05/06/2026
💜✝ ကျေးဇူးတင်ခြင်း ✝💜
ရှေ့ဦးစွာ PMP Family Outing ကို အခက်ခဲအနှောက်အယှက်မရှိ အောင်မြင်စွာကျင်းပပြုလုပ်ခွင့်ကျေးဇူးတော်ကိုပေးသည့်အတွက် ကိုယ်တော်ရှင်ကို ကျေးဇူးတင်ပါသည်🙏🙏🙏....
ယခုလိုမျိုး PMP family Outing ပြုလုပ်နိုင်ရန်အတွက် Main Sponsor ပေးပါသော MCCS မှအကြီးအကဲများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိအပ်ပါသည်🙏🙏🙏.....
ကျွန်တော်တို့ရဲ့ PMP family Outing မှာအချိန်ပေးပြီး တက်ရောက်လာပေးခဲ့ကြပါသော MCCS မှလူကြီးများဖြစ်ကြသော Fr.Joe, Sr.lay Shwe Nu, Sayar Thet Naing, Ko Lwin Paing Oo နှင့် Ma Rose တို့ကိုလည်းပဲ ကျွန်တော်တို့ PMP မိသားစုမှ နွေးထွေးစွာဖြင့် ကျေးဇူးတင်ရှိပါသည်🙏🙏🙏....
နှစ်စဥ်နှစ်တိုင်း PMP Family Outing ကိုအဆင်ပြေချောမွေ့စွာပြုလုပ်ကျင်းပနိုင်ရန် ဒိုင်ခံပြီး အစားအသောက်ပိုင်းအတွက် အပင်ပန်းခံ ချက်ပြုပ်ကျွေးမွေးစီစဥ်ပေးပါသော PMP ရဲ့ပဲ့ကိုင်ရှင်ဖြစ်သော မမကြီးမသိင်္ဂီ၊ ကိုမိုး နှင့် အချက်အပြုတ်ပြင်ဆင်တဲ့အပိုင်းမှာလာကူညီပေးကြတဲ့ PMP ကညီငယ်များ၊ ညီမငယ်လေးများ တို့ကိုလည်းပဲ ကျေးဇူးအများကြီးတင်ပါသည်🥳......နှောင်လာမဲ့နှစ်တွေများစွာမှာလည်းပဲ ဆက်လက်ပြီး PMP family အတွက်အမြဲရှေ့ကနေပြီး ထပ်မံပါဝင်ပေးကြပါအုန်းနော်🥰🙏🙏🙏....
ထပ်ပြီးကျေးဇူးတင်ချင်တာကတော့ PMP family နဲ့ပတ်သတ်ပြီးဘာပွဲပဲလုပ်လုပ် ကျွန်တော်တို့အမြဲအားကိုးရ အားကျရတဲ့စီနီယာစုံတွဲဖြစ်သော ကိုဒေါမိနစ်နဲ့ မနိုရင်းတို့ရဲ့ တက်ညီလက်ညီအတွဲလေးပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်းပဲ PMP အတွက်အမြဲဆက်လက်ပြီးရှိနေပေးသွားပါနော်🥳🙏🙏🙏.....
PMP family Outing အကောင်းဆုံးနဲ့ အခက်ခဲမရှိအောင်မြင်စွာကျင်းပနိုင်ရန် အကတွေ၊ သီချင်းတွေ၊
ဂိမ်းတွေကို Outingမတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့အပိုင်းမှာမအားလပ်တဲ့ကြားကနေ အချိန်ပေးပြီး တက်စွမ်းသမျှ ပါဝင်ပေးခဲ့ကြသော PMP Family ရဲ့ EC members များ၊ Volunteers အနေနဲ့ပါဝင်ဆက်ကပ်ကြတဲ့ PMPက ညီငယ် ညီမငယ်လေးများ အယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိအပ်ပါသည်။ လာမဲ့နှောင်နှစ်တွေများစွာမှာလည်းပဲ ယခုလိုမျိုးဆက်လက်ပါဝင်ပေးကြပါလို့ ဖိတ်ခေါ်ပါရစေ....🙏🥳🥰💜
ထပ်ပြီးကျေးဇူးတင်ချင်တာကတော့ တစ်ချိန်ကျရင် အမှတ်တရအနေနဲ့ကျန်ခဲ့မဲ့ PMP Family Outing ၏ မှတ်တမ်းဓါတ်ပုံ၊ Video များကိုလှပစွာကူညီရိုက်ကူးပေးခဲ့ကြတဲ့ ညီလေချားချား၊ ကိုပြည့်စုံ နှင့် ရန်ကုန်သာသနာကလာပြီးအားဖြည့်ကူညီပေးသော ကိုခရစ်စတိုဖာနဲ့ ကိုဂျိမ်း၊ ကိုဘိုတင့် တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်....🥳
နောက်ဆုံးအနေနဲ့ကျေးဇူးတင်ခြင်တာကတော့ ကျွန်တော်တို့ရဲ့ PMP family Outing နေ့လေးမှာ အချိန်ပေးပြီး ပျော်ရွှင်စွာလာရောက်ပါဝင်ပေးခဲ့ကြတဲ့ PMPက ညီကိုမောင်နှမများအပြင် အခြားသောသာသနာအသီးသီးကလာJoinကျတဲ့ ညီကိုမောင်နှမအယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့ရဲ့ PMP Family Outing က *တစ်နှစ်မှာတစ်ကြိမ်* နှစ်စဥ်နှစ်တိုင်းပြုလုပ်ကျင်းပတဲ့အတွက်ကြောင့် နောက်နှစ်တွေမှာလည်းပဲ ဒီထက်မကသော ဘုရားအချစ်တော်လေးတွေနဲ့ ထပ်ဆုံခြင်သေးတဲ့အတွက် လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ....😘💜🥳
Thanks all🙏🥳....
With love💜🤘.....
God bless you all🥳🙏💜....