သမထ ဘာ၀နာ

သမထ ဘာ၀နာ The Buddha's threefold training: wisdom (pañña), conduct (sīla), Samādhi (Buddhism) (samādhi) - within which it is developed by samatha meditation.

```လောကီကျမ်းထဲက ဗားမဲ့ဆရာတော်´´´ ဗားမဲ့ဆရာတော်သည်ရာမညတိုင်း၊သုဝဏ္ဏဘူမိဒေသသား၊မွန် လူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာသက္ကရာဇ...
04/05/2026

```လောကီကျမ်းထဲက ဗားမဲ့ဆရာတော်´´´

ဗားမဲ့ဆရာတော်သည်ရာမညတိုင်း၊သုဝဏ္ဏဘူမိဒေသသား၊မွန် လူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာသက္ကရာဇ် (၈၈၄ )ခုနှစ်တွင် မွေးဖွား ခဲ့သူဖြစ်သည်။ဆရာတော်၏ဘွဲ့အမည်မှာ ရှင်နန္ဒသာရမည်၏။ဆရာတော် သည် ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးလက်ထပ်တွင် မင်း များကိုးကွယ်ရသော နန်းဦးဆရာတော်တစ်ပါးပင်ဖြစ်သည်။ ဘုရင့်နောင် မင်းလွန်ပြီးနောက် ငါးဆူဒါယကာမင်းလက်ထပ်တွင် ဟံသာဝတီမြစ်အ တွင်းမှ နတ်မိကျောင်းသည် ကြေးပုရပိုက်အား ကိုက်ချီပြီး ဆရာတော် အား ကပ်လှုခဲ့ချေသည်။ ထိုနတ်မိကျောင်းကပ်လှုခဲ့သော ကြေးပုရပိုက် ထဲတွင် တန္တရယာန၊မန္တရယာနနှင့် လောကီပညာများဖြစ်သော အင်း၊ အိုင်၊ခါးလှည့်၊မန္တန်၊ယတြာ၊ဓာတ်ရိုက်၊ဓာတ်ဆင်ပညာများနှင့်ဆိုင်သော အစီအရင်အတတ်ပညာများပါရှိလေသည်။ ထိုကြောင့်ဆရာတော်သည် ထိုကြေးပုရပိုက်ကို ဖတ်ရူလေ့ကျင့်ခဲ့ပြီးနောက် လောကီဝိဇ္ဇာဓရ ပညာရပ် များကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြတ်ခဲ့သည်။ထိုကြောင့် ဆရာ တော်သည် ဘဝတစ်လျှောတ်လုံး အစီအရင်ပေါင်းများစွာကို ပြုလုပ်ဖြစ်ခဲ့ သည်။အထူးသဖြင့်ဆရာတော်ကြီးသည် ညောင်ရမ်းမင်းနန်းတတ်ချိန် တွင် ညောင်ရမ်းမင်းအတွက်အစီအရင်များ ပြုလုပ်ပေးခဲ့ရသည်။

ထိုအစီ အရင်များမှာ မြို့၏လေးဖက်လေးလံတွင် အင်းများချထားခြင်းပင်ဖြစ် သည်။သို့သော်ဟံသာ၀တီပြည်ရှင် ငါးဆူဒါယကာမင်းကြီးလက်ထပ်တွင် မင်းကြီးသည်ဗုဒ္ဓသာသနာကိုလွန်စွာလေးစားသောကြောင့် ရဟန်း သံဃာတော်များကို ဝိနည်းတော်နဲ့အညီ နေစေလိုခဲ့သည်။ထိုကြောင့်မြန် မာသဣရာဇ် ၉၉၅ ခုနှစ်တွင် သာသနာတော်သန့်ရှင်းရေးကိုပြုလုပ်လေ ရာ ဗားမဲ့ဆရာတော်နှင့် ဗားတမော့ဆရာတော်နှစ်ပါးအား အလိုမကျ သောကြောင့် ညောင်းရမ်းမြို့သို့နှင်ပို့ခဲ့သည်။ ဗားမဲ့ဆရာတော်သည် ညောင်ရမ်းမြို့သို့ရောက်ပြီးနောက်တွင် ညောင်းရမ်းမြို့စား မင်းရဲနန္ဒမိတ်၏ ကိုးကွယ်ခြင်းကိုခံရသည်။

ထို ကြောင့်ဆရာတော်သည် နန္ဒမိတ်ကို လောကီပညာအစီအရင်များနှင့် မ န္တန်များကို သင်ကြားပြသပေးခဲ့သည်။တစ်နေ့တွင် ဆရာတော်သည် စစ် ကိုင်းတောင် ဥမင်သုံးဆယ် ဘုရားမှ အပြန် သုဿန်တွင်သေဒဏ်ခံရ မည့် ရာဇဝတ်သားသုံးဦးကို ကွမ်းမန်းကျွေးခဲ့သည်။ထိုသူတို့သည် အ သတ်ခံရပြီးနောက်တွင် ဆရာတော်၏ကျောင်းသို့ရောက်လာခဲ့ကြသည်။ ဆရာတော်သည် ထိုသူတို့အား စလောင်းဖုံးတွင် အင်းချကာ ထမင်း ထည့်ကျွေးသည်။ပြီးလျှင် ချည်မန်းကွင်းကို လည်ပင်းမှစွတ်ပေးလိုက် သည်။ထိုနောက် အလိုရှိလျှင် လာရမည်ဟု အမိန့်ပေးကာ တောတောင် များထဲသို့ စေလွှတ်ခဲ့သည်။

ထိုကြောင့် ဆရာတော်သည် တစ္ဆေသရဲများ ကိုနိူင်နင်းသောသူ ဖြစ်ချေသည်။ထို့သို့ အစွမ်းထက်လှသော ဆရာ တော်သည် ကိုယ်ပျောက်ဆေးနည်းကိုလည်း တီထွင်နိူင်ခဲ့ပြီး လူတစ်ဦး အား ကိုယ်ပျောက်စေခဲ့သည်။ ပြီးလျှင် ကိုယ်ပျောက်နေသောသူကို နန်း တွင်းမှ ဘုရင်ပွဲတော်အုပ်ကိုသွားစားခိုင်းခဲ့သည်။ နောက်ပိုင်းတွင် ထိုသူ မှာ ဆရာတော်၏အမိန့်မရဘဲ ကိုယ်ပျောက်ဆေးကိုခိုးယူကာ ဘုရင့်ပွဲ တော်အုပ်အား နေ့စဉ်သွားရောက်စားသောက်ခဲ့သည်။ထိုကြောင့် ထိုသူ သည် ဘုရင်၏စောင့်၍ဖမ်းဆီးခြင်းကို ခံရတော့သည်။ဆရာတော်သည် နောက်ထပ် သူ၏အစွမ်းများကို ထပ်မံပြသခဲ့ပြန်ရာ သံပုရာသီးတစ်လုံး ကို မန်မှုတ်ပြီး ပတ္တမြားတစ်လုံးအဖြစ် ဖန်ဆင်းခဲ့သည်။

ထိုပတ္တမြားကို ရာဖြတ်တို့အား အဖိုးဖြတ်စေသောအခါ မည်သူမှ တန်ဖိုးမဖြတ်ရဲခဲ့ကြ ပေ။ထိုနောက် ဆရာတော်သည် သံပရာသီးကို ရေမန်းဖြင့်ဖြန်းပြီး နဂိုမူ လဘဝကိုပြန်ရောက်စေခဲ့သည်။ ထိုကဲ့သို့ အစွမ်းထက်ခဲ့သော ဗားမဲ့ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ( ၉၇၂)ခုနှစ်တွင် ခန္ဓာဝန်ချကာ ထွက်ရပ်သို့မြန်းခဲ့ချေသည်။ဆရာတော် ထွက်ရပ်သို့ မမြန်းခင် တပည့် များထားခဲ့ရာ ရှင်သူငယ်နှင့်ရှင်မုန်သိုတို့မှာ ထင်ရှားခဲ့ချေသည်။

Feb2.15 Minsetwai ကိုးကား=ဖိုးဒေါင်းသား၏ဗားမဲ့ဆရာတော်ရှင်တမ်း
ပြည်လည်မျှဝေသူ ပြည်ကျော်မင်းခေါင်

ဒုတိယအပိုင်းအနေဖြင့် ရှာဖွေထားမှု့ကတော့

```ဗားမဲ့ဆရာတော်ဆိုသည်မှာ´´´

အားလုံးသောမိတ်ဆွေတွေမင်္ဂလာပါခင်ဗျာ.. ဗားမဲ့ဆရာတော်နဲ့ပတ်သက်ပြီးရှာဖွေလေ့လာမိသလောက်လေးရေးသားခြင်းဖြစ်ပါသည်။ဗားမဲ့ ဆရာတော် သည် ရှေးစစ်ဘုရင်တွေ အခါက ဘုရင်တွေ ဦးတိုက်ရတဲ့ ဆရာတော် ပါ..စစ်ဘုရင်တွေ စစ်တိုက်ထွက်ရင် ဓါး၊လှံ၊တုတ် ပီးမြောက်အောင် စီရင်ပေးရုံသာမက လိုအပ်တဲ့ အခြားအစီရင် ဥပမာ- စစ်တပိုးတို့ ကိုလဲ စီရင်ပေးပါတယ်..တပိုးသံကြားတာနဲ့ တစ်ဖက်က စစ်သည်တော်တွေဟာ ကြောက်လန့်တကြား ဖြစ်ကုန်ကြတယ်လို့လဲ ဆိုကြပါတယ်..ဆရာတော်ရဲ့ နာမည်ကြီးတပည့်ကျော် နှစ်ယောက်ရှိပါတယ်..ဗျက်ဝိ နဲ့ဗျက်တ ပါ..သူတို့ညီအကို တွေဟာ အန္ဒိယ က မင်းညီနောင်တွေဖြစ်ကြပြီး မွန်ပြည်နယ် ဇင်းကျိုက်မှာ သင်္ဘောပျက်ပြီသောင်တင်ပါတယ်..အဲ့ဒိမှာဆရာတော်က ကယ်တင်လိုက်ပြီး ဆရာတော်ရဲ့တပည့်တွေအဖြစ်ခံယူကြပါတယ်..တစ်နေ့မှာ ဆရာတော်မရှိခိုက် ဇော်ဂျီဖို၀င်သားကို စားမိကြပြီး သာမန်လူမစွမ်းနိုင်တဲ့ အစွမ်းတွေရရှိသွားကြပါတယ်...သူတို့ညီအကို နှစ်ယောက် ဘယ်လောက်စွမ်းသလဲဆို သေဆုံးသွားတာတောင်မှ သူတို့ရဲ့ ၀မ်းတွင်းကလီဇာတွေကြောင့် သထုံကို ပုဂံဘုရင် အနော်ရထာ အနိုင်တိုက်လိုကမရခဲ့ပါဘူး..သထုံမြို့ရဲ့ ထောင့်လေးထောင့်က မြေမြှုပ်ထားတဲ့၀မ်းတွင်းကလီဇာတွေ ဖျက်စီး မှ သထုံကို စစ်နိုင်ခဲ့ပါတယ်..ပုပ္ပါးကနေ ပုဂံ နေပြည်တော်အထိ နေ့စဉ် ပန်းဆက်ရတဲ့ ပန်းဆက်သမားဗျက်တ အစွမ်းကလဲ ဇော်ဂျီဖို၀င်သား အစွမ်းကြောင့်ဖြစ်ပါတယ်..အခုအချိန်ထိ မွန်ပြည်နယ် ဇင်းကျိုက်မှာ ဗျက်ဝိ၊ဗျက်တ ညီအကိုတွေ ထွေခင်းဆော့ကစားခဲ့တဲ့ ကျောက်တုံးကြီးတွေ အခုထိ ရှိနေပါသေးတယ်..နောက်တစ်ချက်က ဗါးမဲ့ဆရာတော် သည် ရုပ်ကို မသုံး နာမ်ကို ရုပ်အမျိုးမျိုးဖြင့် ပုဂံခေတ်၊အင်းဝခေတ်၊ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်တွေမှာ ပေါ်ထွန်းခဲ့ပါတယ်..နောက်ဆုံးအကြိမ် မဟာမြိုင်တော အတွင်းက ထွက်လာတဲ့အချိန်မှာ တောစပ်အနားမှာ ထားခဲ့တဲ့ နဂို ရဟန်းရုပ် သည် ပျက်စီး၍ အနီး အနားက နာမ်မရှိတော့သော အိန္ဒိယ ဆာဒူးရုပ် အသွင် ယူဆောင်ခဲ့ပါတယ်..ဆရာတော်ပြန်လည်ထွက်ပေါ်လာတဲ့အချိန် မှာ ဂျိုးဖြူ ဆရာတော် ဓါတ်ပုံရိုက်ချိန်မှာ ဓါတ်ပုံထဲမှာ ပုံပေါ်လာခဲ့ပါတယ် ဂျိုးဖြူဆရာတော် က ဓါတ်ပုံကြည့်ချိန်မှာ ဒါဘယ်သူလဲလို့မေးလိုက်စဉ် ဆရာတော်အနောက်ကနေ "ငါ ဗါးမဲ့ ကွ" ဆိုတဲ့ အသံကြားရပါတယ်..ဒီတော့ ကျွန်တော် ပြောချင်တာက ဆရာတော် သည် အိန္ဒိယ နွယ်ဖွား ဆာဒူး ကြီး မဟုတ်ဘဲ..သံဃာတော် တစ်ပါးဘဲဖြစ်ပါတယ်။ဒါက ကျွန်တော်သိတာလေးရေးသားတင်ပြခြင်းဖြစ်ပါတယ်။ဗားမဲ့ဆရာတော်နဲ့ပတ်သက်ပြီး ကျွန်တော့ထက်သိသူများရှိပါကလည်း ပညာအလင်းပြပေးစေလိုပါတယ်။ဗဟုသုတအနေနဲ့ရေးသားရခြင်းဖြစ်ပါတယ်။အငြင်းအခုန်မန့်များပြန်လည်ဖြေရှင်းသွားမည်မဟုတ်ပါ။

ပြည်- ကျော်မင်းခေါင်
#ပြန်လည်မျှဝေသူ
(Princess Ruby -ပတ္တမြားခင်ခင်🌹)

ဝင်ဒါမီယာကုန်း (ဝါ) ဗောဓိကုန်းရှိ " ဓာတ်ပေါင်းစုစေတီတော် "“ အဘခေါင်၏ သာသနာပြုဓာတ်နန်း "အဘဘိုးမင်းခေါင် သာသနာပြုခဲ့သော ဓာ...
04/05/2026

ဝင်ဒါမီယာကုန်း (ဝါ) ဗောဓိကုန်းရှိ " ဓာတ်ပေါင်းစုစေတီတော် "

“ အဘခေါင်၏ သာသနာပြုဓာတ်နန်း "

အဘဘိုးမင်းခေါင် သာသနာပြုခဲ့သော ဓာတ်နန်းကြီးတည်ရှိခဲ့ ရာမှာ ရန်ကုန်မြို့၊ ဘားလမ်း၊ တိုက်ခန်းအမှတ်(၂၈၈)(၂၉၂)ဖြစ်ပါသည်။ အမေကြည်နှင့် အစ်မကြီးမခင်ဝင်းတို့ မိသားစုမှာ အဘနှင့် သေသည့် တိုင်အောင်မခွဲ၊ ဘဝအထိုထိုတိုင်အောင် အဘခေါင်၏ပါရမီကိုဖြည့် မည်ဟု သစ္စာအဓိဋ္ဌာန်ပြုထားကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် အစ်မကြီးမခင်ဝင်းအား အဘခေါင် အမိန့်ချမှတ်သည့်အတိုင်း သာသနာပြုဓာတ်နန်း၌ တစ်ပတ်လျှင် ပွဲပေါင်း(၄၀)ခန့်ပေး၍ ကမ္ဘာအရပ်ရပ်ရှိ ဝိဇ္ဇာအပေါင်း၊ နတ်မြတ် နတ်ကောင်း နတ်ဒေဝါ အပေါင်းတို့နှင့်တကွ၊ ၉၉၉၉၉၉ ကုန်းသိုက် ရေသိုက်၊ အတွင်း(၃၇) မင်း၊ အပြင်(၃၇)မင်း နတ်များကိုပါမကျန် ပင့်ဖိတ်ခြင်း၊ ဗာလိနတ်စာ ကျွေးခြင်းနှင့်တကွ ကမ္ဘာ့ကြိုးကိုင် အဘဘိုးဘိုးအောင်နှင့် အဘဘိုးမင်း ခေါင်တို့ နှစ်ပါးက ဦးစီးလျက် စနေ၊ တနင်္ဂနွေနေ့တိုင်း နှစ်ပေါင်း(၃၀) ကျော် မပျက်မကွက် ဆောင်ရွက်ခဲ့သည်မှာ အံ့သြချီးကျူးဖွယ်ရာ ဖြစ် ပါသည်။

ထိုတစ်ချိန်သောကာလက အပတ်စဉ်ဆိုသလို အဘခေါင်သည် ဗုဒ္ဓဟူးနေ့မှာ တရားဟောပါသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင် “အောင်နှင့်ခေါင်” တစ်လှည့်စီ ကမ္ဘာဓာတ်ပန္နက်ချကာ သရုပ်ဖော် ကပြကြပါသည်။ ကျွန်ုပ်မှတ်မိသရွေ့ ပြောရလျှင် အပတ်စဉ်ကန်တော့ပွဲ (၄၀)နှင့် ဧည့်ခံကျွေးမွေးကုန်ကျစရိတ်မှာ အလွန်တာဝန်ကြီးလှပါသည်။ ထိုစရိတ်အတွက် (၁၀)ပတ်အတွက် မကြာခဏ တာဝန်ယူခဲ့သူမှာ မြိတ်သူဌေးကြီး ဦးကြည်ဟိုနှင့် ဦးကြည်ဆိုင်တို့ ဖြစ်ကြပါသည်။

(ကျွန်ုပ်သည် အတူရင်းနှီးစွာ နေလာခဲ့သော အဘ၏မိခင်ဖြစ်သူ မခင်ဝင်းအား မကြာခဏဆိုသလို အဘခေါင်နှင့် ပတ်သက်သည့် အကြောင်းများကို လေ့လာဆည်းပူး မေးခဲ့ခြင်းကြောင့်၊ အစ်မကြီးမခင် ဝင်းအား ဂုဏ်ပြုသောအနေဖြင့် အစ်မကြီး၏အကြောင်းကို တစ်ကဏ္ဍ ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပါသည်။)

ဆက်ပါဦးမည်။ အဘဘိုးမင်းခေါင်သည် ဒုတိယကမ္ဘာစစ်ကြီး ကာလက ““ပုပ္ပား”၌ တစ်ထီးတစ်နန်း အထင်အရှား နေလာခဲ့ရာမှ စစ်ပြီးကာလသို့ရောက်သော် အဘခေါင် ပုပ္ပားတောင်ကလပ်မှ ပျောက် ကွယ်သွားပြီးနောက် မည်သည့်နေရာ၊ မည်သည့်ဒေသတွင် သာသနာပြု နေပါသနည်းဟု အဘဘိုးမင်းခေါင်အား တပည့်အများက သတင်း စကားရရှိရန် စုံစမ်းမေးမြန်းမှုများ ပြုခဲ့ကြပါတော့သည်။

"အဘခေါင် ပုပ္ပါးမှပျောက်ပြီး
ဘယ်ရောက်သွားသလဲ”

အဘဘိုးမင်ခေါင်သည် “ပြည်တော်ဝင်””လာသော ကာလ၌ သာသနာ့ကိစ္စများကို အားသွန်ခွန်စိုက် မနေမနား ဆောင်ရွက်လာခဲ့သည် မှာ နှစ်ပေါင်းအတန်ကြာခဲ့လေပြီ။ အဘခေါင်သည် ဒုတိယကမ္ဘာစစ် ကြီးကာလက ပုပ္ပားတောင်ကလပ်တွင် ရှိခဲ့သော်လည်း စစ်ကြီးပြီးဆုံး သွားသောအခါ “အဘခေါင် ဘယ်ကိုရောက်သွားသလဲ” ဆိုသည့်အကြောင်းကို သိလိုကြလိမ့်မည်ဟု ထင်ပါသည်။
ဤသို့ အဘခေါင်၏ ပျောက်သွားသော ကွင်းဆက်ကိုလည်းကျွန်ုပ် ကိုယ်တိုင်ပင် စိတ်ဝင်စားစရာတစ်ခု ဖြစ်နေပါသည်။ သာမန် လူတွေက အဘ၏လုပ်ရပ်တွေကို မျက်ခြည်ပြတ်သွားကြသော်လည်း အဘခေါင်ကမူ သာသနာ့ကိစ္စများကို ဆောင်ရွက်ရာ၌ မျက်ခြည်ပြတ် သွားခြင်း မရှိချေ။

အဘဘိုးမင်းခေါင်သည် ပုပ္ပားတောင်ကလပ်၌ အောင်ဓာတ်စခန်း တွေကို ဆောင်ရွက်ပြီးနောက် နောင်အနာဂတ်ဓာတ်သစ်ကို ဖော်ထုတ်ရန် ရှေးဦးစွာ ရန်အပေါင်း ကုန်ဆုံးသော အတိတ်ဆောင်သောအားဖြင့် “ရန်ကုန်”သို့ ပုပ္ပားမှ ရောက်ရှိလာခဲ့ပါသည်။

ထိုအချိန်ကအဘဘိုးမင်းခေါင်သည် ရန်ကုန်မြို့ရှိ “ဝင်ဒါမီယာ”ထဲသို့ ရောက်ရှိလာပါတော့သည်။ အဘခေါင်သည် ဝင်ဒါမီယာထဲ၌ ““ဦးဖိုးဝက်ကြီး”ပိုင်သော ခြံမြေထဲတွင်ရှိသော သရက်ပင်ကြီးအောက် ၌ နေပါသည်။ တရုတ်လူမျိုးဖြစ်သော ဦးဖိုးဝက်ကြီးသည် အတိတ်ဘဝ က အဘခေါင်နှင့် ပဋ္ဌာန်းဆက်ရှိခဲ့၍လားမသိ၊ အဘကို မြင်မြင်ချင်း ကြည်ညိုလေးစားကာ ယခုထင်ရှားရှိသော “ဓာတ်ပေါင်းစုံဘုရား အတွက် ဝတ္တကမြေကို ပေးလှူခဲ့ပါသည်။ ထိုစဉ်က အဘခေါင်ဆိုခဲ့ သော တဘောင်မှာ...
