เส้นทาง เว็บไซต์

Dhamma Archive 2 Dhamma Archive Website ရဲ့ ဒုတိယ Page ဖြစ်ပါတယ်။

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ပဉ္စမနေ့ ဆက်...
07/10/2026

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ပဉ္စမနေ့ ဆက်လက်ပူ​ဇော် ဖြေဆိုနေကြတာပါ။

ဒီနေ့မှာ သံဃာတော်အဆင့် ဖြေဆိုသူတွေက ပဋ္ဌာန်း (တအုပ်)၊

သီလရှင်အဆင့် ဖြေဆိုသူတွေက ဓာတုကထာကျမ်းနဲ့ ဝိဘင်း (ပပိုင်း)၊

လူပုဂ္ဂိုလ်အဆင့် စာဖြေသူတွေက မူလ + ခန္ဓယမက၊ ပဉှာဝါရသင်္ချာ (၂) နဲ့ ဓာတုကထာ (၂) ဆိုပြီး မိမိတို့ ရွေးချယ်ထားတဲ့ သက်ဆိုင်ရာ ကျမ်းအသီးသီးကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဒီနှစ် ရေးဖြေစာမေးပွဲကို ပြည်တွင်း စာဖြေဌာန ၆- ခု၊ ပြည်ပစာဖြေဌာန ၅-ခု တို့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။

#အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး #အာဂုံစာတော်ပြန်ပွဲ

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ စတုတ္ထနေ့ ဆက...
06/10/2026

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ စတုတ္ထနေ့ ဆက်လက်ပူ​ဇော် ဖြေဆိုနေကြတာပါ။

အရင်နေ့က ပူဇော်ဖြေဆိုသူတွေမှာ မျက်စိအမြင် အားနည်းသူကလည်း မျက်မှန်တပ်ထားရတဲ့အပြင် မှန်ဘီလူးလေးပါ သုံးပြီး ဖြေဆိုနေတာ တွေ့ရပါတယ်။ သူ့အတွက် မေးခွန်းကိုလည်း Font size အကြီးနဲ့ ထုတ်ပေးရပါတယ်။

သာမန်သူတွေ စာရေးသလို မရေးနိုင်သူတစ်ဦးကလည်း လက်နှစ်ဖက်ရော သူ့မေးစေ့ကိုရောသုံးပြီး တရားတော်တွေကို ကြိုးစားဖြေဆိုကြတာ မြင်ရတာ ကြက်သီးမွေးညင်းထ ကြည်ညိုလေးစားမိပါတော့တယ်။ အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ ဖြေဆိုနေပုံတွေ အွန်လိုင်းပေါ်မှာ ရှိပါတယ်။ ကျွန်တော်ကတော့ သူတို့ဆီကလည်း ခွင့်ပြုချက်တောင်းမထားရသေးတာမို့ မတင်တော့ပါ။

ဒီနေ့မှာ သံဃာတော်အဆင့် ဖြေဆိုသူတွေကယမက (တအုပ်)၊

သီလရှင်အဆင့် ဖြေဆိုသူတွေက ပုဂ္ဂလပညတ်၊ ကထာဝတ္ထု (ဒုပိုင်း)၊ သင်္ခါရ + ဓမ္မယမကနဲ့

လူပုဂ္ဂိုလ်အဆင့် စာဖြေသူတွေက ဓာတုကထာ (၁)၊ သစ္စယမက၊ ပဉှာဝါရသင်္ချာ (၁) ဆိုပြီး မိမိတို့ ရွေးချယ်ထားတဲ့ သက်ဆိုင်ရာ ကျမ်းအသီးသီးကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဒီနှစ် ရေးဖြေစာမေးပွဲကို ပြည်တွင်း စာဖြေဌာန ၆- ခု၊ ပြည်ပစာဖြေဌာန ၅-ခု တို့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။

#အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး #အာဂုံစာတော်ပြန်ပွဲ

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ တတိယနေ့ ဆက်လ...
05/10/2026

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ တတိယနေ့ ဆက်လက်ပူ​ဇော် ဖြေဆိုနေကြတာပါ။

ဒီနေ့မှာ သံဃာတော်အဆင့် ဖြေဆိုသူတွေက
ပဋ္ဌာန်း (ဒုအုပ်) နဲ့ ယမက (ဒုအုပ်)၊ သီလရှင်အဆင့် ဖြေဆိုသူတွေက အာယတန + ဓာတုယမက၊ ပဋ္ဌာန်းကုသလတိက် (ဒု) နဲ့ လူပုဂ္ဂိုလ်အဆင့် စာဖြေသူတွေက အာယတန + ဓာတုယမက၊ စိတ္တ + ဓမ္မယမက ဆိုပြီး မိမိတို့ ရွေးချယ်ထားတဲ့ သက်ဆိုင်ရာ ကျမ်းအသီးသီးကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဒီနှစ် ရေးဖြေစာမေးပွဲကို ပြည်တွင်း စာဖြေဌာန ၆- ခု၊ ပြည်ပစာဖြေဌာန ၅-ခု တို့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။

#အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး #အာဂုံစာတော်ပြန်ပွဲ

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ဒုတိယနေ့ ဆက်...
04/10/2026

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ဒုတိယနေ့ ဆက်လက်ပူ​ဇော် ဖြေဆိုနေကြတာပါ။

ဒီနေ့မှာ သံဃာတော်အဆင့် ဖြေဆိုသူတွေက ဓာတုကထာ + ပုဂ္ဂလပညတ်နဲ့ ယမက (ပထမအုပ်)၊ သီလရှင်အဆင့် ဖြေဆိုသူတွေက ဓမ္မသင်္ဂဏီကျမ်း ဒုပိုင်း၊ ကထာဝတ္ထုပပိုင်း၊ အနုသယ + စိတ္တယမက နဲ့ လူပုဂ္ဂိုလ်အဆင့် စာဖြေသူတွေက မာတိကာ၊ အနုသယယမကနဲ့ ဣန္ဒြိယယမက ဆိုပြီး မိမိတို့ ရွေးချယ်ထားတဲ့ သက်ဆိုင်ရာ ကျမ်းအသီးသီးကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ဒီနှစ် ရေးဖြေစာမေးပွဲကို ပြည်တွင်း စာဖြေဌာန ၆- ခု၊ ပြည်ပစာဖြေဌာန ၅-ခု တို့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။

#အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး #အာဂုံစာတော်ပြန်ပွဲ

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ဆက်လက်ပူ​ဇော...
03/10/2026

၅၇ ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်း စာတော်ပြန်ပွဲမှာ အာဂုံအောင်ပြီးတဲ့ ဓမ္မမိတ်ဆွေတွေ ရတနာဃရဗိမာန်မှာ ရေး​ဖြေ ဆက်လက်ပူ​ဇော် ဖြေဆိုနေကြတာပါ။

ဒီနှစ် ရေးဖြေစာမေးပွဲကို ပြည်တွင်း စာဖြေဌာန ၆- ခု၊ ပြည်ပစာဖြေဌာန ၅-ခု တို့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။

#အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး #အာဂုံစာတော်ပြန်ပွဲ

ဒီပရင်္ဂအပြည်ပြည်ဆိုင်ရာ ပါဠိသင်တန်းကျောင်းကနေ ဒီပလိုမာတန်းအတွက် သင်တန်းသားအသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။ပါဠိကို အခြေခံအ...
01/10/2026

ဒီပရင်္ဂအပြည်ပြည်ဆိုင်ရာ ပါဠိသင်တန်းကျောင်းကနေ ဒီပလိုမာတန်းအတွက် သင်တန်းသားအသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။

ပါဠိကို အခြေခံအကျဆုံးကနေ လေ့လာချင်တယ်၊ ခေတ်မီနည်းနဲ့ လေ့လာပြီး မြန်မြန်ဝါကျတွေ ဖွဲ့တတ်ချင်တယ်ဆိုရင်တော့ အဲမှာ သွားတက်ကြည့်နိုင်ပါတယ်။

Zoom ကနေ သင်ပေးတာဖြစ်ပြီး တိုက်ရိုက်မတက်နိုင်ရင်တောင် YouTube မှာ တင်ထားတာတွေကနေ ပြန်ကြည့်လို့ရပါတယ်။ Assignment တင်တာ စာမေးပွဲဖြေတာတွေကိုလည်း အွန်လိုင်းကနေပဲ ပြုလုပ်လို့ရတာမို့ အင်တာနက်ရှိရင် ဘယ်နေရာကဖြစ်ဖြစ် တက်လို့ရပါတယ်။ ဒီပလိုမာတန်းပြီးရင်လည်း B.A, M.A စသည် အဆင့်ဆင့် တက်လို့ရပါတယ်။

ဒါမှမဟုတ် အဲမှာ အခြေခံနားလည်အောင်တက်ပြီးမှ အခြားနိုင်ငံက M.A, MPhil တွေဘက် ပြောင်းတက်မယ်ဆိုလည်း အခြေခံကောင်းကောင်း ရထားပြီဆို အဆင်ပြေမှာပါ။ သင်တန်းကို စိတ်ဝင်စားရင် Comment မှာ ရှိတဲ့ Link ကနေ စုံစမ်းပါခင်ဗျာ။

#ပါဠိသင်တန်း #ပါဠိဒီပလိုမာ

ကမ္ဘာ့အဆင့်မီ Cambridge တက္ကသိုလ်မှာ ဗုဒ္ဓဘာသာဆိုင်ရာ သုတေသန ပြုလုပ်ချင်သူများအတွက်အားလုံးပဲ မင်္ဂလာပါ... ဒီနေ့တော့ ကမ္ဘ...
29/09/2026

ကမ္ဘာ့အဆင့်မီ Cambridge တက္ကသိုလ်မှာ ဗုဒ္ဓဘာသာဆိုင်ရာ သုတေသန ပြုလုပ်ချင်သူများအတွက်

အားလုံးပဲ မင်္ဂလာပါ...

