Ven-Khemãcãra ဆက်သွယ်ရန် Viber +959694755969, +66628537510, Line ID - khemacara520157 ,

"ချမ်းသာပြီးရင်း ချမ်းသာအောင် နေတတ်သူ" လူ့ဘဝဆိုတာ ကန့်သက်ချက်တွေ ရှိနေပါတယ်။ဥပမာ - အစား ဘယ်လောက်မက်မက်နှစ်ပန်းကန်စာလောက်...
21/06/2025

"ချမ်းသာပြီးရင်း ချမ်းသာအောင် နေတတ်သူ"

လူ့ဘဝဆိုတာ ကန့်သက်ချက်တွေ ရှိနေပါတယ်။
ဥပမာ - အစား ဘယ်လောက်မက်မက်
နှစ်ပန်းကန်စာလောက် ဝင်သွားရင် ဆက်မစားနိုင်ပါဘူး။

အဝတ်ဘယ်လောက်မက်မက်
တစ်ကိုယ်စာထက် ပိုမဝတ်နိုင်ပါဘူး။
ဆယ့်လေးငါးထည် ထပ်ဝတ်လို့ မရနိုင်ဘူးပေါ့။

ရတနာ ဘယ်လောက်မက်မက်
နားဆွဲစသည်ကို ဆယ်ခုဝတ်လို့ မရနိုင်ပါဘူး။

နေစရာဘယ်လောက်မက်မက်
ကုတင်တလုံးပေါ်ပဲ အိပ်နိုင်ကြပါတယ်၊

အိမ်၊ တိုက် အလုံးပေါင်းများစွာပိုင်နိုင်ပေမယ့်
နေတဲ့အခါမှာတော့ တစ်လုံးထက်ပိုမနေနိုင်ပါဘူး။
လူဆိုတာ ဒီလိုကန့်သတ်ချက်တွေနဲ့ ရှင်သန်နေကြရတာပါ။

ကျေးလက်လူကြီးတွေကတော့ ဒီအခြေအနေကို
စကားလုံးရှင်းရှင်းပဲ ပြောလေ့ရှိပါတယ်၊
"သိပ်လောဘမကြီးနဲ့ ဗိုက်တစ်လုံးစာထက်၊ဘယ်သူမှ ပိုမစားနိုင်ပါဘူး"တဲ့။

လီယိုတော်စတွိုင်းကလည်း သူ့ရဲ့ကမ္ဘာကျော်ဝတ္ထုထဲမှာ
"လူဟာ ဘယ်လောက်လောဘကြီးကြီး၊
သေရင် ခြောက်ပေစာကြွင်းပဲ ပိုင်ကြရတယ်"လို့ ရေးထားပါတယ်။

အဆိုးဆုံးကတော့ အသက်(၆၀)ကျော်ရင်
ဘယ်လောက်ရှိရှိ ကျန်းမာရေးနဲ့တည့်တာပဲ
စားနိုင်တော့တာမို့ ကိုယ်ပိုင်တာတောင် မစားနိုင်၊
မသုံးနိုင်တော့ပါဘူး။
ထင်ရှားတဲ့ Limitation ပါပဲ။

မှန်ပါတယ်။
ဘဝတစ်ခုစာလုံလောက်ပြီးရင်၊
ကောင်းကောင်း စံစားပါ၊
စားပါ၊ သုံးပါ၊ ကုသိုလ်ပြုပါ၊
အလွန်ပဲ ချမ်းသာပါလိမ့်မယ်။

ပညာရှိသူ လူလိမ္မာလို့ ခေါ်နိုင်ပါတယ်။
တစ်ဘဝစာထက် ပိုမက်လာပြီဆိုရင်တော့
ချမ်းသာပြီးသားကနေ ဒုက္ခရှာတာ ဖြစ်ပါတယ်။

ရှိပြီးသားတောင် စိတ်အေး လက်အေး
မစံစားနိုင်တော့လို့၊
ချမ်းသာတယ်လို့ မဆိုနိုင်တော့ပါဘူး။
မချမ်းသာရုံမက စိတ်ပါဆင်းရဲရပါလိမ့်မယ်။
အန္တရာယ်တွေကြား ညပ်ပြီ၊ ဝိုင်းပြီလို့သာ မှတ်ပါ။

နှစ်တစ်ရာအောက်မှာ လူတိုင်းသေကြရပါတယ်၊
နှစ်တစ်ထောင်စာလောက် ရှာဖွေနေရင်
"လူ့ငမိုက်သား"ဖြစ်နေပါပြီ။

အထူးသဖြင့် လူမုန်းများသူတွေဟာ
ဘယ်လိုပဲ ဟန်ကိုယ့်ဖို့နေနေ
စိတ်အလွန်ဆင်းရဲနေသူများ ဖြစ်ရတတ်ပါတယ်။

ဒါကြောင့် သုံးသပ်ပါ၊ ဆင်ခြင်ပါ။
တစ်ဘဝစာ တကယ်လုံလောက်ပြီလား၊
လုံလောက်ရင် ဆက်မရှာနဲ့၊
ရပြီးသားကို စံစားပါ၊
စားပါ၊ သုံးပါ၊ ချမ်းသာအောင် နေပါ။

အများချစ်အောင်လည်း နေပါ။
ဒါဆိုရင် "ချမ်းသာပြီးရင်း
ချမ်းသာအောင် နေတတ်သူ"လို့ ခေါ်ပါတယ်။
ချမ်းသာပြီးသားကနေ ဆင်းရဲအောင် မနေပါနဲ့၊
မပြုမူပါနဲ့၊ သတိကလေး ကပ်ပါ။
ချစ်လို့ပြောတယ် မှတ်ပါ။ ။

မေတ္တာဖြင့် -
ဒေါက်တာ အရှင်ကေဝလ PhD (သီရိလင်္ကာ)

ငလျင်ဘေးသင့် အရပ်ဒေသသို့ ကူညီလှူဒါန်းခြင်း …အလှူရှင် ကိုသိန်းမင်းဦး (ခ) ကိုငဲ + မဆုမြတ်စိုး တို့၏ သမီးလေး မဆောင်းဟေမာန် ...
04/04/2025

ငလျင်ဘေးသင့် အရပ်ဒေသသို့ ကူညီလှူဒါန်းခြင်း …
အလှူရှင် ကိုသိန်းမင်းဦး (ခ) ကိုငဲ + မဆုမြတ်စိုး တို့၏
သမီးလေး မဆောင်းဟေမာန် ၏ မွေးနေ့ အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် အလှူတော်ငွေ (၃၀၀,၀၀၀) ကျပ်ကို
စာနာမေတ္တာကရုဏာ ကိုယ်ချင်းစာမှုများ ပြည့်ဝစွာဖြင့်
လှူဒါန်းအပ်ပါသည် 🙏
အလှူရှင် မိသားစု အားလုံးတို့သည်
ဘေးကင်းရန်ကွာ လိုရာဆန္ဒ ပြည့်ဝပါစေ
မရှိဟူသော စကား မကြားရပဲ လိုတိုင်းတ၍ ရကြပါစေ 🙏
သာဓု
သာဓု
သာဓု 🙏🙏🙏

22/03/2025
မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်ဒါကြောင့်…မေတ္တာမစူးစေနဲ့...~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင် မစော...
22/03/2025

မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်
ဒါကြောင့်…မေတ္တာမစူးစေနဲ့...

~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို
တန်ဖိုးမထားရင်တောင် မစော်ကားမိပါ‌စေနဲ့
အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့
‌ပေးတဲ့သူကမေတ္တာစစ်မေတ္တာမှန်‌နေရင်
ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်။

~သူကဘာမှ မသိပါဘူးဆိုပြီး
တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့
သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ။

~အကြွေးပဲ...
ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး
မသိသလိုမနေပါနဲ့
လောကမှာ ကြောက်စရာအကောင်းဆုံးကအကြွေးပါ
ဘယ်လိုအကြွေးမျိုးမဆို
တစ်ဖက်လူဆီကယူပြီးရင်
မသိသလိုနေလို့ရပေမဲ့
နောက်ဘဝအထိ ဝဋ်ကြွေးတွေပါသွားတတ်ပါတယ်။

~မေတ္တာလည်း ထိုနည်း၎င်းပါပဲ...
မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ
လောကမှာမရှိဘူး
မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ်
အဲ့ဒီအထဲ သင်မပါပါစေနဲ့
မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ။

~တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို
အသိအမှတ်မပြုတဲ့အပြင်
နာကျင်အောင်၊ ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင် သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာ မမေ့ပါနဲ့။

~သင်ပြုသမျှအရာရာဟာ
ဘယ်သူမှမသိဘူးဆိုရင်တောင်
သင့်စိတ်ကို သင်...ညာလို့ မရပါဘူး
ဒါကြောင့် မေတ္တာပေးတဲ့သူကို
မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင် အသိအမှတ်ပြုပေးပါ
မေတ္တာစူးရင် ဘဝတစ်လျှောက်လုံး
ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်။

#မူရင်းရေးသားသူအားဂါရဝပြုကူးယူမျှဝေပါသည်။

"သတ္တဝါခပ်သိမ်း တရားကိန်း
အေးငြိမ်းချမ်းသာ ရှိပါစေ"
OoMyo

" တရားရှုမှတ်မှုကလေးနဲ့ အိပ်ပါ "မနက်မိုးလင်းလာပြီဆိုတာနဲ့အိပ်ရာကနိုးနိုးချင်းမှာဪ...ငါမသေသေးဘူးပဲ၊ငါအသက်ရှင်နေသေးတယ်၊ကုသ...
21/03/2025

" တရားရှုမှတ်မှုကလေးနဲ့ အိပ်ပါ "

မနက်မိုးလင်းလာပြီဆိုတာနဲ့
အိပ်ရာကနိုးနိုးချင်းမှာ
ဪ...ငါမသေသေးဘူးပဲ၊
ငါအသက်ရှင်နေသေးတယ်၊
ကုသိုလ်ကောင်းမှုလုပ်ဖို့
တစ်နေ့အချိန်ရသေးတာပဲ၊
ဒီလိုဆင်ခြင်ပြီးမှ အိပ်ရာကထပါ။

ညအိပ်ယာဝင်ချိန်ဆိုလည်း
ဪ…ငါအိပ်ရာဝင်တော့မှာပါလား၊
တရားရှုမှတ်ရင်း အိပ်ပျော်စေမှပဲ၊
အိပ်ပျော်နေတုန်းလည်း
ဒီခန္ဓာကြီးက သေချင်သေသွားတတ်တာ၊
ရုပ်နာမ်တွေ ချုပ်ချင်လည်းချုပ်သွားတတ်တာ၊
တရားအသိလေးနဲ့ ဝိညာဏ်ချုပ်ပါစေ၊
ဒီလိုဆင်ခြင်ပြီးအိပ်ပါ။

ပဋိစ္စသမုပ္ပါဒ်မှာ ဘယ်လိုပြောလဲ..?
သင်္ခါရ ပစ္စယာ ဝိညာဏံ၊
ဒီဘက်ဘဝမှာရှိတဲ့
သင်္ခါရဆိုတဲ့စေတနာကံကြောင့်
နောက်ဘဝမှာ ပဋိသန္ဓေစိတ်ဖြစ်တယ်။

ဟိုဘက်ဘဝနဲ့ဒီဘက်ဘဝဆိုတာ
ဘဝချင်းမတူပေမဲ့လို့လည်းပဲ
ကြောင်းကျိုးဆက်နွယ်မှု ရှိတယ်၊
ဟိုဘက်ဘဝနဲ့ဒီဘက်ဘဝဆိုတာ
စိတ်တက်ခဏ မခြားဘူး၊
တဆက်တည်းဖြစ်တာ။
စေတနာဆိုတဲ့နေရာမှာ
တစ်ဘဝလုံးမှာဖြစ်ခဲ့တဲ့
စေတနာတွေက အဓိကမဟုတ်ဘူး၊
နောက်ဆုံးဖြစ်တဲ့စေတနာက အဓိက၊
နောက်ဆုံးဖြစ်တဲ့စေတနာကို
မရဏာသန္နဇောလို့ခေါ်တယ်။

မရဏာသန္နဇောဆိုတာက
ဘယ်အချိန်မှာဖြစ်တာလဲ..?
သေခါနီးကာလမှာ ဖြစ်တာ၊
စုတိစိတ်ကျခါနီးမှာ ဖြစ်တာ၊
အဲဒီအချိန်မှာဖြစ်တဲ့
နောက်ဆုံးစေတနာကြောင့်
နောက်ဘဝမှာ ပဋိသန္ဓေဖြစ်တယ်၊
ဒီလိုဆိုတော့ အိပ်နေရင်းနဲ့ပဲ
ကိုယ်မသိလိုက်တဲ့အချိန်မှာ
ရုပ်နာမ်ချုပ်သွားမယ်ဆိုရင်
ဘာမှပြင်ဆင်ချိန် မရလိုက်နိုင်ဘူး၊
ရှုမှတ်ဖို့အချိန် မရလိုက်တော့ဘူး၊
ဒါဆိုရင် လားရာဂတိဆိုးသွားနိုင်တယ်၊
ဒါကြောင့် တရားရှုမှတ်မှုကလေးနဲ့
အိပ်ပျော်ခြင်းသို့ ရောက်စေရမယ်တဲ့။

မနက်မိုးလင်းလာရင်
ငါအသက်ရှင်ခွင့်ရသေးတာပဲ၊
ဒီတစ်ရက်အသက်ရှင်သေးရင်
ဒီတစ်ရက်ကုသိုလ်လုပ်ဖို့၊တရားရှုဖို့၊
လောကအကျိုး၊သာသနာအကျိုးဆောင်ရွက်ဖို့
အချိန်ရသေးတာပဲ၊ကောင်းလေစွ၊
တန်ဖိုးမရှိဘူးလား..?
အဲဒီလိုစိတ်မျိုးလေး ထားပေးပါ၊
ဘုန်းကြီးတို့လည်း
နေ့စဉ်မဟုတ်ပေမယ်လို့
အကြိမ်များများ၊အချိန်များများတော့
အဲဒီလိုစိတ်ကလေးမျိုးဖြစ်အောင်
ကြိုးစားနေကြပါတယ်။

ကျိုက္ကလော့ဆရာတော်

မည်သူမဆို လှူဒါန်းနိုင်ပါပြီ
20/09/2024

မည်သူမဆို လှူဒါန်းနိုင်ပါပြီ

အိမ်ခြောက်လာရင် သတိထားအိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်တဲ့အကုသိုလ်ဝင်နိုင်တဲ့အချက်က၂ချက်ပဲရှိပါတယ်၁။အချက်က အိမ်ခြောက်တာ၂။အချက...
27/06/2024

အိမ်ခြောက်လာရင် သတိထား

အိမ်တစ်အိမ်မှာ
လာဘ်ပိတ်နိုင်တဲ့
အကုသိုလ်ဝင်နိုင်တဲ့အချက်က
၂ချက်ပဲရှိပါတယ်

၁။အချက်က အိမ်ခြောက်တာ
၂။အချက်က အိမ်ဆူတာပါ

အိမ်ခြောက်တယ်ဆိုတာကို
တော်တော်များများကြုံဖူးကြပါလိမ့်မယ်

မိသားစုလိုက်နေနေရင်းနဲ့
အိမ်က တစ်ခါတစ်လေမှာ
ဘာဖြစ်သွားမှန်းမသိပဲ
စိုစိုပြေပြေမရှိတော့ပဲ
လူမရှိသလို လူမနေသလို
တိတ်ဆိတ်ပြီး
ခြောက်ကပ်ကပ်ဖြစ်သွားတာကို
အိမ်ခြောက်တယ်လို့ခေါ်ပါတယ်

အိမ်ဆူတယ်ဆိုတာက
အလကားနေ မိသားစုတွေ
တစ်ယောက်နဲ့တစ်ယောက်လှည့်ပြီး
ရန်ဖြစ်စကားများနေတဲ့အိမ်တွေပါ

အဲ့လိုတွေကြုံလာရင် ဖြစ်လာရင်
လာဘ်ပိတ်လာနိုင်သလို
အကုသိုလ်တွေလည်းဝင်လာနိုင်ပါတယ်

အိမ်ဆူတယ်
အိမ်ခြောက်တယ်ဆိုတာကလည်း
အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး

မမြင်ရ မမြင်အပ်တဲ့
နာမ်လောကသားတွေရဲ့
နှောင့်ယှက်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်

အိမ်အိုတွေ အိမ်ဟောင်းတွေမှာ
မကောင်းဆိုးဝါးတွေရှိတယ်
သရဲတွေခြောက်တယ်ဆိုတာ
လူတွေမနေတာကြာလို့
မကောင်းဆိုးဝါးတွေက
ဝင်ပြီး ခိုကပ်နေထိုင်ခြင်းဖြစ်ပါတယ်

