4U Media

Directions

4U Media နည်းပညာဗဟုသုတနှင့် နည်းပညာသတင်းများကို အခါအားလျော်စွာ တင်ဆက်ပေးနေတဲ့ 4U Media

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေဈေးနှုန်းနှင့် ဈေးကွက် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနို...
07/10/2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေဈေးနှုန်းနှင့် ဈေးကွက် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ချေရှိသဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ် (Online Sales Registration) ဖြင့် ခွင့်ပြုပေးမည် မဟုတ်ကြောင်း သိရသည်။
ပြည်တွင်းမီဒီယာတစ်ခု၏ အွန်လိုင်းမှတဆင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ဝန်ကြီးဌာနက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်းမှတဆင့် ရွှေရောင်းချမှုများသည် ဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်လာနိုင်ခြေ ရှိနေသည့်အတွက် ရွှေ၊ ရွှေကြမ်းလက်ဝတ်ရတနာများအပြင် ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်ထားသည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်များ ရောင်းဝယ်ခြင်းကို အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခွင့်ပြုပေးမည် မဟုတ်ပေ။
သို့သော် လက်ဝတ်ရတနာပစ္စည်းများ၊ ကုန်ပစ္စည်းအုပ်စုဖြင့် လျှောက်ထားရာတွင် ကျောက်မျက် (သီးသန့်) ကိုသာ ရောင်းချမည်ဆိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ရောင်းဝယ်ရေးလိုင်စင်အပြင် ရွှေနှင့် ရွှေကြမ်းပါသောပစ္စည်းများ လုံးဝမရောင်းချကြောင်း ဝန်ခံကတိပြုချက်ဖြင့် လျှောက်ထားပါက ကျောက်မျက်ရတနာပစ္စည်းများအတွက် Online Sales မှတ်ပုံတင်လက်မှတ်များကို ဆက်လက်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အိမ်သုံးဂက်စ် (LPG) တွေ ပြ,,တ်လ,,ပ်ပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ အခြေအနေဟာ ပြည်သူတွေအတွက် န...
07/10/2026

မြန်မာနိုင်ငံအတွင်း အိမ်သုံးဂက်စ် (LPG) တွေ ပြ,,တ်လ,,ပ်ပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ အခြေအနေဟာ ပြည်သူတွေအတွက် နေ့စဉ်စားဝတ်နေရေးမှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ရပ် ဖြစ်လာနေပါတယ်။ လျှပ်စစ်မီး ပုံမှန် မရရှိတာကြောင့် ဂက်စ်နဲ့ မီးသွေးကိုသာ အဓိက အားထားနေရချိန်မှာ၊ အခုလို ဂက်စ်ရှားပါးမှုနဲ့ ဈေးနှု၊၊န်းကြီ၊၊း၊မြင့်မှုတွေကြောင့် အိမ်ရှင်မတွေနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေမှာ စရိတ်စက ပိုမိုကြီးမားလာပြီး အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိမှာ ဂက်စ် တပိဿာကို ကျပ် ၁၅,၀၀၀ အထိ ဈေးပေါက်နေပြီး၊ ကုမ္ပဏီတွေဘက်ကလည်း ကာလအတိုင်းအတာ တစ်ခုအထိ ဆက်လက် အကျပ်အတည်း ရှိနေဦးမယ်လို့ အသိပေးထားပါတယ်။
#အိမ်သုံးဂက်စ် ေးနှုန်း #မြန်မာ့သတင်း #စားဝတ်နေရေး #လျှပ်စစ်မီးပြဿနာ

07/10/2026

ဝေဖန်မှုများရှိနေသော်လည်း ပုဂံတွင် မီးပုံးပျံလွှတ်တင်မည့်အစီအစဉ် ဆက်လက်ဆောင်ရွက်မည်!

