Dhamma Noted ဓမ္မမှတ်စု

Dhamma Noted ဓမ္မမှတ်စု ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။

02/10/2024

ရခဲသောလူဘဝနှင့်ရယူရမည့်အနှစ်သာရ တရားဒေသနာတော်

11/08/2024

🙏 ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ 🙏

09/08/2024

🙏 လိုချင်နေသမျှ ဘဝမဆုံးနိုင် တရားဒေသနာတော် 🙏

07/08/2024

🙏 မကောင်းမူမှ စိတ်ကိုတားမြစ်ရမည် တရားဒေသနာတော် 🙏

07/08/2024

🙏 ဘဝခရီးအတွက် ကြိုတင်ပြင်ဆင်ခြင်း တရားဒေသနာတော် 🙏

22/07/2024

တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ညံ့ဖျင်းတဲ့အချိန်၊ မင်းဆိုးမင်းယုတ်မင်းညစ်တွေအုပ်စိုးတဲ့အချိန်ကာလမျိုးမှာ တိုင်းပြည်က စစ်မက်တွေဖြစ်တယ် အစာရေစာတွေ ခေါင်းပါးတယ် လုံခြုံစိတ်ချရမှု့တွေမရှိဘူး သွားနေကြသွားလို့မရဘူး လာနေကြလာလို့မရဘူး စသဖြင့်ပေါ့ အဲလိုအချိန်ကာလမျိုးကို ခေတ်မကောင်းဘူး ကာလဝိပတ္တိလို့ခေါ်တယ်.... ဒီလိုကာလဝိပတ္တိနဲ့တိုက်ဆိုင်ပြီးတော့ ဆရာတော် ( ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး) ဖြစ်သွားတယ်...

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ၏ ပျံလွန်တော်မူပြီး(၁)လပြည့်
အထိမ်းအမှတ်ပူဇာအလှူတော်မင်္ဂလာမှာ ဟောကြားတော်မူသောတရားတော်🙏🙏🙏
၁၃၈၆-ခုနှစ်၊ဝါဆိုလဆန်း(၁၃)ရက်၊
(၁၈-၇-၂၀၂၄)ကြာသပတေးနေ့။

18/07/2024

🙏 တိုးတက်ကြီးပွားအရည်အချင်းများ တရားဒေသနာတော် 🙏

18/07/2024

🙏 တိုးတက်ကြီးပွားအရည်အချင်းများ တရားဒေသနာတော် 🙏

တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ

18/07/2024

🙏 တိုးတက်ကြီးပွားအရည်အချင်းများ တရားဒေသနာတော် 🙏

#ရွှေကျင်ဆရာတော်ကြီးက #သူ့တပည့်အရာရှိ #လူသတ်နေတာသိလို့ #မေတ္တာစာရေးပြီး #ဆုံးမခဲ့တာလေး
#သူသတ်မေတ္တာ

ရွှေကျင်ဆရာတော်ကြီးရဲ့​ဒေသ ရွှေဘိုနယ်မှာ အရာရှိတစ်ဦးက ရာဇဝတ်သားတစ်ယောက်ကို ကားစဥ်တင်ပြီးတော့ သေဒဏ်ပေးတာ ဖြစ်ခဲ့ဘူးတယ်။

မဟာသမ္မတမင်း ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲနှင့်မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည် 🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵ကမ္ဘာဦးကာလ လူသားတွေရဲ့ လူ့သမို...
11/07/2024

မဟာသမ္မတမင်း ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲနှင့်
မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်
🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵

ကမ္ဘာဦးကာလ လူသားတွေရဲ့ လူ့သမိုင်းကို
အဂ္ဂညသုတ်မှာ မြတ်စွာဘုရားကိုယ်တိုင် ဟောပြော
တော်မူခဲ့တယ်။ ကမ္ဘာဦးကာလမှာ လူတွေဟာ ကိုယ်ကျင့်
တရား ကောင်းမွန်ကြတယ်။ ပြည်သူလူထုဆိုတဲ့ လူ့အစု
တစ်စုတစ်စည်းတည်း အလွန်ညီညွတ်ပြီး အေးချမ်းသာယာ
စွာ နေလာခဲ့ကြတယ်။