“မကြားမရှိကြစေဖို့၊ ဗောဓိကုန်းမှာတဲ့ ဘုရားတည်၊ မြန်မာပြည်ကပ်သုံးလီ အဖုံဖုံဝေးအောင်ပ၊
ဓာတ်ပေါင်းစုံဘုရားကို
ဖူးတွေ့ကြမည်”
ဖြစ်၍ ထိုတဘောင်အရ ဗောဓိကုန်းတွင် ဓာတ်ပေါင်းစုံဘုရားကိုတည်ခြင်းဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဝင်ဒါမီယာထဲသို့ ဝင်ရ သောမြင်ကွင်းကို ပြောပြလိုပါသည်။ ထိုစဉ်က “ဝင်ဒါမီယာ”ထဲသို့ ဝင်ရာတွင် ကြခတ်ဝါးရုံတွေ တစ်ဖက်တစ်ချက်ယှက်ပြီး အုပ်နေသော ကြောင့် မြင်းလှည်းနှင့် ဝင်သည့်အခါ မြင်းလှည်းခေါင်မိုးနှင့် ထိနေသော ကြခတ်ဝါးများကိုတိုး၍ မြင်းလှည်းမောင်းရပါသည်။ မြင်းလှည်းနှင့် ဆိုက်ကားသာကျပ်ကျပ်တည်းတည်း ဝင်ထွက်၍ ရပါသည်။

ထိုစဉ်က ဓာတ်ပေါင်းစုံဘုရားကြီး စပြီးတည်ကာစက ယခုကဲ့သို့ တိုက်တာအဆောက်အအုံ များစွာမရှိသေးပေ။ ပတ်ဝန်းကျင်၌ တောင် လျှိုမြောင်များသာ ရှိပါသည်။ အဘခေါင် နောက်ဆုံးတာဝန် တစ်ရပ်အနေဖြင့် ““ဓာတ်ပေါင်းစုံဘုရား”ကို တည်သောအခါ၌ ကမ္ဘာ့ သာသနာပြုဆရာတော်ဘုရား ““ဦးသီလဝန္တ”သည် အဘခေါင်နှင့်အတူ တကွ သာသနာရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။

ဦးသီလဝန္တဆရာတော်ဘုရားသည် မွန်လူမျိုး ဖြစ်ပါသည်။ အဘ ခေါင် ထွက်ရပ်စခန်းသို့ ကြွမြန်းတော်မူပြီးနောက် အဘဘိုးမင်းခေါင် မိန့်မှာခဲ့သော သြဝါဒအတိုင်း ဆရာတော်ဘုရားသည် “ဓာတ်ပေါင်းစုံ စေတီတော်မြတ်ကြီး”ကို ဘက်စုံမွမ်းမံဆောင်ရွက်ရင်း၊ ကမ္ဘာ့တိုင်းပြည် အရပ်ရပ်သို့ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက် သာသနာ ပျံ့ပွားမှုကို ကြိုးစားအားထုတ်ခဲ့ပါသည်။

“ဦးသီလဝန္တဆရာတော် ”

ဝင်ဒါမီယာကုန်း (ဝါ) ဗောဓိကုန်းတွင် “ဓာတ်ပေါင်းစုစေတီ တော်”ကို အဘဘိုးမင်းခေါင် ဦးဆောင်၍ ဦးသီလဝန္တဆရာတော် ဘုရားနှင့် တည်နေစဉ်ကာလက ကျွန်ုပ်သည် ဆရာတော်ဘုရားကို သိခဲ့ပါသည်။ ထိုစဉ်က “ဝင်ဒါမီယာ”ထဲသို့ အဝင်၌ ကြခတ်ဝါးပင် များ တစ်ဖက်တစ်ချက် ဖုံးအုပ်လျက်ရှိပါသည်။ ထိုသို့ ဓာတ်ပေါင်းစုံ ဘုရား တည်စဉ်ကာလက ဆရာတော်ဘုရားအား ပထမဆုံးဖူးတွေ့ခဲ့ရ ပါသည်။

ဆရာတော်ဘုရားသည် ဝင်ဒါမီယာအဝင်ဝ၌ တဲငယ်ကလေးနှင့် ပွဲ(၉)ပွဲ ထိုးထားကာ သီတင်းသုံး နေတော်မူပါသည်။ ပွဲများကြားထဲ၌ စပါးကြီးမြွေတစ်ကောင်ရှိပြီး အဘွားက လျှောက်ထား၍ ဆရာတော်က ဘူးငယ်ထဲမှ ဂမုန်းနီကလေး(၉)စိပ်ကို ကျွန်ုပ်အား ကျွေးခဲ့ပါသည်။ ဆရာတော်နှင့် နှစ်ပေါင်း(၄ဝ)ခန့် ကွဲကွာသွားခဲ့ပြီးနောက် အဘခေါင်၏ သာသနာကို ဆက်လက်ပြုစုထိန်းသိမ်းစောင့်ရှောက်နေသည်ဟု သိခဲ့ရ ပါသည်။

အနှစ်(၄ဝ)ကျော်မျှ တစ်ဖန်ပြန်တွေ့ရသော်လည်း ဆရာတော်မှာ ရုပ်မကျဘဲ ကျွန်ုပ်ငယ်စဉ်ကတွေ့သော ရုပ်ကဲ့သို့ဖြစ်နေ၍ အံ့ဩသည်နှင့် အမျှ ဝိဇ္ဇာဖြစ်နေကြောင်းကို ရိပ်စားမိလိုက်ပါသည်။ ၄င်းပေးအပ်လိုက် သောဝိဇ္ဇာ(၁၀၁)ပါးစာရင်းတွင် နံပါတ်(၉၂)၌ ရှင်သီလဝန္တ(ဘွဲ့တံဆိပ်ရ) ဟု ပါရှိခြင်းကြောင့် အထောက်အထား ပိုမိုခိုင်မာသွားပါတော့သည်။ “ဦးသီလဝန္တ”ဆရာတော်ဘုရား၏ အတိတ်သမိုင်းကြောင်းကို ဖော်ပြ လိုပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ အမှတ်(၁ဝ)ရပ်ကွက်၊ ဝင်ဒါ မီယာသံလွင်လမ်း၊ ကမာရွတ်မြို့နယ်ဖြစ်ပါသည်။ ရှေးက “ဗောဓိကုန်း” ဟူ၍လည်း ခေါ်ပါသည်။ ထို“ဓာတ်ပေါင်းစုံ”စေတီသည် ရှေးအခါကရှေးဟောင်းစေတီတစ်ဆူ ဖြစ်ပါသည်။ ဘက်စုံထိုစေတီတော်မြတ်အား တာဝန်ယူ၍ စောင့်ရှောက်လျက်ရှိသူမှာ “ဦးသီလဝန္တ”ဆရာတော် ဘုရား ဖြစ်ပါသည်။

အဘဘိုးမင်းခေါင်နှင့် ဆရာတော်ဘုရားသည် ဘုရားစပြီးတည် စဉ်က ဆုံတွေ့ခဲ့ကြပါသည်။ နောက်ကြောင်းကိုပြန်၍ ပြောရလျှင် ဆရာတော်ဘုရားသည် သက္ကရာဇ် ၁၃၁ဝ ခု တန်ခူးလတွင် ပုပ္ပားတောင် ကလပ်၌ (၃)လ အဓိဋ္ဌာန်ဝင်ပြီးနောက် (၁၃-၁-၁၃၄၉)၁၃၁ဝ ခု ပြာသိုလဆန်း(၁)ရက်၊ စနေနေ့ နံနက်(၉)နာရီ အချိန်တွင် ရှေးဟောင်း ဘုရားငုတ်တိုအား “ဓာတ်ပေါင်းစုံအောင်မင်းခေါင်စေတီတော်မြတ် ကြီး”ဖြစ်မြောက်ရန် စတင်ခဲ့သည်။

၁၃၁ဝ ပြည့်နှစ် သီတင်းကျွတ်လကွယ်နေ့တွင် ဆရာတော် ဦးသီလဝန္တအား ဒကာတော် ဦးဖိုးဝက်ကြီးမှ ၄င်းခြံတွင်း၌ရှိသော ရှေး ဟောင်းစေတီငုတ်တိုမှ ရောင်ခြည်တော်ကွန့်မြူးကြောင်း လျှောက်ထားခဲ့ ပါသည်။ ယင်းဘုရားငုတ်တိုမှာ ထိုအကြောင်းမှ အစပြု၍ ““ဓာတ် ပေါင်းစုံအောင်မင်းခေါင်စေတီတော်မြတ်ကြီး”အဖြစ် တည်ခဲ့ခြင်းဖြစ်ပါ သည်။ ထိုစေတီသည် မူလက ရှေးမွန်များတည်ထားခဲ့သော စေတီ ဟောင်း ဖြစ်ပါသည်။

သာသနာ့အကြောင်းဆက်ကို ပြန်ကြည့်လျှင် ဆရာတော်ဦးသီလ ဝန္တသည်လည်း မွန်ဆရာတော်တစ်ပါး ဖြစ်ပါသည်။ ရှေးကာလက ဗားမဲ့ဆရာတော်ဘုရားကြီး၏ နည်းနိဿယတို့ဖြင့် ကျောင်းဝင်းအတွင်း ၌ရှိသော စည်တော်၊ ခေါင်းလောင်း၊ ဗုံမောင်း၊ ကြေးစည်၊ အိုးစည် အားလုံးတို့၌ အင်းများချထားသည်ကို တွေ့မြင်ခဲ့ဖူးပါသည်။ ယခု ပျောက်ကွယ်သွားခဲ့ပါသည်။ ဤသဘောကို ထောက်ရှုခြင်းအားဖြင့် ဆရာတော်ဘုရားအား အင်းဝိဇ္ဇာဟု မှတ်ထင်ရပါသည်။

