ မတ်လ ၂၀၂၆)
04/04/2026

အသင်းတော် ၂၂ နှစ်ပြည့်တွင်နှစ်ခြင်းမင်္ဂလာခံယူသောသူများ (၂၂ မတ်လ ၂၀၂၆)

မယ်ဆိုင်ကျေးဇူးတော်အသင်းတော်၏အမျိုးသမီးတာဝန်ခံဆရာမအေးဖက်၏ညီမဖြစ်သူဒေါ်နာမီး၊အသက် ၄၂ နှစ်သည်ယနေ့ တွင်ခရစ်တော်၌အိပ်ပျော်သွ...
03/04/2026

မယ်ဆိုင်ကျေးဇူးတော်အသင်းတော်၏အမျိုးသမီးတာဝန်ခံဆရာမအေးဖက်၏ညီမဖြစ်သူဒေါ်နာမီး၊အသက် ၄၂ နှစ်သည်ယနေ့ တွင်ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်ပါသဖြင့်ကျန်ရစ်ခဲ့သည့်ခန္တာကိုယ်ကိုမြေသို့အပ်နှံခြင်းဝတ်ကိုလာမည့်တနင်္ဂနွေနေ့ (ဧပြီလ ၅ ) နေ့လည် (၂)နာရီတွင်ပြုမည်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

Sunday Worship December 22,2024
23/12/2024

Sunday Worship December 22,2024

လွန်ခဲ.သည်. နှစ်ပေါင်း ၂၀ လောက်က မယ်ဆိုင်ကျေးဇူးတော် အသင်းတော်အစပြုခဲ.သည်.အချိန်က Sport Ministry အားဖြင်.အစပြုခဲ.ရသည်.မှ...
05/09/2024

လွန်ခဲ.သည်. နှစ်ပေါင်း ၂၀ လောက်က မယ်ဆိုင်ကျေးဇူးတော် အသင်းတော်
အစပြုခဲ.သည်.အချိန်က Sport Ministry အားဖြင်.အစပြုခဲ.ရသည်.မှတ်တမ်း
ပုံများဖြစ်ပါသည်။ အားလုံးကို သတိရပါသည်။ Old Service အသင်းဖွဲ.ပြီး
တက်သစ်စလူငယ်များနှင်.ပြန်ကစားရအောင်။

မယ်ဆိုင်ကျေးဇူးတော်အသင်းတော်၏ ဝတ်ပြုခြင်းအစီအစဥ်များ
01/09/2024

မယ်ဆိုင်ကျေးဇူးတော်အသင်းတော်၏ ဝတ်ပြုခြင်းအစီအစဥ်များ

08/08/2024

ရေကြီးခြင်းကြုံလာသည့်အခါ

ရေကြီးခြင်းသဘာဝဘေးဒဏ်သည် နေရာတိုင်း၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးဒဏ်ကြီးတစ်ခုဖြစ်ပါသည်။
ဖွံ့ဖြိုးဆဲနိင်ငံငယ်များသာမကဖွံ့ဖြိုးပြီးသားနိင်ငံများလည်းရင်ဆိုင်ကြုံတွေ့နေရသည့်သဘာဝဘေးဒဏ်တစ်ခုပင်ဖြစ်ပါသည်။
ခေတ်စနစ်၏လူနေမှုပုံစံများပြောင်းလဲလာခြင်း၊လူသားများ၏ရေကြည်ရာ မြက်နုရာကိုရှာဖွေနေထိုင်ပြောင်းရွေ့လာခြင်း၊မတရားစီးပွားရေးသမားများ၏လောဘဇောများစသည်စသည်အကြောင်းတရားများကြောင့်လည်း သဘာဝတရားများသည်ပိုမိုပျက်စီးလာကာ ရေကြီးခြင်းများသည်လည်းပိုမိုဖြစ်ပေါ်လာရပါသည်။
ရေကြီးခြင်းကို နှစ်စဉ်နှစ်တိုင်းပိုမိုကြုံတွေ့လာနိင်ဖို့ရန်အကြောင်းများရှိပါသည်။ ဒါကြောင့်ရေကြီးခြင်းများဖြစ်ပေါ်လာနိင်သောဒေသတွင်နေထိုင်ကြသောသူများအနေဖြင့် မည်ကဲ့သို့ပြင်ဆင်သင့်သည်ဆိုသည့်အကြောင်းအရာများကို ဖော်ပြလိုပါသည်။

