Bangkok Christ Church

Bangkok Christ Church ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bangkok Christ Church, โบสถ์, 5th Floor, The Church of Christ Building, 328 Phaya Thai Road, Thanon Phetchaburi, Ratchathewi, Bangkok.

ဘန်ကောက်မြို့သို့ ရောက်ရှိလာသော ခရစ်ယာန်များ ခရစ်တော်၏နာမ၌ အတူတကွ ကိုးကွယ်ဝတ်ပြုရန်နှင့် ဘန်ကောက်ခရစ်တော် အသင်းတော်၏ သာသနာလုပ်ငန်းများ နှင့် သတင်းအချက်အလက်များမျှဝေရန်

23/08/2026

ဩဂုတ်လ (၂၃)ရက်နေ့ ဘန်ကောက်ခရစ်တော်အသင်းတော် ကိုးကွယ်ဝတ်ပြုခြင်း အစီအစဥ်
သမ္မာကျမ်းစာလေ့လာခြင်း - နံနက် ၈:၀၀ မှ ၉:၀၀ နာရီ
နံနက်ဝတ်ပြုခြင်းအစီအစဥ် - နံနက် ၁၀:၃၀ နာရီ
ဘန်ကောက်ခရစ်တော်အသင်းတော်
တည်ရှိရာနေရာ- https://shorturl.at/9fY5R
ဘန်ကောက်ခရစ်တော်အသင်းတော်သို့
လာရောက်ရန် လမ်းညွှန် - https://shorturl.at/1Lwcr

22/08/2026

တနင်္ဂနွေကိုးကွယ်ဝတ်ပြုခြင်းအစီအစဥ်
သမ္မာကျမ်းစာနေ့
#
#ဘန်ကောက်ခရစ်တော်အသင်းတော်
#အသင်းတော်ဝတ်ပြုခြင်းအစီအစဥ် #နံနက်_၁၀နာရီခွဲ
#အတူတကွကိုးကွယ်ဝတ်ပြုဖို့ခရစ်တော်နာမဖြင့်ဖိတ်ခေါ်ပါသည်။

ဘန်ကောက်ခရစ်တော်အသင်းတော် (Bangkok Christ Church) ၏ (၂၀၂၆) ခုနှစ်၊ သြဂုတ်လ (၂၃) ရက်၊ တနင်္ဂနွေနေ့၊နံနက် (၁၀:၃၀) နာရီတွင်...
22/08/2026

ဘန်ကောက်ခရစ်တော်အသင်းတော်
(Bangkok Christ Church) ၏ (၂၀၂၆)
ခုနှစ်၊ သြဂုတ်လ (၂၃) ရက်၊ တနင်္ဂနွေနေ့၊
နံနက် (၁၀:၃၀) နာရီတွင် အသင်းတော်
ကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်၌
လာရောက် ပါဝင်ပါရန် အားလုံးကို
ဖိတ်ခေါ်အပ်ပါသည်။

တနင်္ဂနွေနေ့ နံနက် (၈:၀၀) နာရီတွင်
သိက္ခာတော်ရ ဆရာမန်းသန့်စင်မှ ဝေမျှမည့်
သမ္မာကျမ်းစာ လေ့လာခြင်း (Bible Study)
အစီအစဥ် ရှိပါသဖြင့် နှုတ်ကပတ်တော်
လေ့လာခံယူဖို့ရန် အတွက်လည်း
ဖိတ်ကြားအပ်ပါသည်။

📖သမ္မာကျမ်းစာလေ့လာခြင်း -
နံနက် ၈:၀၀ မှ ၉:၀၀ နာရီ

⏰ နံနက်ဝတ်ပြုခြင်းအစီအစဥ် -
နံနက် ၁၀:၃၀ နာရီ

⛪️ဘန်ကောက်ခရစ်တော်အသင်းတော်
တည်ရှိရာနေရာ- https://shorturl.at/fkKkf

🚗ဘန်ကောက်ခရစ်တော်အသင်းတော်သို့
လာရောက်ရန် လမ်းညွှန်
- https://shorturl.at/1Lwcr

ဘန်ကောက်ခရစ်တော်အသင်းတော်ဆုတောင်းစည်းဝေးတွင် ပါဝင်ရန်ဖိတ်ကြားခြင်း 🙏ဩဂုတ်လ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်၊စနေနေ့ညနေ (၄:၀၀) နာရီအခ...
21/08/2026

