21/08/2026
🪷 🌿 သတိနဲ့နေခြင်းဟာ အကောင်းဆုံးနေနည်း
နေခြင်းတကာ့ နေခြင်းထဲမှာ
အကောင်းမွန်ဆုံး၊ အကျိုးရှိဆုံးနေနည်းက
“သတိနဲ့နေခြင်း” ဖြစ်ပါတယ်။
သတိနဲ့နေတဲ့အခါ
ကိုယ်ဘာလုပ်နေတယ်၊
စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ
မမေ့မလျော့ သိရှိနိုင်ပါတယ်။
သတိရှိတဲ့အလေ့အကျင့်ကို
နေ့စဉ်ဘဝထဲမှာ လေ့ကျင့်နိုင်လေလေ
မိမိစိတ်ရဲ့ အဆင့်အတန်းနဲ့
အရည်အသွေးကောင်းမွန်လာလေလေ ဖြစ်ပါတယ်။
— သစ္စာရွှေစည်ဆရာတော်
“အကောင်းဆုံးနေနည်း” မူရင်းတရားတော်မှ
ကောက်နုတ်၍ စီစဉ်ရေးသားထားခြင်း
#သစ္စာရွှေစည်ဆရာတော်
#သတိနဲ့နေခြင်း
#အကောင်းဆုံးနေနည်း
#ဓမ္မ