Dhamma Channal ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dhamma Channal, พุทธสถาน, HM5F&W79, Phraeksa, Mueang Samut Prakan District Bang Pu, Samut Prakan, Bangkok.

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ..
ဗုဒ္ဓ၏တရားတော်များနှင့်သာသနာပြန့်ပွားရေးတွက် ရည်ရွယ်၍ ဆရာတော်ကြီးများ၏ တရားတော်များအား နေ့စဉ်တင်ဆက်ပေးသွားပါမည်။
Pageကို Like နှိပ်ထားပေးခြင်းဖြင့် တရားတော်များနာယူပြီး တရားထူးတရားမြတ်များရရှိနိုင်ကြပါစေ။🙏🙏🙏

29/08/2025

#ကြာနီကန်ဆရာတော် ဟောကြားတော်မူသော (မပေးပေးပေး ပေးပေးပေး) ပဉ္စက္ကဒါန ပုဏ္ဏားအကြောင်းတရားတော်

29/08/2025

#ပါချုပ်ဆရာတော် #မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း(၄)
တရားဒေသနာတော်များကို စဉ်ဆက်မပြတ်တင်ပေးသွားမှာမို့ Like လုပ်ပြီးကုသိုလ်တော်ပါဝင်ပေးပါရန်🙏🙏🙏

ဆရာကန်တော့နည်း*******************သြကာသ၊ သြကာသ၊ သြကာသ။ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကိုပျောက်ပါစေခြ...
29/08/2025

ဆရာကန်တော့နည်း
*******************
သြကာသ၊ သြကာသ၊ သြကာသ။

ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို

ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊

သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို

အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏

အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊

ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှ

အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ခေါက်)🙏 အရဟတော = တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှ...
29/08/2025

🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ခေါက်)

🙏 အရဟတော = တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို ဆိတ်ကွယ်ရာ၌ပင် ပြုတော်မမူ၊ ပြောတော်မမူ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့်၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊

🙏 သမ္မာသမ္ဗုဒ္ဓဿ = သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော် မူနိုင်ပါပေထသော၊

🙏 တဿ ဘဂဝတော = ထိုဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊

🙏 နမော = ရိုသေမြတ်နိုး မာန်ညွတ်ချိုး၍ ရှိခိုးခြင်းသည်၊

🙏 အတ္ထုဘဝန္တု = စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓု။)

စိန်ရောင်ခြည်ဘုရားပင့်*********************အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော ။၀ဇိရာဝ ဝိရောစန္တိ၊ ဇိနော မေ ဌာတု သီသကေ ။...
29/08/2025

စိန်ရောင်ခြည်ဘုရားပင့်
*********************

အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော ။

၀ဇိရာဝ ဝိရောစန္တိ၊ ဇိနော မေ ဌာတု သီသကေ ။

အင်္ဂီရသဿ-အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြီးမားသည့် သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံကွန့်မြူးလျက် အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို ချီးကျူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။

ဘမုကန္တရေ-မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။

သဉ္ဇာတာယ-နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍နေသော။

ဥဏ္ဏာယစ-ဆွဲလို့ ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ၎င်း။

ဒါဌာဟိစ-ပတ္တမြား ခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာဓာတ်တော်ထူးတို့မှ၎င်း။

သေတရံသိယော-ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြလေးပန်းစပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသောအဆင်းတော်မြတ် တို့သည်။

ဝဇိရာဝ-စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင်စိန်သားတောင်ကြီးကဲ့သို့။

ဝိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏။

သော ဇိနော-ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီး သည်။

မေ-မမ-ရုပ်နှင့် နမ်သာ ထိုနှစ်ဖြာကို အတ္တသမုတ် အကျွန်ုပ်၏။

သီသကေ-လေးထွေ ဘူတ ကာယကိုယ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်၌။

ဌာတု- ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်တော်မူပါ့ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

28/08/2025

🙏 #ပါချုပ်ဆရာတော် #မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း(၃)

တရားဒေသနာတော်များကို စဉ်ဆက်မပြတ်တင်ပေးသွားမှာမို့ Like လုပ်ပြီးကုသိုလ်တော်ပါဝင်ပေးပါရန်🙏🙏🙏

28/08/2025

🙏 #ပါချုပ်ဆရာတော် #မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း(1)

တရားဒေသနာတော်များကို စဉ်ဆက်မပြတ်တင်ပေးသွားမှာမို့ Like လုပ်ပြီးကုသိုလ်တော်ပါဝင်ပေးပါရန်🙏🙏🙏

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ........ဗုဒ္ဓ၏တရားတော်များနှင့်သာသနာပြန့်ပွားရေးတွက် ရည်ရွယ်၍ ဆရာတော်ကြီးများ၏တရားတော်မျ...
28/08/2025

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ........
ဗုဒ္ဓ၏တရားတော်များနှင့်သာသနာပြန့်ပွားရေးတွက် ရည်ရွယ်၍ ဆရာတော်ကြီးများ၏တရားတော်များ၊ ဓမ္မအသိတရားတော်များ၊မှတ်သားနာယူထိုက်သော တရားတော်များအား နေ့စဉ် တင်ဆက်ပေးသွားပါမည်။ Dhamma Channal Pageကို Likeလုပ်ပေးခြင်းဖြင့် ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများနှင့် တရားတော်များကို ရိုသေမြတ်နိုးစွာနာယူပြီး တရားထူးတရားမြတ်များ ရရှိနိုင်ကြပါစေ။ 🙏🙏🙏

ที่อยู่

HM5F&W79, Phraeksa, Mueang Samut Prakan District Bang Pu, Samut Prakan
Bangkok
10280

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dhamma Channalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท