B C C Y F Bangkok Christ Church Youth Fellowship

✝️ Sunday Youth Bible Study , 2nd August 2026ဟေဗြဲ ၅:၁၄ကြေခဲသော အစာ 📖ဆရာထောင်ချင့်ထန် @ ဆရာအောင်အောင်၊ သမ္မာကျမ်းစာသင်ကြ...
08/08/2026

✝️ Sunday Youth Bible Study , 2nd August 2026
ဟေဗြဲ ၅:၁၄

ကြေခဲသော အစာ 📖

ဆရာထောင်ချင့်ထန် @ ဆရာအောင်အောင်၊ သမ္မာကျမ်းစာသင်ကြားခြင်း။

လ၏ ပထမ ဥပုသ်နေ့တိုင်းတွင် လူငယ်များ သမ္မာကျမ်းစာ အတူတကွ လေ့လာဖတ်ရှုခြင်းရှိပါသည်။

နောက်လာမယ့်ရက်သတ္တပတ်များမှာလည်း ပါဝင်သော လူငယ်များနှင့် အသစ်သောလူငယ်များကိုခရစ်တော်နာမ၌ ဖိတ်ခေါ်အပ်ပါတယ်။

📣 နေ့လည်ဝတ်ပြုချိန် အပြီး 1:30 PM အချိန်တွင်ပြုလုပ်ပါသည်။
📍Bangkok Christ Church - ဘန်ကောက်ခရစ်တော်အသင်းတော်
⛪️ CCT Building၊ ငါးလွှာ ၊ Rachahtewi BTS အနီး၊ ဘန်ကောက်
📌 https://maps.app.goo.gl/6tLR7u4ypLAcERps6
#လူငယ်သမ္မာကျမ်းစာသင်ကြားခြင်း

ကျွန်တော်တို့ရဲ့ နေ့စဉ်အသက်တာမှာ သန့်ရှင်းစွာ အသက်ရှင်ချင်တယ်လို့ ပြောရတာ လွယ်ပေမယ့် လက်တွေ့မှာတော့ မလွယ်ကူတတ်ပါဘူး။ လော...
07/08/2026

ကျွန်တော်တို့ရဲ့ နေ့စဉ်အသက်တာမှာ သန့်ရှင်းစွာ အသက်ရှင်ချင်တယ်လို့ ပြောရတာ လွယ်ပေမယ့် လက်တွေ့မှာတော့ မလွယ်ကူတတ်ပါဘူး။ လောကရဲ့ ဆွဲဆောင်မှုတွေ၊ အပြစ်ရဲ့ သွေးဆောင်မှုတွေ၊ မကောင်းတဲ့အတွေးအခေါ်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ဘုရားသခင်နှစ်သက်တဲ့ အသက်တာကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် လမ်းလွဲမိတတ်သလို၊ မှန်ကန်တဲ့လမ်းကို သိနေပေမယ့် လိုက်လျှောက်ဖို့ အားနည်းသွားတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ သန့်ရှင်းသောအသက်တာဆိုတာ ကိုယ့်ရဲ့အင်အားနဲ့ မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံလျှောက်လှမ်းခြင်းကနေ စတင်လာတာ ဖြစ်ပါတယ်။

သမ္မာကျမ်းစာမှာလည်း “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။” (ဆာလံ ၁၁၉:၉) လို့ ဖော်ပြထားပါတယ်။ သမ္မာကျမ်းစာထဲက ယုံကြည်သူများနဲ့ သခင်ယေရှုကိုယ်တိုင်လည်း စမ်းသပ်မှုနဲ့ သွေးဆောင်မှုတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အောင်မြင်စွာ ကျော်လွှားခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှု၊ နာခံပြီး နေ့စဉ်အသက်တာမှာ လက်တွေ့ကျင့်သုံးတဲ့အခါ ကိုယ်တော်နှစ်သက်တဲ့ လမ်းမှာ တည်ကြည်စွာ လျှောက်လှမ်းနိုင်ပြီး၊ ကျွန်တော်တို့ရဲ့ အသက်တာဟာ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းကို ဖော်ပြတဲ့ သက်သေခံချက်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ဒီနေ့ နှုတ်ကပတ်တော်ကနေ ခွန်အားပေးလိုက်ပါတယ်။

✨“Race Through Grace”✨ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်းတစ်ရက်တာ လူငယ်အားသစ်လောင်းသင်တန်းမှ အမှတ်တရပုံရိပ်များ…(အပိုင်း...
04/08/2026

✨“Race Through Grace”✨
ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း
တစ်ရက်တာ လူငယ်အားသစ်လောင်း
သင်တန်းမှ အမှတ်တရပုံရိပ်များ…
(အပိုင်း ၂)
ချစ်စရာကောင်းသောပုံများကတော့
နောက်ဆုံးနားလေးမှာ ပါရှိပါတယ်။😇

ဘန်ကောက်ခရစ်တော်အသင်းတော်ရဲ့
လူငယ်များမှ 28 Jul 2026 မှာ
တစ်ရက်တာ အားသစ်လောင်း အစီအစဉ်ကို
Assumption တက္ကသိုလ်ဝင်း, ဘန်ကောက်မှာ
ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

တစ်ရက်တာအားသစ်လောင်းအစီအစဉ်မှာ
သမ္မာကျမ်းစာအတူတကွလေ့လာခြင်း၊
သီချင်းနှင့် အကသင်ကြားခြင်း၊ လူငယ်နှင့်
အိမ်ထောင်ရေးအကြောင်းများအပြင်
အချင်းချင်း မိဿဟာယဖြစ်စေတဲ့
ဂိမ်းများ၊ အစီအစဉ်များကိုလည်း
ပြုလုပ်ခဲ့ကြပါတယ်။

တက်ကြွစွာပါဝင်ခဲ့တဲ့ လူငယ်အယောက်စီတိုင်း
ကိုလည်းကျေးဇူးတင်ပါတယ်။

✨“Race Through Grace”✨ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်းတစ်ရက်တာ လူငယ်အားသစ်လောင်းသင်တန်းမှ အမှတ်တရပုံရိပ်များ…(အပိုင်း...
04/08/2026

✨“Race Through Grace”✨
ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း
တစ်ရက်တာ လူငယ်အားသစ်လောင်း
သင်တန်းမှ အမှတ်တရပုံရိပ်များ…
(အပိုင်း ၁)

ဘန်ကောက်ခရစ်တော်အသင်းတော်ရဲ့
လူငယ်များမှ 28 Jul 2026 မှာ
တစ်ရက်တာ အားသစ်လောင်း အစီအစဉ်ကို
Assumption တက္ကသိုလ်ဝင်း, ဘန်ကောက်မှာ
ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

တစ်ရက်တာအားသစ်လောင်းအစီအစဉ်မှာ
သမ္မာကျမ်းစာအတူတကွလေ့လာခြင်း၊
သီချင်းနှင့် အကသင်ကြားခြင်း၊ လူငယ်နှင့်
အိမ်ထောင်ရေးအကြောင်းများအပြင်
အချင်းချင်း မိဿဟာယဖြစ်စေတဲ့
ဂိမ်းများ၊ အစီအစဉ်များကိုလည်း
ပြုလုပ်ခဲ့ကြပါတယ်။

တက်ကြွစွာပါဝင်ခဲ့တဲ့ လူငယ်အယောက်စီတိုင်း
ကိုလည်းကျေးဇူးတင်ပါတယ်။

✨ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း ✨“Race Through Grace” ဘန်ကောက်ခရစ်တော်အသင်းတော်ရဲ့ လူငယ်အားသစ်လောင်း အစီအစဉ်ကို  28...
04/08/2026

✨ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း ✨
“Race Through Grace”
ဘန်ကောက်ခရစ်တော်အသင်းတော်ရဲ့
လူငယ်အားသစ်လောင်း အစီအစဉ်ကို
28 Jul 2026၊ ဘန်ကောက်မြို့ရှိ
Assumption တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

✨တစ်နေ့တာအားသစ်လောင်းအစီအစဉ်မှာ
ပါဝင်ပို့ချခဲ့သည့် အကြောင်းအရာများ..✨
📖တိုက်တွန်းခွန်အားပေး - ဆရာတော်နိုင်အောင်မျိုးထွန်း
📖သမ္မာကျမ်းစာသင်ကြားခြင်း - ဆရာတော်မန်းသန့်စင်
📖သီချင်းနှင့်အကသင်ကြားခြင်း - ဆရာမနော်စကီးထာဝင်း
📖လူငယ်နှင့်အိမ်ထောင်ရေး - ဆရာမဆယ်ရာဂျိန်း

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နှစ်ခြင်းလူငယ်များ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ လူငယ်ကြိုးစားခြင်း အဖွဲ့၏ အထူးအစီအစဥ်Special ...
01/08/2026

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နှစ်ခြင်းလူငယ်များ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ လူငယ်ကြိုးစားခြင်း အဖွဲ့၏ အထူးအစီအစဥ်

Special Talk - Dr. မေနှင်းဦး 🗣️ 🎤

နောက်လာမယ့်ဥပုသ်နေ့များမှာလည်း ဆက်လက်ပါဝင်ပြီး အသစ်သော လူငယ်များကိုလည်း အတူတကွ မိဿဟာယဖွဲ့ပါဝင်ကြဖို့ရန် ခရစ်တော်၏နာမ၌ ဖိတ်ခေါ်အပ်ပါတယ်။

📣 နံနက်အသင်းတော်ဝတ်ပြုချိန် အပြီး နေ့လည် ၁ နာရီခွဲ အချိန်တွင်ပြုလုပ်ပါသည်။

📍 BCC (Bangkok Christ Church)
⛪️ CCT Building၊ ငါးလွှာ ၊ Rachahtewi BTS အနီး၊ ဘန်ကောက်
📌 https://maps.app.goo.gl/6tLR7u4ypLAcERps6

#ဘန်ကောက်မြန်မာနှစ်ခြင်းခရစ်ယာန်လူငယ် #ဘန်ကောက်ခရစ်တော်အသင်းတော်လူငယ် #နှစ်ခြင်းလူငယ်များမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့

ကျွန်တော်တို့ရဲ့ အသက်တာမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို မလွဲမသွေ ကြုံတွေ့ရတတ်ပါတယ်။ အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ခဲ့ရသလ...
31/07/2026

ကျွန်တော်တို့ရဲ့ အသက်တာမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို မလွဲမသွေ ကြုံတွေ့ရတတ်ပါတယ်။ အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ခဲ့ရသလို၊ ရှုံးနိမ့်မှုတွေကြောင့် စိတ်ပျက်၊ အားငယ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဘဝရဲ့ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။

သမ္မာကျမ်းစာမှာလည်း “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ... မည်သည့်အရာကမျှ ကျွန်တော်တို့ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မကွာစေနိုင်ပါ” (ရောမ ၈:၃၈–၃၉) လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့စဉ်အသက်တာမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို ဘယ်လိုပဲ ကြုံတွေ့ရပါစေ၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်စွာ ဆုပ်ကိုင်ထားပြီး ကိုယ်တော်ပေးတော်မူမယ့် အောင်နိုင်ခြင်းကို မျှော်လင့်လျက် ရှေ့ဆက်လျှောက်လှမ်းကြဖို့ ဒီနေ့ နှုတ်ကပတ်တော်ကနေ ခွန်အားပေးလိုက်ပါတယ်။

📣📣📣✨မကြာခင်ပြုလုပ်မယ့် စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုအကြောင်း ပြောပြချင်ပါတယ် ✨အဲ့ဒီပွဲလေးကတော့ နှစ်စဉ်ပြုလုပ်နေကျ ကျေ...
29/07/2026

📣📣📣✨မကြာခင်ပြုလုပ်မယ့် စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုအကြောင်း ပြောပြချင်ပါတယ် ✨

အဲ့ဒီပွဲလေးကတော့ နှစ်စဉ်ပြုလုပ်နေကျ ကျေးဇူးတော်ဆုမဲအစီအစဉ်ပဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ အသင်းတော်ရဲ့ ကိုယ်ပိုင်ဝတ်ပြုဆောင်သစ်တစ်ဆောင် ရရှိလာဖို့ ရည်ရွယ်ပြီးပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော်၌ မိတ်ဆွေညီအစ်ကိုမောင်နှမများလည်း အလှူငွေထည့်ဝင်လှူဒါန်းရင်း လက်ဆောင်များပြန်လည်ရယူနိုင်ဖို့အတွက် ကျေးဇူးတော်ဆုမဲလက်မှတ်များဝယ်ယူပြီး ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😇😇😇

ဆုမဲလက်မှတ်တစ်စောင်စီကို ဘတ် ၁၀၀ သာကျသင့်မှာဖြစ်ပြီး ပါဝင်လှူဒါန်းသူတွေကို လက်ဆောင်များပြန်လည်မဲဖောက်ပေးသွားမှာလည်းဖြစ်ပါတယ် ☺️☺️☺️