လူတွေမနေတော့ရင်
အဲ့ဒီအိမ်တွေမှာ
အစောင့်အရှောက်ဆိုတာလည်း
မရှိတော့ပါဘူး

အဲ့ဒါကြောင့် အဲ့လိုအိမ်တွေဆိုရင်
မကောင်းဆိုးဝါးတွေ
ဝင်ထွက်သွားလာနေထိုင်နိုင်ပါတယ်

လူတွေနေထိုင်နေရင်းနဲ့
အိမ်ခြောက်လာတယ်ဆိုရင်တော့
အိမ်ကိုကြာကြာအခြောက်မခံပါနဲ့

မေတ္တာသုတ်ကိုများများရွတ်ပြီး
ဘုရားတရားအလုပ်ကို
များများလုပ်ပေးပါ

တစ်ချို့အိမ်တွေမှာ
လူတွေနေနေပေမယ့်
လူမနေသလို လူမရှိသလို
အိမ်တွေခြောက်ကပ်နေတာရှိပါတယ်

အဲ့လိုအိမ်မျိုးတွေကို
သွားဝင်ကြည့်လိုက်ရင်
အိမ်ထဲမှာ
ကျန်းမာရေးမကောင်းတဲ့သူ
သို့မဟုတ်
အခက်အခဲပြသနာတစ်ခုခုနဲ့
ရင်ဆိုင်ကြုံတွေ့နေရတဲ့အိမ်တွေသာ
အများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်

၁။အချက်က
အိမ်ဆူ အိမ်ခြောက်လာရင်
အဲ့ဒီအိမ်မှာ
ဘယ်သူလုပ်လုပ်မလုပ်လုပ်
တစ်ယောက်ကတော့
ဘုရားတရားအလုပ်ကိုလုပ်ပြီး
ပြင်းပြင်းထန်ထန်ခုခံကာကွယ်မှသာ
ပြန်ပြီးအဆင်ပြေပါလာပါလိမ့်မယ်

အဲ့လိုမှမလုပ်ဘူးဆိုရင်
၁။အချက် အရင်လာဘ်ပိတ်လာပြီး
၂။အချက်က အကုသိုလ်
အလုံးအရင်းနဲ့ တစ်ခုပြီးတစ်ခု
ဝင်လာတော့မှာပဲဖြစ်ပါတယ်

အိမ်ခြောက်လာပြီဆိုတာနဲ့
မကောင်းဆိုးဝါးတွေဝင်လာပြီး
အိမ်မှာနေတဲ့မိသားစုဝင်တွေကို
အိမ်မှာမနေနိုင်တော့အောင်
ပြသနာတွေ အကုသိုလ်တွေ
တစ်ခုပြီးတစ်ခုနဲ့
ဖယ်ထုတ်မောင်းထုတ်ပါလိမ့်မယ်

အဲ့ဒါကြောင့်
အိမ်မှာလူတွေနေထိုင်လျှက်နဲ့
လူမနေသလို လူမရှိသလို
နေ့ရော ညရော တိတ်ဆိတ်ပြီး
ခြောက်ကပ်လာပြီဆိုရင်
ဘုရားတရားများများလုပ်ပြီးတော့သာ
ပြန်ပြီးခုခံကာကွယ်ထားပါ

အဲ့လိုမလုပ်ရင်တော့
မလိုလားတဲ့ပြသနာတွေ
အပူသောကတွေ
တစ်ခုပြီးတစ်ခုရောက်လာပြီး
ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်

By@Lin Aung Kyaw
25-Jun-2024

လောဘကြီးတဲ့သူနဲ့ အတူတူနေရရင်လောဘကြီးလာတယ်။ဒေါသကြီးတဲ့သူနဲ့ အတူတူနေရရင်ဒေါသကြီးလာတယ်။မာနကြီးတဲ့သူနဲ့ အတူတူနေရရင် မာနကြီးလ...
08/06/2024

လောဘကြီးတဲ့သူနဲ့ အတူတူနေရရင်
လောဘကြီးလာတယ်။
ဒေါသကြီးတဲ့သူနဲ့ အတူတူနေရရင်
ဒေါသကြီးလာတယ်။
မာနကြီးတဲ့သူနဲ့ အတူတူနေရရင်
မာနကြီးလာတယ်။
အေးချမ်းတဲ့သူနဲ့ အတူတူနေရရင်
တဖြည်းဖြည်း အေးချမ်းလာတယ်။