ဆင်းရဲနွမ်းပါး၍ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသော ကျောင်းသားလူငယ်များအား တက္ကသိုလ်ပညာသင်စရိတ် ချေးငွေထုတ်ချေး...
07/10/2026

ဆင်းရဲနွမ်းပါး၍ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသော ကျောင်းသားလူငယ်များအား တက္ကသိုလ်ပညာသင်စရိတ် ချေးငွေထုတ်ချေးပေးရန် အစီအစဉ်ရှိ မရှိကို ယနေ့ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက မေးမြန်းခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံနေပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံထားကြောင်း သမ္မတ၏ မိန့်ခွန်းပါ အချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ နှစ်သိန်းခွဲကျော်နှင့် အောင်မြင်သူ တစ်သိန်းသုံးသောင်းကျော်ရှိရာတွင် မိဘများအနေဖြင့် သားသမီးများကို ပညာတတ်စေချင်လွန်း၍ ချိုးခြံချွေတာ ဒုက္ခခံကာ ကျောင်းထားပေးခဲ့ရသူများစွာ ရှိနေကြောင်း ၎င်းက ထောက်ပြသည်။
စားဝတ်နေရေးနှင့် ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ ရု၊၊န်းက၊၊န်နေရသော တိုင်းပြည်တွင် နိုင်ငံတော်အနေဖြင့် Student Loan ချေ၊းငွေအစီအစဉ်ကို အကောင်အထည်ဖော်ပေးနိုင်ပါက ငွေကြေးကျပ်တည်းနေသည့် မိဘများအတွက်သာမက အရည်အချင်းရှိပါလျက် ပညာဆက်မသင်နိုင်ဘဲ အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရမည့် လူငယ်များအတွက်ပါ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးမားစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ဦးသက်နိုင်ဦးက ဆိုသည်။ ထို့ကြောင့် နိုင်ငံတဝန်းလုံးရှိ နွမ်းပါးသောကျောင်းသားများအတွက် လုံလောက်သည့် ပညာသင်စရိတ်ချေးငွေများ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမှန်တကယ် နွမ်းပါးဆင်းရဲသည့် ပထမနှစ် နေ့သင်တန်းကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ဘွဲ့ရသည်အထိ တစ်လလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် ပညာသင်ထောက်ပံ့ကြေး (Stipend) များ နှစ်စဉ်ချီးမြှင့်ပေးနေကြောင်း ပြန်လည်ဖြေကြားသည်။ ထို့ပြင် "One Campus, Two Systems" စနစ်ဖြင့် အဝေးသင်သင်တန်းများ ဖွင့်လှစ်ထားခြင်း၊ ပညာရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် စားသောက်စရိတ်နှင့် ကျောင်းအိပ်ကျောင်းစား စီစဉ်ပေးကာ ဘွဲ့ရရှိချိန်တွင် ကျောင်းဆရာ၊ ဆရာမများအဖြစ် တာဝန်ပေးအပ်လျက်ရှိကြောင်း ရှင်းပြသည်။ သို့ရာတွင် Student Loan စနစ်သည် အလွန်ကောင်းမွန်သော်လည်း အာဆီယံတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင်သာ အပြည့်အဝ အောင်မြင်စွာ အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ ယင်းချေးငွေအစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီး၏ ဖြေကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက တစ်လ ၃၀,၀၀၀ ကျပ်ဆိုသည့် ပမာဏမှာ လက်ရှိခေတ်ကာလနှင့် လျော်ညီမှု မရှိတော့ကြောင်းနှင့် "နိုင်ငံချမ်းသာမှ ယင်းအစီအစဉ်များ လုပ်ဆောင်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်အားလုံး အိမ်ပြန်အိပ်နေရမည့်သဘောရှိသည်" ဟု ထောက်ပြဝေဖန်ခဲ့သည်။ ပြဿနာများကို ကြောက်ရွံ့၍ ရပ်တန့်နေမည်ဆိုပါက နိုင်ငံသည် ယခုအတိုင်းသာ ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆက်စပ်မေးခွန်းအဖြစ် တင်ပြခဲ့သည်။
ယင်းကဲ့သို့ ဆက်စပ်မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်၏ ရေရှည်အကျိုးကို မျှော်ကိုးသည့် အကြံပြုချက်ကို ထောက်ခံပါကြောင်း၊ ဖြစ်နိုင်ချေရှိမရှိကို ဆက်လက်စဉ်းစားသွားမည်ဖြစ်ပြီး နောင်တစ်ချိန်တွင် ဖြစ်လာနိုင်သည့်အခါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပညာရေးကဏ္ဍအတွက် အထောက်အပံ့ကောင်းများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
#မြန်မာ့ပညာရေး #လွှတ်တော်သတင်း #တက္ကသိုလ်ကျောင်းသား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဖန်နားပိုကျေးရွာတွင် အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိ ညီအကိုသုံးဦး ရုပ်အလေ၊၊၊ာင်း...
07/10/2026