၁။ရေမကြီးခင်ပြင်ဆင်စရာများ
Before A Flood

မိမိနေထိုင်သည့်နေရာသည်မကြာခဏရေကြီးတတ်ပါက ဖြစ်နိုင်သည့် အချိန်ကာလရောက်လျှင်ကြိုတင်ပြင်ဆင်ထားတတ်‌ဖို့ရန်လိုအပ်ပါသည်။
ဖြစ်နိုင်ရင်တော. ရေအမြဲတမ်းကြီးတတ်သည်. နေရာဒေသများကို ရှောင်ရှားပြီးနေထိုင်သင်.ပါသည်။

အချို့ကြိုတင်ပြင်ဆင်စရာများစွာထဲမှအကြုံပြုလိုသောအကြောင်းများကိုအောက်တွင်ဖော်ပြလိုပါသည်။
၁။အရေးပေါ်အစီအစဉ်များချမှတ်ခြင်း၊
၂။ပစ္စည်းများကိုကြိုတင်ထုတ်ပိုးပြင်ဆင်ထားခြင်း၊
၃။မြင့်မားပြီးသွားရောက်ခိုလှုံနိင်သောနေရာများကိုကြိုတင်ပြင်ဆင်ထားခြင်း
၄။အရေးပေါ်အခြေအနေအတွက် ကူညီပေးနိင်မည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းများ၏ဆက်သွယ်ရမည့်ဖုံးနံပါတ်များကြိုတင်စုဆောင်းထားခြင်း
၅။မိမိအသုံးပြုမည့်ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့်ဖုံး၊အင်တာနက်အတွက်ငွေများ၊ဒေသများကိုကြိုတင်ဝယ်ယူထားရှိခြင်း
၆။မိမိနှင့်ပတ်သက်သော မှတ်ပုံတင်၊ပတ်စ်ပို့၊ကျန်းမာရေးအာမခံ၊စသည့်အရေးကြီးသောစာရွက်စာတမ်းများ၏မူရင်းများကိုသေချာသိမ်းဆည်းထားပြီး၊မိမိ၏ဖုံးများတွင် ဓါတ်ပုံများရိုက်ပြီးသေချာစွာသိမ်းဆည်းထားခြင်း၊ဖြစ်နိုင်လျှင်မိတ္တူတစ်စုံခန့်ကိုအရံသင့်ကိုယ်နှင့်မကွာထားရှိခြင်း၊
၇။မိမိအသုံးပြုမည့်လျှပ်စစ်ပစ္စည်းများ၏ဘက်ထရီးမီးအားများကိုစစ်ဆေးပြီးအကောင်းဆုံးအနေအထားအတွက်ကြိုတင်ပြင်ဆင်ခြင်း၊
၈။အရေးပေါ်စားသောက်စရာအခြောက်များကိုလည်းတတ်နိင်သလောက်ကြိုတင်စုဆောင်းထားခြင်း၊
၉။ရေပေါ်တွင်ပေါ်သည့်ကယ်ဆယ်ရေးဝတ်စုံ(ထင်ရှားတောက်ပသည့်အရောင်ရှိရမည်)ကိုကြိုတင်ပြင်ဆင်ထားခြင်း
၁၀။အမြဲတမ်းမိမိသောက်သုံးနေသောဆေးဝါးများရှိပါကအဆင်သင့်ထုတ်ပိုးပြင်ဆင်ထားရန်စသည်တို့ကိုအကြုံပြုလိုသည်။

၂။ရေကြီးနေစဉ်အချိန်တွင်
During A Flood

ရေကြီးခြင်းကိုတစ်ကယ်ကြုံတွေ့ရသည့်အချိန်တွင်လည်းအောက်ဖော်ပြပါအချို့ကိုအကြုံပြုလိုပါသည်။
ရေကြီးခြင်းကြုံတွေ့ရသည့်အခါ
၁။စိတ်ကိုတည်ငြိမ်စွာထားပါ၊
၂။မိုးလေဝသသတင်းကြေငြာချက်များကိုအမြဲနားစွင့်ပါ၊
၃။မိမိနှင့်နီးစပ်ရာအသင်းတော်၊အဖွဲ့အစည်း၊ရပ်ကွက်များ၏ကြေငြာချက်များကိုအမြဲနားထောင်ပြီးလိုက်နာပါ။
၄။ရေကြီးလာပါက ရွေ့ရမည့်ပစ္စည်းများကိုထားသင့်သည့်နေရာများတွင် သေချာစီစစ်ပြီး အရေးကြီးသည့်အလျောက်အစဉ်အတိုင်းလုပ်ဆောင်ပါ။
၅။ရေကြီးနှုံးမြန်လာပါက အမြန်ဆုံးလွတ်ရာကိုရှောင်နိင်ဖို့ကြိုးစားပါ၊
၆။ရေစီးသန်သောနေရာများကိုသတိထားပြီးရှောင်ရှားပါ။ကားမောင်းသွားခြင်းကိုလည်းမပြုပါနှင့်။
၇။လျှပ်စစ်မီးကြိုးများကိုသတိထားရှောင်ရှားပါ။
၈။အခြေအနေနဲ့အချိန်ခါကိုအကောင်းဆုံးသုံးသပ်ပြီးဆုံးဖြတ်ချက်ကိုချမှတ်ပါ။
၉။ပေါ့ပါးပြီးထင်သာမြင်သာရှိသည့်အရောင်တောက်ပသောအဝတ်အစားများကိုဝတ်ဆင်ပါ။
၁၀။မြွေ၊ကင်းစသည့်အဆိပ်ရှိသည့်အကောင်များကိုသတိထားပါ။ရေပေါ်၊ရေအောက်တွင်တွင်းထဲမှထွက်လာပြီးပေါ်လာတတ်ပါသည်။