ဤစေတီသမိုင်းကြောင်းကို ဆက်ပြောရသော် အိပ်မက်အရ သူဌေးကြီးချန်မဖီနှင့် ဒေါ်အေးမြ သားသမီးမြေးတစ်စုတို့က ဖိုးဝက်ကြီးနှင့်အတူ မြေ(၅)ဧကကို သာသနာဝတ္တကမြေအဖြစ် ဆရာလာဦးသီလ ဝန္ထအား လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆရာတော်ဘုရားသည် ဦးဖိုး ဝက်ကြီးနှင့် တိုင်ပင်၍ ပန်းရံဆရာကြီးဦးမောင်အား ရှေးမွန်လက်ရာ အတိုင်း တည်တော်မူခိုင်းစေပြီးလျှင် ရှေးဓာတ်တော်မွေတော်အစုံကို ဌာပနာခဲ့စေခြင်းကြောင့် “ဓာတ်ပေါင်းစုံစေတီ””ဟု ခေါ်တွင်စေခဲ့ပါ သည်။ ၄င်းစေတီ၌ စေတီငယ်(၂ဝ)ခြံရံထားပါသည်။ ဓာတ်ပေါင်းစုံ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ (၂၇)တောင် ရှိပါသည်။

ဆရာတော်ဘုရား၏ ဇာတိကား မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နယ်၊ ဝဲကလောက်ရွာ ဖြစ်ပါသည်။ အသဦးငြိမ်းနှင့် အမိဒေါ်တင်တို့မှ ၁၉၁၂ ခု သောကြာနေ့နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ဖွားမြင်ခဲ့သော သားမြတ်ရတနာ ဖြစ်ပါသည်။ (၂၁-၅-၁၉၃၂)ရက်နေ့တွင် ကျိုက္ခမီ မြို့နယ်၊ ဝဲကလောင်သိမ်တော်ကြီး၌ “ကျော်ရွာဆရာတော်ဘုရားကြီး” အား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်။

ဆရာတော်သည် ပါရမီရှိသူတစ်ဦး ဖြစ်သည့်လျှောက် (၁၀)ဝါမှ အစပြု၍ မြန်မာပြည်အရပ်ရပ်သို့ ဂန္ဓာရီခရီးကို လှည့်လည်ရင်း စေတီ ပုထိုး ကျောင်း ကန်တို့ကို ပြုပြင်မွမ်းမံ၍ သာသနာပြုခဲ့ပါသည်။ ဆရာတော်ဘုရားသည် ရွှေတိဂုံစေတီတော်၊ ဒုတိယပစ္စယံ၊ ရာဟုထောင့် ရှိ “ပြည်လုံးချမ်းသာ”ဘုရားကို ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့ (၂-၁၁-၁၉၄၁)ရက်တွင် ထီးတော်တင်လှူ ၍ “ဆုတောင်းပြည့်ကပ်ကျော်ဘုရား”ဟု သမုတ်တော်မူပါသည်။ ဤကား ဆရာတော်ဘုရား၏ ရှေးဦးစွာ တင်ထားအောင်မြင်သောစေတီ ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီးသည် (၂၆-၁၂-၁၉၄၁) သောကြာနေ့ ညနေ(၄)နာရီတွင် ရန်ကုန်မှ ပဲခူးသို့ ခြေလျင်ခရီး ကြွတော်မူရာ ရွှေဂူ ကြီးဘုရားသို့ စနေနေ့နံနက်(၄)နာရီတွင် ရောက်ရှိပြီး အဓိဋ္ဌာန်(၇)ရက် ဝင်ပါသည်။ တစ်ဖန် ဆရာတော်ဘုရားသည် ဂန္ဓာရီအဓိဋ္ဌာန်စခန်းဖြင့်၁၃၀၄ ခု နယုန်လဆန်း(၁၄)ရက် အင်္ဂါနေ့တွင် သံဃာတော်များနှင့် အတူ မော်လမြိုင်မှ ရန်ကုန်သို့ ခြေလျင်ခရီးကြွတော်မူရာ လမ်းတစ် လျှောက်တွင် (၇)ရက်သားသမီးတို့အား တရားရေအေး တိုက်ကျွေးကာ မေတ္တာပို့သခြင်း ပြုခဲ့ပါသည်။ ခရီးကာလကား (၁၅)ရက် ဖြစ်ပါသည်။

ဆရာတော်ဘုရားသည် (၂၅-၆-၁၉၄၇)ရက်နေ့တွင် ရန်ကုန်မြို့၊ မြေနီကုန်းရှိ ကပ္ပလီကွက်သစ် (ယခုတပ်မတော်ပန်းခြံ)တွင် ဝါးကျောင်း ငယ်ဖြင့် သံဃာတော်(၈)ပါးနှင့် ဝါဆိုခဲ့ပါသည်။ ဆရာတော်ဘုရား၏ သီလ သမာဓိဂုဏ်ကို ချီးကျူးဖွယ်ရာမှာ ကပ္ပလီကွက်သစ်တွင် သီတင်း သုံးစဉ်ကာလက စစ်တပ်မှ လှူဒါန်းသည့် ပဲကြော်၊ ထန်းလျက်၊ ရေနွေး ကြမ်းကိုသာ တစ်ဝါတွင်းလုံး ဆွမ်းအဖြစ် ဘုဉ်းပေးတော်မူခဲ့ကြပါသည်။
ဓာတ်ပေါင်းစုံဘုရားတည်ပြီး
အဘဘိုးမင်းခေါင်က တာဝန်ပေး အပ်ခဲ့ပြီး နောက်ပါကာလတစ်လျှောက်၌ ဆရာတော်ဘုရားသည် မြန်မာပြည်တွင်းသာမက ကမ္ဘာအရပ်ရပ်သို့ ကြွချီတော်မူ၍ သာသနာပြုရာ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလီးယား စသော နိုင်ငံများ၌ ရွှေတိဂုံပုံစေတီများကို ထူးခြားစွာ တည်ခဲ့ပါသည်။ ထို့အပြင် စကြဝဠာစေတီတော်တည်ရာ၌ ဌာပနာမည့် ဗုဒ္ဓဓာတ်တော်နှင့် ရဟန္တာ ဓာတ်တော်များသည် ရောင်ခြည်တော်ကွန့်မြူးခဲ့ပါသည်။ ဆရာတော် သည် ကမ္ဘာ့နိုင်ငံအရပ်ရပ်၌ ကမ္ဘာအေးစေတီ၊ ဓာတ်စေတီ၊ ဓမ္မစေတီ တော်များကိုလည်း တည်ခဲ့ပါသည်။

အခြားထူးခြားချက်မှာ ဆရာတော်ဘုရားထံ၌ ၁၉၅၈ ခု ဒီဇင်ဘာ လက ကနေဒါနိုင်ငံသား “မစ္စတာလစ္စလီဒေါ်ဆင်”သည် “ရှင်အာနန္ဒာ ဗောဓိ”ဘွဲ့ဖြင့် ရဟန်းအဖြစ်သို့လည်းကောင်း၊ အမေရိကန်လူငယ်တစ်ဦး ကို“ရှင်ပညာနန္ဒ””အဖြစ်လည်းကောင်း၊ နောက် အမေရိကန်သားတစ်ဦး အား ““ရှင်ဗောဓိနန္ဒာ”ဘွဲ့တော်ဖြင့် ရဟန်းအဖြစ်သို့လည်းကောင်းသာသနာ့ဘောင်သို့သွတ်သွင်းချီးမြှင့်ပေးတော်မူခဲ့ပါသည်။

"( ၆၄)ပါးပေါက်ဆရာ"

“မသိလျှင်မေး မစင်လျှင်ဆေး"၊ "မေးဖန်များ စကားရ”၊ “သက်ကြီးစကားသက်ငယ်ကြား” ဆိုသည့်ထုံးကို နှလုံးမူလျက် ဂန္ဓာရီဝိဇ္ဇာလောက၌ မှတ်တမ်းမှတ်ရာကျန်ခဲ့သော ဝိဇ္ဇာတို့၏ လက်ငုတ် လက်ရင်းများကို တတ်စွမ်းသမျှ ရှာဖွေခဲ့ပါသည်။ ဝိဇ္ဇာလောက၌ အထက်ပုဂ္ဂိုလ်ကြီးများကို ပင့်ရာတွင် ပေါက်ဆရာ(၆၄)ပါးဆိုသော ပုဂ္ဂိုလ်များကို အလွန်သိချင်လှပါသည်။

ထိုပေါက်ဆရာ(၆၄)ပါးအကြောင်းကို သိလို၍ စာပေကျမ်းဂန် လည်းတတ်၊ ရှေးရှေးက ဗဟုသုတနှင့်လည်း ပြည့်စုံသော၊ ကျွန်ုပ်၏ ဆရာအရင်းဖြစ်သူ "ဓာတုစိန္တာဦးချစ်မောင်”ထံ ချဉ်းကပ်၍ လျှောက် ထားမေးမြန်းခဲ့ဖူးပါသည်။