လူတယောက်ရဲ့ သဘောထားစိတ်ထားဟာ
နောက် တစ်ယောက်ဆီကို ကူးစက်တတ်တယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရသမျှ ကြားရသမျှဟာ
ကူးစက်တတ်တဲ့ အရာတွေချည်းပဲ။

ကောင်းတာလည်း ကူးတယ်။
မကောင်းတာလည်းကူးတယ်။
ဘယ်လိုဟာကို အကူးခံမလဲ။
ကိုယ်ကြိုက်တာ ရွေးပါ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

🌷ဘ၀အဆင့်တွေ တက်ပါစေ🌷🔹မုန်းတဲ့သူတွေကကိုယ့်ရဲ့အခက်ခဲအတွက်အသုံးမ၀င်လို့ ထည့်မထားပါနဲ့ ။🔹သောကတွေကကိုယ့်စိတ်ကို မအေးချမ်းစေလိ...
28/05/2024

🌷ဘ၀အဆင့်တွေ တက်ပါစေ🌷

🔹မုန်းတဲ့သူတွေက
ကိုယ့်ရဲ့အခက်ခဲအတွက်
အသုံးမ၀င်လို့ ထည့်မထားပါနဲ့ ။

🔹သောကတွေက
ကိုယ့်စိတ်ကို မအေးချမ်းစေလို့
အမြဲတမ်းလည်း ထမ်းမထားပါနဲ့ ။

🔹ကဲ့ရဲ့မှုတွေက
ကိုယ့်အတွက် ဘာမှမဟုတ်လို့
ခံစားပြီးတော့ ပင်ပန်းမနေပါနဲ့ ။

🔹တိုက်ခိုက်မှုတွေက
ကိုယ့်အတွက် အောင်မြင်မှုဖြစ်လို့
သည်းမခံပဲ လက်တုံ့မပြန်ပါနဲ့ ။

🔹ပစ္စုပ္ပန်အနေထားမှာ
ကျန်းမာပြီး စိတ်ချမ်းသာစေဖို့
ကိုယ့်ရဲ့စိတ်ကို ရင့်ကျက်စေပါ ။

🔹လူ့ဘ၀ လူ့လောကကြီးမှာ
ဒုက္ခရှိခြင်းဟာ ပြဿနာမဟုတ်ပါဘူး
အသိဉာဏ် မရှိခြင်းကသာပြဿနာပါ ။

🔹မသိတော့ ထင်သလိုပြောပြီး
ရမ်းကား တုန့်ပြန်လိုက်တဲ့အခါမှာ
နောင်တတွေသာ ကျန်တတ်ပါတယ် ။

🔹အရာရာတိုင်းမှာ အသိသတိကပ်ပြီး
အပူကင်းစွာသာ နေထိုင်မှ
ကိုယ့်ဘ၀ဟာ အဆင့်တက်နေမှာပါ ။

🙏 သာရ ဂ ဝေ သီ

သီရိမင်္ဂလာအောင်စေတီတော်ရင်ပြင်၌ ကြေးခေါင်းလောင်းကြီးလှူဒါန်းနိုင်ရန်အတွက် . . . . .အလှူရှင် တစ်ဦးလျှင် အလှူတော်ငွေ ၁၀၈၀...
25/05/2024

သီရိမင်္ဂလာအောင်စေတီတော်ရင်ပြင်၌ ကြေးခေါင်းလောင်းကြီး
လှူဒါန်းနိုင်ရန်အတွက် . . . . .
အလှူရှင် တစ်ဦးလျှင် အလှူတော်ငွေ ၁၀၈၀၀၀ ကျပ် ဖြင့်
အလှူရှင် ၁၈ ဦးကို ဖိတ်ခေါ်အပ်ပါသည် 🙏🙏🙏
အသံသာသာ နားဝင်ပီယံ သာဓုသံများ စည်စည်ညံစေရန်
ကုသိုလ်တော်များ ပါဝင်နိုင်ရန် ဖိတ်မန္တက ပြုအပ်
ပါသည် 🙏🙏🙏
ခေါင်းလောင်းထိုး၍ အမျှဝေခြင်း ...
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ခေါင်းလောင်းလှူဒါန်းသော
အကျိုးတရားကို မြတ်နိုးကြခြင်းမှာ ခေါင်းလောင်းသံ၏
အကျိုးအာနိသင်ကို ကောင်းစွာသိရှိထားခြင်းကြောင့် ဖြစ်လေသည်။

