เส้นทาง

My Talk ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก My Talk, องค์กรศาสนา, Mahachulalongkon university, Ayutthaya

24/06/2026

What is the meaning of life?

23/06/2026

The Buddha

မေတ္တာဖြင့်သာ အောင်နိုင်ခြင်းဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့်အတိုင်း "ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းဖြင့် မငြိမ်းနိုင်၊ ...
08/05/2026

မေတ္တာဖြင့်သာ အောင်နိုင်ခြင်း

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့်အတိုင်း "ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းဖြင့် မငြိမ်းနိုင်၊ မေတ္တာဖြင့်သာ ငြိမ်းအေးနိုင်သည်" ဟူသော ဓမ္မပဒဂါထာစကားအရ

လောကမှာ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် ဘယ်သောအခါမျှ မငြိမ်းနိုင် ရန်မမူခြင်း (မေတ္တာ) ဖြင့်သာ ရန်အားလုံးကို ငြိမ်းအေးနိုင်ရာ၏။

မေတ္တာဖြင့် အောင်နိုင်ခြင်းသည် အရှုံးပေးခြင်း မဟုတ်ဘဲ၊ အမုန်းတရား၏ သံသရာစက်ဝိုင်းကို ပညာရှိစွာဖြင့် ဖြတ်တောက်ပစ်ခြင်း (Breaking the cycle) ဖြစ်ပါသည်။ စိတ်ပညာအရလည်း အပြုသဘောဆောင်သော တုံ့ပြန်မှုသည်သာ ပဋိပက္ခကို အမြဲတမ်း ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။
Mindfulness Master 🧘‍♂️

Myint Dhamma

၁။ စိတ်သည်သာ အဓိကမနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွောတိ၊ ...
07/05/2026

၁။ စိတ်သည်သာ အဓိက

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွောတိ၊ စက္ကံဝ ဝဟတော ပဒံ။

တရားတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏။ အကယ်၍ ပြစ်မှားသောစိတ်ဖြင့် ပြောဆိုမူလည်းကောင်း၊ ပြုလုပ်မူလည်းကောင်း ထိုသူသို့ ဆွဲရာနောက်သို့ လှည်းဘီးသည် လိုက်သကဲ့သို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

Mind precedes all mental states. Mind is their chief; they are all mind-wrought. If with an impure mind a person speaks or acts, suffering follows him like the wheel that follows the foot of the ox.

အရာခပ်သိမ်းတွင် စိတ်သည်သာ အဓိကဖြစ်ကြောင်း
(ဓမ္မပဒ)
Mindfulness Master🧘‍♂️

 #ကံကံ၏အကျိုးကံ ကံ၏အကျိုးဆိုတာကို ဘာသာမျိုးစုံရှိတဲ့အထဲ ကံ ကံ၏အကျိုးကိုယုံကြည်တာဆိုလို့ဗုဒ္ဓဘာဝင်တွေပဲရှိတယ် ကောင်းလည်းက...
03/04/2026

#ကံကံ၏အကျိုး
ကံ ကံ၏အကျိုးဆိုတာကို ဘာသာမျိုးစုံရှိတဲ့အထဲ ကံ ကံ၏အကျိုးကိုယုံကြည်တာဆိုလို့ဗုဒ္ဓဘာဝင်တွေပဲရှိတယ် ကောင်းလည်းကံ တနည်း ဆိုးလည်းကံ ကောင်းလည်းစံ ဆိုးလည်းခံ ဘာသာခြားတွေမှာကျတော့ဒီလိုမဟုတ်ဘူး ကောင်းတာကျတော့ကိုယ်ကစံပြီ ဆိုးတာကျတော့သူတို့ဘုရာကခံတယ် သိပ်တော့သဘာဝမကျသလိုပဲနော်
#ကံဆိုတာာ
ကံဆိုတာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော အကောင်းနှင့်အဆိုးစေတနာတို့၏ စွမ်းအင်ဖြစ်ပြီး၊ ကံ၏အကျိုးသည် ထိုစေတနာများမှ ဖြစ်ပေါ်လာသော အာရုံခံစားမှု (ဝိပါက) ဖြစ်သည်။
ကံဆိုတာ ပါဠိစကားအရ “စေတနာ”လို့ခေါ်တယ် “စေတနာဟံ ကမ္မံ ဘိက္ခဝေ” စေတနာကောင်းရင် ကံကောင်းမယ် စေတနာဆိုတာအလုပ်သာဖြစ်တယ် မိမိရဲလုပ်ရပ် သို့မဟုတ် မိမိရဲ့ရည်ရွယ်ချက်သာဖြစ်တယ်။
စေတနာဆိုတဲ့နေရာမှာ မိမိရဲ့လုပ်ရပ်တခုတည်းကိုပြောတာမဟုတ်ဘူး စေတနာသုံးမျိုးကို ကံသုံးပါဖြင့်ယှဉ်ပြီးတွေးရတယ်
ကောင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင် “ကာယကံ”
ကောင်းတဲ့စကားကိုပြောမယ်ဆိုရင် “ဝစီကံ”
ကောင်းတဲ့အတွေးကိုတွေးမယ်ဆိုရင် “မနောကံ”
လူတယောက်မှာကံကောင်း ကံဆိုးတယ်ဆိုတာ လုပ်ရပ်တခုတည်းနဲ့ဆုံးဖြတ်လို့မရနိုင်ပါဘူး
ဒီကံသုံးပါလုံးပေါင်းစပ်ပြီးမှသာ ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်။