ကျွန်ုပ်က “ဆရာကြီးခင်ဗျား...အထက်ဝိဇ္ဇာများကိုပင့်ရာ၌ ပေါက်ဆရာ(၆၄)ပါးဟု လည့်ထည့်ပြီး ရွတ်ဆိုလေ့ရှိကြပါတယ်။ အဲဒီ ပေါက်ဆရာ(၆၄)ပါးဆိုတာ မည်သူတွေလဲဒါမှမဟုတ် ထိုပေါက်ဆရာ၆၄ပါးအကြောင်းကို မည်သည့်ပုဂ္ဂိုလ်က ရေးသားခဲ့သည်ကို သိလို ပါတယ်”ဟု လျှောက်ထားရာ ဆရာကြီးက “ငါ့တပည့်မေးတဲ့ ပေါက် ဆရာ(၆၄)ပါးကို ကုန်စင်အောင် မမှတ်မိတော့ဘူးရေးခဲ့တဲ့ပုဂ္ဂိုလ်က တော့ ပထမကမ္ဘာစစ်ကြီး မဖြစ်မီကပေါ့၊ လက်ပံတန်းက ပထမကျော် ဦးလူခန့် ရေးခဲ့တာ ဖြစ်တယ်၊ သူရေးခဲ့တဲ့ “မဟာဂန္ဓာရီဝိဇ္ဇာဓိုရ်ကျမ်း ထဲမှာ ပေါက်ဆရာ(၆၄)ပါးအကြောင်းကို ရေးထားတာကွယ့်”ဟု ပြော ပြခဲ့ပါသည်။

နှစ်ပေါင်းများစွာ ကြာခဲ့၍ ပျောက်ကွယ်သွားပြီဖြစ်သော “မဟာ ဂန္ဓာရီဝိဇ္ဇာဓိုရ်ကျမ်း”ကို ရှာဖွေတွေ့ရှိရင်တော့ ပေါက်ဆရာ(၆၄)ပါးတို့ ၏ အမည်များကို တွေ့ရှိနိုင်ပေလိမ့်မည်။

သို့သော် ပေါက်ဆရာတို့၏မှတ်တမ်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထား သည်မှာ “ဦးသီလန္တဆရာတော်ဘုရား” ကျွန်ုပ်အား ကိုယ်တိုင်ချီးမြှင့်ခဲ့သော ပေါက်ဆရာ(၁ဝဝ)ပါး ပါရှိသည့်စာရင်း ဖြစ်ပါသည်။ ထိုပေါက်ဆရာအမှတ်စဉ်(၁၂) “ဓမ္မစေတီမင်းခေါင်”ဟုသာ ထင်ရှား ပါရှိပြီး၊ ပရိမ္မမင်းခေါင်၊ သတိုးမင်းခေါင်း အင်းဝမင်းခေါင်း တို့ကြား မင်းခေါင် စသည်တို့ ပေါက်ဆရာစာရင်း၌ မတွေ့ရှိရချေ။

ထို့ကြောင့် ဓမ္မစေတီမင်းခေါင် ခေါ် ပုပ္ပားမင်းခေါင်းကိုသာလျှင် ပေါက်ဆရာတို့စာရင်းတွင် အပါအဝင် ဖြစ်သည်ဟု ကောက်ချက်ချရ ပေလိမ့်မည်။

**(၁ဝ၁)ပါး ဝိဇ္ဇာစာရင်း””

(၁) ငါးဘုံဝိဇ်ဇာ

(၂) လေးဘုံဝိဇ္ဇာ

(၃) ဗုဒ္ဓ

(၄) ဓမ္မ

(၅) သံဃ

(၆) ဦးသာမလဆရာတော်

(၇) အဖဇော်ဂျီ

(၈) ဦးဥတ္တမဆရာတော်

(၉) ဦးခန္တီပါလ

(၁ဝ) ဦးဓမ္မသာမိ

(၁၁) မဟာမြိုင်

(၁၂) ဦးစန္ဒသူရိယ

(၁၃) ဦးဓမ်မစာရိ

(၁၄) ဂျုံးဂျုံးကြ

(၁၅) များရှာချံ

(၁၆) ရွှေဘိုဦးလှိုင်

(၁၇) ဦးဇ

(၁၈) ဦးရဲသူသောကြာ ဆရာ

(၁၉) ရွှေကိုယ်တော်

(၂ဝ) ငွေကိုယ်တော်

(၂၁) ဖိုကျင်ဆရာ

(၂၂) မကိုဋ္သရဖူဆရာ

(၂၃) မျက်ရှင်

(၂၄) မနေရဂန်ဓာရီ

(၂၅) ဆရာဖြူ

(၂၆) ဆရာလူ

(၂၇) ဆရာဝ

(၂၈) ဆရာစော

(၂၉) ဆရာမြ

(၃ဝ) ဆရာကွမ်

(၃၁) ဆရာရှင်

(၃၂) ဆရာပို

(၃၃) ဆရာခိုင်

(၃၄) ဆရာလှိုင်

(၃၅) ဆရာမြိုင်

(၃၆) ဆရာကြိုင်

(၃၇) နဝင်းသာချောင်း

(၃၈)

(၃၉) ဣစ္ဆာသယဦးအောင်

(၄ဝ)ရိုးမဦးအောင်

(၄၁) စက်တော်ရာဦးအောင်

(၄၂) ပုပ္ပားဦးအောင်

(၄၃) ပဋ္ဌမံဆရာဘိုးဘိုးအောင်

(၄၄) ရသေ့ဦးအောင်

(၄၅)ဇင်းကျိုက်ဦးအောင်

(၄၆) တောင်ဖီလာဆရာတော်

(၄၇) ဗားမဲ့ဆရာတော်

(၄၈) ဗားမြိုက်ဆရာတော်

(၄၉) ဗားတမော့ဆရာတော်

(၅ဝ) ဗားတောင်ဆရာတော်

(၅၁) ဗားမျှောင်ဆရာတော်

(၅၂) ဗားကရာဆရာတော်

(၅၃)ဗားဓမ္မဆရာတော်

(၅၄)ဗားထီးဆရာ

(၅၅) ဗားကိုင်ဆရာတော်

(၅၆) ဓမ္မစေတီ

(၅၇) ဓမ္မဘာလ

(၅၈) အသားနောင်တော်

(၅၉) ဒုတိယအသားနောင်တော်

(၆ဝ) ဆရာဦးလူကြီး

(၆၁) ဆရာဦးကျော်ဧ

(၆၂) ဆရာပေါ

(၆၃) ဦးဩဘာသဆရာတော်

(၆၄) ဦးခန္ဓာဇောတိဆရာတော်

(၆၅) ဦးအာဒိစ္စ

(၆၆) ဆံရှည်ဆရာတော်

(၆၇) ဦးသာသနာဆေးဝိဇ္ဇာ

(၆၈) အဇ္ဇဂေါဏဓာတ်လုံး

(၆၉) မေဝိယဆရာတော်

(၇ဝ) ရှင်မထီး

(၇၁) ရှင်သီလစန္ဒာ(ဥက္ကဋ္ဌ)

(၇၂) ဦးခေမိန်

(၇၃) ဦးဇာကရ

(၇၄) လောကီရဝိဇ္ဇာဓိုရ်

(၇၅) သုမနရသေ့

(၇၆)ဣစ္ဆသယရသေ့

(၇၇) ပဋ္ဌမံအင်းကိုစီရင်သောဘိုးဘိုးကြီး

(၇၈) ဦးနန္ဒိယဘုန်းတော်ကြီး

(၇၉)ဦးဒေဝိန်ရသေ့

(၈ဝ) ပဋ္ဌမံဦးအောင်ကြီး

(၈၁) ဣန္ဒာစရိယဆရာတော်

(၈၂) ဓမ္မစေတီမင်းခေါင်

(၈၃) ဦးဝိမလဇင်းကျိုက်

(၈၄) ဆရာဦးခန်တီ

(၈၅) စင်္ကြာ

(၈၆) ဧကပိဏ္ဍရှင်ရသေ့

(၈၇) ဖိုးဝိဇၨာ

(၈၈) ဆရာမျက်

(၈၉) ဆရာကြင်

(၉ဝ) ဦးအောင်မြတ်

(၉၁) ဦးခန္ဓာဇောတ

(၉၂) ရှင်သီလ(ဘွဲ့တံဆိပ်ရ

(၉၃) ဦးဉာဏဆရာတော်

(၉၄) ဦးဇောတိပါလရသေ့

(၉၅)ဦးဇောတဘုန်းတော်ကြီး

(၉၆) ဦးရာဇိန္ဒ

(၉၇) ဦးအာလောဘဆရာတော်

(၉၈) ဦးပညာဇောတ

(၉၉) အရှင်တေဇစန္ဒာ

(၁ဝဝ) ဘာဘာကြီး

(၁၀၁) ရွှေတံငါ

“မှတ်ချက်” ရှင်မထီးထံ၌ ရွှေသားပုရပိုက်နှင့် အပ်နှံထားသည်ဆို သော ထွက်ရပ်ပေါက်စာရင်းမှန် ဖြစ်သည်။ ဥပမာပြရသော် (၁၄)တွင် ဂျုံးဂျုံးကြ၊ (၄၇)တွင် ဗားမဲ့ဆရာတော်၊ (၆၃)တွင် ယက္ကန်းစင်တောင် ဦးသြဘာသ၊ (၆၄)တွင် ဦးခန္ဓာဇောတိ(၆၈)တွင် ရှင်အဇ္ဇဂေါဏ(၇ဝ)တွင် ရှင်မထီး၊ (၄၃)တွင် ပဌမံဘိုးဘိုးအောင်၊ (၈၂)တွင် ဓမ္မစေတီ မင်းခေါင်၊ (၈၇)တွင် ဦးခန္တီ၊ (၈၅)တွင် စင်္ကြာ၊ (၉၂)တွင် ရှင်သီလ ဝန္တ၊ (၉၆)တွင် ဦးရာဇိန္ဒ စသည့် ထင်ရှားသော ဝိဇ္ဇာဓိုရ်ကြီးများကို တွေ့ရှိရပါသည်။
*** ဇေယျာထွန်း ***



#ဈာန်
#ရှေးဟောင်းနိဗ္ဗာန်ကုန်
#ရှေးဟောင်းနတ်ပုံတော်
#ရှေးဟောင်းလောကီဆေးတော်
#ရှေးဟောင်းလောကီဆေးရုပ်
#ရှေးဟောင်းမြန်မာ့ရိုးရာအဆောင်လက်ဖွဲ့

 #ဗားမဲ့ဆရာတော်ဘုရားအတ္ထုပ္ပတ္တိ"________________________________________________________________ဗးမဲ့ဆရာတော်ကား ရခိုင်န...