ဘန်ကောက်ခရစ်တော်အသင်းတော်
ဆုတောင်းစည်းဝေးတွင် ပါဝင်ရန်
ဖိတ်ကြားခြင်း 🙏
ဩဂုတ်လ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်၊
စနေနေ့ညနေ (၄:၀၀) နာရီအချိန်တွင်
ဘန်ကောက်ခရစ်တော်အသင်းတော်၏
ဆုတောင်းစည်းဝေး၌ အတူတကွ
ပါဝင်ဆက်ကပ်ကြပါရန် လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။
ဆုတောင်းစည်းဝေးသည် အပတ်စဥ်
စနေနေ့ညနေ (၄:၀၀) နာရီတွင် ပုံမှန်
ပြုလုပ်သည့် အစီအစဥ်ဖြစ်ပါသည်။
Join Zoom Meeting
https://us02web.zoom.us/j/81469748151...
Meeting ID: 814 6974 8151
Passcode: BCC

📖ယခုအပတ်ဆွေးနွေးမည့် သမ္မာကျမ်းစာ📌​ဟေရှာယအနာဂတ္တိကျမ်းအား စတင်လေ့လာ မည် ဖြစ်ပါသည်။ဘန်ကောက်ခရစ်တော်အသင်းတော်၌အပတ်စဥ်တနင်္...
21/08/2026

📖ယခုအပတ်ဆွေးနွေးမည့် သမ္မာကျမ်းစာ
📌​ဟေရှာယအနာဂတ္တိကျမ်းအား
စတင်လေ့လာ မည် ဖြစ်ပါသည်။

ဘန်ကောက်ခရစ်တော်အသင်းတော်၌
အပတ်စဥ်တနင်္ဂနွေ ဥပုသ်နေ့ နံနက်
၈:၀၀ နာရီမှ ၉:၀၀ နာရီတွင် သမ္မာကျမ်းစာ
လေ့ခြင်း အစီအစဥ်ရှိပါသည်။

သို့ပါ၍ နှုတ်ကပတ်တော်အတူကွ
ဆင်ခြင် လေ့လာဖို့ရန်အတွက် အားလုံးကို
ခရစ်တော်၏ နာမ၌ ဖိတ်ခေါ်အပ်ပါသည်။

(Bangkok Christ Church) ၏ (၂၀၂၆)ခုနှစ်၊  သြဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့၊နံနက် (၁၀:၃၀) နာရီ၊ အသင်းတော် ကိုးကွယ်ဝတ်ပြုခြင်...
21/08/2026

(Bangkok Christ Church) ၏ (၂၀၂၆)
ခုနှစ်၊ သြဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့၊
နံနက် (၁၀:၃၀) နာရီ၊ အသင်းတော် ကိုးကွယ်
ဝတ်ပြုခြင်းနှင့် သမ္မာကျမ်းစာနေ့အစီအစဉ်၌
သိက္ခာတော်ရ ဆရာမန်းသန့်စင်မှ "စစ်မှန်သော
နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာ"
ခေါင်းစဥ်ဖြင့် ဒေသနာ ဝေမျှခဲ့ ပါသည်။

ဆာလံကျမ်း ၁၁၉:၁၁ ကိုလည်း
တိုင်းရင်းသားလူမျိုးစုအလိုက်
ဘာသာစကားအမျိုးမျိုးတို့ဖြင့်
စင်မြင့်ပေါ်တွင် အတူတကွ ဖတ်ရွတ်
ခဲ့ကြပါသည်။ ထို့အပြင် သမ္မာကျမ်းစာ
နှင့်သက်ဆိုင်သည့် ပြိုင်ပွဲများတွင်
ဆုရရှိသူများကိုလည်း ဂုဏ်ပြု
ဆုပေးခြင်းအစီအစဉ် ပြုလုပ်ခဲ့ပါသည်။

ယခုအပတ် ကိုးကွယ်ဝတ်ပြုခြင်း အစီ
အစဥ်နှင့် ဒေသနာတော်အား ဤ Link
https://shorturl.at/yY1R8 တွင်ပြန်
လည် ကြည့်ရှုနားဆင်နိုင်ပါသည်။
လာရောက်ဝတ်ပြုသူများအနေဖြင့်
ဝိညာဥ်ခွန်အားသစ်များ ရရှိမည်ဟု
ယုံကြည်ပါသည်။