ဒီနေ့တော့ ကမ္ဘာ့အဆင့်မြင့်ပညာရေး နယ်ပယ်မှာ ထိရောက်ထင်ရှားတဲ့ သုတေသနနဲ့ စာပေယဉ်ကျေးမှု အစဉ်အလာကြီးမားလှတဲ့ Cambridge တက္ကသိုလ်ရဲ့ ဗုဒ္ဓဘာသာလေ့လာရေးဆိုင်ရာ ပညာသင်ဆုနဲ့ သုတေသန လုပ်ငန်းစဉ်တွေအကြောင်းကို ဝေမျှပေးသွားပါမယ်။ Cambridge တက္ကသိုလ်ရဲ့ Faculty of Divinity သည် ယူကေနိုင်ငံရှိ Complete University Guide နဲ့ The Guardian တို့၏ အဆင့်သတ်မှတ်ချက်များ၌ ထိပ်ဆုံးမှာ အစဉ်အမြဲ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့အဆင့်တွင်လည်း Top 5 အတွင်း တည်ရှိနေတဲ့ ပညာရေးစင်တာတစ်ခု ဖြစ်ပါတယ်။

ခရစ်ယာန်နဲ့ အနောက်တိုင်း ဘာသာရေးဒဿနများကို အဓိကထား သင်ကြားခဲ့သော်လည်း Cambridge သည် ဗုဒ္ဓဘာသာလေ့လာရေး (Buddhist Studies) ကို သီးခြား ပညာရပ်ဆိုင်ရာ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံးသော ဗုဒ္ဓဘာသာလေ့လာရေး ပါမောက္ခအဖြစ် Dr. Chris Jones ကို ခန့်အပ်ခဲ့တာက တက္ကသိုလ်ရဲ့ သမိုင်းမှာ ထိရောက်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dr. Chris Jones ရဲ့ သုတေသနကျမ်းဖြစ်တဲ့ The Buddhist Self: On Tathāgatagarbha and Ātman သည် ဗုဒ္ဓဘာသာလေ့လာရေး နယ်ပယ်မှာ အထက်တန်းကျလှတဲ့ Toshihide Numata Book Award ကို ရရှိခဲ့တာမို့ ဌာနရဲ့ သုတေသန အဆင့်အတန်းကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဒါ့အပြင် အာရှနှင့် အရှေ့အလယ်ပိုင်း လေ့လာရေးဌာန (Faculty of Asian and Middle Eastern Studies - AMES) ကလည်း အရှေ့အာရှနှင့် တောင်အာရှ ဗုဒ္ဓဘာသာ သမိုင်း၊ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နက်ရှိုင်းသော သုတေသနများကို အပြိုင်ဆောင်ရွက်လျက် ရှိပါတယ်။

Cambridge တက္ကသိုလ်မှာ ဗုဒ္ဓဘာသာကို ဘွဲ့ကြိုအဆင့်မှစ၍ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့အထိ အဆင့်လိုက် လေ့လာနိုင်တဲ့ သင်ရိုးညွှန်းတမ်းများ စနစ်တကျ ရေးဆွဲထားပါတယ်။ ဘွဲ့ကြိုအဆင့်မှာ BA in Theology, Religion, and Philosophy of Religion သင်တန်း (UCAS Code: V600) ကို ၃ နှစ်တာ အချိန်ပြည့် သင်ကြားပေးတာ ဖြစ်ပါတယ်။ အခြားဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိထားသော်လည်း ဘာသာရေးနဲ့ ဗုဒ္ဓဘာသာလေ့လာရေးသို့ ကူးပြောင်းလိုသူများအတွက် Advanced Diploma in Theology, Religion and Philosophy of Religion (AdvDip) သင်တန်းကို ၉ လကြာ အချိန်ပြည့် စီစဉ်ပေးထားပြီး စာမေးပွဲများနှင့် စာတမ်းများ တင်သွင်းရကာ မဟာဝိဇ္ဇာ သို့မဟုတ် ပါရဂူဘွဲ့သို့ တက်ရောက်ရန် ခိုင်မာသော အခြေခံကို ဖန်တီးပေးပါတယ်။

