29/08/2026
🙏 (၁၈၃) ရက်မြောက် — ဃနာနို့ဆွမ်းအလှူ 🙏
🪷 29.08.2026 🪷
ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ
မဟာဗောဓိစေတီတော်မြတ်ကြီး၌
သဗ္ဗညုမြတ်စွာဘုရားရှင်အား အာရုံပြု၍
ယနေ့ (၁၈၃) ရက်မြောက် “နို့ဃနာဆွမ်း” ကို
ကြည်ညိုသဒ္ဓါစွာ ဆက်ကပ်လှူဒါန်းပါသည်ဘုရား။ 🙏🙏🙏
ဤကဲ့သို့ နေ့စဉ်မပျက်
နို့ဃနာဆွမ်း ဆက်ကပ်လှူဒါန်းရသော
ဒါနကုသိုလ်၊ စေတနာကုသိုလ်တို့ကြောင့်—
မိမိကိုယ်တိုင်လည်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့်
ပြည့်စုံနိုင်ရပါလို၏။ 🙏
ကိုယ်ချင်းစာစိတ်ရှိတိုင်း
လက်တွေ့ကူညီနိုင်၍၊
ကရုဏာစိတ်ဖြစ်တိုင်း
လက်တွေ့ကယ်တင်နိုင်၍၊
လှူဒါန်းလိုစိတ်ရှိတိုင်း
လက်တွေ့လှူဒါန်းနိုင်သော—
“စိတ်သွားရာ ကိုယ်ပါ၊
စိတ်ရှိတိုင်း ကူနိုင်၊
ကယ်နိုင်၊ လှူနိုင်သောဘဝ”
ဖြစ်ရပါလို၏။ 🙏
မိမိအကျိုးထက်
အများအကျိုး၊ ဘာသာအကျိုး၊ သာသနာအကျိုး တို့ကို
တတ်စွမ်းသမျှ ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပြီး
သာသနာ့ဝန်၊ လူမှုဝန်တို့ကို
လွယ်ကူချမ်းသာစွာ ထမ်းဆောင်နိုင်ရပါလို၏။ 🙏
ထို့အတူ—
လစဉ် နဝကမ္မအလှူရှင်များ၊
ပစ္စည်းလေးပါး အလှူရှင်များ၊
နေ့စဉ် နို့ဃနာဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးကြသူများနှင့်တကွ
ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းတို့လည်း—
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏
ကြံတိုင်းအောင်၍
ဆောင်တိုင်းမြောက်ကြပါစေ။
ဘေးဘယာအပေါင်းမှ
ဝေးကွာလွတ်မြောက်ကြပါစေ။
ဘဝနှင့် ဆန္ဒ
တစ်ထပ်တည်းကျနိုင်ကြပါစေ။ 🙏
ဘဝခရီးတစ်လျှောက်
မိတ်ဆွေတု၊ မိတ်ဆွေယောင်များနှင့် ကင်းဝေး၍
မိတ်ကောင်း၊ ဆွေကောင်း၊
အဖော်ကောင်း၊ အပေါင်းအသင်းကောင်းများနှင့်သာ
တွေ့ဆုံပေါင်းသင်းနိုင်ကြပါစေ။
လုပ်ငန်းကိုင်ငန်းများ
အဆင်ပြေချောမွေ့၍
စီးပွားလာဘ်လာဘများလည်း
တိုးတက်ပွားများကြပါစေ။ 🙏
ဒုဗ္ဘိက္ခန္တရကပ် — အငတ်ဘေး၊
ရောဂန္တရကပ် — ရောဂါဘေး၊
သတ္ထန္တရကပ် — စစ်ဘေး
စသော ကပ်ဘေးဆိုးအပေါင်းတို့မှ
လွတ်မြောက်နိုင်ကြပါစေ။ 🙏
ကျမ္မာထီပေါက်၍
ယခုဘဝမှသည် နိဗ္ဗာန်တိုင်အောင်
ကောင်းမှုကုသိုလ်တို့က
အထောက်အပံ့ကောင်းများ ဖြစ်နိုင်ကြပါစေ။ 🙏
ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော
မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့လည်း
ဘေးရန်အပေါင်းမှ အမြန်ဆုံး လွတ်မြောက်၍—
မြန်မာပြည်ကြီး
အမြန်ဆုံး ငြိမ်းချမ်းပါစေ။
အမုန်းတရားများ ငြိမ်း၍
မေတ္တာတရားများ ပွားများပါစေ။
ဒုက္ခမျက်ရည်များ ခြောက်၍
အေးချမ်းခြင်းအပြုံးများ
ပြန်လည်ပွင့်လန်းနိုင်ကြပါစေဘုရား။ 🙏
ဤကုသိုလ်အစုစုတို့သည်
သတ္တဝါအားလုံး၏ ချမ်းသာခြင်းအတွက်လည်းကောင်း၊
သာသနာတော်မြတ်ကြီး၏ အရှည်တည်တံ့ခြင်းအတွက်လည်းကောင်း၊
နိဗ္ဗာန်၏ အထောက်အပံ့အဖြစ်လည်းကောင်း
ဖြစ်ပါစေသတည်း။ 🙏🙏🙏
သာဓု… သာဓု… သာဓု… 🙏