လာမည့်အပတ်များတွင်လည်း လာရောက်
ပါဝင်ရန် နွေးထွေးစွာဖြင့် ဖိတ်ခေါ်အပ်
ပါသည်။

ကောင်းချီးခံယူခြင်း -
သိက္ခာတော်ရ ဆရာမန်းသန့်စင်

📖သမ္မာကျမ်းစာလေ့လာခြင်း -
နံနက် ၈:၀၀ မှ ၉:၀၀ နာရီ

⏰ နံနက်ဝတ်ပြုခြင်းအစီအစဥ် -
နံနက် ၁၀:၃၀ နာရီ

⛪️ဘန်ကောက်ခရစ်တော်အသင်းတော်
တည်ရှိရာနေရာ- https://shorturl.at/fkKkf

🚗ဘန်ကောက်ခရစ်တော်အသင်းတော်သို့
လာရောက်ရန် လမ်းညွှန်
- https://shorturl.at/1Lwcr

#အသင်းတော်ဝတ်ပြုခြင်းအစီအစဥ် #အတူတကွကိုးကွယ်ဝတ်ပြုဖို့ခရစ်တော်နာမဖြင့်ဖိတ်ခေါ်ပါတယ် #နံနက်_၁၀နာရီခွဲ #ဘန်ကောက်ခရစ်တော်အသင်းတော် #ဘန်ကောက်မြန်မာခရစ်ယာန်

🌷 အမျိုးသမီးအားသစ်လောင်းအစီအစဉ် 🌷၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဘန်ကောက်ခရစ်တော်အသင်းတော်အမျိုးသမီးအဖွဲ့မှ ရယောင်သို့...
21/08/2026

🌷 အမျိုးသမီးအားသစ်လောင်းအစီအစဉ် 🌷
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင်
ဘန်ကောက်ခရစ်တော်အသင်းတော်
အမျိုးသမီးအဖွဲ့မှ ရယောင်သို့
သွားရောက်ကာ အမျိုးသမီးအားသစ်လောင်း
အစီအစဉ်ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။

မနက်ပိုင်းတွင် ဆရာတော် မန်းသန့်စင်မှ
အမျိုးသမီးအဖွဲ့၏ ၂၀၂၆ ခုနှစ်
ဆောင်ပုဒ်ဖြစ်သော "ယုံကြည်ခြင်း
အားကြီးသောအမျိုးသမီးများ"
ခေါင်းစဉ်ဖြင့် ဘုရားသခင်၏
နှုတ်ကပတ်တော်သမ္မာကျမ်းစာကို
သင်ကြားပေးခဲ့ပြီး၊ နေ့လယ်ပိုင်းတွင်
နော်သဘလေးဖေါမှ Action Song ကို
သင်ကြားပေးခဲ့ပါသည်။

ထို့နောက် ဒေါက်တာနော်ခရစ္စတင်းထူးမှ
ကျန်းမာရေးဆိုင်ရာ ပညာပေးအကြောင်း
အရာများကို မျှဝေပေးခဲ့ပါသည်။

ထို့အပြင် မိတ်သဟာယဂိမ်းများ
အတူတကွကစားခြင်း၊
ကမ်းခြေသို့ သွားရောက်လည်ပတ်၍
အပန်းဖြေခြင်းတို့ဖြင့် ပျော်ရွှင်စရာကောင်းသော
အချိန်များကို အတူတကွ ဖြတ်သန်းခဲ့ကြပါသည်။

ယုံကြည်ခြင်း၌ အားသစ်လောင်းခြင်း၊
အသိပညာတိုးပွားခြင်းနှင့် အချင်းချင်း
မိတ်သဟာယဖွဲ့ခြင်းတို့ကို ရရှိစေခဲ့သော
ကောင်းချီးပြည့်ဝသည့် အစီအစဉ်တစ်ခု
ဖြစ်ခဲ့ပါသည်။ 🙏💐

#အမျိုးသမီးအားသစ်လောင်းအစီအစဉ်
#မိတ်သဟာယ
#အသင်းတော်လှုပ်ရှားမှု
#ဘန်ကောက်ခရစ်တော်အသင်းတော်

အမျိုးသားဝတ်ပြုခြင်းအစီအစဥ်ဘန်ကောက်ခရစ်တော်အသင်းတော်(Bangkok Christ Church) ၏ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့၊...
20/08/2026

အမျိုးသားဝတ်ပြုခြင်းအစီအစဥ်
ဘန်ကောက်ခရစ်တော်အသင်းတော်
(Bangkok Christ Church) ၏ ၂၀၂၆
ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့၊
နံနက် (၉:၀၀) နာရီတွင် အမျိုးသားကိုးကွယ်
ဝတ်ပြုခြင်းအစီအစဉ် ပြုလုပ်ခဲ့ကြပါသည်။