အဲဒီလို နေလာတဲ့အခါ ကိုယ်ကျင့်တရား ပျက်ပြားလာတဲ့
ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာခဲ့တယ်။ သည့်အတွက် လူ့ရဲ့
ဂုဏ်သိက္ခာတွေ ကျဆင်းလာတာကို တားဆီးဖို့ လူတွေက
တင်မြှောက်တဲ့ " မဟာသမ္မတမင်း " ဆိုတာ ပေါ်ပေါက်
လာခဲ့တာ ဖြစ်တယ်။ " မဟာဇနေနသမ္မတောတိ မဟာ
သမ္မတော " ပြည်သူလူထုက စိတ်တူညီတူ အသိအမှတ်ပြု
တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ကို " မဟာသမ္မတ " လို့
ခေါ်တာ ဖြစ်တယ်။ မဟာသမ္မတဟာ အသိပညာနဲ့လည်း
ပြည့်စုံတယ်၊ စိတ်ကောင်းနှလုံးကောင်း ရှိတယ်၊ တကယ့်
ပညာရှိ သူတော်ကောင်းကြီးလဲ ဖြစ်တယ်။

အေး_ လူ့လောကထဲမှာ လူ့ရဲ့ ဂုဏ်သိက္ခာ ပျက်ယွင်း
လာမှုတွေ ဘာက စဖြစ်ပေါ်လာသလဲလို့ ဆိုရင် " အဒိန္နာ
ဒါန " ဆိုတဲ့ သူတစ်ပါးပိုင်ပစ္စည်း " ကို ရယူခြင်းပဲ ဖြစ်တယ်။

လူတွေဟာ ကိုယ်ကျင့်တရား ပျက်လာပြီဆိုရင် ကိုယ်မပိုင်
တဲ့ ပစ္စည်းကို မတရားရလိုမှု လောဘကို မထိန်းနိုင်ကြဘူး။
အများပိုင်ပစ္စည်း သို့မဟုတ် တခြားလူပိုင်တဲ့ပစ္စည်းကို
ရယူတတ်တဲ့အကျင့်တွေ တစ်စတစ်စ ဝင်ရောက်လာတယ်။
ကိုယ့်ပစ္စည်းမဟုတ်မှန်းသိလျက်နဲ့ သူများပစ္စည်းကို တစ်နည်း
နည်းနဲ့ ရယူတဲ့ အကျင့်ဆိုးဟာ လူ့အသိုင်းအဝိုင်းထဲမှာ ဖြစ်
ပေါ်လာတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါ " ဒါဟာ အင်
မတန် ဆိုးတဲ့ အကျင့်ပဲ၊ ဘာဖြစ်လို့ သူများပစ္စည်းကို ရယူ
သလဲ " လို့ လူ့အသိုင်းအဝိုင်းက ဝိုင်းဝန်းပြီး ရှ့ုံ့ချကြတယ်၊
အပြစ်တင်ကြတယ်။ လူလူချင်း ရှုံချအပြစ်တင်ခြင်းဆိုတဲ့
" ဂရဟာ " ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။

ဒါတင်မကဘူး၊ လူတွေဟာ မိမိရဲ့ ပစ္စည်းဥစ္စာ မတရားယူ
တာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တုတ်၊ ဓား စတဲ့ လက်
နက်တွေ ကိုင်စွဲပြီး လူလူချင်း ရန်မူတဲ့ အကျင့်ဆိုးတွေဟာ
လည်း ဖြစ်ပေါ်လာခဲ့တယ်။ ဒါ လူ့အသိုင်းအဝိုင်းထဲမှာ
ရှေးဦးစွာ ပေါ်လာတဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုကြီးပဲ
ဖြစ်တယ်။