ကျောင်းကန်ဘုရားများတွင် ထားရှိသော ခေါင်းလောင်းတို့မှ မြည်သံကို
ကြားသိကြသော ဗုဒ္ဓဘာသာဝင်တို့သည် ကြားသိလိုက်ရသည့်
တဒင်္ဂအချိန်လေး၌ပင် ချက်ချင်းဆိုသလို မိမိတို့လည်း ပြုလုပ်ရမည့်
ကုသိုလ်ရေးကို သတိရ၍ စိတ်ညွတ်လာတတ်ကြလေသည်။

ခေါင်းလောင်းထိုးသံကြောင့်
မကောင်းမှု ညစ်ညူးသောစိတ်ဓာတ်များ လွင့်စဉ်သွားတတ်သည်။
ကောင်းမှု ကြည်လင်ချမ်းမြေ့သော
စိတ်နှလုံးကိုပွားများ ပေါ်ပေါက်လာစေပါသည်။
ခေါင်းလောင်းသံဖြစ်ပေါ်လာအောင် ခေါင်းလောင်းထိုးသူတို့သည်
မိမိတို့လှူဒါန်းမှုများ ပြုလုပ်ပြီးစီး၍ ထိုကောင်းမှုကုသိုလ်တရားကို
သတ္တဝါအများအား မိမိနည်းတူ ကုသိုလ်ရကြစေလိုသောဆန္ဒ
ပုဂ္ဂလိကကုသိုလ်ကို အများကုသိုလ်အဖြစ်
မေတ္တာစစ် စေတနာဖြင့် ဖြန့်ဝေလိုက်ခြင်းပင်ဖြစ်လေသည်။
လေနှင့်အတူလွင်ပါလာသော ခေါင်းလောင်းသံသည်
နားထဲသို့စိမ့်ဝင်သွားသည့်အခါ အိမ်မှုကိစ္စအဝဝတို့ဖြင့်
မအားလပ်သော အိမ်ရှင်မတဦးပင်လျှင်
ဘဝင်ခိုက်အောင် သဒ္ဓါစိတ်များပေါ်ပေါက်လာပြီးနောက်
သာဓု သာဓု သာဓု သုံးကြိမ်ဖွင့်ထုတ် ခေါ်ဆိုမိတတ်လေသည်။
ထိုမျှအရေးပါအရာရောက်သော ဗုဒ္ဓသာသနိက ဝတ္ထုပစ္စည်းတရပ်ဖြစ်သည့် ခေါင်းလောင်းကို ဗုဒ္ဓဘာသာဝင်မှန်လျှင် အဘယ်မှာမနှစ်သက်ဘဲ ရှိနိုင်အံ့နည်း။ ရှေးအထက်ကျော်ကာရီမှ မျက်မှောက်ခေတ်ကာလတိုင် ခေါင်းလောင်းထိုး၍ အမျှဝေခြင်း-သည် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာကောင်းတရပ်ပင် ဖြစ်ပါသည်။

CRD By သုတေသီ မြင့်ထွန်း

♦️ကိုယ်ပူလျှင်  ယပ်ခပ်     စိတ်ပူလျှင်  တရားမှတ်၊♦️ရုပ်ကို ဆိုးစေတာက  ဒေါသ၊     စိတ်ကို ဆိုးစေတာက  လောဘ၊     ဘဝကို ဆိုးစ...
23/05/2024

♦️ကိုယ်ပူလျှင် ယပ်ခပ်
စိတ်ပူလျှင် တရားမှတ်၊

♦️ရုပ်ကို ဆိုးစေတာက ဒေါသ၊
စိတ်ကို ဆိုးစေတာက လောဘ၊
ဘဝကို ဆိုးစေတာက မောဟ၊

♦️လူကို ထိန်းတာက သတိ
သံသရာကို ထိန်းတာက အသိ၊

🙏မင်းကွန်းတိပိဋကဓရဆရာတော်ကြီး🙏

☀️ဓမ္မ,တရားဖြင့် ငြိမ်းအေး ကြပါစေ။☀️

Crd::::🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ที่อยู่

Bangkok
AYUTTHAYA,WANGNOI

เบอร์โทรศัพท์

+66628537510

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ven-Khemãcãraผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ven-Khemãcãra:

แชร์