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဖန်နားပိုကျေးရွာတွင် အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိ ညီအကိုသုံးဦး ရုပ်အလေ၊၊၊ာင်းများ ရ၊၊က်ရ၊၊က်စ၊၊က်စ၊၊က် သ၊၊တ်ဖြ၊၊၊တ်ခံရလျက် ရွာနံဘေးချောင်းအတွင်း၌ အောက်တိုဘာ ၅ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် မိဘများ တောင်ယာလုပ်ငန်းခွင်သို့ ထွက်ခွာသွားစဉ် ကလေးငယ်များကို အိမ်တွင်ထားခဲ့ကြရာမှ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၀ နာရီခန့်တွင် မိဘများ ပြန်လာစဉ် ကလေးငယ်များမှာ အိမ်တွင် မရှိတော့ဘဲ ကျန်ခဲ့သည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကို အခြားညီအကိုများကို လိုက်လံရှာဖွေရန် စေလွှတ်ခဲ့ရာမှ ညနေပိုင်းအထိ သုံးဦးစလုံး ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ပေ။
ထို့နောက် ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျေးရွာမြောက်ဘက်ရှိ တောင်ကျစမ်းချောင်းအတွင်း၌ အသက် ၁၂ နှစ်အရွယ် လော်နောင် (ခ) လော်ဖူ၊ အသက် ၉ နှစ်အရွယ် ယားပါလုံးနှင့် အသက် ၅ နှစ်အရွယ် အားဖြိုတို့ သုံးဦးစလုံး ခေါင်းကွဲအက်ဒ၊၊ဏ်ရာ၊ ဓာ၊၊၊းဒ၊၊၊ဏ်ရာများဖြင့် ၊ေ၊၊သဆုံ၊၊၊းနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ကြသည်။
လက်ရှိတွင် ၊ေ၊၊သဆုံ၊၊းသူ ကလေးငယ်များ၏ ရုပ်အလေ၊၊၊ာင်းများကို မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး မိုင်းဆတ်မြို့မရဲစခန်းက ရာဇသ၊၊၊တ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားခံမိဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
#မိုင်းဆတ် #ရှမ်းပြည်နယ် #သတင်းထူး #မြန်မာ့သတင်း

ရန်ကုန်မြို့ရှိ လမ်းဘေ၊၊းခွေ၊၊းအန္တ၊၊ရာယ် ပြဿနာများကို လူသာ၊၊းဆန်သည့်နည်းလမ်းများဖြင့် ဖြေရှင်းရန်နှင့် ကို၊၊၊က်ခံရသူမျာ...
07/10/2026