၃။ရေကြီးပြီးသည့်နောက်
After A Flood

၁။အလျင်စလိုအိမ်ပြန်ဖို့မကြိုးစားပါနှင့်။သက်ဆိုင်ရာတာဝန်ရှိအာဏာပိုင်များ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းပါ။
၂။အချို့နေရာများတွင်မြွေ၊ကင်းစသည့်အဆိပ်ရှိသည့်အကောင်များခိုအောင်းနေတတ်ပါသဖြင့်သတိထားပြီးသွားလာပါ။
၃။သန့်ရှင်းရေးများပြုလုပ်ရာတွင်လည်းမီးကြိုး၊မီးခလုပ်များ၊မီးခုံများကိုသတိထားပါ။တစ်ချို့နေရာများတွင်မြေအောက်ကြိုးများရှိတတ်သည်။
၄။မိမိရဲ့ပိုင်ဆိုင်မှုပစ္စည်းများ၊အိမ်များအတွက်အာမခံထားရှိထားပါကသန့်ရှင်းရေးမလုပ်ခင်ပျက်စီးဆုံးရှူံးမှုများကိုမှတ်တမ်းဓါတ်ပုံများရိုက်ထားပါ။အာမခံကြေးများပြန်လျှောက်ရာတွင်အထောက်အကူဖြစ်စေပါသည်။
၅။ရေကြီးပြီးရေပြန်ကျသွားသည့်အချိန်တွင် လမ်းများ၊ချိုင့်များမှာ‌ပျက်စီးပြီးနေရာများပြောင်းသွားတတ်ပါသည်။
၆။ပျက်စီးသွားသည့်ကားများကိုလည်းသေချာစစ်ဆေးပြီးမှအသုံးပြုသင့်သည်။
၇။ယခုတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကိုသင်ယူရင်းနောက်တစ်ကြီမ်ရေကြီးခြင်းကြုံတွေ့ရပါကအခြေအနေကိုညင်သာစွာပိုမိုဖြေရှင်းနိင်ပါလိမ့်မည်။
၈။ပျက်စီးဆုံးရှုံးသွားသည့်ဆုံးရှုံးမှုစာရင်းများကိုသေချာစွာမှတ်တမ်းပြုစုပြီးဖြစ်နိင်လျှင်ခန့်မှန်းတန်ဖိုးကိုတွက်ချက်ထားပါ။အာမခံထားသောသူများအတွက်ပိုအဆင်ပြေစေပါသည်။
ရေကြီးခြင်းကိုတစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့နိင်ပါသည်။ နှုတ်ကပါတ်ကျမ်းစာထဲတွင်လည်းအတိအကျဖော်ပြထားပြီးသားဖြစ်ပါသည်။နောက်ဆုံးသောနေ့ရက်ကာလ၏နိမိတ်လက္ခဏများဖြစ်ပါသည်။
ရေကြီးခြင်းကြုံတွေ့လာရပါကမည်သို့ပြင်ဆင်ပြီးကျော်လွှားရမည်ကိုမိမိနားလည်သလောက်ကိုဝေမျှခြင်းသက်သက်ဖြစ်ပါသည်။

ဆရာရှင်း
သင်းအုပ်ဆရာ
ဩဂုတ်လ ၈ ရက်၊ ၂၀၂၄

ที่อยู่

319 Doingam Soi (2), Moo (2) Ban Doingam
Mae Sai
57130

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66987752317

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Maesai Grace Churchผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Maesai Grace Church:

แชร์