MPhil in Theology, Religion and Philosophy of Religion သင်တန်းကတော့ ၉ လကြာ အချိန်ပြည့် (Full-time) သို့မဟုတ် ၂၁ လကြာ အချိန်ပိုင်း (Part-time) တက်ရောက်ရတဲ့ သုတေသနအဓိကပြု သင်တန်းဖြစ်ပါတယ်။ ပါရဂူဘွဲ့သင်တန်းဖြစ်တဲ့ PhD in Theology and Religious Studies သည် ၃ နှစ်မှ ၄ နှစ် အချိန်ပြည့် သို့မဟုတ် ၄ နှစ်မှ ၇ နှစ် အချိန်ပိုင်း သုတေသနပြုရသည့် ဘွဲ့သင်တန်း ဖြစ်ပါတယ်။

Cambridge မှာ သုတေသနပြုနိုင်တဲ့ ဗုဒ္ဓဘာသာ နယ်ပယ်များဟာ အလွန်ကျယ်ပြန့်ပါတယ်။ အိန္ဒိယနှင့် တိဘက် မဟာယာန စာပေများထဲမှ Tathāgatagarbha အယူအဆများ၊ ထေရဝါဒ ပါဠိစာပေနှင့် ပေစာဆိုင်ရာ သုတေသနများ၊ တရုတ်နှင့် ဂျပန် မဟာယာန (Tiantai/Tendai) ဗုဒ္ဓဘာသာ ဒဿနများ၊ ခေတ်သစ် တရုတ် ဗုဒ္ဓဘာသာ သမိုင်း၊ သာသနာပြုပုံစံများ နှင့် ဘာသာတရားများကြား နှိုင်းယှဉ်လေ့လာမှုများ စသည်တို့ကို သုတေသနပြုနိုင်ပါတယ်။

Cambridge ရဲ့ ဘွဲ့လွန် လျှောက်လွှာစနစ်သည် တစ်နှစ်လျှင် တစ်ကြိမ်သာ ခေါ်ယူပြီး ပညာသင်နှစ် မစတင်မီ တစ်နှစ်ခန့် ကြိုတင်၍ စက်တင်ဘာလဆန်းမှာ Applicant Portal စတင်ဖွင့်လှစ်ကာ သင်တန်းစတင်သည့်ရက်မှာ အောက်တိုဘာလ ၁ ရက် ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူများအတွက် သတ်မှတ်ရက်များမှာ အလွန်စောစီးသဖြင့် ရက်စွဲများကို အထူးဂရုပြုရန် လိုအပ်ပါတယ်။ မြန်မာနိုင်ငံသားများအပါအဝင် အခြား နိုင်ငံတကာ ကျောင်းသားများအတွက် General Round အရ တက္ကသိုလ် ပင်မပညာသင်ဆုများ (Gates Cambridge နှင့် Cambridge Trust အပါအဝင်) လျှောက်ထားရမည့် သင်တန်းဆိုင်ရာ ဘဏ္ဍာရေး သတ်မှတ်ရက် (Course Funding Deadline) သည် ဒီဇင်ဘာလဆန်း (ဒီဇင်ဘာ ၃ သို့မဟုတ် ၈) ဖြစ်ပြီး သင်တန်းလျှောက်ထားရန် အပြီးသတ်ပိတ်ရက်သည် မေလလယ် (မေ ၁၄) ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားခြင်း မပြုဘဲ ကိုယ်ပိုင်စရိတ်ဖြင့် တက်ရောက်မည့်သူများအတွက် အပြီးသတ် လျှောက်လွှာပိတ်ရက်သည် မေလလယ်အထိ ဖြစ်သော်လည်း သင်တန်းနေရာ ပြည့်ပါက စောစီးစွာ ပိတ်သိမ်းလေ့ရှိပါတယ်။

Cambridge တက္ကသိုလ်ရဲ့ ဘွဲ့လွန်သင်တန်းများသို့ ဝင်ခွင့်ရရှိရန် ပညာအရည်အချင်း၊ အင်္ဂလိပ်စာ အရည်အချင်းနဲ့ သုတေသန အရည်အသွေးများ အထူးကောင်းမွန်ရပါမယ်။ MPhil နဲ့ AdvDip လျှောက်ထားသူများသည် ယူကေ First Class သို့မဟုတ် High Upper Second Class (2.1) Honours ဘွဲ့ ရရှိထားရမည်ဖြစ်ပြီး အမေရိကန် စနစ်တွင် GPA အနည်းဆုံး ၃.၇/၄.၀ သို့မဟုတ် ရမှတ် အနည်းဆုံး ၆၇% နှင့် ညီမျှရပါမည်။ လျှောက်ထားသည့် ဘာသာရပ်သည် ဓမ္မပညာ၊ ဘာသာရေးလေ့လာမှု၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ သမိုင်း သို့မဟုတ် စာပေဆိုင်ရာ ဘာသာရပ်များ ဖြစ်ရပါတယ်။ PhD လျှောက်ထားသူများသည် သက်ဆိုင်ရာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားရမည်ဖြစ်ပြီး မဟာဝိဇ္ဇာတွင် ရမှတ် အနည်းဆုံး ၆၇% သို့မဟုတ် GPA ၃.၇ ရှိရပါမည်။ Cambridge MPhil မှ ဆက်လက်တက်ရောက်သူ ဖြစ်ပါက MPhil Dissertation တွင် အနည်းဆုံး ရမှတ် ၇၁ ရရှိရပါမည်။