04/05/2026

#ဗားမဲ့ဆရာတော်ဘုရားအတ္ထုပ္ပတ္တိ"
________________________________

________________________________
ဗးမဲ့ဆရာတော်ကား ရခိုင်နယ်စပ်၊ ဗားမဲ့တောင်ခြေရွာ၌ သက္ကရာဇ် ၉၉၃ ခုတွင်၊ ဖွားမြင်တော်မူ၍ ဟံသာဝတီပြည်ကြီး၌ ရှမ်းသာမဏေ ပြုလုပ်ပြီးလျှင် စာပေပိဋကတ်တို့ကို သင်ကြား၍နေတော် မူ၏။ ဘွဲ့တော်ကား နန္ဒသာရတည်း။

တစ်ရံရောအခါဟု ဆိုအပ်သော ထိုနေ့၌ ဟံသာဝတီမြစ်ကမ်းသို့ ဒေသစာရီ ကြွချီတော်မူရာ၊ သူရူးတစ်ယောက်နှင့် တွေ့ကြုံစဉ် မြစ်လယ် မှ မိကျောင်းတစ်ကောင်သည် ကြေးနီပုရပိုက်ကိုကိုက်၍ ပေါ်ပြီးလျှင် ကမ်းခြေသို့ ကူးလာ၏။ထိုအခါ သာမဏေက သူရူးအား ကြေးနီ ပုရပိုက်ကို လုယူပါဟုပြောလျှင် သူရူးလည်း ဆင်း၍လု၏။ ရသော် ကြေးနီပုရပိုက်ကို သာမဏေအားပေး၍ ကြည့်ရှုရာ အချို့သောပညာ ရပ်များကိုသာသိ၍ အချို့သောပညာရပ်များကို နားမလည်သဖြင့် စုံစမ်း မေးမြန်းခြင်းကိုပြု၍နေစဉ်၊ တစ်နှစ်လွန်လေ၏။ ထို့နောက် ဟံသာဝတီ မြို့ရှေ့၊ လေးထပ်ဆရာတော်ကျောင်းတွင် ရဟန်းပြုလေ၏။

ဝိဇ္ဇာဓိုရ်နှင့် ဗားမဲ့ဆရာတော်တွေ့ခြင်း

တစ်ညဉ့်သ၌၊ ဗားမဲ့ဆရာတော်ဖြစ်လတ္တံ့သော နန္ဒသာရ အမည်ရှိသော ရဟန်းပျိုသည် အင်ကြင်းပင်အောက် ဆောက်အပ်သော ဝါးကျောင်းငယ်တွင် မိမိ အားထုတ်နေကြဖြစ်သော ဗုဒ်ဓါနုူတိ ကမ္မဋ္ဌာန်းကို ပွားများ၍ နေတော်မူရာ၊ တကာယောက်ျားတစ်ယောက် ဝင်ရောက်ရှိခိုးလာသောဟူ၏။ အထူးသဖြင့် မွှေးကြိုင်၏။ ထိုအခါ ရဟန်းက အသူနည်းမေးရာ တပည့်တော်ဝိဇ္ဇာဓိုရ်ယောက်ျားပါ ဟု ပြန်ကြားလျှောက်ထားသဖြင့် အမည်ကိုမေးရာ မဟာသိဒ္ဓိမည် ကြောင်းကို လျှောက်ထား၏။

ထို့နောက် နေထိုင်ရာနေရာမှစ၍ သိလိုသမျှ အကြောင်းတို့ကို အစဉ်တစိုက် မေးမြန်းရာ အောက်ပါအတိုင်း လျှောက်ထားလေ၏။ ထူးဆန်းအံ့သြဖွယ်ကောင်းသော၊ တန်ခိုးသတ္တိရှိသော၊ ဆေးပင်များ ပေါက်ရာ သီရိရုက္ခမည်သောတောင်၌ နေပါကြောင်း၊ ထိုတောင်၏ အနီး ကြီးမားသော ဂန္ဓမာဒနတောင်သည်ရှိကြောင်း၊ ထိုတောင်၌ ရွှေဂူ ငွေဂူ စသည်လည်းရှိကြောင်း၊ ၄င်းအနီး၌ အနောတတ်ရေအိုင် ရှိပါသည်။

ထိုရေအိုင်သည် ဥတုသုံးပါးလုံး၌ နေရောင်မရောက်ပါ။ထိုရေအိုင်တွင် တန်ခိုးကြီးသော နဂါး ဂဠုန်မှစ၍ ဝိဇ္ဇာဓိုရ်ယောက်ျားများနှင့် အချို့နတ်များ ရေမိုးသုံးသပ်၍ ပျော်ပါးကြပါသည်။ တပည့်တော်များ မှာ အစာအာဟာရစားလိုသောအခါ ဇမ္ဗုသပြေသီးနှင့် အမန္တရမည်သော သစ်သီးများကိုသာ စားသုံးကြပါသည်။
ထိုအသီးများသည် အိုးစရည်းခန့် ကြီးမား၍ အနံ့အရသာများနှင့် လွန်စွာကောင်းမွန်လှပါသည်။ ထိုအသီးများကိုး စားရ၍ တပည့်တော်တို့ ၏ ကိုယ်အနံ့များလည်း မွေးကြိုင်ပါသည်။ အလွန်ပေါ့ပါးသောကိုယ် လည်း ရှိပါသည်ဟု လျှောက်ထားလေ၏။

ထိုအခါ ဤအရပ်သို့ ဘယ်အကြောင်းနှင့် လာပါသနည်းဟု မေးမြန်းတော်မူရာ အရှင်ဘုရားနှင့် တပည့်တော်သည် လွန်ခဲ့သောဘဝ က ညီအစ်ကိုအရင်း ဖြစ်ခဲ့ဖူး၍ ရွှေပေကိုလှူဒါန်းရန် လာပါသည်။ ဤစာပေပညာရပ်များကို လိုက်စားတော်မူပါက အလိုရှိသမျှ ပြည့်ဝ စုံလင်တော်မူပါလိမ့်မည်ဟု လျှောက်ထားလေ၏။

ထိုအခါ ရဟန်းတော်က မိကျောင်းပါးစပ်မှရသော ကြေးနီပုရပိုက် ကိုပြ၍ မသိသောအရာများကို မေးမြန်းရာ...
တပည့်တော်မှာ အရှင်ဘုရားအား သင်ကြားဖို့ အချိန်မရနိုင်ပါ၊ ပုပ္ပားတောင်၏ အရှေ့ဘက်တွင် ကျောက်ဂူရှိပါသည်။ ထို ကျောက်ဂူတွင်နေသော အင်းဘီလူးထံ ကြွသွား၍ အမဲသားအတုံးငယ်လေးတွေ ယူပြီးလျှင် အင်းဘီလူးမင်း... အမဲသားစားပါ မည်လောဟုမေးပါ၊ စားမည်ဟု ပြောပါလိမ့်မည်။ စားချင် လျှင် ပါးစပ်ဟဟုဆိုလျှင် ဟပါလိမ့်မည်။ ခပ်လှမ်းလှမ်းကနေ၍ အမဲသားကို ပစ်၍ပေးပါ။ ဘီလူးအင်းပါးစပ်တွင်းသို့ရောက်၍ စားနေသောအခါ အလိုတော်ရှိသမျှ မေးပါ၊ ပြောပါလိမ့်မည်၊ နောက်ဆုံးအမဲသားတုံးကြီးကြီးကို ပေးထားခဲ့ပြီးလျှင် အမြန် အပြင်ထွက်တော်မူပါ ဟု လျှောက်ထားလေ၏။

ထိုအခါ ရဟန်းတော်က ကျေးဇူးတင်ကြောင်း ပြောကြားပြီးလျှင် ဆက်၍မိန့်တော်မူသည်မှာ...လွန်ခဲ့သောဘဝမှ ညီအစ်ကိုတော်သည် ဟုဆိုရာမှာ ကြာမြင့်လှလေပြီ၊ ယခုမှ လာရောက်ထောက်ပံ့သည်မှာ မေ့လျော့၍နေဟန်ရှိသည် ဟု မိန့်တော်မူရာ ဝိဇ္ဇာဓိုရ်ယောက်ျားက ပြန် ကြားလျှောက်ထားသည်မှာ...

