21/09/2023
လွတ်လမ်းညွှန်ပြ မြတ်ဓမ္မ
တရား မမြင်သူတွေ
တစ်နေ့တစ်နေ့လုပ်နေတဲ့ အလုပ်မှန်သမျှဟာ
သံသရာဝဋ်လည်ဖို့သာ များပါတယ် •••
အခုလည်း လည်နေတာပါပဲ
လည်နေရင်းနဲ့ကို ထပ်လည်ချင်နေသေးတယ် •••
လက်ရှိ ဒုက္ခတွေရရှိနေရင်းနဲ့တောင်
ဒုက္ခ ထပ်လိုချင်နေသေးတယ် •••
ဒီဘဝပြီးရင်
နောက်ဘဝတစ်ခါလာမှာဆိုတော့
ဒီဘဝမှာလည်း ဒုက္ခ
နောက်ဘဝမှာလည်း ဒုက္ခရှိမှာ
အသေအချာပါပဲ •••
နောင်ဘဝမှာ ဒုက္ခမရောက်အောင်
နိဗ္ဗာန်ရောက်အောင် ကျင့်မယ်လို့
စိတ်ကူးသူ နည်းလှပါတယ် •••
သေရောကြေရော
နိဗ္ဗာန်ရောက်အောင် ကျင့်မယ်ဆိုတဲ့ သူ
ရှားပါတယ် •••
တရားကျင့်တာတောင်
အိပ်ကောင်း , စားကောင်းရှိအောင်
နေကောင်းထိုင်သာရှိအောင် လောက်ပဲ
ကျင့်ဖို့ စိတ်ကူးထားကြတယ် •••
ဒုက္ခတွေ မရချင်ဘူး , မလိုချင်ဘူး ဆိုရင်
သံသရာ လွတ်ကြောင်း တရားကို ရှာရမှာပါ •••
လွတ်လမ်းရှာ၍
လွတ်အောင်ကျင့်ရမှာပါ •••
ဘုရားရှင်က -
ကျွတ်လွတ်ချင်တဲ့ သူတွေ
ဒီလမ်းက လျှာက်ကြ •••
ငါ ဘုရားရှင်လည်း
ဒီလမ်းကလျောက်လှမ်းပြီးတော့
🔹 နိဗ္ဗာန်ကို ရောက်ပြီ
🔹 ဒုက္ခတွေ လွတ်သွားပြီ
ဒီလမ်းကိုလိုက်ခဲ့ကြလို့ညွှန်ပြသွားပါတယ် •••
အဲဒီတော့
လွတ်အောင်ကျင့်ကြဖို့ပဲ လိုပါတယ် •••
ဝဋ်ဆင်းရဲက လွတ်ဖို့
ဒုက္ခတွေငြိမ်းဖို့ ကြိုးစားအားထုတ်ကြပါစို့ •••
# ဓမ္မဒူတ_ဒေါက်တာ_အရှင်ပညိဿရဘိဝံသ
📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
Credit , Original Uploader