ရန်ကုန်မြို့ရှိ လမ်းဘေ၊၊းခွေ၊၊းအန္တ၊၊ရာယ် ပြဿနာများကို လူသာ၊၊းဆန်သည့်နည်းလမ်းများဖြင့် ဖြေရှင်းရန်နှင့် ကို၊၊၊က်ခံရသူများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ "ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဘေ၊၊းခွေးများထိန်းချုပ်ရေးနှင့် ပြည်သူ့အကူအညီပေးရေးအသင်း (YSMPA)" ကို အောက်တိုဘာလအတွင်းက တိရစ္ဆာန်ချစ်သူများ စုပေါင်းကာ စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လမ်းဘေ၊၊းခွေးများ အဆိ၊ဖ၊ပ်ချရှင်းလင်းခံရခြင်းမျိုး မရှိစေရန်နှင့် ခွေးရူ၊၊းရောဂါကင်းစင်သော လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးရန်အတွက် ယခုကဲ့သို့ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယာယီဥက္ကဌ ဒေါ်ဝေဝေမိုးက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ရေးသားထားသည်။
အဆိုပါ YSMPA အသင်း၏ အဓိက ရည်ရွယ်ချက်များမှာ လမ်းဘေးခွေးများ သားပေါက်မျို၊၊းပွ၊၊ားမှုကို လူသားဆန်သည့်နည်းလမ်းများဖြင့် ထိန်းချုပ်ခြင်း၊ ခွေ၊၊းကို၊၊က်ခံရသည့် န၊၊စ်နာသူပြည်သူများကို ဆေးကုသစရိတ်နှင့် သွားလာစရိတ်များ ကူညီထောက်ပံ့ပေးခြင်း၊ အများပြည်သူကို အန္တရာယ်ပြုနိုင်သည့် ခွေးဆို၊၊းများကို ခွေ၊၊းဂေဟာများသို့ ရွှေ့ပြောင်းပေးခြင်းတို့ ပါဝင်သည်။ လက်ရှိတွင် ထောက်ပံ့မည့် အသေးစိတ်အစီအစဉ်များကို အတိအကျ မထုတ်ပြန်ရသေးသော်လည်း အမာခံရန်ပုံငွေထည့်ဝင်မည့်သူများရှိပြီး ဘဏ်အကောင့်များ ဖွင့်လှစ်ကာ ထည့်ဝင်ငွေများကို စနစ်တကျ လက်ခံစီမံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လမ်းဘေ၊၊းခွေ၊၊းကို၊၊က်ခံရမှုနှင့် ခွေ၊၊းကိုက်ခံရ၍ သေဆုံ၊၊း၊သူအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရကာ အာဏာသိမ်းကာလအတွင်း လမ်းဘေ၊းခွေးပေါက်ဖွားနှုန်း ပိုမိုမြင့်တက်လာခြင်း၊ လမ်းသွားလမ်းလာများကို ရန်ပြုခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခြင်းစသည့် ပြဿနာများကို ရန်ကုန်မြို့ခံများ ရင်ဆိုင်နေကြရသည်။ တိရစ္ဆာန်ချစ်သူများအနေဖြင့် အစွန်းရောက်အကာအကွယ်ပေးခြင်းထက် ယခုကဲ့သို့ စနစ်တကျ အသင်းအဖွဲ့ဖြင့် တဖက်တစ်လမ်းမှ ဝင်ရောက်ကူညီဖြေရှင်းပေးသည့် လုပ်ရပ်အပေါ် မြို့နယ်စည်ပင်ဥက္ကဌဟောင်းတစ်ဦးကလည်း အကောင်းမြင်ကြိုဆိုကြောင်း မှတ်ချက်ပြုပြောဆိုထားသည်။
#ရန်ကုန်လမ်းဘေးခွေးထိန်းချုပ်ရေး #မြန်မာ့သတင်း #ရန်ကုန်မြို့ပြဿနာ #တိရစ္ဆာန်ချစ်သူများ #လူမှုရေးသတင်း

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးမြို့ရှိ ဟိုတယ်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူ‌ေ၊၊၊သမှုဖြစ်စဉ်တစ်ခု၌ ရည်းစားဖြစ်သူအား ဓာ၊...
07/10/2026

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးမြို့ရှိ ဟိုတယ်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူ‌ေ၊၊၊သမှုဖြစ်စဉ်တစ်ခု၌ ရည်းစားဖြစ်သူအား ဓာ၊၊၊၊းဖြင့်ထို၊၊၊းသ၊၊၊၊တ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကို မလေးရှား အယူခံတရားရုံးက ယခင်မူလချမှတ်ထားသော ထေ၊၊၊ာင်ဒ၊၊၊ဏ် ၆ နှစ်ခွဲကို နှစ်ဆတို၊၊းမြှ၊၊င့်ကာ အောက်တိုဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက အသက် ၂၉ နှစ်အရွယ် ချစ်သူအမျိုးသားနှင့်အတူ ဟိုတယ်သို့ တည်းခိုစဉ် အဆိုပါအမျိုးသားက လိ၊၊၊င်ဆ၊၊၊က်ဆံရန် တောင်းဆိုခဲ့ရာ အမျိုးသမီးက ဓ၊၊မ္မတ၊၊၊၊ာလာနေသဖြင့် ငြင်းဆန်ခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြသည်။ ထိုသို့ ငြင်းဆန်စဉ် အမျိုးသားဘက်က ဓာ၊၊၊းထုတ်ကာ ခြိမ်၊၊းခြောက်ခဲ့သဖြင့် နှစ်ဦးသား လုံးထွေးသ၊၊တ်ပု၊၊၊တ်ခဲ့ကြပြီး အမျိုးသမီးက ဓာ၊၊၊းကိုလုယူကာ ပြန်လည်ထို၊၊းနှ၊၊၊က်ခဲ့ရာမှ အမျိုးသားမှာ ရင်ဘတ်ဓ၊၊ားဒ၊၊ဏ်ရာ ၂၈ ချ၊၊က်ဖြင့် ပွဲချင်းပြီး ၊ေ၊သဆုံ၊၊၊၊းသွားခဲ့ခြင်း ဖြစ်သည်။
မူလတရားရုံးက ကျူ၊၊၊း၊၊၊လွန်သူ၏ ငယ်ရွယ်နုနယ်မှုကို အဓိကထားကာ ထောင်ဒဏ် ၆ နှစ်ခွဲသာ ချမှတ်ခဲ့သော်လည်း ယင်းပြ၊၊စ်ဒ၊၊ဏ်မှာ ပြ၊၊စ်မှု၏ကြီးလေးမှုနှင့် စာပါက အလွန်အမင်း သက်ညှာလွန်းသည်ဟု အယူခံတရားရုံးက သုံးသပ်ခဲ့သည်။ ပြည်သူ့အကျိုးစီးပွားနှင့် ပြ၊၊၊စ်မှု၏ပြင်၊၊းထ၊၊န်မှုကို လုံလောက်စွာ စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ထောက်ပြကာ လူသ၊၊၊၊တ်လိုစိတ်မပါသော်လည်း လူ‌ေ၊၊၊သစေမှုဖြင့် အဖမ်၊၊၊းခံရသည့်နေ့မှစတင်ကာ ထော၊၊၊င်ဒ၊၊ဏ် ၁၂ နှစ်သို့ တို၊၊းမြှ၊၊င့်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်တွင် အွန်လိုင်းငွေကြေးလိ၊၊မ်လ၊၊ည်မှု (...
07/10/2026