မေလျှော့၍နေသည် မဟုတ်ပါ၊ ဤလူ့နေရာသို့ လာရခြင်းမှာ လွန်စွာဝန်လေးလှပါသည်။ ဘုန်းကံကြီးမားသော သူများထံသို့ ဖြစ်စေ၊ သီလသမာဓိ စသော ဂုဏ်ရှိသူများထံသို့ဖြစ်စေဤ ပုဂ္ဂိုလ်များထံ၌သာ လာလို ရောက်လိုသောစိတ် ရှိပါသည်။ အရှင်ဘုရားမှာ ယခုကဲ့သို့ သီလ သိက္ခာ စင်ကြယ်စွာ နေခြင်း ကြောင့်သာ လာလို ရောက်လိုသော စိတ်အတိုင်း လာရောက်ရပါသည်ဘုရား
ဟု အလုံးစုံကို လျှောက်ထား၍ နှုတ်ဆက်၍ ဆင်းသက်ပြန်သွားလေသည်။

အင်းဘီလူးထံသွားခြင်း

ထို့နောက် နန္ဒသာရအရှင်မြတ်၏ တပည့် ရှင်မုန်ယိုဆိုသူ သာမဏေတစ်ပါးနှင့် ပုပ္ပားတောင်သို့ သွားရောက်ကြ၍ ဝိဇ္ဇာဓိုရ်ယောက်ျား ပြောသည့်အတိုင်း ဆောင်ရွက်ကြရာ မကြာမီပင် လိုအင်ဆန္ဒ ပြည့်ဝစုံလင်တော်မူခဲ့လေသည်။

ထို့နောက် ပုပ္ပားတောင်မှ ဟံသာဝတီမြို့သို့ ပြန်ရောက်ကြပြီး လျှင် ရဟန်းတော်အရှင်မြတ်သည် အရပ်ရပ်သော လောကီပညာရပ်များ ကို လိုက်စားတော်မူလေ၏။ နေကြောင်းအင်း၊ လကြောက်အင်း၊ သံပေါက်အင်း စသည်တို့ကိုလည်း စမ်းသပ်တော်မူ၏။ ကာယသိဒ္ဓိပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ စသောလမ်းများကိုလည်း ကြိုးပမ်းတော်မူ၏။

ရှိန်းဆာယာအတတ်သက်ပြောင်းကိုယ်ခွာအတတ်မှစ၍ အရပ်ရပ်သော လောကီဘက်ဆိုင်ရာ အတတ်များကိုလည်း ထမြောက်အောင် မြင်တော်မူ၍ အလွန်ကျော်ကြားတော်မူလေ၏။

ဤကဲ့သို့လောကီပညာများကိုသာ လိုက်စားတော်မူကြောင်းကို ငါးဆူဒါယကာမင်းတရားကြီး ကြားသိတော်မူလေလျှင်၊ ရဟန်း တော်တို့၏ အကျင့်သိက္ခာနှင့်မညီဟုဆို၍ ညောင်ရမ်းမြို့သို့ ပို့လေ၏။ သက္ကရာဇ်(၉၅၅)ခုနှစ်၌ ညောင်ရမ်းမြို့သို့ရောက်လျှင်၊ မင်းရဲနန္ဒမိတ် အမည်ရှိသော ညောင်ရမ်းမင်းသည် ရဟန်းတော်နန္ဒာသာရ၏ အတ္ထုပ္ပတ္တိ နှင့် ပညာများကို စုံစမ်းသိရှိတော်မူလေလျှင် အားရတော်မူ၍ နန္ဒ သာရကဝိဓဇဟူသောဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၍ ကျောင်း ဆောက်ကိုးကွယ်တော်မူ၏။ ဗားမဲ့ဆရာတော်ဟု ထင်ရှားတော်မူ လေသတည်း။

ထို့နောက် တိုင်းရေးပြည်ရေး မငြိမ်မသက်ရှိသောကြောင့် ဗားမဲ့ ဆရာတော်ကိုပင့်၍ ဤသို့တိုင်ပင်တော်မူ၏။

ယခု နောင်တော်ကြီးမင်းတရားသည် တိုင်းပြည်နိုင်ငံတို့ကို မသိမ်းမပိုက်နိုင် တာရှည်သော် အရေးခက်ချိမ့်မည်၊ ဘယ်သို့စီမံ ကြံစည်သော် သင့်ပါမည်နည်း၊ ဟံသာဝတီသို့ချီ၍ လုပ်ကြံရသော် သင့်မည်လော၊ နေရင်း ညောင်ရမ်းတွင်နေရသော် သင့်မည်လော၊ ရတနာပူရအင်းဝနေပြည်တော်သို့ ချီတက်လုပ်ကြံရသော် သင့်မည် လော"ဟု လျှောက်သည်တွင် ဗားမဲ့ဆရာတော်က မိန့်သည်ကား...
တလိုင်းသုံးရပ်သည် နံခံနိမ့်သည်၊ ထောင်းထောင်းညက်ညက် ပျက်လိမ့်မည်၊ ညောင်ရမ်းမြိုကလည်း မင်းတို့စံရာ ရာဇဌာနီ မဟုတ်၊ သို့ဖြစ်သောကြောင့် အင်းဝမြို့သည် ရာဇဌာနီ မြန်မာတို့ ဦးစွန်းထွန်းရာဖြစ်သည်။ တိုင်းခရိုင်နိုင်ငံလည်း အလွန်ကျယ်ခန်း သည်။ ရတနာပူရ အင်းဝနေပြည်တော်ကနေ၍ အရပ်ရပ်သိမ်းယူ တော်မူသော် ထီးဆောင်းမင်းအပေါင်းတို့ကို စိုးမိုးပိုင်သတော်မူ ပြီးလျှင် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် လက်နက်နိုင်ငံတော်ဖြစ်၍ သာသနာတော် အလွန်ပွင့်လန်းစည်ပင် မည်၊ မြန်မာပြည်အလုံးကို လက်ရုံးဆန့်တန်းကာ စိုးမိုးပိုင်သရန် အစီအရင် ဖြစ်ပါသည်

ဟု မိန့်ဆိုတော်မူသည်ကို မင်းတရားကြီးနှင့်တကွ မှူးတော်မတ် တော်မှစ၍ ရဟန်းပညာရှိ လူပညာရှိအပေါင်းတို့ အကြိုက်ညီကြသဖြင့် အရပ်ရပ်သော လောကီပညာ စီရင်စရာ အင်းအိုင်၊ ခါးလှဲ့၊ လက်ဖွဲ့၊ မန္တရား စသည်များကို ကိုယ်တော်၏ အဆောင်အရွက်နှင့်တကွ သန် လျက်တော်၊ ရွှေယပ်၊ ချွေးသုတ်ပဝါမှစ၍ အလံ၊ ဗုံ၊ မောင်း၊ ဆင်၊ မြင်း၊ တံခွန်၊ စည်ကြီး၊ ခွက်ခွင်း စသည်တို့တွင် စီရင်တော်မူလေ၏။ မင်းတရားကြီးသည် ညောင်ရမ်းမြို့မှာရှိသည့် အမှုထမ်း အရာ ထမ်းတို့ကို အပါးတော်သို့ လာရောက်စေ၍ အရပ်ရပ်ကို သိမ်းကြုံးစည်းကြပ်၍ ဗားမဲ့ဆရာတော်သို့ အပ်လေ၏။ (ဤကား ဗားမဲ့အင်းကျမ်းမှလာသော မူရင်းစာအတိုင်း တည်း)။

ဗားမဲ့ဆရာတော်ဘုရားကြီး ပျောက်ကွယ်ရာမှ ပြန်လည် ပေါ်ပေါက်လာခြင်း

ပြည်တော်ဝင် ဆိုသည့် စကားမှာ ဝိဇ္ဇာလောက၌ ထင်ရှားရှိ ပါသည်။ လောကီပညာကို တစ်ဖက်ကမ်းရောက်လို့ ထွက်ရပ်ပေါက် သွားသော ပုဂ္ဂိုလ်သည် သာသနာရေး၊ ဘာသာရေးကိစ္စများကို လောက ၌ ဆောင်ရွက်ရန် အထက်ပုဂ္ဂိုလ်ကြီးများက တာဝန်ပေး၍ စေခိုင်းလျှင် အကြင်ပုဂ္ဂိုလ်သည် လူ့လောကသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာရ ခြင်းကို" ပြည်တော်ဝင်ဟု ခေါ်ပါသည်။

အချို့လည်း အထင်အရှား ဝင်လာသလို၊ အချို့လည်း မထင်မရှား ပုံဟန် အမျိုးမျိုးနှင့် ဝင်ရောက်လာကြပြီး ၄င်းတို့၏သက်တမ်း၊ မည် သည့်အရပ်ဌာန၊ မည်သည့်ကိစ္စ စသည်တို့ကို သိခွင့်မရနိုင်ပေ။ ထိုပုဂ္ဂိုလ်၏ ပြောဆိုသမျှ အမည်၊ အသက်ကိုသာ မှတ်ယူထားတတ်ကြပါသည်။ အကြောင်းတစ်ခုကို ပြောရလျှင် ထိုပြည်တော်ဝင် ပုဂ္ဂိုလ်ဖြစ်သော ဂန္ဓာရီဝိဇ္ဇာတို့သည် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီး လောက်က အတော်များများ ပြည်တော်ဝင်လာကြပြီး သာသနာရေး ကိစ္စ၊ သတ္တဝါတို့ ကပ်ကြီးသုံးပါးကျော်နင်းနိုင်ရန်ကိစ္စတို့ကို မနေမနား လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြကြောင်းကို ၄င်းပုဂ္ဂိုလ်တို့နှင့် တရင်းတနှီး ထိပ်တိုက်တွေ့ဆုံခဲ့သော သူများထံမှ သိခွင့် လေ့လာခွင့် ရခဲ့ပါသည်။ ၄င်းပြည်တော်ဝင်"ပုဂ္ဂိုလ်တို့သည်ကား မိမိဆောင်ရွက်ရန်ကိစ္စ ပြီးစီး ပါက ခြေရာလည်းပျောက်၊ ရေလည်းနောက်ဆိုသလို ပျောက်ကွယ် သွားတတ်ကြပါသည်။ ထိုပုဂ္ဂိုလ်တို့ကိုပင် ကိစ္စပြီး၍ အသီးသီးပျောက် ကွယ်သွားကြခြင်းကို ပြည်တော်ထွက်ဟု ဆိုခြင်းဖြစ်ပါသည်။