အဲဒီအချိန်မှာ လူသားတွေ တိုင်ပင်ဆွေးနွေးကြတယ်။
လူတွေရဲ့ dignity လူ့ဂုဏ်သိက္ခာ ပျက်ပြားလာပြီ၊
မကောင်းတဲ့ အကျင့်ဆိုးတွေ လူ့အသိုင်းအဝိုင်းထဲ
ရောက်လာပြီ၊ ဒါတွေကို တားမြစ်မှ တော်မယ်။
တားမြစ်မယ့်ပုဂ္ဂိုလ်တစ်ယောက် တင်မြှောက်ကြရအောင်
ဆိုပြီး " မဟာသမ္မတ (လူထုခေါင်းဆောင် ) " ကို
တင်မြှောက်ကြတယ်။ လူတိုင်းက ကြည်ညိုလေးစားပြီး
အသိပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်တင်မြှောက်
ကြတယ်။

တင်မြှောက်တဲ့အခါမှာ သူ့ကို တာဝန် (၃) ရပ် ရှေးဦးစွာ
အပ်နှင်းကြတယ်။

(၁) မကောင်းတာ လုပ်တဲ့သူကို အပြစ်ရှိတဲ့ သူကို
အပြစ်ရှိတယ်ဆိုတာ အပြစ်ထင်ရှားအောင် ထုတ်ဖော်
ပြောဆိုဖို့။
(၂) စွဲချက်တင်ပြီးတော့ ပြစ်ဒဏ်သတ်မှတ်ပေးသင့်တဲ့
ပုဂ္ဂိုလ်ကို ပြစ်ဒဏ်ပေးဖို့။
(၃) လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ထိုက်တဲ့ပုဂ္ဂိုလ်ကို
နှင်ထုတ်ဖို့လို့ ဆိုတဲ့ ဒီအချက် (၃) ချက်ကို လူတွေက
အာဏာအပ်နှင်းလိုက်တယ်။
ပညာရှိပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ရဲ့လက်ထဲ
ကို အာဏာ (၃) ရပ် အပ်နှင်းလိုက်တယ်။ ဒီအချက် (၃) ချက်
ဥပဒေ (၃) ရပ်ကို စတင်ထုတ်ပြန်ခြင်းပဲ ဖြစ်တယ်။

အဲဒီလို ဖြစ်လာတဲ့အခါမှာ လူတွေက သူတို့တင်မြှောက်လိုက်
တဲ့ မဟာသမ္မတမင်းကို ကတိဝန်ခံချက် တစ်ခု ပေးကြတယ်။
အားလုံးအတွက် တာဝန်ယူပြီး ပြည်သူတွေရဲ့အကျိုးကို
ဆောင်ရွက်နေရလို့ ကိုယ်တိုက်လုပ်ကိုင်စားသောက်ဖို့
မအားလပ်တဲ့အတွက် ပြည်သူတွေက သူ့ကို ဆယ်ပုံတစ်ပုံ
အခွန်ပေးပါမယ်လို့။ အခွန်ပေးတယ်ဆိုတာ ပြည်သူတွေက
စတင်တောင်းဆိုခဲ့တဲ့အရာသာ ဖြစ်တယ်ပေါ့။ မဟာ
သမ္မတမင်းကို တင်မြှောက်ပြီး ထိုမဟာသမ္မတမင်းအတွက်
လူထုက အခွန်ဆက်သခြင်း၊ ပေးခြင်းဆိုတဲ့ တာဝန်ကို
ယူလိုက်ကြယ်။