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်တွင် အွန်လိုင်းငွေကြေးလိ၊၊မ်လ၊၊ည်မှု (ကျ၊၊ားဖြ၊၊န့်) လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ စ၊၊၊စ်ကောင်စီပူးပေါင်းအဖွဲ့က အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းအရ သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၊ အခန်းအမှတ် (၂၁၄) သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ မင်ဟွေးဆင်၊ မဝှေဖူး၊ ကောင်းဝင်းကြည်(ခ)အန်းဝယ်နှင့် ထန်အင်ရှီ(ခ)အဖျင်းတို့ ၄ ဦးကို ဖမ်၊၊းဆီ၊၊၊းရမိခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်ဆေးမှုအတွင်း ၎င်းတို့နှင့်အတူ အွန်လိုင်းလော၊၊င်းကစာ၊၊းနှင့် လိ၊၊မ်လ၊၊ည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် လက်ပ်တော့ (Laptop) ၄ လုံး၊ အောလ်အင်ဝမ်း (All in One) ကွန်ပျူတာ ၁ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၇ လုံး၊ ဝိုင်ဖိုင် (Wi-Fi) စက် ၂ လုံးနှင့် ငွေကျပ် ၄၇၅,၀၀၀တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အား ကျ၊၊ားဖြန့်ဟု တို၊၊က်ရို၊၊က်မသုံးနှုန်းဘဲ အွန်လိုင်းလိမ်လည်လေ၊၊ာင်းကစ၊ားပြုလုပ်သူများဟု ဖော်ပြထားပြီး၊ ဖမ်းဆီးရမိသူများကို လားရှိုးမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပုဒ်မသည် ပြ၊၊စ်မှုထင်ရှားပါက ငွေဒ၊၊ဏ်အပြင် ထေ၊၊ာင်ဒ၊၊ဏ် ၅ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။
#လားရှိုး #ကျားဖြန့် #သတင်း #မြန်မာသတင်း

07/10/2026

ယာယီနံပါတ်တပ် ဆိုင်ကယ်ရောင်းချခွင့် မရှိကြောင်း မန္တလေးတိုင်းတွင် ပြောကြား

ပြင်သစ်နိုင်ငံတစ်ဝန်း ကျောင်းသားဆန္ဒပြပွဲများ အရှိန်မြင့်တက်လာပြီး အဓိကရု၊၊ဏ်းဆန်ဆန် ပဋိပက္ခများအဖြစ်သို့ ပြောင်းလဲလာမှု...
06/10/2026

