30/07/2024
ကပ်ဆိုက်သောအခါ
-------------------------------------
( 1 ) ငါးပါးသီလ မြဲခြင်း
( 2 ) အသားငါး စားသုံးမူ့နည်းခြင်း
( 3 )ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့
ကပ်ဆိုက်တယ် ဆိုတာ
လူသားတွေ
လောဘ , ဒေါသ , မောဟတွေ များလို့
သဘာဝတရားကြီးက ရပ်တန့်သွားအောင်
ပညာပေးတာ
ငါးပါးသီလ လုံခြုံအောင်
စောင့်ထိမ်းခြင်းရဲ့ အကျိုးကို
သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး
ကမ္ဘာလောကဓါတ်ကြီးဟာ
သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ
ဘုရားရှင်တွေ မပွင့်တဲ့ အချိန်
သာသနာပကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့
နတ်ကောင်း နတ်မြတ်တွေ
ဝဠာဟာက ဆိုတဲ့
ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်
အဲဒီ အခါမျိုးမှာ
ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ
ကောင်းမွန်တယ်
အဲဒီအတွက်
အငတ်ဘေး မဆိုက်ဘူး
လူသားတွေ သီလပျက်ပြီ ဆိုရင်
ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ
တခြားလမ်းက သွားတယ်
အဲဒီအတွက်
ဥတုတွေ ဖေါက်ပြန်တယ်
လူသားတွေ ဥတုမမှန်တော့
လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်
ပြောချင်တာက
ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး
မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ
စောင့်ရှောက်တာခံရတယ်
ဒီသဘောတွေကို
ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ
ဘယ်လို လက်ခံမလဲ
ဒါက လွဲချော်မှု နံပါတ်တစ် ပါ
နံပါတ်နှစ်
အသားငါး စားသုံးမှု နည်းခြင်းဟာ
ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ
ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး
ရောဂါပိုး ဆိုတာ
ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်
ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်
ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့
မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ
ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက်
ကြိုတင်ပြီး သတိပေးချင်တယ်
အသားငါး စားထားသူတွေ ဆိုရင်
သူတို့ အနားကပိုလို့ မရဘူး
အသားငါး စားထားသူဟာ
အနံ့အသက် မကောင်းဘူး
အိမ်မက်ပေးဖို့မလွယ်ဘူး
နိမိတ်တွေပြဖို့ ခက်ခဲတယ်
အသားငါး မစားခြင်းရဲ့
နောက်တမျိုး ရလဒ်က တိရိစ္ဆာန်တွေအပေါ်
မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်
အထူးသဖြင့် တခြားသတ္တဝါတွေရဲ့
အကုသိုလ်ကံတွေကြောင့်
ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်
ဒါကို
ကိုယ်စောင့်နတ်တွေက သိပြီး
သတိပေးချင်တယ်
ဒါပေမယ့်
သူတို့အနားကပိုလို့ မရဘူး
အဲဒီသဘောကြောင့်
အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာ
ဒါက
လွဲချော်မှု နံပါတ် နှစ်
နံပါတ်သုံးက
ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက်
ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး
ပရိတ်ရွတ်တဲ့ အခါ
ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ
ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ
သြဇာအာဏာ သက်ရောက်တယ်
ကပ်ဘေးကြောင့် လူတွေ သေကြတယ်
အဲဒီ သေတဲ့ သူတွေကို
ညအခါ ဘီလူး , မြေဘုတ် , ပြိတ္တာတွေက
လုယူစားသောက်ကြတယ်။
ဒါတွေကို
ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့
မယုံကြည်ကြဘူး။
ပရိတ်ရွတ်တဲ့ အခါ
ပရိတ်ရဲ့ သြဇာ ရွတ်ဖန်သူရဲ့
သီလ , သမာဓိ , ပညာကြောင့်
ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။
ကပ်ဘေး ဖြစ်ချိန်မှာ
အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။
ပူးကပ်ပြီး လူ့လောကကို
အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။
ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း
ဘုရားရှင်လက်ထက်က ကပ်ဘေးမှာ
ဖြစ်ခဲ့ဘူးတာပဲ။
ပရိတ် အစွမ်းထက်ဖို့
အသံထွက် မှန်ရမယ်
ယုံကြည်ရမယ်
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံချက်နဲ့ ညီရတယ်တဲ့
ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက
ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။
ဒီသဘောတွေကတော့
ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်
သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မူ့ နံပါတ် သုံး ပါပဲ။
အခုတော့
လက်ဆေးကြ , အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မူ့တွေပဲ
တစ်ကမ္ဘာလုံး လုပ်နေကြတယ်။
မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ်
မမြင်နိုင်တဲ့ သဘောတွေနဲ့လည်း
အခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင်
မြန်မာပြည်သူတွေ ကပ်ဘေးကနေ
ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။
ဒီသဘောတွေကတော့
ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့
အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပါချုပ်ဆရာတော်
#မူရင်းတင်သူအားဂါရဝပြုပါသည်