03/05/2025
#စင်ပေါ်ကလူဖောက်ပြန်ရင်စင်အောက်ကလူ
ဖောက်ပြန်တာထက်ဆိုးတယ်
ရန်ကုန်မှာပိတောက်တွေပွင့်နေပြီလို့ပြောတယ်
ပြောချင်တာက ရာသီဥတုတွေဖောက်ပြန်ကုန်
တော့ပန်းပွင့်ချိန်တောင်ဖောက်ပြန်ကုန်တယ်။
- ဘုရားဘုရား၊ကျမ်းစာ၊ဝိညာဉ်ရေးရာလို့ပြောပြီး
ဖောက်ပြန်ကုန်တာလဲဒုနဲ့ဒေးပဲ။
- MCC လိုနေရာမျိုးမှာလည်း အသက်အရွယ်အရ
ပညာအရည်အချင်းအရရင့်ကျက်ပြီးဘုရားလူလို့
ခေါ်ရမဲ့သူတွေကရာထူးလု၊နေရာလု၊ငွေနောက်
လိုက်နဲ့ဖောက်ပြန်ပျက်ဆီးခြင်းကနေရာကျနေပြန်
ရော.
- MECA ဆိုလည်းဘာထူးလည်း လူတကာကိုငွေယူ
ပြီးဘွဲ့ပေးရုံမျှမကဥက္ကဌရာထူးကိုအတင်းရဖို့ကြိုး
စားနေတာတွေ၊ ချင်းအုပ်စုနဲ့ကရင်အုပ်စုနေရာလု
ပွဲတွေဖြစ်လို့ဆိုတော့သာသနာအဖွဲ့အစည်းဆိုတာ
သာသနာ့အကျိုးသယ်ပို့ဖို့ဆိုပေမဲ့လောကီသားတွေ
နည်းတူပြုမူဖြစ်ပျက်နေတာမျိုးကဖြစ်သင့်လား
ပေါ့။
- ဒါပဲလားမပြီးသေးဘူး MECA လက်အောက်မှာအ
ခုလူပြောများနေတဲ့ ဇော်လင်းအောင်, The City
တို့နဲ့အခြားအဖွဲ့တွေအထိကိာအဖွဲ့ဝင်အဖြစ်လက်ခံ
ထားပြီးဘာမှပြောဆိုသတိပေးတာမျိုးမတွေ့ရ
တော့ ဒါဘာတွေလားပေါ့။
- The City ကလည်းလူနပ်တျော့ခမ်းသာဆိုသလိုပဲ
MECA မြေနေရာအတွက် အလှူငွေရာဘရိတ်ပေး
တော့ သိရီပျံချီကြီးလည်းပါးစပ်တွေပိတ်ရော။
ခင်ဗျားတို့သေခြာလေးစဉ်းစားနော်ဒါတိုက်ခိုက်
တာမဟုတ်ဘူး စင်ပေါ်ကဘုရားလူတွေဖောက်ပြန်
ကြကုန်တာကို အားပေးပြီး အာမင်ထူးနေသူမဖြစ်
ဖို့လိုတယ်။မပိန်းဖို့လိုတယ်။ပြောဖို့လိုတယ် ဝေဖန်
ထောက်ပြဖို့လိုတယ်။သာသနာဟာစင်ပေါ်ကလူ
တွေကြောင့်မစင်တွင်းထဲကျတော့မယ်။
#ကင်းစောင်း