ပြင်သစ်နိုင်ငံတစ်ဝန်း ကျောင်းသားဆန္ဒပြပွဲများ အရှိန်မြင့်တက်လာပြီး အဓိကရု၊၊ဏ်းဆန်ဆန် ပဋိပက္ခများအဖြစ်သို့ ပြောင်းလဲလာမှုကြောင့် ဆယ်ကျော်သက်လူငယ် နှစ်ဦးမှာ ပြင်၊၊းထ၊၊န်သော ထိခို၊၊က်ဒ၊၊ဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာလလယ်ပိုင်းက ပါရီမြို့တော်တွင် စတင်ပေါ်ပေါက်ခဲ့သော အဆိုပါဆန္ဒ၊၊ပြပွဲများမှာ စာသင်ကျောင်းများ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ သင်ကြားရေးဝန်ထမ်း မလောက်ငှမှုနှင့် အတန်းတွင်း ကျောင်းသားဦးရေ များပြားလွန်းခြင်းတို့ကို မကျေနပ်ကြသည့် အထက်တန်းကျောင်းသားများ၏ လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်းပေါင်း ၃,၇၀၀ ကျော်အနက် ကျောင်းပေါင်း ၅၀၀ ခန့်မှာ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ထားရပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် အလယ်တန်းကျောင်းသားများပါ ဆက်လက် ချီတ၊၊က်ဆန္ဒပြကြရန် စီစဉ်ထားကြသည်။
သို့သော် နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် ဆ၊၊န္ဒပြမှုများမှာ အကြ၊၊မ်းဖ၊၊က်မှုများနှင့် ပ၊ဋိပ၊က္ခများအဖြစ်သို့ ကူးပြောင်းလာခဲ့ရာ လန်းစ်မြို့တွင် အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သည့် ဆန္ဒပြပွဲ၌ အသက် ၁၅ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦးမှာ ရဲတပ်ဖွဲ့က လူစုခွဲရန် အသုံးပြုသည့် အဓိကရု၊၊ဏ်းနှိ၊၊မ်န၊၊င်းရေး လက်ပ၊၊စ်ဗုံ၊၊းတစ်လုံးကို ကောက်ကိုင်မိရာမှ လက်ထဲတွင် ပေါက်ကွဲခဲ့သဖြင့် လက်တစ်ဖက် ပြ၊၊တ်သွားခဲ့ရပါသည်။ အဆိုပါကိရိယာမှာ လူအုပ်ကြားတွင် အသံကျယ်ကျယ်နှင့် စူးရှသော အလင်းတန်းထွက်စေရန် ပြုလုပ်ထားသည့် ဖေ၊ာက်ခွဲရေးပစ္စည်းတစ်ခုဖြစ်ပြီး ထိုလူငယ်မှာ ဆေးရုံတင်ကုသမှု ခံယူနေရကာ လက်ရှိတွင် အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံအလယ်ပိုင်း တိုးစ်မြို့တွင်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းဒ၊၊ဏ်ရာ အပြ၊င်းအထ၊၊န် ရရှိခဲ့ခြင်းကြောင့် မျက်စိတစ်ဖက်၏ အမြင်အာရုံကို ထာဝရ ဆုံ၊၊းရှုံ၊၊၊းသွားခဲ့ရကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ စက်တင်ဘာ လလယ်ပိုင်းမှစတင်ကာ ယခုအချိန်အထိ ဆ၊၊န္ဒပြမှုများနှင့် ဆက်စပ်သည့် အဓိက၊၊ရု၊၊ဏ်းများကြောင့် ကျောင်းသား ၂၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၇၁၅ ဦးအထိ ထိခို၊၊က်ဒ၊၊ဏ်ရာ ရရှိထားကြသည်။
ဆန္ဒပြပွဲများတွင် အေးချမ်းစွာ စုဝေးချီတက်သူများ ပါဝင်သလို ကျောင်းပေါက်များနှင့် လမ်းများကို ပိတ်ဆို့ခြင်း၊ ပစ္စည်းများကို မီ၊၊းရှို့ဖျ၊၊က်ဆီ၊၊၊းခြင်းစသည့် အစွန်းရောက်နည်းလမ်းများကို အသုံးပြုသူများလည်း ရောနှောပါဝင်နေကြပါသည်။ သို့သော် ပြင်သစ်လူ့အခွင့်အရေးအဖွဲ့ချုပ် (LDH) ကမူ အသက်မပြည့်သေးသော လူငယ်အများစု ပါဝင်သည့် ဆ၊၊န္ဒပြမှုများကို ထိန်၊၊းသိ၊၊မ်းကိုင်တွယ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်က သင့်လျော်သည်ထက် ပိုမိုကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုနေကြောင်း စွပ်စွဲဝေဖန်ထားကြပါသည်။

Address

Puerto Princesa
10210

Website

Alerts

Be the first to know and let us send you an email when 4U Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share