လျှောက်ထားပုံ အဆင့်ဆင့်အနေနဲ့ University Postgraduate Applicant Portal မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အမှတ်စာရင်းများ (Transcripts) နဲ့ ဘွဲ့လက်မှတ်များ တင်သွင်းရပါတယ်။ ဒါ့အပြင် လျှောက်ထားသူရဲ့ စာပေနဲ့ သုတေသန စွမ်းရည်ကို အကဲဖြတ်နိုင်သည့် ဆရာများထံမှ ထောက်ခံစာ ၂ စောင် တင်သွင်းရပါတယ်။ သုတေသန အဆိုပြုလွှာ (Research Proposal) အနေနဲ့ MPhil အတွက် စာလုံးရေ ၅၀၀ ထက်မပိုရဘဲ PhD အတွက် စာလုံးရေ ၁,၀၀၀ ထက်မပိုရပါ။ အဆိုပြုလွှာတွင် သုတေသနပြုလိုသော ခေါင်းစဉ်၊ နောက်ခံသမိုင်း၊ အသုံးပြုမည့် နည်းလမ်းနဲ့ မူရင်းတွေ့ရှိချက် ဖြစ်နိုင်ခြေတို့ကို ပေါ်လွင်စွာ ရေးသားရပါမယ်။

Cambridge တက္ကသိုလ် သည် ထူးချွန်သူများအတွက် ဘဏ္ဍာရေး အခက်အခဲ မရှိစေရန် အပြည့်အဝ ထောက်ပံ့ပေးသော ပညာသင်ဆုများကို စီစဉ်ပေးထားပြီး Postgraduate Applicant Portal တွင် Apply for Funding ကို အမှန်ခြစ်ရုံဖြင့် ပညာသင်ဆုအများစုအတွက် တစ်ပါတည်း လျှောက်ထားပြီးဖြစ်ပါတယ်။ Bill & Melinda Gates Foundation မှ ပံ့ပိုးသော Gates Cambridge Scholarship သည် ယူကေနိုင်ငံပြင်ပမှ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပြီး တက္ကသိုလ် ကျောင်းလခ (University Composition Fee) အပြည့်အဝ၊ ထိရောက်သော တစ်ဦးစာ ရေရှည်နေထိုင်စရိတ် (Annual Maintenance Allowance)၊ လေယာဉ်လက်မှတ်၊ ဗီဇာကြေးနဲ့ Immigration Health Surcharge တို့ကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်။ Cambridge Trust မှ ဘွဲ့လွန် (MPhil နှင့် PhD) တက်ရောက်မည့် နိုင်ငံတကာ ကျောင်းသားများအတွက် အဓိက ပေးအပ်သော Cambridge International Scholarships သည် လျှောက်ထားသူ၏ ဘဏ္ဍာရေး လိုအပ်ချက်အပေါ် မမူတည်ဘဲ Academic Merit and Research Potential (ပညာအရည်အချင်း ထူးချွန်မှုနှင့် သုတေသန အလားအလာ) အပေါ်၌သာ သီးသန့် အခြေခံ၍ ရွေးချယ်ကာ နိုင်ငံတကာ ကျောင်းလခ အပြည့်အဝနဲ့ နေထိုင်စရိတ် အပြည့်အဝ ပါဝင်ပါတယ်။

ခြုံငုံသုံးသပ်ရရင် Cambridge တက္ကသိုလ်ရဲ့ ဗုဒ္ဓဘာသာလေ့လာရေးသည် ရှေးဟောင်း သက္ကတ၊ ပါဠိနဲ့ တိဘက် ကျမ်းဂန်ဆိုင်ရာ စာပေလေ့လာမှုများမှသည် ခေတ်ပြိုင် မဟာယာန အရှေ့အာရှ ဗုဒ္ဓဘာသာ သမိုင်းနှင့် ဒဿနများအထိ နက်ရှိုင်းစွာ လွှမ်းခြုံထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ အထက်တန်းကျသော သုတေသနပြုလိုသူများအတွက် အထူးသင့်လျော်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ Research Proposal ခိုင်မာမှု၊ အမှတ်စာရင်း ထူးချွန်မှုနဲ့ IELTS သို့မဟုတ် TOEFL အင်္ဂလိပ်စာ အရည်အချင်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး တက္ကသိုလ်၏ အပြည့်အဝ ပညာသင်ဆုများကို ရရှိရန်အတွက် နှစ်စဉ် ဒီဇင်ဘာလဆန်းတွင် ပိတ်သိမ်းသည့် Course Funding Deadline မတိုင်မီ လျှောက်လွှာ လုပ်ငန်းစဉ် အဝဝကို အပြီးသတ် ဆောင်ရွက်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။