အစီအစဉ်ကျင်းပမယ့် 🔸အချိန်၊ 🔸နေ့ရက်နဲ့ 🔸အခြားသတင်းအချက်အလက်တွေကို ပိုစတာမှာဖော်ပြပေးထားတာမို့ လက်မှတ်မကုန်ခင်လေးမှာ အမြန်ဝယ်ယူပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဝတ်ပြုဆောင်အသစ်ရရှိနိုင်ဖို့ တစ်တပ်တစ်အားအနေနဲ့ ပါဝင်လိုသူတိုင်းကို ဖိတ်ခေါ်ရင်း ရန်ပုံငွေအစီအစဉ်မှာ ပါဝင်လှူဒါန်းပေးကြဖို့ နှိုးဆော်လိုက်ပါရစေ📣📣📣

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လူငယ်ကြိုးစားခြင်း အဖွဲ့၏ ကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်နောက်လာမယ့်ဥပုသ်နေ့များမှာလည်း ဆက်လက်...
25/07/2026

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လူငယ်ကြိုးစားခြင်း အဖွဲ့၏ ကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်

နောက်လာမယ့်ဥပုသ်နေ့များမှာလည်း ဆက်လက်ပါဝင်ပြီး အသစ်သော လူငယ်များကိုလည်း အတူတကွ မိဿဟာယဖွဲ့ပါဝင်ကြဖို့ရန် ခရစ်တော်၏နာမ၌ ဖိတ်ခေါ်အပ်ပါတယ်။

📣 နံနက်အသင်းတော်ဝတ်ပြုချိန် အပြီး နေ့လည် ၁ နာရီခွဲ အချိန်တွင်ပြုလုပ်ပါသည်။
📍 BCC (Bangkok Christ Church)
⛪️ CCT Building၊ ငါးလွှာ ၊ Rachahtewi BTS အနီး၊ ဘန်ကောက်
📌 https://maps.app.goo.gl/6tLR7u4ypLAcERps6

#ဘန်ကောက်မြန်မာနှစ်ခြင်းခရစ်ယာန်လူငယ် #ဘန်ကောက်ခရစ်တော်အသင်းတော်လူငယ်

ယနေ့ခေတ် ကျွန်တော်တို့ ယုံကြည်သူတွေဟာ အချင်းချင်း အခြားသူတစ်ဦးရဲ့ အားနည်းချက် ကိုယ့်ကိုလာပြောတဲ့အခါ အပြုသဘောဆောင်တဲ့ တုံ...
24/07/2026

ယနေ့ခေတ် ကျွန်တော်တို့ ယုံကြည်သူတွေဟာ အချင်းချင်း အခြားသူတစ်ဦးရဲ့ အားနည်းချက် ကိုယ့်ကိုလာပြောတဲ့အခါ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုထက် ပိုပိုသာသာဖြည့်ပြောတာမျိုး ပိုအားသန်လေ့ ရှိပါတယ်။

နှုတ်ကပတ်တော်ကတော့ ကျွန်တော်တို့ဟာ ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်ပြီးတော့ အင်္ဂါချင်း ဖြစ်တယ်လို့ ရောမ ၁၂:၅ မှာ ပြောပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဆိုရင် ခြေထောက်ထိခိုက်မိရင်လည်း နာပါတယ်။ ဗိုက်ခေါက်လိမ်ဆွဲ ခံရလည်း နာပါတယ်။ လက်သီးနဲ့ထိုးခံရလည်း နာပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတွေ အလုပ်ခံရပေမယ့် မနာတော့ဘူးဆိုရင်တော့ တစ်ခုခု လွဲချော်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ရဲ့ ယုံကြည်သူ ညီအစ်ကိုမောင်နှမတွေ ထိခိုက်တဲ့အခါ မနာကျင်ကြဘူးဆိုရင် စဉ်းစားစရာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အသင်းတော်၊ ယုံကြည်သူ အစုအဝေးမှာ တစ်ယောက်ယောက်က ထိခိုက်နာကျင်ရတဲ့အခါ ခရစ်တော်၌ အင်္ဂါချင်း ဖြစ်တယ်ဆိုတာ မမေ့ဘဲ တစ်ဦးနဲ့တစ်ဦး ကူညီမစကြဖို့၊ ဆုတောင်းခြင်းမှာ သတိရကြဖို့ မေတ္တာနဲ့ တိုက်တွန်းလိုပါတယ်။

ที่อยู่

5th Floor, CCT Building, 328 Phaya Thai Road, Thanon Phetchaburi Subdistrict, Ratchathewi District
Bangkok
10400

เวลาทำการ

10:30 - 15:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ B C C Y Fผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท