ဓမ္မရသ

ဓမ္မရသ [ ဘုရားစကား နေ့တိုင်းကြားက
စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ]

10/07/2026

စိတ်ဖိစီးမှုကို ဘယ်လိုလျော့ချမလဲ။ ဗုဒ္ဓနည်းကျ စိတ်ဖိစီးမှုလျော့ချမယ်။

15/06/2026

မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား ဇာတိ၊ ဇရာ၊ မရဏ တို့၏ အပြန်အလှန် ဆက်နွယ်မှုကို ဟောကြားကာ၊ သတ္တဝါတို့ သံသရာ၌ လည်ပတ်နေရခြင်းမှာ ဤနက်နဲသော တရားကို မသိနားမလည်ခြင်းကြောင့်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

#ဓမ္မရသ #ဆင်းရဲဒုက္ခ၏အကြောင်းရင်း #တရားတော်

15/06/2026

လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲချမ်းသာဖြစ်မှု အကြောင်းရင်းများကို ဗုဒ္ဓဓမ္မရှုထောင့်မှ ရှင်းလင်းတင်ပြထားသည်။

အထူးသဖြင့် ကျန်းမာရေးနှင့် စိတ်ချမ်းသာမှု ရရှိစေရန် လိုက်နာရမည့် နည်းလမ်းများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့၏ အကျိုးသက်ရောက်မှုများကို အပိုင်းကဏ္ဍများခွဲ၍ ဖော်ပြထားပါသည်။

#ဓမ္မရသ #လူ့ချမ်းသာလမ်းစဉ်ဆီသို့ #တရားတော်

ပါမောက္ခချုပ်ဆရာတော်ကြီး ပေးပို့သည့် “အစွဲ ဖြုတ်ဖို့ကြိုးစား” အဆုံးအမ တရားတော် အစွဲ ဖြုတ်ဖို့ကြိုးစား——————————(၁) ဘဝဆို...
10/04/2026

ပါမောက္ခချုပ်ဆရာတော်ကြီး ပေးပို့သည့် “အစွဲ ဖြုတ်ဖို့ကြိုးစား” အဆုံးအမ တရားတော်

အစွဲ ဖြုတ်ဖို့ကြိုးစား
——————————
(၁) ဘဝဆိုတာ ကိုယ်ရထားတဲ့ ခန္ဓာငါးပါးကိုခေါ်သည်၊
ခန္ဓာငါးပါးကို စွဲလန်းမှု သုံးမျိုးဖြင့် စွဲလန်းနေကြသည်၊
ဒါ - “ငါ၊ ငါ့ဘဝ၊ ငါလုပ်တာ “ လို့
ပြောနေကြသလို အဟုတ်ထင်နေကြတယ်၊

(က)ဒိဋ္ဌိဖြင့် ငါဟု (အတ္တ)
အဖြစ် စွဲဲလန်းခြင်း၊
(ခ)တဏှာဖြင့် ငါ့ဘဝဟု စွဲလန်းခြင်း၊
(ဂ) မာနဖြင့် သဘာဝ
တရား၏ လုပ်ဆောင်မှုကို ငါ၏လုပ်ဆောင်ဟု
စွဲလန်းခြင်း။
(၂)သဘာဝတရား၏ ဓမ္မကိစ္စ(ရသ)ကိုဝိပဿနာဉာဏ်ဖြင့်
ဆင်ခြင်၍
ဤအစွဲသုံးမျိုးကို
ဖြုတ်ဖို့ ကြိုးစားရမည်။
(မြတ်ဗုဒ္ဓ၏အဆုံးအမ)

ပါမောက္ခချုပ်ဆရာတော် (၈၊၄၊၂၆)

08/04/2026

#အပြန်အလှန်ဆက်ဆံရေးမှာ #ပါချုပ်ဆရာတော်ဘုရားကြီး #ဓမ္မရသ

ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်စောင့်တယ်ဆိုတာက ကိုယ်ကျင့်တရားနဲ့ နေထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ကိုယ်ကျင့်တရားကို ကျင့်သုံးပြီး န...
23/03/2026

ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်စောင့်တယ်ဆိုတာက ကိုယ်ကျင့်တရားနဲ့ နေထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ကိုယ်ကျင့်တရားကို ကျင့်သုံးပြီး နေထိုင်ခြင်းကသာ ဥပုသ်၊ အစားမစားရုံ သက်သက်မဟုတ်ဘူး။ လူတွေက ညနေစာ ထမင်းမစားတာလေးကို ဥပုသ်လို့ ထင်နေတာနော်။

ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်ကျင့်တရား၊ ကိုယ့်ရဲ့ အဓိဋ္ဌာန်ချက်။ "ဒီကနေ့ ငါ ဘာမလုပ်ဘူး၊ ဘာလုပ်ခြင်းမှ ရှောင်မယ်" ဆိုတဲ့ အဲဒီ ရှောင်ကြဉ်တဲ့ အချက်တွေက အဓိက။ ရှစ်ပါးသီလ ဥပုသ်စောင့်တယ်ဆိုတာ ကြည့်။ "ဒီကနေ့ သူများ အသက်သ.တ်ခြင်းမှ ရှောင်မယ်၊ သူများ ဥစ္စာခိုးခြင်းမှ ရှောင်မယ်၊ သူများ သားမယား ပြစ်မှားခြင်းမှ ရှောင်မယ်" ဆိုတဲ့ ဒီကျင့်စဉ်တွေဟာ အရေးကြီးတယ်။ ဒီအကျင့်တွေဟာ ရဟန္တာပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်တွေပဲ။ ဒါတွေက သာမန်ပုဂ္ဂိုလ်တွေ ကျင့်ဖို့ ခက်တယ်လေ။

"ရဟန္တာတွေကျင့်တဲ့ အကျင့်မျိုးကို ဒီကနေ့ တစ်ရက်တာ တို့တတွေ ကျင့်လိုက်ရပြီ" ဆိုတာဟာ ဘယ်လောက် မွန်မြတ်သလဲ။ တစ်သက်လုံး မလုပ်နိုင်တောင်မှ တစ်ရက် လုပ်လိုက်ရတယ်ဆိုရင် အလွန်မွန်မြတ်တယ်လေ။ အေး၊ အစာငတ်ခံရုံ သက်သက် ဥပုသ်စောင့်တာ မဟုတ်ဘူး။

ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်စောင့်လို့ နေ့လွဲညစာ အစာမစားဘူးဆိုတာ အငတ်ခံတာ မဟုတ်ဘူး။ မနက်မှာ ဝအောင် စားထားတာ။ (၁၂) နာရီ ဟိုဘက် မစားဘူးဆိုရင် မအိပ်ချင်တော့ဘူး။ အစာအတွက် အလုပ်မရှုပ်တော့ဘူး။ အလုပ်မရှုပ်တော့ ဘာလုပ်တုန်း။ တရား နှလုံးသွင်းနိုင်တယ်။ ပိုပြီးတော့ စိတ်ရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်တယ်။ အဲဒါ တကယ့်ဥပုသ်ရဲ့ အနှစ်သာရပဲ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

18/03/2026

#ဓမ္မရသ #ပါချုပ်ဆရာတော်ဘုရားကြီး #ကိုယ့်ကိုယ်ကိုယ်နိုင်တယ်ထင်လား

15/03/2026

#ဓမ္မရသ #အောက်တန်းကျတဲ့စိတ်ဓာတ်ဆိုတာ
#ပါချုပ်ဆရာတော်ဘုရားကြီး

23/02/2026

#မေတ္တာချစ်ဆိုတာ
#ပါချုပ်ဆရာတော်
#ဓမ္မရသ

ที่อยู่

Ayutthaya
13170

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဓမ္မရသผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์