မှတ်ချက်။ မြန်မာနိုင်ငံသားများအတွက်တော့ အခုအချိန်မှာ ဗီဇာရနိုင်မရနိုင် ထည့်သွင်းစဉ်းစားရပါမယ်။

ဒီထက်ပိုသိချင်ရင်တော့ သက်ဆိုင်ရာ Official Website မှာ အသေးစိတ် ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ရေးထားတာမှာ လိုအပ်ချက်တွေ၊ အနည်းငယ် မတိကျတဲ့ နေရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မေတ္တာရှေ့ထားပြီး ကိုယ်တိုင်သာ ဆက်လက် လေ့လာလိုက်ပါခင်ဗျာ။

လွတ်လပ်စွာ Share နိုင်ပါတယ်။ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

ရဲမင်းသူ

#ဗုဒ္ဓဘာသာလေ့လာရေး #ပညာသင်ဆု #ယူကေပညာရေး

25/09/2026

ကြားသိ ကြည်ညိုအားကျခဲ့ရသော
ချမ်းမြေ့ဆရာတော်ကြီးရဲ့အင်္ဂလိပ်စာလေ့လာမှုအကြောင်း
…….…….…

အင်္ဂလိပ်လူမျိုးများ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်စိုးချိန်မှစ၍ မြန်မာသံဃာတော်တချို့က အင်္ဂလိပ်လူမျိုးများ၏ ဘာသာစကားကို တိရစ္ဆာန် ဘာသာစကားအဖြစ်သတ်မှတ်ကြသည်။ တိရစ္ဆာန်အတတ်၊ တိရစ္ဆာန်စကားဟူသော အသုံးအနှုန်းမှာ ဝိနည်းတော်တွင် တိုက်ရိုက်ပါရှိပြီး မဂ်ဖိုလ်နိဗ္ဗာန်လမ်းကို ဆန့်ကျင်သောအရာများကို ရဟန်းတော်များ မလေ့လာမသင်ယူသင့်ကြောင်း တားမြစ်ထားသည်။ အင်္ဂလိပ်စာ သို့မဟုတ် အင်္ဂလိပ်ကဲ့သို့သော ဘာသာစကားသည် တားမြစ်ထားသည့်အထဲမပါပါ။

သို့သော် သူတို့၏ ကိုလိုနီအပြုအမူကြောင့် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှ သူတို့ သမိုင်းစတင်ခဲ့သော အင်္ဂလိပ်လူမျိုးများသည် ကိုလိုနီပြုခံရသော ထေရဝါဒဗုဒ္ဓဘာသာများ၏ အမျက်ရှမှု၊ သပိတ်မှောက်မှုကိုခံကြရသည်။

သတင်းစာအာဘော်များတွင် အင်္ဂလိပ်စာကို သံဃာတော်များ မသင်သင့်ကြောင်း ရေးသားကြသည်ဟု ကမ္ဘာ့သာသနာပြု ဆရာတော် အရှင်သေဌိလာဘိဝံသ၏ အတ္ထုပ္ပတ္တိများတွင် ဖတ်ရှုမှတ်သားရပါသည်။ ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ အကျဉ်းကို ဆုပြည့်စုံထွန်းမှ ပြန်လည်ထုတ်ဝေထားပါသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီ နာမည်ကြီးစာတတ် ဆရာတော်ကြီးတစ်ပါးက အင်္ဂလိပ်စာမသင် သင့်ပါကြောင်း ပါဠိဘာသာဖြင့် ကျမ်းပြုထားသည်ဟုဆိုပါသည်။

မန္တလေးမြို့၌ သကျသီဟ ဓမ္မာစရိယ ဘွဲ့ရပြီး စာချတစ်ပါးဖြစ်နေတဲ့ အရှင်သေဌိလာဘိဝံသကို အင်္ဂလိပ်စာကျူရှင် တက်မှုကြောင့် ဆွမ်းခံအိမ်တစ်အိမ်မှ သူတို့အိမ် ဆွမ်းခံမကြွတော့ရန် ပြောကြောင်း မှတ်သားရဖူးပါသည်။

အရှင်သေဌိလာဘိဝံသနောက်ပိုင်း အနှစ်သုံးဆယ်ခန့်အကြာ သကျသီဟဓမ္မာစရိယဘွဲ့ ရရှိသော ချမ်းမြေ့ဆရာတော်ကြီးသည် မန္တလေးမြို့ရှိ ခရစ်ယာန် father တစ်ဦးထံ အင်္ဂလိပ်စာ စတင်လေ့လာကြောင်းကြားသိရသည့်အခါ မိမိသည် ချမ်းမြေ့ဆရာတော်လောင်းလျာ၏ နိုင်ငံခြားသာသနာပြုလိုသည့် ဆန္ဒတော်နှင့်ရဲစွမ်းသတ္တိတို့ကို လွန်စွာ အားကျခဲ့ပါသည်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ရဟန်းတော်များ အင်္ဂလိပ်စာနှင့် သိပ္ပံပညာ သင်ယူသင့်ပါကြောင်း ထိုအချိန်တွင် အနာဂတ်သာသနာရေးအစရှိသော စာအုပ်များဖြင့် ရဲရင့်စွာ ရေးသား ပညာပေးပြီးသားဖြစ်ပါသည်။ သို့သော် အင်္ဂလိပ်စာကို ဆန့်ကျင်တော်မူကြသော ဆရာတော်များမှာ ၁၉၈၀ ကျော်အထိ လွန်စွာများပြားနေပါသေးသည်။ ထို့ကြောင့် ၁၉၅၀ ခုဝန်းကျင် သက်တော် ၂၃ နှစ်ခန့်တွင် အင်္ဂလိပ်စာ ပေါ်ပေါ်တင်တင် အင်္ဂလိပ်စာကို စတင်လေ့လာတော်မူသော ချမ်းမြေ့ဆရာတော်လောင်း အရှင်ဇနကာဘိဝံသကို မိမိ ကြည်ညိုမဆုံးပါ။

၁၉၇၆ ခုနှစ် မဟာစည်ဆရာတော်ဘုရားကြီး ဥရောပတိုက်၊ အမေရိကတိုက်များသို့ သာသနာပြုခရီးစဉ်၌ စကားပြန် နှစ်ပါးပါသွားပါသည်။ ထိုနှစ်ပါးတို့တွင် ITBMU တက္ကသိုလ် ပထမဆုံ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်သီလာနန္ဒာဘိဝံသ အကြောင်းကို သီရိလင်္ကာ ကိုလံဘိုမြို့၌ ပညာသင်ကြားစဉ် ITBMU ဒုတိယမြောက်ပါမောက္ခချုပ်ဖြစ်လာတော်မူသော ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မိန့်ကြား၍ သိရပါသည်။ ပထမပါမောက္ခချုပ်ဆရာတော်ကြီးထံမှ သက္ကတဘာသာလေ့လာဖူးကြောင်း ပြောပြတော်မူပါသည်။ သည့်ပြင် မဟာစည်ဆရာတော်ကြီး ဘာသာပြန်နောက်တစ်ပါးဖြစ်တော်မူသည့် ချမ်းမေ့ဆရာတော်ကြီးထံ ဆဌသံဂါယနာအပြီး ကမ္ဘာအေး၌ အဘိဓါန်ပြုစုရင်း အင်္ဂလိပ်စာ သင်ယူဖူးကြောင်းကိုလည်း မိန့်ပါသည်။

ဆရာတော်ကြီး အရှင်သီလာနန္ဒာဘိဝံသကို မိမိ အင်္ဂလန်ရောက် (၁၉၉၆) နောက်ပိုင်းမှ စင်္ကာပူနိုင်ငံ ဆရာတော်ကြီး အဘိဓမ္မာသင်တန်းတွင်လည်းကောင်း၊ အမေရိကန်နိုင်ငံ San Francisco ရှိ ဆရာတော်ကြီး၏ ကျောင်းတွင်လည်းကောင်း၊ ၂၀၀၄ ခု ကမ္ဘာအေး၌ ဗုဒ္ဓဘာသာထိပ်သီးညီလာခံတွင်လည်းကောင်း ဖူးမြော်ကန်တော့ရပါသည်။ ကမ္ဘာအေး round table အစည်းအဝေး၌ ဆရာတော်ကြီးက သဘာပတိလုပ်၍ သီတဂူဆရာတော်ဘုရားကြီးစီမံချီးမြှောက်မှုဖြင့် မိမိက MC လုပ်ခွင့်ရခဲ့ပါသည်။ ဆရာကြီးဂိုအင်ကာသည် ထိုအခမ်းအနား၌ စကားပြောသူတစ်ဦးဖြစ်ပါသည်။