မဟာသမ္မတမင်းက လူတွေထဲမှာ မကောင်းတဲ့အကျင့်
ဆိုးတွေကို ဟန့်တားဖို့ တာဝန်ယူရတယ်၊ ပြည်သူလူထု
က မဟာသမ္မတမင်းကို အခွန်ပေးအပ်ပါမယ်လို့ တာဝန်
ယူတယ်။ လူသားတွေ ကိုယ်တိုင်က အခွန်ပေးမယ်လို့
ကတိပြုခဲ့တဲ့အရာသာ ဖြစ်တယ်ပေါ့။

ဒါ ကမ္ဘာဦးကာလအချိန်ကို ဖော်ပြတာ။ မြတ်စွာဘုရား
ကိုယ်တိုင် ဟောထားတဲ့ " အဂ္ဂည (ကမ္ဘာဦးအကြောင်း
သိကောင်းစရာ )" သုတ္တန်မှာ ဒီအတိုင်းပဲ ရှင်းလင်း
ဟောထားတယ်။ အဲဒီလို မဟာသမ္မတမင်း ပေါ်လာပြီး
နောက်ပိုင်းမှာ ခေတ်ပြောင်းတိုင်း အခြေအနေ အရပ်
ရပ်ဟာ ပြောင်းလဲလာခဲ့တယ်။ လူသားတွေရဲ့ အခြေ
အနေဟာ ပိုပိုပြီး ယိုယွင်းလာတွေ ဖြစ်လာတယ်။
ထိုကဲ့သို့ ယိုယွင်းလာတဲ့အခါမှာ ဝိုင်းဝန်းထိန်းညှိပေးဖို့
လူ့အသိုင်းအဝိုင်းမှာ အစုကြီး (၄) စု သို့မဟုတ် မဏ္ဍိုင်
ကြီး (၄) ရပ် ပေါ်ထွန်းလာခဲ့တယ်။ { ဒီကနေ့ ပြောကြ
တဲ့ မဏ္ဍိုင်(၄) ရပ် မဟုတ်ဘူး }

မြတ်စွာဘုရား ဒေသနာတော်အရ မဏ္ဍိုင်ကြီး (၄)ရပ်
ဆိုတာ
(၁) ဘာသာတရား
(၂) အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပညာရှိ
သူတော်ကောင်းများ။
(၃) နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရနဲ့
(၄)ပြည်သူလူထု ။

တိုင်းပြည်တစ်ပြည် သာယာဝပြောဖို့အတွက်
ဒီမဏ္ဍိုင် (၄) ရပ် ပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်သွားကြ
ရတယ်။ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။

မြတ်စွာဘုရားဟောတဲ့ မင်္ဂလာတရားကို အခြေခံပြီး
တိုင်းသစ် ပြည်သစ် နိုင်ငံသစ်ကို ဒီစနစ်နဲ့ တည်ထောင်
မယ်ဆိုရင် တရားမျှတ အေးချမ်းသာယာပြီး ကြီးပွား
တိုးတက်တဲ့ နိုင်ငံဖြစ်မယ်ဆိုတာ ထင်ရှားပါတယ်။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

crd

ဆရာတော်ဘုရား ဟောကြားတော်မူသော
" မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည် " တရားတော်မှ၊
🙏🙏🙏🙏🙏🙏🙏🙏

ဖြစ်ပျက်မပါနှစ်တစ်ရာနေတာ အလကားဖြစ်ပျက်ကိုမြင်တစ်ရက်ပင်လွန်ပင်တန်ဖိုးများ🙏🙏🙏🙏🙏
11/07/2024

ဖြစ်ပျက်မပါ
နှစ်တစ်ရာ
နေတာ အလကား
ဖြစ်ပျက်ကိုမြင်
တစ်ရက်ပင်
လွန်ပင်တန်ဖိုးများ
🙏🙏🙏🙏🙏

 #ထမင်းဟင်းချက်နေတဲ့သူတွေအတွက်
10/07/2024

#ထမင်းဟင်းချက်နေတဲ့သူတွေအတွက်

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dhamma Noted ဓမ္မမှတ်စုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์