#ကံနှင့်ဗီဇ
ကံနှင့်ဗီဇ မျိုးစေ့ကောင်းမှ အပင်ကောင်းရသလိုပဲ၊ ကုသိုလ်ကံကြောင့် ကောင်းကျိုးရပြီး အကုသိုလ်ကံကြောင့် ဆိုးကျိုးရပါတယ်။
#အတိတ်ကံနှင့်ပစ္စုပ္ပန်ကံလူအတော်များများက "ကံ" လို့ ပြောလိုက်ရင် အတိတ်ကပါလာတာကိုပဲ မြင်တတ်ကြပါတယ်။ တကယ်တော့ ပစ္စုပ္ပန်မှာ လုပ်နေတဲ့ အလုပ် (ပစ္စုပ္ပန်ကံ) က ပိုပြီး အရေးကြီးပါတယ်။
ကံကို ပြင်၍မရသော်လည်း လွှမ်းမိုး၍ရသည်: အတိတ်က အကုသိုလ်ကံ အကျိုးပေးနေချိန်မှာ ပစ္စုပ္ပန် ကုသိုလ်ကံ (ဝီရိယ၊ ပညာ) နဲ့ တားဆီးခြင်း၊ လျှော့ချခြင်း ပြုလုပ်နိုင်ပါတယ်။

မိမိရဲ့ လက်ရှိဘဝ အခြေအနေကို အားမလိုအားမရ ဖြစ်နေချိန်မျိုးမှာ "ဒါ ငါ့ကံပဲ" ဆိုပြီး လက်လျှော့လိုက်တာထက် "အခု ငါဘာကံသစ်တွေ ထပ်စိုက်မလဲ" ဆိုတဲ့ ပစ္စုပ္ပန်စေတနာကို ပြင်ဆင်တာက အကောင်းဆုံးနည်းလမ်းပါပဲ။

(Mindfulness Master )
3.4.2026

Myint Dhamma

သီလအကြောင်းသိကောင်းစရာသီလဆိုသည်မှာအများစုသိတာက ကိုယ်နုတ်နှစ်ပါကိုရှောင်ကြည်ခြင်းကိုပဲသီလလို့ထင်နေကြတယ် အမှန်တကယ်တော့ သီလ...
02/04/2026

သီလအကြောင်းသိကောင်းစရာ

သီလဆိုသည်မှာအများစုသိတာက ကိုယ်နုတ်နှစ်ပါကိုရှောင်ကြည်ခြင်းကိုပဲသီလလို့ထင်နေကြတယ် အမှန်တကယ်တော့ သီလဆိုတာရှောင်ကြည်ရုံနဲ့မပြီဘူး
ရှောင်ကြည်ရတဲ့သီလရှိသလို ဆောင်ရတဲ့သီလလည်းရှိပါတယ်
ဒါကိုစာပေမှာ ဝါရိတ္တသီလ (ရှောင်ကြည်ခြင်းသီလ)နှင့် စာရိတ္တသီလ ကျင့်သုံးခြင်းသီလလို့ခေါ်ဆိုပါတယ်။

၁. ဝါရိတ္တသီလ (ရှောင်ကြည်ခြင်းသီလ)ဆိုသည်မှာ
မကောင်းမှု၊ ဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်း၊ တနည်းအားဖြင့်ပြောရရင် ရှောင်ရမည့်သီလ “မလုပ်ရ”၊ “မပြောရ” ဟု တားမြစ်ထားသော အရာများကို ရှောင်ခြင်းသာဖြစ်သည်
· ဥပမာ – ပါဏာတိပါတ် (သတ္တဝတ်သတ်ခြင်း) မှ ရှောင်ခြင်း၊ မုသာဝါဒမှ ရှောင်ခြင်း ငါးပါးသီလ၊ ရှစ်ပါးသီလတို့ဖြစ်သည်။

၂. စာရိတ္တသီလ (ကျင့်သုံးခြင်းသီလ)ဆိုသည်မှာ
ကောင်းမှု၊ ကုသိုလ်တရားတို့ကို ပြုကျင့်ခြင်း တနည်းအားဖြင့်ပြောရရင် ပြုလုပ်ရမည့်သီလ၊ “လုပ်ရမည်”၊ “ပွားရမည်” ဟု ညွှန်ကြားထားသော ကောင်းကျိုးကို အားထုတ်ခြင်းဖြစ်တယ်
· ဥပမာ –မေတ္တာပွားခြင်း၊ ဒါနပြုခြင်း၊ သမ္မာဝါစာ (ကောင်းသောစကား) ကို ပြောဆိုခြင်း တနည်းအားဖြင့်ပြောရရင် မိဘကျင့်ဝတ် သားသမီးကျင့်ဝတ် ဆရာကျင်ဘဝတ်တွေကိုကောင်းစွာကျင့်သုံးခြင်းဆို့ဖြစ်တယ်။

အနှစ်ချုပ်

-ဝါရိတ္တသီလ = မကောင်းမှုကို ရှောင်ကြဉ်ခြင်း (အပြစ်မဖြစ်အောင် ထိန်းချုပ်ခြင်း)
-စာရိတ္တသီလ = ကောင်းမှုကို ပြုကျင့်ခြင်း (ကုသိုလ်ဖြစ်အောင် ဆောင်ရွက်ခြင်း)

သုခီတာ ဟောထ
သတ္တဝါတွေချမ်းသာကြပါစေ

(Mindfulness Master)
2.4.2026

18/03/2026

အမုန်းသံသရာ (အပိုင်း၂)

13/03/2026

အမုန်းသံသရာ (၁) ဓမ္မလက်ဆောင်

12/03/2026

စိတ်ရဲ့ထွက်ပေါက် (ဓမ္မလက်ဆောင်)

12/03/2026

စိတ်ကြောင့်ဒုက္ခမရောက်စေနဲ့ (ဓမ္မလက်ဆောင်)

ที่อยู่

Mahachulalongkon University
Ayutthaya
13170

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ My Talk โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์