Siri Mangala Society

Siri Mangala Society Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siri Mangala Society, Convent and monastery, 6A Beatty Road, #03-03 Wu De Bldg, Singapore.

With the objective of providing a meditation centre lead by Myanmar Buddhist Nuns in Singapore where the yogis can practice mediation and discuss about the way to meditate anytime throughout the year with their own convenience. သာသနာ့ဝန်ထမ်းမြန်မာအမျိုးသမီးသီလရှင် (၂) ပါးဖြစ်သော ဒေါ်ကေတုမာလာနှင့် ဒေါ်စန္ဒာသိင်္ဂီတို့သည် စင်ကာပူနိုင်ငံသို့ရောက်ကာ စင်ကာပူရှိ မြန်မာအမျိုးသမီးများအတွက် သာသနာ့ရေးရာ ဓမ္မကိစ္စမျ

ားဆောင်ရွက်ရန် မြန်မာသီလရှင်ကျောင်းကလေးကို အခက်အခဲများစွာကြားက တည်ထောင်ခဲ့ပါသည်။

ဒေါ်ကေတုမာလာသည် အသက် (၂၃)နှစ်တွင် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ (သမိုင်း) ရရှိခဲ့ပြီး(၁၉၉၄)ခုတွင် မိုးညှင်းသိင်္ဂီကျောင်း ဆရာတော် ဦးဇေယျပဏ္ဍိတ၏ သြဝါဒခံယူကာမန္တလေး မုဉ္စလိန္ဒာ ပရိယတ္ထိ စာသင် တိုက်တွင် ဆရာတော်ဦးသောပါကထံ သီလရှင်ဘဝခံယူပြီးလျှင် သုမင်္ဂလာရာမ လယ်တီဝိပသနာကျောင်း တွင် စတင် သီတင်းသုံးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သင်္ဃန်းကျွန်း လယ်တီဝိပဿနာကျောင်းမှ ဆရာတော် ဦးအာသဘနှင့် မြို့နယ်သံဃနာယကဆရာတော် ဦးဝိမလတို့ သြဝါဒခံယူကာ တာမွေမဟာသန္တိသုခ ဗုဒ္ဓသာသနာကျောင်းတွင် ၃နှစ်ကြာ သင်ကြားပြီးမှ သီရိလင်္ကာတက္ကသိုလ်သို့ သွားရောက်ကာ မဟာဝိဇ္ဇာဘွဲ့ရယူခဲ့သည်။
သီရိလင်္ကာတွင်တက္ကသိုလ်တက်ရောက်နေစဉ် ကုန်ကျစရိတ်များကို အများဆုံးလှူဒါန်းလျက်ရှိသည့် စင်ကာပူနိုင်ငံမှ ဒကာဒကာမများအား ပြန်လည်အကျိုးပြုနိုင်ရန် စင်ကာပူနိုင်ငံမှာပင် သီလရှင်ကျောင်း တည်ထောင်ရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်ချက်ချပြီးနောက် မလေးရှားရှိဆရာတော် ဦးပညာဝံသအားတိုင်ပင် လျှောက်ထားသြဝါဒခံယူပြီး တိုပါယိုကျောင်းတော်မှ ဦးတိလောကအမှူးပြုသည့် ဆရာတော်ကြီးများ နည်းပေးလမ်းပြကူညီမှုများဖြစ် Social Visit ကာလများအတွင်းမှာပင်ဆောင်ရွက်စရာရှိသည်များကိုဇွဲနဘဲကြီးများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါ သည်။
ထို့နောက် စည်းကမ်းဥပဒေများမြောင်လှသော စင်ကာပူ နိုင်ငံတွင်တရားဝင် ကာလရှည်နေထိုင်နိုင်ခွင့်အရေး အတွက် ဆရာလေးတို့သည်မြန်မာ လူမျိုးစင်ကာပူနိုင်ငံသားများအမြဲတန်းနေထိုင်သူများ၏အကူအညီများဖြင့် Singapore Immigration တွင်သာသနာရေးဆိုင်ရာအဖွဲ့အစည်းတရပ်အဖြစ်မှတ်ပုံတင်ခြင်း၊ အမည်ခံအဖွဲ့ဝင်များဖွဲ့စည်းခြင်း မိမိတို့ကိုယ်တိုင် သာသနာ့ဝန်ထမ်းများအဖြစ် ဘောင်ဝင်အောင်လျှောက်ထားခြင်းများ ဆောင်ရွက်ပြီးနောက် အဆင့်ဆင့်သောလုပ်ငန်းများကို ကျော်ဖြတ်ကာ သီရိမင်္ဂလာဓမ္မရိပ်သာကို စတင်တည်ထောင်ခဲ့သည်။ ခုအချိန်တွင် စင်ကာပူရှိ မြန်မာလူမျိုးအမျိုးသမီးများအား သီလရှင်ဝတ်ပေးခြင်း၊ တရားစခန်းနှင့် အဘိဓမ္မာသင်တန်းပေးခြင်း၊ မြန်မာကလေးငယ်များ လိမ္မာရေးခြားရှိအောင် ယဉ်ကျေးမှုသင်တန်းများပေးခြင်းစသော သာသနာရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည် ။
မြန်မာ မိန်းကလေးများ သီလရှင်ဝတ်ခြင်း၊ လူယောဂီဝတ်ဖြင့်တရားအားထုတ်ခြင်းစသည်များ ဆောင်ရွက်လိုပါက မေးမြန်း လျှောက်ထား ဆက်သွယ်နိုင်ပါသည်။
မိမိတို့ အသိမိတ်ဆွေများထဲကဗုဒ္ဓဘာသာဝင် အမျိုးသမီးများအားလည်း သီလရှင်ဝတ်လိုပါကဆက်သွယ်တိုက်တွန်း အားပေးခြင်းဖြင့် တစ်နည်းတစ်ဖုံကုသိုလ်ယူနိုင်ပါသည်။
ယခုသီလရှင်ကျောင်းလေးမှာ တည်ထောင်ကာစဖြစ်ပြီး သိရှိသူနည်းပါးနေသေးပါသည်။ လစဉ်လိုအပ်နေသော ကျောင်းစရိတ် ဆွမ်းစရိတ် ပရိဘောဂအသုံးအဆောင်၊ အထွေထွေစရိတ်များအတွက် နဝကမအလှူငွေများကို စေတနာရှင်များက ကြည်ညိုသဒ္ဓါထက်သန်စွာ စုပေါင်းလှူဒါန်းကြလိမ့်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ပါ စေတနာသဒ္ဓါပေါက်ဖွားလာသောအလှူရှင်များသည် အောက်ပါပုဂ္ဂိုလ်များထံဖုံး၊ အီးမေးလ်၊ ဘဏ်စာရင်းတို့ မှဆက်သွယ်ကာ မေးမြန်းစုံစမ်း လှူဒါန်းနိုင်ကြပါသည်။
၁။ ဦးမျိုးသာ - ၉၀၆၇၇၆၃၅
၂။ ဦးဇော်လွှမ်းမိုး - ၉၂၂၂၃၂၃၇
၃။ ဒေါ်ခင်ညိုနု - ၉၇၇၃၇၆၁၆
၎။ ဒေါ်ကျော့ကျော့ခိုင် - ၉၈၈၄၆၁၂၀

အလှူရေစက် လက်နဲ့မကွာကျင့်သုံးနေထိုင်လျှက်ရှိကြသော စေတနာသဒ္ဓါတရားထက်သန်ရင်းစွဲ ရှိပြီးသားမြန်မာ လူမျိုးအလှူရှင်အပေါင်းတို့အား ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက်ကုသိုလ်ယူနိုင် ဘွယ်ရာလမ်းကြောင်းတစ်ခုကို အသိပေးကာ နိဗ္ဗာန် အကျိုးမျှော်နှိုး ဆော်လိုက်ရပါသည်။

http://www.sirimangalasociety.org/index.html

ဝါဆိုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲဖိတ်ကြားလွှာ
08/07/2026

ဝါဆိုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲဖိတ်ကြားလွှာ

18/04/2026

Address

6A Beatty Road, #03-03 Wu De Bldg
Singapore
209946

Alerts

Be the first to know and let us send you an email when Siri Mangala Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share