ထိုပြည်တော်ဝင်နှင့် ပြည်တော်ထွက်ဟူသော စကား နှစ်ရပ်မှာ ဝိဇ္ဇာလောက၏ ဆိုရိုးစကား ဖြစ်ပါသည်။ ကျွနိုပ် ဘဝတစ်လျှောက်၌ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို အတော်များများ တွေ့ခဲ့ဖူးပါ သည်။

ဥပမာအားဖြင့် ပြည်တော်ထွက်သည့်ကိစ္စအကြောင်းကို ဖော် ပြရသော်၊ အဘဘိုးမင်းခေါင်သည် သာသနာ့ကိစ္စ၊ ကမ္ဘာ့ကိစ္စတို့ကို ပြည်တော်ဝင်ကာလ၌ အပတ်တကုတ် ကြိုးစားဆောင်ရွက်တော် မူပြီးနောက် ပုပ္ပားစခန်းမှ ပြည်တော်ထွက်ကိစ္စကို ဆောင်ရွက်သည့် အလား ထွက်ရပ်စခန်းသို့ ကြွမြန်းတော်မူပြီး၍ မရှေးမနှောင်းသော ကာလ၌ ရာကျော်ဘိုးတော်၊ ဦးသောကြာ၊ ဘိုးပေါက်ဆိန် ဘိုးဘိုးငယ်၊ ဘိုးဝါယမ၊ ဘိုးတက်၊ ဘိုးတော်ဣဿရိယ၊ ဘိုးဇာဂရု အစရှိသော ပုဂ္ဂိုလ်တို့သည် လောကမှ တစ်ယောက်ချင်းဆိုသလို ရှေ့နောက် လောက မှ ပျောက်ကွယ်သွားကြကုန်ပါသည်။ ၄င်းတို့သည် တာဝန်ပြီးဆုံး၍ လောကမှ ပြည်တော်ထွက်ခဲ့ကြကုန်ပြီတကား။

စာရှုသူအနေဖြင့်သိထားဖို့ရာမှာဘုရားတည်၊ ကျောင်းဆောက် သာသနာပြုတယ်ဆိုတိုင်း ဂန္ဓာရီဝိဇ္ဇာမဟုတ်ပါ။ ဃောရဂန္ဓရီကိစ္စကို အောင်မြင်ဖို့ရာ သိဒ္ဓိ(၁၀)ပါး ပြီးမြောက်ရပါသည်။ ထိုသိဒ္ဓိ(၁၀)ပါးထဲ မှ သိဒ္ဓိငယ်(၃)ပါးဖြစ်သည့် ဓနသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ ကာယသိဒ္ဓိ ပြီးစီးလျှင် ဘုရားတည်ကျောင်းဆောက် သာသနာပြု၍ ရပါသည်။ သို့သော် ကျန် သိဒ္ဓိကြီး(၇)ပါးကိုကား မရနိုင်သေးချေ။

ပြည်တော်ဝင်ခြင်း အကြောင်းကို ရှေးဦးမဆွ ရေးရခြင်းမှာ ဗားမဲ့ဆရာတော်ဘုရားကြီးသည် တိုင်းပြည်၌ သာသနာပွင့်လင်း တိုးတက်မည့်အခါသို့ရောက်တိုင်း ထင်ရှားပေါ်ပေါက်လာလေ့ ရှိသည့် အကြောင်းကို ရေးသားဖော်ပြလို၍ ဖြစ်ပါသည်။ ကျွနိုပ်တို့ မြန်မာနိုင်ငံ တွင် ဗားမဲ့ဆရာတော်ဘုရားကြီး ပေါ်ပေါက်ခဲ့သည့် သမိုင်းနောက်ကြောင်းကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုပါက သထုံမနူဟာမင်း ကြီး`လက်ထက်တော်တွင် တစ်ကြိမ်၊ တောင်ငူညောင်ရမ်းခေတ်တွင် တစ်ကြိမ် နန်းဦးဆရာတော်အဖြစ် ပေါ်ပေါက်ခဲ့ပါသည်။

သို့သော် ဆရာတော်ဘုရားကြီးအား မွန်လား၊ ရခိုင်လား၊ ကုလား လား၊ မြန်မာလားဟု ဝေဖန်ဆန်းစစ်နေစရာ မလိုတော့ပါ။ ဝိဇ္ဇာဆိုသည် မှာ သူတို့လာချင်သည့်အချိန်၊ သူတို့ဖန်ဆင်းခြင်သည့်ရုပ်၊ သူတို့ရောက် ချင်သည့်အရပ်၌ ပေါ်ပေါက်လာတတ်သောကြောင့် ရှေးဆရာ အဆက်ဆက် မှာကြားခဲ့သည်မှာ ဝိဇ္ဇာကို ခြေရာမခံနဲ့ဟု သတိပေးခဲ့ပါ သည်။

ဤနေရာတွင် ဗားမဲ့ဆရာတော်ပျောက်ကွယ်လစ်လပ်နေသော ခေတ်ကာလတစ်ခုကို ဖော်ပြလိုပါသည်။ ဗားမဲ့ဆရာတော်သည် သာသနာပြုမည့် မင်းကောင်းမင်းမြတ် ပေါ်ထွန်းမည့် ခေတ်ကာလ၌ သာ ရုတ်တရက် ပေါ်ပေါက်လာတတ်ပါသည်။ ဗားမဲ့ဆရာတော်ဘုရားသည် ကုန်းဘောင်ခေတ်တစ်လျှောက်လုံး၌ ကွယ်ပျောက်နေရခြင်းမှာ မုဆိုး(၁၁)ဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တွင် ထီးကျိုးစည်ပေါက် ထီးနန်း
ပျောက်မည်ကို ကြိုတင်သိမြင်တော်မူခြင်းကြောင့် ဗားကျောင်းတော်ဆောက်ခြင်း၊ လောကီပညာရပ်တို့ကို သင်ကြားဖြန့်ဖြူးခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်ခြင်း မရှိဘဲ၊ ကုန်းဘောင်မင်းဆက် မတိုင်မီကာလ(၇၂)ခုတွင် ညောင်ရမ်းမင်း စိုးစံတော်မူသော အင်းဝမှအသေရုပ်ကိုပြပြီး အရှင်စခန်းဖြင့် အထွက်လမ်းကို ကြွမြန်းတော်မူခဲ့လေသည်။ ဗားမဲ့ဆရာတော်ဘုရားကြီးသည် သာသနာ့အရောင် ထွန်း ပြောင်ခဲ့သော အင်းဝနေပြည်တော်ကြီး၌လည်း သာသနာပြုခဲ့သည်ကို အင်းဝရှိ မီးမလောင်ဘဲ ကျန်ရစ်ခဲ့သော ဗားကရာကျောင်းတော်ကြီး က ယနေ့တိုင် သက်သေထူလျက် ထီးထီးရှိနေပါသည်။

အင်းဝခေတ်မှ ဗားမဲ့ဆရာတော်ကြီး ပျောက်ကွယ်သွားပြီးသည့် နောက်ပိုင်းကာလများတွင် ဗားမဲ့ဆရာတော်သည် မရှိပြီလော၊ သို့မဟုတ် ရှိနေသေးသလော ဟူသော ရှိ,မရှိ ပဟေဠိပုစ္ဆာများကို ပြောဆိုနေကြ ပါသည်

(ဗားမဲ့ဆရာတော်ဘုရားကြီး အင်းဝခေတ်က အသုံးပြုခဲ့သော ဂမ္ဘီရဝိဇ္ဇာပစ္စည်းအချို့မှာ ၄င်းနှင့် ပါရမီအဆက်ရှိသော မြောက် ဥက္ကလာပ၊ နာဂလိုဏ်ဂူ ကလေးဝတောရဘုရားထံတွင်ရှိကြောင်း | သိရှိရပါသည်။ )

ဗားမဲ့ဆရာတော်ဘုရားကြီး ကာလအတန်ကြာပျောက်ကွယ်နေ ခဲ့ပါသော်လည်း အတိတ်ဘဝက ပါရမီပဋ္ဌာန်းဆက် ရှိခဲ့သော ပုဂ္ဂိုလ် ထူး၊ ပုဂ္ဂိုလ်မြတ်တစ်ပါး သာသနာပြုလာသော အချိန်ကာလတွင် ဗားမဲ့ ဆရာတော်ဘုရား ခေတ္တပေါ်ပေါက်လာပုံကို ဖော်ပြလိုပါသည်။ ထိုပါရမီ ရှင်ကား အခြားမဟုတ် ကလေးဝဆရာတော်ဘုရား ဖြစ်ပါသည်။ ဆရာတော်ဘုရားသည် ဗားမဲ့ဆရာတော်ဘုရားနှင့် အဓိကပဋ္ဌာန်းဆက် ရှိသောပုဂ္ဂိုလ် ဖြစ်ပါသည်အဘယ်ကြောင့်ဆိုသော် ဗားမဲ့ဆရာတော် ဘုရား ရှိ-မရှိ အဖြေကိုကား ကလေးဝဆရာတော်ဘုရား ၁၉၆၇ ခု၊ ဇန်နဝါရီလ(၂၅)ရက်ကောဇာသက္ကရာဇ် ၁၃၂၈ ခု၊ ပြာသိုလပြည့် ဗုဒ္ဓဟူးနေ့တွင် အကျွတ်အလွတ်စေတီတော်(၂)ဆူကို ထီးတင်သောကာလ ၌ ဗားမဲ့ဆရာတော်ဘုရားကြီး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ကလေးဝဆရာတော်ဘုရားနှင့် တွဲ၍ဓာတ်ပုံရိုက်ယူထားသော မှတ်တမ်း က အခိုင်အမာ သက်သေထူလျက် ရှိပါသည်။

ဗားမဲ့ဆရာတော်ကြီး၏ အကြောင်းကို ပြောလျှင် အဘအေဝမ်း ဦးအောင်ချမ်းသာနှင့် ကလေးဝဆရာတော်ဘုရားတို့အကြောင်း ပါဝင်မှ ပြီးပြည့်စုံပေလိမ့်မည်။

~~~✍

ที่อยู่

เชียงใหม่นอร์ทเทรินทัวร์
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သမထ ဘာ၀နာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์