The Four Ministry

The Four Ministry True humility and fear of The Lord
lead to riches, honor, and long life.🌈🌈🌈🌈

17/09/2023

Are you Save ? Are you Ready ?

For The Lord Himself will come down from heaven with a commanding shout, with the voice of the archangel, and with the trumpet call of God.
First, the believers who have died will rise from their graves.

Then, together with them, we who are still alive and remain on the earth will be caught up in the clouds to meet The Lord in the air.
Then we will be with The Lord forever.

It will happen in a moment, in the blink of an eye, when the last trumpet is blown.
For when the trumpet sounds, those who have died will be raised to live forever.
And we who are living will also be transformed.

For our dying bodies must be transformed into bodies that will never die; our mortal bodies must be transformed into immortal bodies.

Then, when our dying bodies have been transformed into bodies that will never die, this Scripture will be fulfilled:

“Death is swallowed up in Victory .”

04/09/2023

ယေ​ရ​မိ 17:5-8

ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။

ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။
ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်နှင့်အတူ၏။

27/08/2023
20/08/2023
Shalom !               မင်္ဂလာပါ !ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည်အကျွန်ုပ်တို့၌မရှိပါ။ကျေးဇူးတော်ကြောင့်ပါ ၊ ကျေး...
16/08/2023

Shalom !
မင်္ဂလာပါ !
ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည်အကျွန်ုပ်တို့၌မရှိပါ။

ကျေးဇူးတော်ကြောင့်ပါ ၊ ကျေးဇူးတရားပါ ၊ ကျေးဇူးတရားအောက်မှာပဲနေပါ စသဖြင့် ကျေးဇူးတော်အကြောင်းကိုသာ ဝေငှလာရင်း ၊ နားထောင်လာရင်းမှ တဖြည်းဖြည်း ပညတ်တရားများမှေးမှိန်ကာ မလိုအပ်တော့ဘူးလား ?

ဒီလိုမဟုတ်ပါမိတ်ဆွေ ။ ယုံကြည်သူတစ်ဦးမှန်လျင် ပညတ္တိကျမ်းကို ကောင်းစွာ နားလည် သဘောပေါက်ရန် အလွန်အရေးကြီးပါသည်။

ယေရှုက ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်းဟု ဆိုခဲ့ပါတယ်။

ယေရှုလူ့ဇာတိခံ ၊ အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပညတ္တိကျမ်းပြည့်စုံသွားသလို ၊ ပြည့်စုံလာအုံးမည့် ပညတ္တိကျမ်းအခန်းကဏ္ဍများလည်းကျန်ရှိနေပါသေးတယ်။

ကျေးဇူးတရားတစ်ခုတည်းနှင့်သာရှင်နေသော ယုံကြည်သူသည် ဘီးပေါက်နေသောဆိုက်ကားစီးနေသောခရီးသည်နှင့် အလားသဏ္ဍန် တူပါပေသည်။

ပြည့်စုံသောအသက်တာ နှင့် နှုတ်ကပတ်တော်၌ အတူတကွကြီးထွားကြပါစို့ မိတ်ဆွေ !

Bible Study Series
The Law Of Moses ( ပညတ္တိကျမ်း )


Shalom ! မင်္ဂလာပါအမှတ်တမဲ့ မတော်တဆ ဆိုတဲ့စကားကကျွန်ုပ်တို့ လူတွေမှာပဲရှိတယ်။ ဖန်ဆင်းရှင် ဘုရားသခင်ဆီမှာ မရှိဘူး။ဘုရားသခ...
04/08/2023

Shalom ! မင်္ဂလာပါ
အမှတ်တမဲ့ မတော်တဆ ဆိုတဲ့စကားကကျွန်ုပ်တို့ လူတွေမှာပဲရှိတယ်။
ဖန်ဆင်းရှင် ဘုရားသခင်ဆီမှာ မရှိဘူး။
ဘုရားသခင်က မိတ်ဆွေနဲ့ ကျွန်ုပ်ကို ရည်ရွယ်ချက်ရှိရှိ ကိုဖန်ဆင်းထားဒါဖြစ်တယ်။

တချို့က ချိုင့်ဝှမ်းထဲလျှောက်လှမ်းနေရဒါဖြစ်ကောင်းဖြစ်မယ်။
တချို့က ကုန်းမြင့်ပေါ်မှာ လျှောက်လှမ်းနေရဒါ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
ဒါပေမဲ့ ယခုလို့ မတူညီတဲ့ ဘဝတွေ အသက်ရှင်သန်မှုတွေအားလုံးကို ဖန်ဆင်းရှင် ဘုရားသခင်က ရည်ရွယ်ချက် ရှိရှိဖန်ဆင်းထားတယ်ဆိုဒါကို သိရှိပြီး ကျေးဇူးတင် ဝန်ခံအသက်ရှင်တတ်ဖို့ အရေးကြီးပါတယ်။

ယခုလာမည့် တနင်္ဂနွေနေ့ ဩဂုတ်လ ၆ ရက် နေ့လည် ၂ နာရီတွင် The Four Ministry Myanmar Fellowship ​၏ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ ဆရာ စောဗင်္ယာမိန် မှ " Isn’t An Accident " အမှတ်တမဲ့ မတော်တဆမဟုတ်ပါ ဟူသော နှုတ်ကပတ်တော်ကို ဝေငှသွားမည် ဖြစ်ပါသည်။

မိတ်ဆွေများအားလုံးကိုယေရှုနာမဖြင့် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည် ။

Address- The Bible Church
# Level 4
152, West Coast Road,
Singapore 127370
Ph: +65 9772 3034
+65 9175 4564


Shalom ! မင်္ဂလာပါကျွန်ုပ်တို့ ယုံကြည်သူတွေမှာ ကိုယ်ကဘုရားနဲ့ မှန်ကန်စွာသွားလာ အသက်ရှင်ပါလျက်နဲ့ တခါတလေမှာ ဖိနှိပ်ခံရ ချ...
29/07/2023

Shalom ! မင်္ဂလာပါ

ကျွန်ုပ်တို့ ယုံကြည်သူတွေမှာ ကိုယ်ကဘုရားနဲ့ မှန်ကန်စွာသွားလာ အသက်ရှင်ပါလျက်နဲ့ တခါတလေမှာ ဖိနှိပ်ခံရ ချိုးဖဲ့ခံရတယ်။
ဒါတင်ဘယ်ကအုံးမှာလဲ ဘုရားအလိုတော်ပဲလေလို့ ဝန်ခံအသက်ရှင်ပြန်တော့လဲ ထပ်ပြီးပူလောင်ခြင်းတွေ မနှစ်မြို့ခြင်းတွေနဲ့ ကြုံတွေ့ရပြန်ရော။

ကဲဘယ်လိုလုပ်ကြမလဲ ?
မိတ်ဆွေ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အိုးထိန်းဖြစ်တော်မူသော ဘုရားသခင်က ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ ပုံသွင်း ပြုပြင်နေတယ်ဆိုဒါကို သိစေချင်တယ် ။
ကောင်းသောအမှုအရာများအဖို့အလို့ငှါ အိမ်ရှင်သုံးစရာကောင်းသော တန်ဆာပလာ ဖြစ်လာစေရန်ဖြစ်ပါတယ်။

ယခုလာမည့် တနင်္ဂနွေနေ့ ဇွန်လိုင်လ ၃၀ ရက် နေ့လည် ၂ နာရီတွင် The Four Ministry Myanmar Fellowship ​၏ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ ဆရာ စောဗင်္ယာမိန် မှ " Our Potter " ကျွန်ုပ်တို့​၏ အိုးထိန်း ဟူသော နှုတ်ကပတ်တော်ကို ဝေငှသွားမည် ဖြစ်ပါသည်။

မိတ်ဆွေများအားလုံးကိုယေရှုနာမဖြင့် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည် ။

Address- The Bible Church
# Level 4
152, West Coast Road,
Singapore 127370
Ph: +65 9772 3034
+65 9175 4564


ဆာလံ 33:8-9ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။အကြောင်းမူကား၊ ထာ...
21/07/2023

ဆာလံ 33:8-9
ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။

အကြောင်းမူကား၊ ထာဝရဘုရားမြွတ်ဆို၍၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။

ကျွန်ုပ်တို့ယုံကြည်သူများ​၏ အသက်ရှင်ခြင်းအသက်တာထဲတွင် ထာဝရဘုရားသခင်ကို ကြောက်ရွံ့ ရိုသေခြင်းနှင့် စကားနားထောင်၍အသက်ရှင်ခြင်းသည် အလွန်အရေးကြီးသောအရာများဖြစ်သည်။

ထာဝရဘုရားသခင်ကို ရိုသေ၍နာခံအသက်ရှင်သောသူနှင့် ရိုသေခြင်းမရှိ နာခံခြင်းမရှိသောသူတို့​၏ ကောင်းကြီးမင်္ဂလာ အကျိုးအပြစ်များကို နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင်များစွာတွေ့ရှိရသည်။

ယခုလာမည့် တနင်္ဂနွေနေ့ ဇွန်လိုင်လ ၂၃ ရက် နေ့လည် ၂ နာရီတွင် The Four Ministry Myanmar Fellowship ​၏ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ ဆရာ စောဗင်္ယာမိန် မှ " Respect And Obey " ရိုသေလေးမြတ်ခြင်းနှင့်နာခံခြင်း ဟူသော နှုတ်ကပတ်တော်ကို ဝေငှသွားမည် ဖြစ်ပါသည်။

မိတ်ဆွေများအားလုံးကိုယေရှုနာမဖြင့် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည် ။

Address- The Bible Church
# Level 4
152, West Coast Road,
Singapore 127370
Ph: +65 9772 3034
+65 9175 4564


ယုံကြည်သူတွေရဲ့အသက်တာမှာ ဘုရားသခင်ရဲ့အလိုတော်လမ်းကနေလွဲပြီး မှားယွင်းခြင်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။တချို့ယုံကြည်သူတွေဆိုရ...
14/07/2023

ယုံကြည်သူတွေရဲ့အသက်တာမှာ ဘုရားသခင်ရဲ့အလိုတော်လမ်းကနေလွဲပြီး မှားယွင်းခြင်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။

တချို့ယုံကြည်သူတွေဆိုရင် လဲကျသွားတဲ့အထိဖြစ်တတ်ကြတယ်။

ဘာကြောင့်လဲ .......?

နောက်ကြောင်းကောက်ပြီးမေးရမယ်ဆိုရင် ဘာကြောင့် ယုံကြည်သူတွေ ဘုရားရဲ့ အလိုတော်နဲ့လွဲပြီး မှားယွင်းခြင်းတွေနဲ့ကြုံတွေ့နေရဒါလဲ ?????

ဘာကြောင့်လဲဆိုတော့ ယုံကြည်သူတော်တော်များများက သူတို့ စကားမပြောမှီ ၊ သူတို့ တစ်ခုခုကို မလုပ်ဆောင်မှီမှာ ဘုရားသခင်နဲ့ တိုင်ပင်မေးမြန်းခြင်းမရှိလို့ပဲဖြစ်တယ်။

စကားမပြောမှီ ၊ တစ်ခုခုကိုမလုပ်ဆောင်ခင်မှာ ပြန်၍ဆင်ခြင်ကြပါ။ ဘုရားအလိုတော်နဲ့ညီတဲ့ပြောဆိုခြင်းလား ၊ ဘုရားအလိုတော်နဲ့ညီတဲ့ လုပ်ဆောင်ခြင်းလားဆိုဒါကို ပြန်၍ဆင်ခြင်ကြပါ။

ယခုလာမည့် တနင်္ဂနွေနေ့ ဇွန်လိုင်လ ၁၆ ရက် နေ့လည် ၂ နာရီတွင် The Four Ministry Myanmar Fellowship ​၏ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ ဆရာ စောဗင်္ယာမိန် မှ " Reconsider " ပြန်၍ဆင်ခြင်ကြပါ ဟူသော နှုတ်ကပတ်တော်ကို ဝေငှသွားမည် ဖြစ်ပါသည်။

မိတ်ဆွေများအားလုံးကိုယေရှုနာမဖြင့် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည် ။

Address- The Bible Church
# Level 4
152, West Coast Road,
Singapore 127370
Ph: +65 9772 3034
+65 9175 4564


Address

152 West Coast Road
Singapore
127370

Website

Alerts

Be the first to know and let us send you an email when The Four Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to The Four Ministry:

Share