12/08/2026
သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင်မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။ ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်းကြလော့။ တံပိုးမှုတ်လျက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင်းကိုတီးလျက် ချီးမွမ်းကြလော့။ ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကိုတီးလျက်၊ နှဲခရာကိုမှုတ်လျက် ချီးမွမ်းကြလော့။ အသံကျယ်သော သံလွင်ကိုတီးလျက် ချီးမွမ်းကြလော့။ အကြီးဆုံးသောလင်းကွင်းကိုလည်းတီးလျက် ချီးမွမ်းကြလော့။ အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
ဆာလံ 150:1-6📖