ဘန်ကောက်ခရစ်တော်အသင်းတော်
(Bangkok Christ Church) တွင်
အပတ်စဥ် တနင်္ဂနွေနေ့ နံနက် (၉:၀၀) နာရီ၌
အမျိုးသမီး ဝတ်ပြုခြင်းတစ်လှည့်၊ အမျိုးသား
ဝတ်ပြုခြင်းတစ်လှည့် တစ်ပတ်ခြား ဝတ်ပြုခြင်း
ရှိပါသဖြင့် ကျွန်ုပ်တို့နှင့်အတူတကွ လာရောက်
ဝတ်ပြုဖို့ရန် ဖိတ်ကြားအပ်ပါသည်။

ဘန်ကောက်ခရစ်တော်အသင်းတော်
တည်ရှိရာနေရာ- https://shorturl.at/fkKkf

ဘန်ကောက်ခရစ်တော်အသင်းတော်သို့
လာရောက်ရန် လမ်းညွှန်

- https://shorturl.at/1Lwcr



သမ္မာကျမ်းစာနေ့ (Bible Sunday) အထိမ်းအမှတ် Sunday School မှ ကလေးငယ်များ (အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း) သမ္မာကျမ်းစာ ရွတ...
20/08/2026

သမ္မာကျမ်းစာနေ့ (Bible Sunday) အထိမ်းအမှတ် Sunday School မှ ကလေးငယ်များ (အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း) သမ္မာကျမ်းစာ ရွတ်ဆိုပြိုင်ပွဲ၊ အသင်းတော် အမျိုးသမီးအဖွဲ့၊ အမျိုးသားအဖွဲ့ နှင့် အသင်းတော်လုံးဆိုင်ရာ သမ္မာကျမ်းစာပဟေဠိ (Bible Quiz) ပြိုင်ပွဲတို့၏ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထား၍ ဇွဲလုံ့လဖြင့် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးနှင့် ဆုအသီးသီးဆွတ်ခူးသွားကြသူများအားလုံးအတွက် အထူးပင် ဂုဏ်ပြုဝမ်းမြောက်အပ်ပါသည်။ နောင်လာမည့်ရက်များတွင်လည်း နှုတ်ကပတ်တော်၌ ပိုမိုကြီးထွား၍ အသင်းတော်အတွက် ကောင်းချီးမင်္ဂလာများ ဖြစ်ကြပါစေ

၂၀၂၆ ခုနှစ်၊ ဩဂုတ် (၁၆) ရက်နေ့ဘန်ကောက်ခရစ်တော်အသင်းတော်၏ သမ္မာကျမ်းစာနေ့ အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် Sunday...
20/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ် (၁၆) ရက်နေ့
ဘန်ကောက်ခရစ်တော်အသင်းတော်၏
သမ္မာကျမ်းစာနေ့ အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် Sunday School ကလေးများ အားလုံးစုပေါင်းပြီး သမ္မာကျမ်းစာရွတ်ဆိုခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် Sunday School တွင် အကြီးတန်းကလေးများအား 66 Memory Versus One from Each Book of the Bible (Genesis - Deuteronomy)၊ အလတ်တန်း ကလေးများအား The Rich Fool( Luke 12:16-21) နှင့် အငယ်တန်းကလေးများအား ပညတ်တော် ဆယ်ပါး အပိုင်း(၁) ကို သင်ကြားပေးခဲ့ပါသည်။

Sunday School ပါဝင်တက်ရောက်ကြသော
ချစ်စရာ သားငယ်၊ သမီးငယ်များအပေါ်
ဘုရားရှင် ကောင်းချီးသွန်းလောင်းပါစေ။

ဘန်ကောက်ခရစ်တော်အသင်းတော်
(Bangkok Christ Church) တွင်
အပတ်စဥ် Sunday School အစီအစဥ်
ရှိသောကြောင့် မိဘများအနေဖြင့် မိမိ
တို့၏ သားငယ်၊ သမီးငယ်များအား
Sunday School သို့ လာရောက်ပို့ဆောင်
နိုင်ကြောင်းအသိပေး ဖိတ်ခေါ်အပ်ပါသည်။

Sunday School စတင်ချိန် - နံနက် ၁၀:၃၀
ဘန်ကောက်ခရစ်တော်အသင်းတော်

တည်ရှိရာနေရာ- https://shorturl.at/fkKkf

ဘန်ကောက်ခရစ်တော်အသင်းတော်သို့
လာရောက်ရန် လမ်းညွှန်
- https://shorturl.at/1Lwcr

#ဘန်ကောက်မြန်မာခရစ်ယာန်

ที่อยู่

5th Floor, The Church Of Christ Building, 328 Phaya Thai Road, Thanon Phetchaburi, Ratchathewi
Bangkok
10400

เวลาทำการ

10:30 - 15:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Christ Churchผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bangkok Christ Church:

ทางลัด

แชร์

ประเภท