ချမ်းမြေ့ဆရာတော်ကြီးကို ၁၉၈၉ ခုနှစ် ကိုလံသို့ မိမိပညာသင်ကြွခါနီး မယ်တော်နှင့် သွားဖူးစဉ် မလေးရှားရဟန်းယောဂီတစ်ပါးကို တရားစစ်နေ၍ အဝေးမှပင် ကန်တော့ခဲ့ပါသည်။ ငယ်စဉ်က အားကျခဲ့သော ဆရာတော်ကြီးကို ရဟန်းလေးဝါရ ၂၄ အရွယ် မိမိက လူတွေ့ဖူးတွေ့ချင်လွန်းသဖြင့် ချမ်းမြေ့ရိပ်သာသို့ ပထမဆုံးရောက်သွားခြင်းဖြစ် ပါသည်။ အင်္ဂလန်နိုင်ငံ အောက်စဖိုဒ့်တက္ကသိုလ်သို့ မိမိဝင်ခါနီး တစ်နှစ်ကျော်အလိုမှ ယခုလက်ရှိချမ်းမြေ့ရိပ်သာ ကမ္မဌာနာစရိယ အရှငိသောဘိတာဘိဝံသနှင့်အတူ လန်ဒန် မြန်မာ သံအမတ်ကြီးအိမ်၌ လူတွေ့ကန်တော့ စကားပြောခွင့်ရခဲ့ပါသည်။

ခေတ်လူငယ်စကားဖြင့် ပြောရလျင် မိမိ၏ idol များဖြစ်ကြသော ဆရာတော်ကြီးများ၊ အထူးသဖြင့် ချမ်းမြေ့ဆရာတော်ကြီး၏ သာသနာပြုလို ဆန္ဒဖြင့် ကြိုးကြိုးပမ်းပမ်း အင်္ဂလိပ်လေ့လာခဲ့ပုံကို တွေးမိတိုင်း သဒ္ဓါတရားအစဉ်တိုးပွါးခဲ့ပါသည်။

ချမ်းမြေ့ဆရာတော်ကြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Blue Mountains သုံးပတ်တရားစခန်း၌ အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သော မေတ္တာကမ္မဌာန်းအကြောင်းကို မနေ့တစ်ကြိမ်၊ ယနေ့တစ်ကြိမ် YouTube မှ ပြန်လည်နာကြား၍ ပူဇော်ခဲ့ပါသည်။

တစ်ချိန်ထဲမှာ မြန်မာနိုင်ငံ ရဟန်းတော်များ အင်္ဂလိပ်စာသင်ကြားခွင့်ရရှိရေး ရှေ့တန်းမှ ကြိုးစားပေးခဲ့သူတစ်ပါးဖြစ်တော်မူသော ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသအား အနန္တဂိုဏ်းဝင် ဆရာသခင်အဖြစ်ဖြင့် လက်အုပ်ချီမိုး ထာဝရ ရှိခိုးကန်တော့ပါသည်ဘုရား။

အောက်စဖိုဒ့်ဆရာတော်
၂၅/၉/၂၀၂၆

Chanmyae Sayadawgyi's Dhamma Talks - Metta (english version)
https://youtu.be/evdkma-nEMw?si=DvU4AZJwVYJsyqUu

Oxford က ပါဠိအထူးပြု MPhil စတဲ့အတန်းတွေ လျှောက်လို့ရနေပါပြီOxford တက္ကသိုလ်က ဖွင့်လှစ်တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ MPhil in Budd...
24/09/2026

Oxford က ပါဠိအထူးပြု MPhil စတဲ့အတန်းတွေ လျှောက်လို့ရနေပါပြီ

Oxford တက္ကသိုလ်က ဖွင့်လှစ်တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ MPhil in Buddhist Studies စတဲ့ သင်တန်းတွေအတွက် စိတ်ဝင်စားတယ်ဆိုရင် လျှောက်လို့ရနေပါပြီ။

- လျှောက်လွှာ နောက်ဆုံးတင်ရမည့်ရက်- ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (အင်္ဂါနေ့)၊ ဗြိတိန်စံတော်ချိန် မွန်းလွဲ ၁၂:၀၀ နာရီ (12:00 midday UK time) ဖြစ်ပါသည်။
- သင်တန်းကာလ- ၂၁ လ (Full time)
- သင်တန်းစတင်မည့်ရက်- ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလ

ဒီသင်တန်းအကြောင်း သိချင်ရင် ဒီမှာဖတ်ပါ-
https://www.facebook.com/share/19jagpUHmm/

တရားဝင် Website မှာ လျှောက်ထားချင်ရင် Comment က Link မှာ ကြည့်ပါ။ လွတ်လပ်စွာ Share နိုင်ပါတယ်။ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

ရဲမင်းသူ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Dhamma Archive 2 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่